ဆီးဂိမ္းကို ယၾတာနဲ႔ သြားၿပိဳင္မယ့္ စကစရဲ႕ အစီအစဥ္ ေပါက္ၾကား (ဘာလုပ္လုပ္ ယၾတာပါတဲ့အဖြဲ႕)

ဆီးဂိမ္းကို ယၾတာနဲ႔ သြားၿပိဳင္မယ့္ စကစရဲ႕ အစီအစဥ္ ေပါက္ၾကား (ဘာလုပ္လုပ္ ယၾတာပါတဲ့အဖြဲ႕)

ဗီယက္နမ္ႏိုင္ငံမွာ က်င္းပေနတဲ့ ၃၁ ႀကိမ္ေျမာက္ ဆီးဂိမ္းစ္ၿပိဳင္ပြဲမွာ ျမန္မာႏိုင္ငံကိုယ္စားျပဳ သြားေရာက္ယွဥ္ၿပိဳင္ဖို႔ စကစက ေစလႊတ္တဲ့ အားကစားအဖြဲ႕ ေအာင္ျမင္မႈရဖို႔ လုပ္ေဆာင္ရမယ့္ ယၾတာအစီအစဥ္စာ႐ြက္တစ္႐ြက္ လူမႈကြန္ရက္သုံးစြဲသူေတြအၾကားမွာ ပ်ံ႕ႏွံ႔ လ်က္ရွိပါတယ္။

အဲဒီစာ႐ြက္မွာ ပါရွိတဲ့ ယၾတာအစီအစဥ္ေတြဟာ ကယားျပည္နယ္ ထီးစဲခါးဆရာေတာ္ရဲ႕ ဧၿပီလ ၂၅ ရက္က မိန႔္ၾကားခ်က္ဆိုၿပီး ေဖာ္ျပထားတာကို ျမင္ေတြ႕ရပါတယ္။

ယၾတာအစီအစဥ္ ၁၀ ခ်က္တိတိပါဝင္ၿပီး ထင္ရွားတဲ့အခ်က္ေတြကို ေဖာ္ျပရမယ္ဆိုရင္ ၿပိဳင္ဘက္မ်က္ႏွာကိုၾကည့္ၿပီး က်န္းမာခ်မ္းသာပါေစ ဆိုကာ ေမတၱာပို႔ဖို႔၊ ျမန္မာအဖြဲ႕ေခါင္းေဆာင္ေတြဟာ အစိမ္းေရာင္အေဆာင္ကို ညာပုခုံးမွာ စလြယ္သိုင္းဖို႔နဲ႔ စလြယ္သိုင္းခ်ိန္မွာ သရဏဂုံတည္ဖို႔၊ အားကစားသမားေတြဟာလည္း လိေမၼာ္ေရာင္အေဆာင္ကို ညာဘက္လက္ေမာင္းမွာ ခ်ည္ထားဖို႔ဆိုတာေတြပဲျဖစ္ပါတယ္။

ဒါ့အျပင္ ၿပိဳင္ပြဲကို မထြက္ခြာခင္ ဘုန္းေတာ္ႀကီးေတြကိုကန္ေတာ့ဖို႔နဲ႔ နတ္မင္းဆီ ပြဲတင္ဖို႔၊ ဗီယက္နမ္ ဘုန္းႀကီးေက်ာင္းမွာ ပြဲတင္ေပးဖို႔ ၊ ၿပိဳင္မယ့္ကြင္းထဲဝင္ခ်ိန္ ေျမႀကီးကို လက္နဲ႔ထိၿပီး ဗုေဒၶါ ဆိုကာ စိတ္က႐ြတ္ဖို႔ဆိုတဲ့ အခ်က္ေတြလည္း ပါဝင္ပါတယ္။

၃၁ ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲကို ဗီယက္နမ္ႏိုင္ငံမွာက်င္းပေနတာျဖစ္ၿပီး မေန႔ကေတာ့ ျမန္မာအသင္းဟာ ေ႐ႊတံဆိပ္တစ္ခု ပထမဆုံး စတင္ရရွိခဲ့ၿပီျဖစ္ပါတယ္။

ဘာလုပ္လုပ္ ယၾတာမပါရင္ မၿပီးတဲ့ စကစအဖြဲ႕ဟာ ကိုယ္ကာယေလ့က်င့္မႈနဲ႔သာ ဆိုင္တဲ့ အားကစားပြဲမွာေတာင္ ယၾတာရေအာင္ ေခ်ခိုင္းတယ္ဆိုကတည္းက ေဗဒင္ ယၾတာေတြအေပၚ ဘယ္ေလာက္ေတာင္ ယုံၾကည္ေနလည္းဆိုတာ သိသာပါတယ္။

