
ခရစ္စတီယာႏို ေရာ္နယ္ဒိုရဲ႕ ေနရာကို ဆက္ခံမယ့္ ကိုယ္ပိုင္ဟယ္ရီကိန္းကို ပိုင္ဆိုင္ေနၿပီျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္း
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ေရာ္နယ္ဒိုရဲ႕ ေနရာကို ဆက္ခံမယ့္ ကိုယ္ပိုင္ဟယ္ရီကိန္းကို ပိုင္ဆိုင္ေနၿပီ ျဖစ္ ပါတယ္။ ခရစၥတီယာႏို ေရာ္နယ္ဒိုက ယူႏိုက္တက္အသင္းအတြက္ အဆုံးအျဖတ္သြင္းဂိုးေတြ သြင္းထားေပမယ့္ ေပၚတူဂီ တိုက္စစ္မႉးႀကီးဟာာ သူ႔ရဲ႕ ကစားသမားဘဝ ေနာက္ဆုံးအဆင့္မွာ ရွိေနပါၿပီ။
စပါးအသင္းရဲ႕တိုက္စစ္မႉး ဟယ္ရီကိန္းရဲ႕ နာမည္ဟာ ေႏြရာသီက သတင္းစာေစာင္ေတြမွာ လႊမ္းမိုးထားေပမယ့္ ဒီရာသီမွာ ပရီးမီးယားလိဂ္သြင္းဂိုးတစ္ဂိုးသာ သြင္းယူႏိုင္ခဲ့ပါတယ္။ မန္ခ်က္စတာစီးတီးအသင္းက ကိန္းကို ေခၚယူရန္ ယူႏိုက္တက္အသင္းႏွင့္ အၿပိဳင္အဆိုင္ ႀကိဳးပမ္းခဲ့ေသာ္လည္း ဒန္နီရယ္လီဗိုင္း၏ လက္လႊတ္ရန္ ျငင္းဆိုျခင္းေၾကာင့္ အဂၤလန္အသင္းေခါင္းေဆာင္သည္ စပါးအသင္းတြင္ ဆက္ရွိေနခဲ့သည္။ ဒါေပမယ့္ ယူႏိုက္တက္အသင္းအေနနဲ႔ကေတာ့ ဟယ္ရီကိန္းကို အၿမဲလိုခ်င္ခဲ့ၿပီး အိုးလ္ထရက္ဖို႔ဒ္ ဘုတ္အဖြဲ႕မွာ ေခၚ္ယူဖို႔ ေဆြးေႏြးခဲ့ပါတယ္။
ဟယ္ရီကိန္းအေနနဲ႔ အရင္ႏွစ္ေႏြရာသီမွာ ယူႏိုက္တက္ သို႔မဟုတ္ မန္စီးတီးအတြက္ လန္ဒန္ကို ခ်န္ထားခဲ့ရန္ စိတ္ကူးရွိခဲ့ေသာ္လည္း 2021မွာေတာ့ ယူႏိုက္တက္အေနနဲ႔ ဟယ္ရီကိန္းကို ေခၚယူဖို႔ ႀကိဳးပမ္းဖြယ္ မရွိေတာ့ေခ်။ အေျပာင္းအေ႐ႊ႕ရဲ႕ ႐ိုက္ခတ္မႈေတြအၿပီးမွာေတာ့ ဟယ္ရီကိန္းဟာ ဒီရာသီမွာ ပုံစံေကာင္းေပ်ာက္ဆုံးေနၿပီး ဂိုးမိုးေခါင္ေနပါေတာ့တယ္။ သို႔ေသာ္လည္း သူသည္ ကမာၻ႔အဆင့္မီ တိုက္စစ္မႉးတစ္ဦးအျဖစ္ ဆက္လက္တည္ရွိေနကာ မၾကာမီတြင္ ၎၏အေကာင္းဆုံးပုံစံကို ျပန္လည္ရရွိရန္ သတၱိရွိရွိႀကိဳးစားေနသည္မွာ မလြဲဧကန္ပင္ျဖစ္သည္။
