Knowledge

ခ်န္ပီယံလိဂ္မဲခြဲမႈ အမွား‌အေပၚကို ပိုစ့္တင္ၿပီး ဟာသလုပ္ခဲ့တဲ့ ယူႏိုက္တက္စစ္သူႀကီး ဖာနန္ဒက္ဇ္

ခ်န္ပီယံလိဂ္မဲခြဲမႈ အမွား‌အေပၚကို ပိုစ့္တင္ၿပီး ဟာသလုပ္ခဲ့တဲ့ ယူႏိုက္တက္စစ္သူႀကီး ဖာနန္ဒက္ဇ္

ယူႏိုက္တက္စစ္သူႀကီး ဘ႐ူႏိုဖာနန္ဒက္စ္ကေတာ့ ခ်န္ပီယံလိဂ္၁၆သင္းအဆင့္ မဲခြဲမႈမွာ အလြဲအေခ်ာ္ေတြျဖစ္ခဲ့တဲ့အေပၚ ပိုစ့္တင္ၿပီး ဟာသလုပ္ခဲ့ပါတယ္။ ပထမအႀကိမ္ မဲခြဲမႈအၿပီးမွာ ယူႏိုက္တက္နဲ႔ ဟာ ျပင္သစ္ကလပ္ ပီအက္စ္ဂ်ီနဲ႔က်ေနခဲ့လို႔ အားလုံးက ‌ေရာ္နယ္လ္ဒို vs မက္ဆီ rematch ပြဲကို ၾကည့္ရၿပီဆိုၿပီး အားခဲေနခ်ိန္မွာပဲ အျငင္းပြားဖြယ္ရာေတြ ရွိခဲ့လို႔ မဲျပန္ခြဲခဲ့ရတာပါ။ ဒုတိယအႀကိမ္မဲခြဲအၿပီးမွာေတာ့ ယူႏိုက္တက္ဟာ လာလီဂါခ်န္ပီယံ အက္သလက္တီကိုနဲ႔ ဆုံေတြ႕ခဲ့ပါတယ္။

ဆြဇ္ဇာလန္ႏိုင္ငံ နီယြန္ၿမိဳ႕မွာ ျပဳလုပ္ခဲတဲ့ မဲခြဲပြဲမွာ‌ေတာ့ UEFA အေနနဲ႔ အလြဲလြဲအေခ်ာ္ေခ်ာ္ေတြ ျပဳလုပ္ခဲ့လို႔ အက္သလက္တီကို အသင္းက ကန႔္ကြက္ခဲ့ပါတယ္။ ဒါေၾကာင့္ UEFA အေနနဲ႔ အရွက္ရစရာျဖစ္ခဲ့ရၿပီး ဒုတိယအႀကိမ္မဲခြဲမႈကို နာရီပိုင္းအတြင္း ျပန္လည္ျပဳလုပ္ခဲ့ရတာပါ။ ပထမအႀကိမ္ မဲခြဲမႈအၿပီးမွာ ဘိုင္ယန္ျမဴနစ္နဲ႔ ေတြ႕ဆုံခဲ့တဲ့ အက္သလက္တီကို အသင္းဟာ ဒုတိယအႀကိမ္မဲခြဲအၿပီးမွာေတာ့ အိပ္မက္ဆိုးေတြေပးေနက် ကစားသမားျဖစ္တဲ့ ‌‌ေရာ္နယ္လ္ဒိုဦးေဆာာင္တဲ့ ယူႏိုက္တက္နဲ႔ ေတြ႕ဆုံခဲ့တာပါ။

UEFAလို အဖြဲ႕အစည္းႀကီးရဲ႕ ဒီလိုပြဲမ်ိဳးမွာ အလြဲလြဲ အေခ်ာ္ေခ်ာ္ျဖစ္ခဲ့တဲ့ ျဖစ္ရပ္အေပၚ ကလပ္အသင္းေတြ၊ အားကစားသမားေတြ၊ ဂ်ာနယ္လစ္ေတြ၊ အသင္းပရိတ္သတ္ေတြက ဆိုရွယ္မီဒီယာအေပၚမွာ ေဝဖန္ခဲ့ၾကတာလည္းျဖစ္ပါတယ္။ အဒီအထဲမွာ ယူႏိုက္တက္ရဲ႕ စစ္သူႀကီး ဖာနန္ဒက္ဇ္လည္းပါဝင္ခဲ့ပါတယ္။

ဖာနန္ဒက္ဇ္က သူ႔ရဲ႕ Follower 2.4 သန္းရွိတဲ့ တြစ္တာအ‌ေကာင့္မွာ “တတိယအႀကိမ္ မဲခြဲပြဲက ဘယ္အခ်ိန္လဲ…?” ဆိုၿပီး အီမိုဂ်ီေတြနဲ႔ ဟာသလုပ္ခဲ့တာပါ။

ယူႏိုက္တက္ဟာ ဒီေယဂိုး ဆီႁမြန္နီရဲ႕ အသင္းနဲ႔ ရႈံးထြက္အဆင့္မွာ ေဖေဖာ္ဝါရီလနဲ႔ မတ္လမွာ ႏွစ္ေက်ာ့ ယွဥ္ၿပိဳင္ကစားရေတာ့မွာ ျဖစ္ပါတယ္။ ဒီတစ္ခါမွာလည္း သရဲနီဘုရင္ႀကီး ေရာ္နယ္လ္ဒိုက အက္သလက္တီကို အသင္းကို အိပ္မက္ဆိုးေတြမက္ေစအုံးမလားဆိုတာ ေစာင့္ၾကည့္ရအုံးမွာပါ…
Ref – Manchester Evening News
By – David

Unicode
ချန်ပီယံလိဂ်မဲခွဲမှု အမှား‌အပေါ်ကို ပိုစ့်တင်ပြီး ဟာသလုပ်ခဲ့တဲ့ ယူနိုက်တက်စစ်သူကြီး ဖာနန်ဒက်ဇ်

ယူနိုက်တက်စစ်သူကြီး ဘရူနိုဖာနန်ဒက်စ်ကတော့ ချန်ပီယံလိဂ်၁၆သင်းအဆင့် မဲခွဲမှုမှာ အလွဲအချော်တွေဖြစ်ခဲ့တဲ့အပေါ် ပိုစ့်တင်ပြီး ဟာသလုပ်ခဲ့ပါတယ်။ ပထမအကြိမ် မဲခွဲမှုအပြီးမှာ ယူနိုက်တက်နဲ့ ဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီနဲ့ကျနေခဲ့လို့ အားလုံးက ‌ရော်နယ်လ်ဒို vs မက်ဆီ rematch ပွဲကို ကြည့်ရပြီဆိုပြီး အားခဲနေချိန်မှာပဲ အငြင်းပွားဖွယ်ရာတွေ ရှိခဲ့လို့ မဲပြန်ခွဲခဲ့ရတာပါ။ ဒုတိယအကြိမ်မဲခွဲအပြီးမှာတော့ ယူနိုက်တက်ဟာ လာလီဂါချန်ပီယံ အက်သလက်တီကိုနဲ့ ဆုံတွေ့ခဲ့ပါတယ်။

ဆွဇ်ဇာလန်နိုင်ငံ နီယွန်မြို့မှာ ပြုလုပ်ခဲတဲ့ မဲခွဲပွဲမှာ‌တော့ UEFA အနေနဲ့ အလွဲလွဲအချော်ချော်တွေ ပြုလုပ်ခဲ့လို့ အက်သလက်တီကို အသင်းက ကန့်ကွက်ခဲ့ပါတယ်။ ဒါကြောင့် UEFA အနေနဲ့ အရှက်ရစရာဖြစ်ခဲ့ရပြီး ဒုတိယအကြိမ်မဲခွဲမှုကို နာရီပိုင်းအတွင်း ပြန်လည်ပြုလုပ်ခဲ့ရတာပါ။ ပထမအကြိမ် မဲခွဲမှုအပြီးမှာ ဘိုင်ယန်မြူနစ်နဲ့ တွေ့ဆုံခဲ့တဲ့ အက်သလက်တီကို အသင်းဟာ ဒုတိယအကြိမ်မဲခွဲအပြီးမှာတော့ အိပ်မက်ဆိုးတွေပေးနေကျ ကစားသမားဖြစ်တဲ့ ‌‌ရော်နယ်လ်ဒိုဦးဆောာင်တဲ့ ယူနိုက်တက်နဲ့ တွေ့ဆုံခဲ့တာပါ။

UEFAလို အဖွဲ့အစည်းကြီးရဲ့ ဒီလိုပွဲမျိုးမှာ အလွဲလွဲ အချော်ချော်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်အပေါ် ကလပ်အသင်းတွေ၊ အားကစားသမားတွေ၊ ဂျာနယ်လစ်တွေ၊ အသင်းပရိတ်သတ်တွေက ဆိုရှယ်မီဒီယာအပေါ်မှာ ဝေဖန်ခဲ့ကြတာလည်းဖြစ်ပါတယ်။ အဒီအထဲမှာ ယူနိုက်တက်ရဲ့ စစ်သူကြီး ဖာနန်ဒက်ဇ်လည်းပါဝင်ခဲ့ပါတယ်။

ဖာနန်ဒက်ဇ်က သူ့ရဲ့ Follower 2.4 သန်းရှိတဲ့ တွစ်တာအ‌ကောင့်မှာ “တတိယအကြိမ် မဲခွဲပွဲက ဘယ်အချိန်လဲ…?” ဆိုပြီး အီမိုဂျီတွေနဲ့ ဟာသလုပ်ခဲ့တာပါ။

ယူနိုက်တက်ဟာ ဒီယေဂိုး ဆီမြွန်နီရဲ့ အသင်းနဲ့ ရှုံးထွက်အဆင့်မှာ ဖေဖော်ဝါရီလနဲ့ မတ်လမှာ နှစ်ကျော့ ယှဉ်ပြိုင်ကစားရတော့မှာ ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း သရဲနီဘုရင်ကြီး ရော်နယ်လ်ဒိုက အက်သလက်တီကို အသင်းကို အိပ်မက်ဆိုးတွေမက်စေအုံးမလားဆိုတာ စောင့်ကြည့်ရအုံးမှာပါ…
Ref – Manchester Evening News
By – David

Leave a Reply

Your email address will not be published. Required fields are marked *