“စစ္ေကာင္စီကို အာဆီယံအစည္းအေဝးေတြကေန ဆက္ၿပီး ဖယ္ထုတ္ထားဖို႔ စကၤာပူဝန္ႀကီးခ်ဳပ္ေျပာ”

“စစ္ေကာင္စီကို အာဆီယံအစည္းအေဝးေတြကေန ဆက္ၿပီး ဖယ္ထုတ္ထားဖို႔ စကၤာပူဝန္ႀကီးခ်ဳပ္ေျပာ”

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ အပါအဝင္ အာဆီယံသေဘာတူညီခ်က္ ငါးခ်က္ကို ပူးေပါင္းေဆာင္႐ြက္လာတဲ့ အခ်ိန္အထိ ျမန္မာစစ္ေကာင္စီကို အာဆီယံအစည္းအေဝး ေတြကေန ဖယ္ထုတ္ထားသင့္တယ္လို႔ စကၤာပူဝန္ႀကီးခ်ဳပ္လီရွန္လြန္း (Lee Hsein Loong) က ေျပာလိုက္ပါတယ္။

ဇန္နဝါရီလ ၁၄ ရက္ေန႔က အြန္လိုင္းဗီဒီယိုကတစ္ဆင့္ ဆက္သြယ္ စကားေျပာရာမွာ အာဆီယံ အလွည့္က်ဥကၠ႒ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ကို အခုလိုတိုက္တြန္းခဲ့တာလို႔ စကၤာပူႏိုင္ငံျခားေရးဌာနက ဇန္နဝါရီ ၁၅ ရက္ေန႔က ထုတ္ျပန္ပါတယ္။

အစိုးရအဖြဲ႕ဝင္မဟုတ္သူ တစ္ဦးကိုသာ ျမန္မာကိုယ္စား လွယ္အျဖစ္ ဖိတ္ၾကားဖို႔ အာဆီယံက ဆုံးျဖတ္ထားတာကို ျပင္ဆင္မယ္ဆိုရင္ အခ်က္အလက္ အသစ္ေတြ အေပၚမွာသာ အေျခခံရမွာျဖစ္တယ္လို႔ ဝန္ႀကီးခ်ဳပ္လီရွန္လြန္းက ေျပာခဲ့တယ္လို႔ ဆိုပါတယ္။

ဒါ့ျပင္ ျမန္မာ့အေရးနဲ႔ပတ္သက္တဲ့ ကိစၥမွန္သမွ်မွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ NLD ပါတီအပါအဝင္ သက္ဆိုင္သူအားလုံး ပါဝင္ဖို႔ လိုအပ္တဲ့အေၾကာင္း ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ကို ေျပာခဲ့တယ္လို႔ ဆိုပါတယ္။
ျမန္မာစစ္ေကာင္စီဟာ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မယ္လို႔ ေျပာဆိုေနေပမယ့္ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ရဲ႕ ခရီးစဥ္အၿပီး ရက္ပိုင္းအတြင္းမွာပဲ အတိုက္အခံေတြကို ဆက္လက္တိုက္ခိုက္ေနတာ၊ ေဒၚေအာင္ဆန္းစုၾကည္ကို ေထာင္ဒဏ္ေတြ ထပ္ၿပီးခ်မွတ္ခဲ့တာေတြကိုလည္း စကၤာပူဝန္ႀကီးခ်ဳပ္က ေထာက္ျပေျပာဆိုခဲ့ပါတယ္။

ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ကလည္း ျမန္မာႏိုင္ငံအတြင္း အပစ္အခတ္ရပ္စဲေရးနဲ႔ လူသားခ်င္းစာနာမႈ အကူအညီေတြ ေပးပို႔ႏိုင္ေရးအတြက္ ညႇိႏႈိင္းေဆာင္႐ြက္ဖို႔ အဆိုျပဳခ်က္တစ္ခ်ိဳ႕ကို တင္ျပခဲ့တယ္လို႔ စကၤာပူႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

စကၤာပူအေနနဲ႔ ဒီကိစၥကို မူအားျဖင့္ကန႔္ကြက္ဖို႔မရွိေပမယ့္ ျမန္မာ့အေရးမွာ သက္ဆိုင္သူအားလုံးနဲ႔ ေတြ႕ဆုံေဆြးေႏြးခြင့္ မရတဲ့အတြက္ ခက္ခဲရႈပ္ေထြးမႈ ရွိႏိုင္ေၾကာင္း ဝန္ႀကီးခ်ဳပ္လီရွန္လြန္းက ျပန္လည္ေျပာၾကားခဲ့တယ္လို႔ ဆိုပါတယ္။

ကေမာၻဒီးယားအေနနဲ႔ က်န္တဲ့အာဆီယံေခါင္းေဆာင္ေတြရဲ႕ အျမင္သေဘာထားေတြကို ရယူမယ္လို႔ ဝန္ႀကီးခ်ဳပ္လီရွန္လြန္းက ေမွ်ာ္လင့္တဲ့အေၾကာင္းလည္း စကၤာပူႏိုင္ငံျခားေရးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
Photo – ယခင္မွတ္တမ္းေဟာင္းမ်ား

Unicode
“စစ်ကောင်စီကို အာဆီယံအစည်းအဝေးတွေကနေ ဆက်ပြီး ဖယ်ထုတ်ထားဖို့ စင်္ကာပူဝန်ကြီးချုပ်ပြော”

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပါအဝင် အာဆီယံသဘောတူညီချက် ငါးချက်ကို ပူးပေါင်းဆောင်ရွက်လာတဲ့ အချိန်အထိ မြန်မာစစ်ကောင်စီကို အာဆီယံအစည်းအဝေး တွေကနေ ဖယ်ထုတ်ထားသင့်တယ်လို့ စင်္ကာပူဝန်ကြီးချုပ်လီရှန်လွန်း (Lee Hsein Loong) က ပြောလိုက်ပါတယ်။

ဇန်နဝါရီလ ၁၄ ရက်နေ့က အွန်လိုင်းဗီဒီယိုကတစ်ဆင့် ဆက်သွယ် စကားပြောရာမှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို အခုလိုတိုက်တွန်းခဲ့တာလို့ စင်္ကာပူနိုင်ငံခြားရေးဌာနက ဇန်နဝါရီ ၁၅ ရက်နေ့က ထုတ်ပြန်ပါတယ်။

အစိုးရအဖွဲ့ဝင်မဟုတ်သူ တစ်ဦးကိုသာ မြန်မာကိုယ်စား လှယ်အဖြစ် ဖိတ်ကြားဖို့ အာဆီယံက ဆုံးဖြတ်ထားတာကို ပြင်ဆင်မယ်ဆိုရင် အချက်အလက် အသစ်တွေ အပေါ်မှာသာ အခြေခံရမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်လီရှန်လွန်းက ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ကိစ္စမှန်သမျှမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီအပါအဝင် သက်ဆိုင်သူအားလုံး ပါဝင်ဖို့ လိုအပ်တဲ့အကြောင်း ဝန်ကြီးချုပ်ဟွန်ဆန်ကို ပြောခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာစစ်ကောင်စီဟာ ငြိမ်းချမ်းရေးဖော်ဆောင်မယ်လို့ ပြောဆိုနေပေမယ့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ ခရီးစဉ်အပြီး ရက်ပိုင်းအတွင်းမှာပဲ အတိုက်အခံတွေကို ဆက်လက်တိုက်ခိုက်နေတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်တွေ ထပ်ပြီးချမှတ်ခဲ့တာတွေကိုလည်း စင်္ကာပူဝန်ကြီးချုပ်က ထောက်ပြပြောဆိုခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟွန်ဆန်ကလည်း မြန်မာနိုင်ငံအတွင်း အပစ်အခတ်ရပ်စဲရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးပို့နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ဖို့ အဆိုပြုချက်တစ်ချို့ကို တင်ပြခဲ့တယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စင်္ကာပူအနေနဲ့ ဒီကိစ္စကို မူအားဖြင့်ကန့်ကွက်ဖို့မရှိပေမယ့် မြန်မာ့အရေးမှာ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးခွင့် မရတဲ့အတွက် ခက်ခဲရှုပ်ထွေးမှု ရှိနိုင်ကြောင်း ဝန်ကြီးချုပ်လီရှန်လွန်းက ပြန်လည်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘောဒီးယားအနေနဲ့ ကျန်တဲ့အာဆီယံခေါင်းဆောင်တွေရဲ့ အမြင်သဘောထားတွေကို ရယူမယ်လို့ ဝန်ကြီးချုပ်လီရှန်လွန်းက မျှော်လင့်တဲ့အကြောင်းလည်း စင်္ကာပူနိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Photo – ယခင်မှတ်တမ်းဟောင်းများ

Be the first to comment

Leave a Reply

Your email address will not be published.


*