ဂိုးမသြင္းႏိုင္လို႔ ပရိသတ္ေတြရဲ႕ အျမင္ေစာင္းတာခံေနရခ်ိန္မွာ ေရာ္နယ္ဒိုရဲ႕ ေအာင္ပြဲခံပို႔စ္ကို Like သြားေပးခဲ့လို႔ ေဝဖန္ခံေနရတဲ့ အာဆင္နယ္အသင္းေခါင္းေဆာင္

ဂိုးမသြင္းႏိုင္လို႔ ပရိသတ္ေတြရဲ႕ အျမင္ေစာင္းတာခံေနရခ်ိန္မွာ ေရာ္နယ္ဒိုရဲ႕ ေအာင္ပြဲခံပို႔စ္ကို Like သြားေပးခဲ့လို႔ ေဝဖန္ခံေနရတဲ့ အာဆင္နယ္အသင္းေခါင္းေဆာင္
ဂါဘြန္တိုက္စစ္မႉးဟာ မေန႔ကပြဲမွာ အသင္းအတြက္ ပြဲထြက္လာခဲ့ၿပိး ပြဲခ်ိန္ေတာ္ေတာ္မ်ားမ်ားပါဝင္ကစားေပးခဲ့ေပမယ့္ ေျခစြမ္းမျပႏိုင္ဘဲရွိေနခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲစဥ္မွာ အပိုင္အခြင့္အေရးေတြကို လြဲေခ်ာ္ခဲ့တဲ့ အာဆင္နယ္အသင္းေခါင္းေဆာင္တိုက္စစ္မႉး ေအာ္ဘာမီယန္ကေတာ့ ပရိသတ္ေတြရဲ႕ ေဒါသနဲ႔ရင္ဆိုင္ေနရၿပီျဖစ္ပါတယ္။ အသင္းအတြက္ ဂိုးေပါက္လည္းေပ်ာက္ေနတဲ့ ေအာ္ဘာမီယန္ဟာ ဂိုးမသြင္းႏိုင္လို႔ အျမင္ေစာင္းတာခံေနရခ်ိန္မွာ ယူႏိုက္တက္တိုက္စစ္မႉးေရာ္နယ္ဒိုရဲ႕ ေအာင္ပြဲခံပို႔စ္ကို Like သြားေပးခဲ့လို႔ ေဝဖန္ခံေနရတာျဖစ္ပါတယ္။

ဂါဘြန္တိုက္စစ္မႉးဟာ မေန႔ကပြဲမွာ အသင္းအတြက္ ပြဲထြက္လာခဲ့ၿပိး ပြဲခ်ိန္ေတာ္ေတာ္မ်ားမ်ားပါဝင္ကစားေပးခဲ့ေပမယ့္ ေျခစြမ္းမျပႏိုင္ဘဲရွိေနခဲ့ပါတယ္။ ဒါ့အျပင္ အပိုင္အခြင့္အေရးတႀကိမ္ရရွိခဲ့ေပမယ့္လည္း သူ႔ရဲ႕ပိတ္သြင္းယူမႈကို ဒီဂီယာက ကာကြယ္သြားႏိုင္ခဲ့ပါတယ္။ ဒုတိယပိုင္းမွာေတာ့ သူ႔ကို အာတီတာက အျခားတိုက္စစ္မႉးလာကာဇက္နဲ႔ လူစားလဲလွယ္သြားခဲ့ရပါေတာ့တယ္။

ပြဲအၿပီးမွာေတာ့ ေရာ္နယ္ဒိုက သူ႔ရဲ႕ ၈၀၀ ျပည့္ဂိုးနဲ႔ ၈၀၁ ဂိုးေတြသြင္းယူၿပီး ေအာင္ပြဲခံေနတဲ့ ဓာတ္ပုံေတြတင္ခဲ့ပါတယ္။ အဆိုပါပုံေတြနဲ႔အတူ သူက “ကြၽန္ေတာ္တို႔အာ႐ုံက လာမယ့္ပြဲကိုေရာက္ေနၿပီး ေအာင္ပြဲခံေနဖို႔ အခ်ိန္မရွိပါဘူး၊ ဒီေန႔ႏိုင္ပြဲက လမ္းေၾကာင္းမွန္ေပၚျပန္ေရာက္ဖို႔အတြက္ အေရးပါခဲ့ေပမယ့္ ပန္းတိုင္ကိုေရာက္လို႔ ခရီးရွည္ႀကီးေလွ်ာက္လွမ္းရဥိးမွာပါ” ဆိုၿပိး ေရးသားခဲ့ပါတယ္။

အဆိုပါပို႔စ္ကို Like လုပ္သူေပါင္း သန္းနဲ႔ခ်ီရွိရာမွာ ေအာ္ဘာမီယန္လည္း တဥိးအပါအဝင္ျဖစ္ခဲ့ၿပီး ဒီလုပ္ရပ္အတြက္ ဘယ္လိုမွ နားမလည္ႏိုင္ေအာင္ျဖစ္ရတယ္လို႔ အာဆင္နယ္ပရိသတ္ေတြက ေျပာဆိုခဲ့ၾကပါတယ္။ ေအာ္ဘာမီယန္ကိုလည္း အျပစ္တင္မႈေတြ ကိုယ္စီျပဳလုပ္ခဲ့ၾကၿပီးေနာက္ အာဆင္နယ္အသင္းေခါင္းေဆာင္ရဲ႕လုပ္ရပ္ဆိုၿပီးေတာ့လည္း Like လုပ္ထားတာကို ျပန္လည္မွ်ေဝမႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။
crd

Unicode
ဂိုးမသွင်းနိုင်လို့ ပရိသတ်တွေရဲ့ အမြင်စောင်းတာခံနေရချိန်မှာ ရော်နယ်ဒိုရဲ့ အောင်ပွဲခံပို့စ်ကို Like သွားပေးခဲ့လို့ ဝေဖန်ခံနေရတဲ့ အာဆင်နယ်အသင်းခေါင်းဆောင်

ဂါဘွန်တိုက်စစ်မှူးဟာ မနေ့ကပွဲမှာ အသင်းအတွက် ပွဲထွက်လာခဲ့ပြိး ပွဲချိန်တော်တော်များများပါဝင်ကစားပေးခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ဘဲရှိနေခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်မှာ အပိုင်အခွင့်အရေးတွေကို လွဲချော်ခဲ့တဲ့ အာဆင်နယ်အသင်းခေါင်းဆောင်တိုက်စစ်မှူး အော်ဘာမီယန်ကတော့ ပရိသတ်တွေရဲ့ ဒေါသနဲ့ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ အသင်းအတွက် ဂိုးပေါက်လည်းပျောက်နေတဲ့ အော်ဘာမီယန်ဟာ ဂိုးမသွင်းနိုင်လို့ အမြင်စောင်းတာခံနေရချိန်မှာ ယူနိုက်တက်တိုက်စစ်မှူးရော်နယ်ဒိုရဲ့ အောင်ပွဲခံပို့စ်ကို Like သွားပေးခဲ့လို့ ဝေဖန်ခံနေရတာဖြစ်ပါတယ်။

ဂါဘွန်တိုက်စစ်မှူးဟာ မနေ့ကပွဲမှာ အသင်းအတွက် ပွဲထွက်လာခဲ့ပြိး ပွဲချိန်တော်တော်များများပါဝင်ကစားပေးခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ဘဲရှိနေခဲ့ပါတယ်။ ဒါ့အပြင် အပိုင်အခွင့်အရေးတကြိမ်ရရှိခဲ့ပေမယ့်လည်း သူ့ရဲ့ပိတ်သွင်းယူမှုကို ဒီဂီယာက ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ သူ့ကို အာတီတာက အခြားတိုက်စစ်မှူးလာကာဇက်နဲ့ လူစားလဲလှယ်သွားခဲ့ရပါတော့တယ်။

ပွဲအပြီးမှာတော့ ရော်နယ်ဒိုက သူ့ရဲ့ ၈၀၀ ပြည့်ဂိုးနဲ့ ၈၀၁ ဂိုးတွေသွင်းယူပြီး အောင်ပွဲခံနေတဲ့ ဓာတ်ပုံတွေတင်ခဲ့ပါတယ်။ အဆိုပါပုံတွေနဲ့အတူ သူက “ကျွန်တော်တို့အာရုံက လာမယ့်ပွဲကိုရောက်နေပြီး အောင်ပွဲခံနေဖို့ အချိန်မရှိပါဘူး၊ ဒီနေ့နိုင်ပွဲက လမ်းကြောင်းမှန်ပေါ်ပြန်ရောက်ဖို့အတွက် အရေးပါခဲ့ပေမယ့် ပန်းတိုင်ကိုရောက်လို့ ခရီးရှည်ကြီးလျှောက်လှမ်းရဥိးမှာပါ” ဆိုပြိး ရေးသားခဲ့ပါတယ်။

အဆိုပါပို့စ်ကို Like လုပ်သူပေါင်း သန်းနဲ့ချီရှိရာမှာ အော်ဘာမီယန်လည်း တဥိးအပါအဝင်ဖြစ်ခဲ့ပြီး ဒီလုပ်ရပ်အတွက် ဘယ်လိုမှ နားမလည်နိုင်အောင်ဖြစ်ရတယ်လို့ အာဆင်နယ်ပရိသတ်တွေက ပြောဆိုခဲ့ကြပါတယ်။ အော်ဘာမီယန်ကိုလည်း အပြစ်တင်မှုတွေ ကိုယ်စီပြုလုပ်ခဲ့ကြပြီးနောက် အာဆင်နယ်အသင်းခေါင်းဆောင်ရဲ့လုပ်ရပ်ဆိုပြီးတော့လည်း Like လုပ်ထားတာကို ပြန်လည်မျှဝေမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
crd

Be the first to comment

Leave a Reply

Your email address will not be published.


*