ယူႏိုက္တက္အေနနဲ႔လည္း အေျပာင္းအေ႐ႊ႕ ေနာက္ဆုံးရက္မွာ သရဲနီေဟာင္းႀကီး ခရစၥတီယာႏို ေရာ္နယ္ဒိုကို ေခၚယူႏိုင္ခဲ့ၿပီး ဟယ္ရီကိန္းပုံျပင္ဟာ တစ္ခန္းရပ္သြားၿပီလို႔ ဆိုႏိုင္ပါတယ္။ ေပၚတူဂီၾကယ္ပြင့္ ေရာ္နယ္ဒိုဟာ ဂိုးအာမခံခ်က္ အျပည့္အဝေပးႏိုင္ၿပီး ကမာၻ႔အေကာင္းဆုံး ကာလတို ေခၚယူမႈကို ကိုယ္စားျပဳတယ္လို႔ ဆိုႏိုင္ပါတယ္။ ေျပာင္းေ႐ႊ႕ေၾကးအေနနဲ႔လည္း ဟယ္ရီကိန္းအတြက္ လီဗိုင္းလိုခ်င္တာရဲ႕ တစ္ဝက္ေတာင္မေပးခဲ့ရပါဘူး။ ဒါေပမယ့္ ေရာ္နယ္ဒိုက ေနာက္ထပ္ႏွစ္လအတြင္း အသက္ ၃၇ ႏွစ္ရွိမွာျဖစ္တာေၾကာင့္ ယူႏိုက္တက္အတြက္ ေရရွည္ေျဖရွင္းခ်က္မဟုတ္ဘူးဆိုတာ သိသာပါတယ္။
ယူႏိုက္တက္နည္းျပသစ္ Ralf Rangnick သည္ ဤရာသီတြင္ စီေရာ္နယ္ဒို၏ အေရးပါမႈကို ေကာင္းေကာင္းနားလည္သိရွိၿပီး သူ႔ရဲ႕အလုပ္က ေရာ္နယ္ဒိုကို ဒီထက္ဂိုးေတြသြင္းႏိုင္ေအာင္ ကူညီဖို႔လို႔ ထုတ္ေဖာ္ေျပာၾကားထားပါတယ္။ ဒါေပမယ့္လည္း ေရာ္နယ္ဒိုရဲ႕ ဂိုးသြင္းတာဝန္ေတြကို တစ္ဖက္တစ္လမ္းက ကူညီႏိုင္ေအာင္ အသက္၂၀အ႐ြယ္ ဂရင္းဝုဒ္ကို တာဝန္ေပးဖြယ္ရွိေနပါတယ္။
နည္းျပသစ္ Ralf Rangnickအေနႏွင့္ Greenwood၏ အရည္အေသြးေကာင္းကို သိရွိနားလည္ၿပီး ကစားသမားအေနနဲ႔ ႐ုပ္ပိုင္းဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္ရန္ လိုအပ္ေၾကာင္း ရွင္းျပထားပါသည္။ ကစားသမား၏ နည္းစနစ္ပိုင္းစြမ္းရည္ကို အရွိန္ျမႇင့္ရန္မွာ ၎၏အလုပ္ျဖစ္ေၾကာင္း ဝန္ခံခဲ့သည္။ Greenwood ၏ အလားအလာသည္ ႀကီးမားၿပီး သူ႔ကို Kane ႏွင့္ ႏႈိင္းယွဥ္ထားသည့္ အခ်က္အလက္မ်ားမွာ စိတ္ဝင္စားဖြယ္ေကာင္းသည္။ Kane ဟာ Greenwood အ႐ြယ္တုန္းက 2013/14 မွာ 12 ဂိုးသာ သြင္းယူႏိုင္ခဲ့ပါတယ္။ ဂရင္းဝုဒ္သည္ ယခုရာသီတြင္ 5ဂိုးသြင္းယူထားၿပီး ၎သည္ လန္ဒန္သား၏ စံခ်ိန္မွတ္တမ္းကို ေက်ာ္လြန္ႏိုင္ဖြယ္ရွိသည္။
အသက္၂၀အ႐ြယ္ Greenwoodက အသက္အသက္၂၀အ႐ြယ္ ဟယ္ရီကိန္းထက္မ်ားစြာသာလြန္တဲ့ စံခ်ိန္မွတ္တမ္းေတြ တင္ထားႏိုင္ၿပီး ေျခစြမ္းကလည္း ပိုမိုေကာင္းမြန္ပါတယ္။ ယူႏိုက္တက္အကယ္ဒမီေက်ာင္းဆင္းဟာ အခုဆို ပထမအသင္းမွာ သုံးရာသီေလာက္ရွိေနၿပီျဖစ္ၿပီး တစ္ခါတစ္ရံမွာ သူဟာလူငယ္ အကယ္ဒမီကစားသမားဆိုတာကိုပင္ ေမ့ေနၿပီျဖစ္သည္။
ယူႏိုက္တက္အေနနဲ႔ Greenwoodကို ညာေတာင္ပံတိုက္စစ္မွာထားကစားေနရေသာ္လည္း ကလပ္၏ အဓိက နံပါတ္ 9 အျဖစ္ ေမွ်ာ္လင့္ရည္႐ြယ္ထားသည္။ ဖိအားမ်ားေအာက္တြင္ ရရွိလာေသာ အခြင့္အလမ္းမ်ားကို ဂိုးအျဖစ္ေျပာင္းလဲႏိုင္စြမ္းမွာ Greenwoodရဲ႕ အႀကီးမားဆုံး ခြန္အားျဖစ္သည္။ Kane ဟာ အသက္ 21 ႏွစ္ျပည့္ၿပီးတဲ့ေနာက္ ပရီးမီးယားလိဂ္မွာ တဟုန္ထိုး ေျခစြမ္းျပ ဂိုးေတြသြင္းယူႏိုင္ခဲ့ၿပီး ဂရင္းဝုဒ္ကလည္း ဒီလို ေျခစြမ္းေတြ သြင္းဂိုးေတြနဲ႔ ေပါက္ကြဲဖို႔ အဆင္သင့္ျဖစ္ေနပါၿပီ။
နည္းျပသစ္ Rangnick သာ ၿပီးျပည့္ေကာင္းမြန္စြာ လမ္းၫႊန္ထိန္းေက်ာင္းေပးနိင္ပါက Greenwood တစ္ေယာက္အေနနဲ႔ Kane ၏ ေျခရာကို လိုက္ေလွ်ာက္ရန္ အခြင့္အလမ္းတိုင္းကို ရရွိမည္ျဖစ္ၿပီး ယူႏိုက္တက္အေနနဲ႔လည္း စပါးရဲ႕ သန္း၁၂၀တန္ ဟယ္ရီကိန္းကို ေခၚယူစရာမလိုဘဲ ကိုယ္ပိုင္ ကိန္းကို ပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္။
Ref – Manchester Evening News
BY – U Ne
Unicode
ခရစ်စတီယာနို ရော်နယ်ဒိုရဲ့ နေရာကို ဆက်ခံမယ့် ကိုယ်ပိုင်ဟယ်ရီကိန်းကို ပိုင်ဆိုင်နေပြီဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်း
မန်ချက်စတာယူနိုက်တက်အသင်းဟာ ရော်နယ်ဒိုရဲ့ နေရာကို ဆက်ခံမယ့် ကိုယ်ပိုင်ဟယ်ရီကိန်းကို ပိုင်ဆိုင်နေပြီ ဖြစ် ပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒိုက ယူနိုက်တက်အသင်းအတွက် အဆုံးအဖြတ်သွင်းဂိုးတွေ သွင်းထားပေမယ့် ပေါ်တူဂီ တိုက်စစ်မှူးကြီးဟာာ သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံးအဆင့်မှာ ရှိနေပါပြီ။
စပါးအသင်းရဲ့တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ နာမည်ဟာ နွေရာသီက သတင်းစာစောင်တွေမှာ လွှမ်းမိုးထားပေမယ့် ဒီရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုးတစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ မန်ချက်စတာစီးတီးအသင်းက ကိန်းကို ခေါ်ယူရန် ယူနိုက်တက်အသင်းနှင့် အပြိုင်အဆိုင် ကြိုးပမ်းခဲ့သော်လည်း ဒန်နီရယ်လီဗိုင်း၏ လက်လွှတ်ရန် ငြင်းဆိုခြင်းကြောင့် အင်္ဂလန်အသင်းခေါင်းဆောင်သည် စပါးအသင်းတွင် ဆက်ရှိနေခဲ့သည်။ ဒါပေမယ့် ယူနိုက်တက်အသင်းအနေနဲ့ကတော့ ဟယ်ရီကိန်းကို အမြဲလိုချင်ခဲ့ပြီး အိုးလ်ထရက်ဖို့ဒ် ဘုတ်အဖွဲ့မှာ ခေါ််ယူဖို့ ဆွေးနွေးခဲ့ပါတယ်။
ဟယ်ရီကိန်းအနေနဲ့ အရင်နှစ်နွေရာသီမှာ ယူနိုက်တက် သို့မဟုတ် မန်စီးတီးအတွက် လန်ဒန်ကို ချန်ထားခဲ့ရန် စိတ်ကူးရှိခဲ့သော်လည်း 2021မှာတော့ ယူနိုက်တက်အနေနဲ့ ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးပမ်းဖွယ် မရှိတော့ချေ။ အပြောင်းအရွှေ့ရဲ့ ရိုက်ခတ်မှုတွေအပြီးမှာတော့ ဟယ်ရီကိန်းဟာ ဒီရာသီမှာ ပုံစံကောင်းပျောက်ဆုံးနေပြီး ဂိုးမိုးခေါင်နေပါတော့တယ်။ သို့သော်လည်း သူသည် ကမ္ဘာ့အဆင့်မီ တိုက်စစ်မှူးတစ်ဦးအဖြစ် ဆက်လက်တည်ရှိနေကာ မကြာမီတွင် ၎င်း၏အကောင်းဆုံးပုံစံကို ပြန်လည်ရရှိရန် သတ္တိရှိရှိကြိုးစားနေသည်မှာ မလွဲဧကန်ပင်ဖြစ်သည်။
ယူနိုက်တက်အနေနဲ့လည်း အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ သရဲနီဟောင်းကြီး ခရစ္စတီယာနို ရော်နယ်ဒိုကို ခေါ်ယူနိုင်ခဲ့ပြီး ဟယ်ရီကိန်းပုံပြင်ဟာ တစ်ခန်းရပ်သွားပြီလို့ ဆိုနိုင်ပါတယ်။ ပေါ်တူဂီကြယ်ပွင့် ရော်နယ်ဒိုဟာ ဂိုးအာမခံချက် အပြည့်အဝပေးနိုင်ပြီး ကမ္ဘာ့အကောင်းဆုံး ကာလတို ခေါ်ယူမှုကို ကိုယ်စားပြုတယ်လို့ ဆိုနိုင်ပါတယ်။ ပြောင်းရွှေ့ကြေးအနေနဲ့လည်း ဟယ်ရီကိန်းအတွက် လီဗိုင်းလိုချင်တာရဲ့ တစ်ဝက်တောင်မပေးခဲ့ရပါဘူး။ ဒါပေမယ့် ရော်နယ်ဒိုက နောက်ထပ်နှစ်လအတွင်း အသက် ၃၇ နှစ်ရှိမှာဖြစ်တာကြောင့် ယူနိုက်တက်အတွက် ရေရှည်ဖြေရှင်းချက်မဟုတ်ဘူးဆိုတာ သိသာပါတယ်။
ယူနိုက်တက်နည်းပြသစ် Ralf Rangnick သည် ဤရာသီတွင် စီရော်နယ်ဒို၏ အရေးပါမှုကို ကောင်းကောင်းနားလည်သိရှိပြီး သူ့ရဲ့အလုပ်က ရော်နယ်ဒိုကို ဒီထက်ဂိုးတွေသွင်းနိုင်အောင် ကူညီဖို့လို့ ထုတ်ဖော်ပြောကြားထားပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုရဲ့ ဂိုးသွင်းတာဝန်တွေကို တစ်ဖက်တစ်လမ်းက ကူညီနိုင်အောင် အသက်၂၀အရွယ် ဂရင်းဝုဒ်ကို တာဝန်ပေးဖွယ်ရှိနေပါတယ်။
နည်းပြသစ် Ralf Rangnickအနေနှင့် Greenwood၏ အရည်အသွေးကောင်းကို သိရှိနားလည်ပြီး ကစားသမားအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ကြောင်း ရှင်းပြထားပါသည်။ ကစားသမား၏ နည်းစနစ်ပိုင်းစွမ်းရည်ကို အရှိန်မြှင့်ရန်မှာ ၎င်း၏အလုပ်ဖြစ်ကြောင်း ဝန်ခံခဲ့သည်။ Greenwood ၏ အလားအလာသည် ကြီးမားပြီး သူ့ကို Kane နှင့် နှိုင်းယှဉ်ထားသည့် အချက်အလက်များမှာ စိတ်ဝင်စားဖွယ်ကောင်းသည်။ Kane ဟာ Greenwood အရွယ်တုန်းက 2013/14 မှာ 12 ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဂရင်းဝုဒ်သည် ယခုရာသီတွင် 5ဂိုးသွင်းယူထားပြီး ၎င်းသည် လန်ဒန်သား၏ စံချိန်မှတ်တမ်းကို ကျော်လွန်နိုင်ဖွယ်ရှိသည်။
အသက်၂၀အရွယ် Greenwoodက အသက်အသက်၂၀အရွယ် ဟယ်ရီကိန်းထက်များစွာသာလွန်တဲ့ စံချိန်မှတ်တမ်းတွေ တင်ထားနိုင်ပြီး ခြေစွမ်းကလည်း ပိုမိုကောင်းမွန်ပါတယ်။ ယူနိုက်တက်အကယ်ဒမီကျောင်းဆင်းဟာ အခုဆို ပထမအသင်းမှာ သုံးရာသီလောက်ရှိနေပြီဖြစ်ပြီး တစ်ခါတစ်ရံမှာ သူဟာလူငယ် အကယ်ဒမီကစားသမားဆိုတာကိုပင် မေ့နေပြီဖြစ်သည်။
ယူနိုက်တက်အနေနဲ့ Greenwoodကို ညာတောင်ပံတိုက်စစ်မှာထားကစားနေရသော်လည်း ကလပ်၏ အဓိက နံပါတ် 9 အဖြစ် မျှော်လင့်ရည်ရွယ်ထားသည်။ ဖိအားများအောက်တွင် ရရှိလာသော အခွင့်အလမ်းများကို ဂိုးအဖြစ်ပြောင်းလဲနိုင်စွမ်းမှာ Greenwoodရဲ့ အကြီးမားဆုံး ခွန်အားဖြစ်သည်။ Kane ဟာ အသက် 21 နှစ်ပြည့်ပြီးတဲ့နောက် ပရီးမီးယားလိဂ်မှာ တဟုန်ထိုး ခြေစွမ်းပြ ဂိုးတွေသွင်းယူနိုင်ခဲ့ပြီး ဂရင်းဝုဒ်ကလည်း ဒီလို ခြေစွမ်းတွေ သွင်းဂိုးတွေနဲ့ ပေါက်ကွဲဖို့ အဆင်သင့်ဖြစ်နေပါပြီ။
နည်းပြသစ် Rangnick သာ ပြီးပြည့်ကောင်းမွန်စွာ လမ်းညွှန်ထိန်းကျောင်းပေးနိင်ပါက Greenwood တစ်ယောက်အနေနဲ့ Kane ၏ ခြေရာကို လိုက်လျှောက်ရန် အခွင့်အလမ်းတိုင်းကို ရရှိမည်ဖြစ်ပြီး ယူနိုက်တက်အနေနဲ့လည်း စပါးရဲ့ သန်း၁၂၀တန် ဟယ်ရီကိန်းကို ခေါ်ယူစရာမလိုဘဲ ကိုယ်ပိုင် ကိန်းကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
Ref – Manchester Evening News
BY – U Ne
Leave a Reply