ကဆုန္လျပည့္ ဆြမ္းဆန္စိမ္းေလာင္းလႉပြဲမွာ ႂကြေရာက္မယ့္ သံဃာမရွိလို႔ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ေတြကို ရဟန္းခံခိုင္းထား

ကဆုန္လျပည့္ ဆြမ္းဆန္စိမ္းေလာင္းလႉပြဲမွာ ႂကြေရာက္မယ့္ သံဃာမရွိလို႔ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ေတြကို ရဟန္းခံခိုင္းထား

မႏၲေလး – ေမ(၁၂)
စစ္ေကာင္စီက ျပဳလုပ္မယ့္ ကဆုန္လျပည့္ေန သံဃာ(၁၀၀၀၀) ေက်ာ္ ဆြမ္းဆန္စိမ္း ေလာင္းလႈ ပြဲမွာ ႂကြေရာက္အလႈခံမယ့္ သံဃာ နည္းပါးေနလို႔ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြနဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြကို ဘုန္းႀကီး ဝတ္ခိုင္းၿပီး ဆြမ္းခံႂကြဖို႔ လုပ္ေဆာင္ေနတယ္လို႔ မႏၲေလး သံဃာ သမဂၢက သံလြင္တိုင္းမ္ ကိုအတည္ျပဳမိန္႔ၾကားပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ စစ္ေကာင္စီက ဆြမ္းဆန္စိမ္းေလာင္းလႉပြဲအတြက္ ေနရာေတြ ႀကိဳတင္ျပင္ဆင္ တာေတြလုပ္ေနၿပီး သံဃာေတာ္တြ ဆမ္းခံမႂကြေရာက္မွာ စိတ္ပူေနသလို ေက်ာင္းတိုက္ေတြမွာလည္း လိုက္လံ ဖိအားေပးတာေတြရွိေနတယ္လို႔ သိရပါတယ္။

“မႏၲေလးက ေက်ာင္းတိုက္တစ္ခုမွာ ယာဥ္္ထိန္းရဲေတြကို ရဟန္းခံခိုင္းထားတယ္။ ရဲေမေတြကိုလည္း သီလရွင္ဝတ္ခိုင္းထားတာေတြရွိေနတယ္။ ၿပီးေတာ့ မဘသ အဖြဲ႕ကသူေတြကိုလဲ ကတုံးရိတ္ၿပီး ဆြမ္းခံခိုင္းမယ့္ ပုံစံေတြလုပ္ထားတယ္” လို႔ မႏၲေလးသံဃာသမဂၢ က ဦးေယာ(ဦးဇင္းအမည္လႊဲ) က သံလြင္တိုင္းမ္ကို အတည္ျပဳမိန္႔ၾကားပါတယ္။

မႏၲေလးမွာ ျပဳလုပ္မယ့္ ဆြမ္းဆန္စိမ္းေလာင္းလႉပြဲအတြက္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြ၊ ရဲတပ္ဖြဲ႕ဝင္ေတြ၊ ရဲေမေတြနဲ႔ မဘသအဖြဲ႕ဝင္ေတြကို စစ္ေကာင္စီက ရဟန္းခံခိုင္းတာနဲ႔ မယ္သီလရွင္ဝတ္ခိုင္းထားတာေတြရွိေနတယ္လို႔ ဦးဇင္းက မိန္႔ၾကားပါေသးတယ္။

လက္ရွိအခ်ိန္မွာ ႏိုင္ငံေတာ္အာဏာကို လုယုထားတဲ့ စစ္ေကာင္စီရဲ႕ အာဏာတည္ၿမဲေရးအတြက္ ျပည္သူလူထုကို ရက္စက္တဲ့ နည္းေတြအသုံးျပဳၿပီး ေျမလွန္စနစ္ကို က်င့္သုံးၿပီး လူထု ကိုပစ္ ခတ္သတ္ျဖတ္တာေတြနဲ႔ ရပ္႐ြာ လူေနအေဆာက္အဦးေတြနဲ႔ ျပည္သူပိုင္ပစၥည္းေတြကို မီးရႈိ႕တာ နဲ႔ ခိုးဝွက္လူယူသိမ္းပိုက္ တာေတြနဲ႔ အမ်ိဳးသမီးေတြကို အဓမၼျပဳက်င္တာအစရွိတဲ့ စစ္ရာဇဝတ္မႈ ေတြက်ဴးလြန္ေနတဲ့အတြက္ စစ္ေကာင္စီနဲ႔ ပူးေပါင္းတာေတြမလုပ္ဖို႔ သံဃာသမဂၢက ေတာင္းဆိုထားပါတယ္။

ႏိုင္ငံေရးအၾကပ္အတည္းထဲေရာက္ေနတဲ့ စစ္ေကာင္စီဟာ ထြက္ေပါက္ရွာတဲ့အေနနဲ႔ ျပည္သူလူ ထုကို ရက္စက္တဲ့နည္းေတြနဲ႔ဖိႏွိပ္ေနသလို တဘက္မွာလည္း ဘာသာေရးအခမ္းအနားေတြကို ျပဳလုပ္ေနၿပီး သာသနာျပဳသေယာင္နဲ႔ ဘာသာေရးနဲ႔ ဘာသာေရးေခါင္းေဆာင္ေတြကိို အသုံးခ် ေနတာျဖစ္တယ္လို႔ မႏၲေလး သံဃာသမဂၢက ထုတ္ျပန္ထားပါတယ္။

crd
သတင္း – သံလြင္တိုင္းမ္

Unicode
ကဆုန်လပြည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲမှာ ကြွရောက်မယ့် သံဃာမရှိလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေကို ရဟန်းခံခိုင်းထား

မန္တလေး – မေ(၁၂)
စစ်ကောင်စီက ပြုလုပ်မယ့် ကဆုန်လပြည့်နေ သံဃာ(၁၀၀၀၀) ကျော် ဆွမ်းဆန်စိမ်း လောင်းလှု ပွဲမှာ ကြွရောက်အလှုခံမယ့် သံဃာ နည်းပါးနေလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဘုန်းကြီး ဝတ်ခိုင်းပြီး ဆွမ်းခံကြွဖို့ လုပ်ဆောင်နေတယ်လို့ မန္တလေး သံဃာ သမဂ္ဂက သံလွင်တိုင်းမ် ကိုအတည်ပြုမိန့်ကြားပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီက ဆွမ်းဆန်စိမ်းလောင်းလှူပွဲအတွက် နေရာတွေ ကြိုတင်ပြင်ဆင် တာတွေလုပ်နေပြီး သံဃာတော်တွ ဆမ်းခံမကြွရောက်မှာ စိတ်ပူနေသလို ကျောင်းတိုက်တွေမှာလည်း လိုက်လံ ဖိအားပေးတာတွေရှိနေတယ်လို့ သိရပါတယ်။

“မန္တလေးက ကျောင်းတိုက်တစ်ခုမှာ ယာဉ််ထိန်းရဲတွေကို ရဟန်းခံခိုင်းထားတယ်။ ရဲမေတွေကိုလည်း သီလရှင်ဝတ်ခိုင်းထားတာတွေရှိနေတယ်။ ပြီးတော့ မဘသ အဖွဲ့ကသူတွေကိုလဲ ကတုံးရိတ်ပြီး ဆွမ်းခံခိုင်းမယ့် ပုံစံတွေလုပ်ထားတယ်” လို့ မန္တလေးသံဃာသမဂ္ဂ က ဦးယော(ဦးဇင်းအမည်လွှဲ) က သံလွင်တိုင်းမ်ကို အတည်ပြုမိန့်ကြားပါတယ်။

မန္တလေးမှာ ပြုလုပ်မယ့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ရဲမေတွေနဲ့ မဘသအဖွဲ့ဝင်တွေကို စစ်ကောင်စီက ရဟန်းခံခိုင်းတာနဲ့ မယ်သီလရှင်ဝတ်ခိုင်းထားတာတွေရှိနေတယ်လို့ ဦးဇင်းက မိန့်ကြားပါသေးတယ်။

လက်ရှိအချိန်မှာ နိုင်ငံတော်အာဏာကို လုယုထားတဲ့ စစ်ကောင်စီရဲ့ အာဏာတည်မြဲရေးအတွက် ပြည်သူလူထုကို ရက်စက်တဲ့ နည်းတွေအသုံးပြုပြီး မြေလှန်စနစ်ကို ကျင့်သုံးပြီး လူထု ကိုပစ် ခတ်သတ်ဖြတ်တာတွေနဲ့ ရပ်ရွာ လူနေအဆောက်အဦးတွေနဲ့ ပြည်သူပိုင်ပစ္စည်းတွေကို မီးရှို့တာ နဲ့ ခိုးဝှက်လူယူသိမ်းပိုက် တာတွေနဲ့ အမျိုးသမီးတွေကို အဓမ္မပြုကျင်တာအစရှိတဲ့ စစ်ရာဇဝတ်မှု တွေကျူးလွန်နေတဲ့အတွက် စစ်ကောင်စီနဲ့ ပူးပေါင်းတာတွေမလုပ်ဖို့ သံဃာသမဂ္ဂက တောင်းဆိုထားပါတယ်။

နိုင်ငံရေးအကြပ်အတည်းထဲရောက်နေတဲ့ စစ်ကောင်စီဟာ ထွက်ပေါက်ရှာတဲ့အနေနဲ့ ပြည်သူလူ ထုကို ရက်စက်တဲ့နည်းတွေနဲ့ဖိနှိပ်နေသလို တဘက်မှာလည်း ဘာသာရေးအခမ်းအနားတွေကို ပြုလုပ်နေပြီး သာသနာပြုသယောင်နဲ့ ဘာသာရေးနဲ့ ဘာသာရေးခေါင်းဆောင်တွေကိို အသုံးချ နေတာဖြစ်တယ်လို့ မန္တလေး သံဃာသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

crd
သတင်း – သံလွင်တိုင်းမ်

Be the first to comment

Leave a Reply

Your email address will not be published.


*