Knowledge

ကိုဗစ္စည္းမ်ဥ္း မလိုက္နာလို႔ အေမရိကန္သံ႐ုံးမွ ႏွစ္ဦးကို အေရးယူမည္ဟု စစ္ေကာင္စီေၾကညာ

ဧရာဝတီ၊ ဇန္နဝါရီ ၁၀၊ ၂၀၂၂
ကိုဗစ္-၁၉ ကပ္ေရာဂါဆိုင္ရာ စည္းမ်ဥ္းမ်ားအား လိုက္နာမႈမရွိသည့္အတြက္ အေမရိကန္သံ႐ုံးမွ သံတမန္ဗီဇာကိုင္ေဆာင္ထားသူတဦးႏွင့္ ဝန္ထမ္းတဦးအား အေရးယူမည္ျဖစ္ေၾကာင္း အာဏာသိမ္းစစ္ေကာင္စီက ေၾကညာလိုက္သည္။

ေလေၾကာင္းမွ အေမရိကန္သံတမန္ႏိုင္ငံကူးလက္မွတ္ ကိုင္ေဆာင္ထားသူတဦးသည္ ဇန္နဝါရီ ၂ ရက္ေန႔က ျမန္မာႏိုင္ငံသို႔ဝင္ေရာက္လာၿပီးေနာက္ ၄ ရက္ေန႔တြင္ ကိုဗစ္-၁၉ ေရာဂါပိုးစစ္ေဆးေတြ႕ရွိခဲ့ေၾကာင္း၊ ဇန္နဝါရီ ၃ ရက္ေန႔တြင္လည္း အေမရိကန္သံ႐ုံးဝန္ထမ္းတဦးမွာလည္း ဝင္ေရာက္လာၿပီးေနာက္ ၆ ရက္ေန႔တြင္ ကိုဗစ္-၁၉ ေရာဂါပိုးစစ္ေဆးေတြ႕ရွိခဲ့ေၾကာင္း စစ္ေကာင္စီက ဆိုသည္။

သို႔ေသာ္ ၎တို႔ႏွစ္ဦးအေနျဖင့္ က်န္းမာေရးဝန္ႀကီးဌာနကခ်မွတ္ထားသည့္ Quarantine ေနထိုင္ရမည့္ စည္းမ်ဥ္းမ်ားအား လိုက္နာမႈမရွိဘဲ ၎တို႔အစီအစဥ္ျဖင့္သာ ကုသမည္ဟုဆိုကာ သံ႐ုံးဝန္ထမ္းတဦးႏွင့္ အေပါင္းအပါမ်ားက ျပန္လည္ေခၚေဆာင္သြားသည့္အတြက္ စစ္ေကာင္စီႏိုင္ငံျခားေရးဝန္ႀကီးဌာနအေနျဖင့္လည္း ျပင္းထန္စြာကန႔္ကြက္ေၾကာင္း ေၾကညာခဲ့သည္။

crd
The Irrawaddy – Burmese Edition

Unicode
ကိုဗစ်စည်းမျဉ်း မလိုက်နာလို့ အမေရိကန်သံရုံးမှ နှစ်ဦးကို အရေးယူမည်ဟု စစ်ကောင်စီကြေညာ

ဧရာဝတီ၊ ဇန်နဝါရီ ၁၀၊ ၂၀၂၂
ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ စည်းမျဉ်းများအား လိုက်နာမှုမရှိသည့်အတွက် အမေရိကန်သံရုံးမှ သံတမန်ဗီဇာကိုင်ဆောင်ထားသူတဦးနှင့် ဝန်ထမ်းတဦးအား အရေးယူမည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီက ကြေညာလိုက်သည်။

လေကြောင်းမှ အမေရိကန်သံတမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတဦးသည် ဇန်နဝါရီ ၂ ရက်နေ့က မြန်မာနိုင်ငံသို့ဝင်ရောက်လာပြီးနောက် ၄ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ဇန်နဝါရီ ၃ ရက်နေ့တွင်လည်း အမေရိကန်သံရုံးဝန်ထမ်းတဦးမှာလည်း ဝင်ရောက်လာပြီးနောက် ၆ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း စစ်ကောင်စီက ဆိုသည်။

သို့သော် ၎င်းတို့နှစ်ဦးအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနကချမှတ်ထားသည့် Quarantine နေထိုင်ရမည့် စည်းမျဉ်းများအား လိုက်နာမှုမရှိဘဲ ၎င်းတို့အစီအစဉ်ဖြင့်သာ ကုသမည်ဟုဆိုကာ သံရုံးဝန်ထမ်းတဦးနှင့် အပေါင်းအပါများက ပြန်လည်ခေါ်ဆောင်သွားသည့်အတွက် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့်လည်း ပြင်းထန်စွာကန့်ကွက်ကြောင်း ကြေညာခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *