စစ္အာဏာသိမ္းၿပီးအေျခအေနကို “ၿမိဳ႕အုပ္မင္းကယ္မွ ေထာင္လုံးလုံးက်” ဆို႐ိုးစကားႏွင့္ ဦးရဲထြဋ္ခိုင္းႏႈိင္းေျပာဆို

စစ္အာဏာသိမ္းၿပီးအေျခအေနကို “ၿမိဳ႕အုပ္မင္းကယ္မွ ေထာင္လုံးလုံးက်” ဆို႐ိုးစကားႏွင့္ ဦးရဲထြဋ္ခိုင္းႏႈိင္းေျပာဆို

စစ္အာဏာသိမ္းၿပီးမွ ကုန္ေဈးႏႈန္းမ်ားႀကီးျမင့္ျခင္းႏွင့္လွ်ပ္စစ္မီးမ်ားျပတ္ကာ လူမႈဘဝအေျခအေနအရပ္ရပ္ ဒုကၡေတြ႕ေနျခင္းကို ၿမိဳ႕အုပ္မင္းကယ္မွ ေထာင္လုံးလုံးက်ဆို႐ိုးစကားႏွင့္ဦးရဲထြဋ္ခိုင္းႏႈိင္းေျပာဆို

စစ္အာဏာသိမ္းၿပီးမွ ကုန္ေဈးႏႈန္းမ်ားႀကီးျမင့္ျခင္းႏွင့္လွ်ပ္စစ္မီးမ်ားျပတ္ကာ လူမႈဘဝအေျခအေနအရပ္ရပ္ ဒုကၡေတြ႕ေနျခင္းကို ၿမိဳ႕အုပ္မင္းကယ္မွ ေထာင္လုံးလုံးက်ဆို႐ိုးစကားႏွင့္ဦးရဲထြဋ္ခိုင္းႏႈိင္းေျပာဆိုလိုက္သည္။

ဇန္နဝါရီ၁၅ရက္ ၎လူမႈကြန္ရက္တြင္ ယခင္သမၼတဦးသိန္းစိန္အစိုးရ ျပန္ဝန္ေဟာင္း ဦးရဲထြဋ္ကၿမိဳ႕အုပ္မင္း ေခါင္းစဥ္ျဖင့္ေရးသားေျပာဆိုခဲ့သည္။

“၂၀၁၆ ဧ်ပီ၊ ေမ လမြာ မီးခဏခဏပ်က္ေတာ့ အင္န္အယ္လ္ဒီအစိုးရကို ကလိခဲ့ဖူးတဲ့ ကြၽန္ေတာ္ ဟာ မီးပ်က္တာအနည္းဆုံးလို႔ ဆိုႏိုင္တဲ့ ၂၀၁၉ ၊ ၂၀၂၀ ကာလေရာက္ေတာ့ ျပန္ၿပီး အားနာခဲ့ ဖူးတယ္။အခုေတာ့ လ ွ်ပ္စစ္မီးအေျခအေနက ရန္ကုန္ၿမိဳ႕ကို A, B , C , D အုပ္စုေတြ ခြဲၿပီး မီးေပးခဲ့ရဖူးတဲ့၊ အစိုးရ ႐ုံးေတြမွာ ႐ုံးဆင္းရင္ မီးပိတ္ဖို႔

စာေတြခ်ိတ္ၿပီး သတိေပးရ၊ မီးသုံးစြဲ မႈ စနစ္တက်ရွိမရွိ အဖြဲ႕နဲ႔လိုက္စစ္ရတဲ့ ၂၀၀၀ ျပည့္လြန္ ကာလေတြကို ျပန္ေရာက္ေတာ့မယ့္ ကိန္းဆိုက္ေနၿပီ။ ေက်ာက္ေခတ္လူသားေတြ မီးတန္ဖိုးကို သိသလို ရန္ကုန္သူ ရန္ကုန္သား ဟာ လည္း လ ြ္ပၥစၼီး တန္ဖိုးကို ေကာင္းေကာင္းသိေနၿပီေလ”ဟုဆိုသည္။

ထို႔အျပင္ ဗဟိုဘဏ္ဒုဥကၠဌ ေျပာၾကားခ်က္သည္လည္း ေျမျပင္ႏွင့္ကင္းကြာေနေၾကာင္း ဦးရဲထြဋ္ကေထာက္ျပထားသည္။

“ဗဟိုဘဏ္ ဒုဥကၠ႒ႀကီးဟာ တိုကင္ရဖို႔ဆိုတာ လူ႔ျပည္က အပ္တစ္စင္းနဲ႔ နတ္ျပည္က အပ္တစ္စင္း ထိဖို႔ ထက္ပိုခက္တဲ့အေၾကာင္း၊ တိုကင္ရရင္ေတာင္ သိန္းႏွစ္ဆယ္ မဆိုထားနဲ႔ ငါးသိန္းရရင္ ထီ သိန္းငါးေထာင္ဆုေပါက္သလို ကံထူးသူျဖစ္ေၾကာင္း၊

ဘဏ္ဝန္ထမ္းက ၿပဳံးၿပီး ႀကိဳ တဲ့ ေခတ္ကေန ကိုယ္က ဘဏ္ဝန္ထမ္းကို ၿပဳံးျပရတဲ့ေခတ္ကို ေရာက္ေနေၾကာင္း၊ ဘဏ္ထဲ မဝင္ခင္ လုံၿခဳံေရးကို တိုကင္ရသူျဖစ္တယ္၊ ဒါမွမဟုတ္ ေငြထုတ္တာမဟုတ္ဘဲ အ်ခား ဝန္ေဆာင္မႈ လာလုပ္တာျဖစ္တယ္လို႔ သတင္းပို႔ေနရေၾကာင္း သိပုံမရဘူး”ဟု ဦးရဲထြဋ္ကေရးသားထားသည္။

သမၼတေဟာင္းဦးသိန္းစိန္၏ ေျပာေရးဆိုခြင့္အျပည့္ရွိခဲ့သူ ဦးရဲထြဋ္သည္ ယခင္ ကလည္း ေဘာင္းဘီျပင္သည္ အလီကိုေရသားခဲ့ဖူးသည္။
crd

Unicode
စစ်အာဏာသိမ်းပြီးအခြေအနေကို “မြို့အုပ်မင်းကယ်မှ ထောင်လုံးလုံးကျ” ဆိုရိုးစကားနှင့် ဦးရဲထွဋ်ခိုင်းနှိုင်းပြောဆို

စစ်အာဏာသိမ်းပြီးမှ ကုန်ဈေးနှုန်းများကြီးမြင့်ခြင်းနှင့်လျှပ်စစ်မီးများပြတ်ကာ လူမှုဘဝအခြေအနေအရပ်ရပ် ဒုက္ခတွေ့နေခြင်းကို မြို့အုပ်မင်းကယ်မှ ထောင်လုံးလုံးကျဆိုရိုးစကားနှင့်ဦးရဲထွဋ်ခိုင်းနှိုင်းပြောဆို

စစ်အာဏာသိမ်းပြီးမှ ကုန်ဈေးနှုန်းများကြီးမြင့်ခြင်းနှင့်လျှပ်စစ်မီးများပြတ်ကာ လူမှုဘဝအခြေအနေအရပ်ရပ် ဒုက္ခတွေ့နေခြင်းကို မြို့အုပ်မင်းကယ်မှ ထောင်လုံးလုံးကျဆိုရိုးစကားနှင့်ဦးရဲထွဋ်ခိုင်းနှိုင်းပြောဆိုလိုက်သည်။