ယၾတာ ဘယ္ေလာက္ လုပ္လုပ္ ေထာက္ပံ့မႈ မရွိတဲ့ ျမန္မာ့အားကစားအဖြဲ႕ဟာ တႏိုင္ငံလုံးက အားကစားသမားေတြကို မစိစစ္ႏိုင္ဘဲ နီးစပ္ရာေတြကိုသာ ေခၚေဆာင္သြားတာေၾကာင့္ ေ႐ႊတံဆိပ္ ၅ ခု ရရင္ေတာင္ အေတာ္ကံေကာင္းတယ္လို႔ ဆိုရမွာျဖစ္ေၾကာင္း အားကစားေဝဖန္သုံးသပ္သူတဦးက မွတ္ခ်က္ခ်ပါတယ္။
crd

Unicode
ဆီးဂိမ်းကို ယတြာနဲ့ သွားပြိုင်မယ့် စကစရဲ့ အစီအစဉ် ပေါက်ကြား (ဘာလုပ်လုပ် ယတြာပါတဲ့အဖွဲ့)

ဗီယက်နမ်နိုင်ငံမှာ ကျင်းပနေတဲ့ ၃၁ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ဖို့ စကစက စေလွှတ်တဲ့ အားကစားအဖွဲ့ အောင်မြင်မှုရဖို့ လုပ်ဆောင်ရမယ့် ယတြာအစီအစဉ်စာရွက်တစ်ရွက် လူမှုကွန်ရက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ လျက်ရှိပါတယ္။

အဲဒီစာရွက်မှာ ပါရှိတဲ့ ယတြာအစီအစဉ်တွေဟာ ကယားပြည်နယ် ထီးစဲခါးဆရာတော်ရဲ့ ဧပြီလ ၂၅ ရက်က မိန့်ကြားချက်ဆိုပြီး ဖော်ပြထားတာကို မြင်တွေ့ရပါတယ်။

ယတြာအစီအစဉ် ၁၀ ချက်တိတိပါဝင်ပြီး ထင်ရှားတဲ့အချက်တွေကို ဖော်ပြရမယ်ဆိုရင် ပြိုင်ဘက်မျက်နှာကိုကြည့်ပြီး ကျန်းမာချမ်းသာပါစေ ဆိုကာ မေတ္တာပို့ဖို့၊ မြန်မာအဖွဲ့ခေါင်းဆောင်တွေဟာ အစိမ်းရောင်အဆောင်ကို ညာပုခုံးမှာ စလွယ်သိုင်းဖို့နဲ့ စလွယ်သိုင်းချိန်မှာ သရဏဂုံတည်ဖို့၊ အားကစားသမားတွေဟာလည်း လိမ္မော်ရောင်အဆောင်ကို ညာဘက်လက်မောင်းမှာ ချည်ထားဖို့ဆိုတာတွေပဲဖြစ်ပါတယ်။

ဒါ့အပြင် ပြိုင်ပွဲကို မထွက်ခွာခင် ဘုန်းတော်ကြီးတွေကိုကန်တော့ဖို့နဲ့ နတ်မင်းဆီ ပွဲတင်ဖို့၊ ဗီယက်နမ် ဘုန်းကြီးကျောင်းမှာ ပွဲတင်ပေးဖို့ ၊ ပြိုင်မယ့်ကွင်းထဲဝင်ချိန် မြေကြီးကို လက်နဲ့ထိပြီး ဗုဒ္ဓေါ ဆိုကာ စိတ်ကရွတ်ဖို့ဆိုတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။

၃၁ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံမှာကျင်းပနေတာဖြစ်ပြီး မနေ့ကတော့ မြန်မာအသင်းဟာ ရွှေတံဆိပ်တစ်ခု ပထမဆုံး စတင်ရရှိခဲ့ပြီဖြစ်ပါတယ်။

ဘာလုပ်လုပ် ယတြာမပါရင် မပြီးတဲ့ စကစအဖွဲ့ဟာ ကိုယ်ကာယလေ့ကျင့်မှုနဲ့သာ ဆိုင်တဲ့ အားကစားပွဲမှာတောင် ယတြာရအောင် ချေခိုင်းတယ်ဆိုကတည်းက ဗေဒင် ယတြာတွေအပေါ် ဘယ်လောက်တောင် ယုံကြည်နေလည်းဆိုတာ သိသာပါတယ်။

ယတြာ ဘယ်လောက် လုပ်လုပ် ထောက်ပံ့မှု မရှိတဲ့ မြန်မာ့အားကစားအဖွဲ့ဟာ တနိုင်ငံလုံးက အားကစားသမားတွေကို မစိစစ်နိုင်ဘဲ နီးစပ်ရာတွေကိုသာ ခေါ်ဆောင်သွားတာကြောင့် ရွှေတံဆိပ် ၅ ခု ရရင်တောင် အတော်ကံကောင်းတယ်လို့ ဆိုရမှာဖြစ်ကြောင်း အားကစားဝေဖန်သုံးသပ်သူတဦးက မှတ်ချက်ချပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*