ဇန်နဝါရီ၁၅ရက် ၎င်းလူမှုကွန်ရက်တွင် ယခင်သမ္မတဦးသိန်းစိန်အစိုးရ ပြန်ဝန်ဟောင်း ဦးရဲထွဋ်ကမြို့အုပ်မင်း ခေါင်းစဉ်ဖြင့်ရေးသားပြောဆိုခဲ့သည်။

“၂၀၁၆ ဧျပီ၊ မေ လမွာ မီးခဏခဏပျက်တော့ အင်န်အယ်လ်ဒီအစိုးရကို ကလိခဲ့ဖူးတဲ့ ကျွန်တော် ဟာ မီးပျက်တာအနည်းဆုံးလို့ ဆိုနိုင်တဲ့ ၂၀၁၉ ၊ ၂၀၂၀ ကာလရောက်တော့ ပြန်ပြီး အားနာခဲ့ ဖူးတယ်။အခုတော့ လ ျှပ်စစ်မီးအခြေအနေက ရန်ကုန်မြို့ကို A, B , C , D အုပ်စုတွေ ခွဲပြီး မီးပေးခဲ့ရဖူးတဲ့၊ အစိုးရ ရုံးတွေမှာ ရုံးဆင်းရင် မီးပိတ်ဖို့

စာတွေချိတ်ပြီး သတိပေးရ၊ မီးသုံးစွဲ မှု စနစ်တကျရှိမရှိ အဖွဲ့နဲ့လိုက်စစ်ရတဲ့ ၂၀၀၀ ပြည့်လွန် ကာလတွေကို ပြန်ရောက်တော့မယ့် ကိန်းဆိုက်နေပြီ။ ကျောက်ခေတ်လူသားတွေ မီးတန်ဖိုးကို သိသလို ရန်ကုန်သူ ရန်ကုန်သား ဟာ လည်း လ ွ်ပ္စစ္မီး တန်ဖိုးကို ကောင်းကောင်းသိနေပြီလေ”ဟုဆိုသည်။

ထို့အပြင် ဗဟိုဘဏ်ဒုဥက္ကဌ ပြောကြားချက်သည်လည်း မြေပြင်နှင့်ကင်းကွာနေကြောင်း ဦးရဲထွဋ်ကထောက်ပြထားသည်။

“ဗဟိုဘဏ် ဒုဥက္ကဋ္ဌကြီးဟာ တိုကင်ရဖို့ဆိုတာ လူ့ပြည်က အပ်တစ်စင်းနဲ့ နတ်ပြည်က အပ်တစ်စင်း ထိဖို့ ထက်ပိုခက်တဲ့အကြောင်း၊ တိုကင်ရရင်တောင် သိန်းနှစ်ဆယ် မဆိုထားနဲ့ ငါးသိန်းရရင် ထီ သိန်းငါးထောင်ဆုပေါက်သလို ကံထူးသူဖြစ်ကြောင်း၊

ဘဏ်ဝန်ထမ်းက ပြုံးပြီး ကြို တဲ့ ခေတ်ကနေ ကိုယ်က ဘဏ်ဝန်ထမ်းကို ပြုံးပြရတဲ့ခေတ်ကို ရောက်နေကြောင်း၊ ဘဏ်ထဲ မဝင်ခင် လုံခြုံရေးကို တိုကင်ရသူဖြစ်တယ်၊ ဒါမှမဟုတ် ငွေထုတ်တာမဟုတ်ဘဲ အျခား ဝန်ဆောင်မှု လာလုပ်တာဖြစ်တယ်လို့ သတင်းပို့နေရကြောင်း သိပုံမရဘူး”ဟု ဦးရဲထွဋ်ကရေးသားထားသည်။

သမ္မတဟောင်းဦးသိန်းစိန်၏ ပြောရေးဆိုခွင့်အပြည့်ရှိခဲ့သူ ဦးရဲထွဋ်သည် ယခင် ကလည်း ဘောင်းဘီပြင်သည် အလီကိုရေသားခဲ့ဖူးသည်။
crd

Be the first to comment

Leave a Reply

Your email address will not be published.


*