စစ္ေကာင္စီလက္ထက္ လူမႈကြန္ရက္ေပၚ Live လႊင့္ေၾကညာလာေသာ ျပည့္တန္ဆာလုပ္ငန္း….

စစ္ေကာင္စီလက္ထက္ လူမႈကြန္ရက္ေပၚ Live လႊင့္ေၾကညာလာေသာ ျပည့္တန္ဆာလုပ္ငန္း….

ရန္ကုန္ သကၤန္းကြၽန္းၿမိဳ႕နယ္တြင္းက ျပည့္တန္ဆာလုပ္ငန္းတစ္ခုသည္ ယမန္ေန႔ညက ေဖ့စ္ဘုတ္တြင္ Live လႊင့္ကာ ေၾကညာမႈျပဳေနခဲ့ၿပီး ၎တို႔လုပ္ငန္းသည္ စစ္အာဏာသိမ္းၿပီးကာလအတြင္း ဖမ္းဆီးမႈမ်ားမျဖစ္ေအာင္စီမံထားႏိုင္ခဲ့သည္ဟုပါ အဆိုပါလုပ္ငန္း၏မန္ေနဂ်ာဆိုသူက ေျပာသြားခဲ့သည္။

သကၤန္းကြၽန္းၿမိဳ႕နယ္ ၁၆/၂ ရပ္ကြက္တြင္တည္ရွိေသာ Rainblow Myanmar သည္အႏွိပ္ခန္းဟုဗန္းျပကာလိင္ပိုင္းဆိုင္ရာဝန္ေဆာင္မႈေတြ ရရွိႏိုင္ေၾကာင္း အမ်ိဳးသမီးငယ္မ်ားကိုပါျပသကာ ေဈးႏႈန္းမ်ားပါေၾကညာသြားခဲ့သည္။ အဆိုပါျပည့္တန္ဆာလုပ္ငန္းကို ေပၚေပၚထင္ထင္လုပ္ေသာ္လည္း စစ္ေကာင္စီတပ္ကအာဏာသိမ္းၿပီးကာလ အာဏာပိုင္မ်ားႏွင့္ခ်ိတ္ဆက္ထားသည္ဟု မန္ေနဂ်ာက Live တြင္ ဝန္ခံေျပာသြားသည္။

” ကြၽန္ေတာ္ ၇လပိုင္း ၂ရက္ေန႔က စၿပီး ဒီမွာ အလုပ္လုပ္တာ ဆိုင္စဖြင့္ကတည္းကအလုပ္လုပ္တာပါ ကြၽန္ေတာ္လုပ္ေနတာ ေျခာက္လ ေက်ာ္ရွိပါၿပီ။ ဒီလို ဖမ္းတာေတြ အရႈပ္အရွင္းေတြနဲ႔ ပတ္သက္ၿပီးလည္း ကြၽန္ေတာ္ ဘာဖိအားေပးတာကိုမွ မႀကဳံဖူးဘူးဗ်။ လုံးဝေအးေအးေဆးေဆးပါပဲ။ လူႀကီးပိုင္းဆိုင္ရာေတြနဲ႔ အားလုံးအဆင္ေျပ ေခ်ာေမြ႕ေအာင္ သူတို႔ဘာသာ လုပ္ထားၿပီးသား အားလုံးစီစဥ္ထားၿပီးသားပါ။ ဘယ္လိုျပသနာမွ ရွိလာစရာ ဘာအေၾကာင္းမွ မရွိပါဘူး” ဟု သူကေျပာသည္။

Rainbow Myanmar ျပည့္တန္ဆာလုပ္ငန္းသည္ ကနဦးက သာေကတတြင္ဖြင့္လွစ္ခဲ့ၿပီး လွည္းတန္းသို႔ေျပာင္းေ႐ႊ႕ခဲ့ကာ မၾကာေသးခင္ကမွ သကၤန္းကြၽန္းၿမိဳ႕နယ္သို႔ထပ္မံေျပာင္းခဲ့သည္။ “ဆိုင္က RK (Rich kids) သီးသန႔္ကို အားကိုးတဲ့ဆိုင္မို႔ ကိုယ္ေရးကိုယ္တာအခ်က္အလက္ေတြ ကို လုံးဝထိန္းသိမ္းေပးပါတယ္။ ဆိုင္ကိုလာတဲ့ဧည့္သည္ေတြရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြလုံးဝမေပါက္ၾကားေစရဘူး။ ဓာတ္ပုံ႐ိုက္တာမ်ိဳး ကားေတြနဲ႔ ပုံ႐ိုက္တာမ်ိဳး လုံးဝမရွိေစရဘူး” ဟု မန္ေနဂ်ာဆိုသူကေျပာသည္။

Live လႊင့္ရာတြင္ အမ်ိဳးသမီးတစ္ဒါဇင္ခန႔္ကို ျပသမိတ္ဆက္သြားခဲ့သည္။ တရားမဝင္ျဖစ္သည့္ ျပည့္တန္ဆာလုပ္ငန္းသည္ ယခင္ကတည္းကရွိေသာ္လည္း ေဖ့စ္ဘုတ္လူမႈကြန္ရက္တြင္ Live လႊင့္ေၾကညာရဲသည္ကေတာ့ရွားရွားပါးပါးျဖစ္သည္။
crd-Mizzima

Unicode
စစ်ကောင်စီလက်ထက် လူမှုကွန်ရက်ပေါ် Live လွှင့်ကြေညာလာသော ပြည့်တန်ဆာလုပ်ငန်း….

ရန်ကုန် သင်္ကန်းကျွန်းမြို့နယ်တွင်းက ပြည့်တန်ဆာလုပ်ငန်းတစ်ခုသည် ယမန်နေ့ညက ဖေ့စ်ဘုတ်တွင် Live လွှင့်ကာ ကြေညာမှုပြုနေခဲ့ပြီး ၎င်းတို့လုပ်ငန်းသည် စစ်အာဏာသိမ်းပြီးကာလအတွင်း ဖမ်းဆီးမှုများမဖြစ်အောင်စီမံထားနိုင်ခဲ့သည်ဟုပါ အဆိုပါလုပ်ငန်း၏မန်နေဂျာဆိုသူက ပြောသွားခဲ့သည်။

သင်္ကန်းကျွန်းမြို့နယ် ၁၆/၂ ရပ်ကွက်တွင်တည်ရှိသော Rainblow Myanmar သည်အနှိပ်ခန်းဟုဗန်းပြကာလိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုတွေ ရရှိနိုင်ကြောင်း အမျိုးသမီးငယ်များကိုပါပြသကာ ဈေးနှုန်းများပါကြေညာသွားခဲ့သည်။ အဆိုပါပြည့်တန်ဆာလုပ်ငန်းကို ပေါ်ပေါ်ထင်ထင်လုပ်သော်လည်း စစ်ကောင်စီတပ်ကအာဏာသိမ်းပြီးကာလ အာဏာပိုင်များနှင့်ချိတ်ဆက်ထားသည်ဟု မန်နေဂျာက Live တွင် ဝန်ခံပြောသွားသည်။

” ကျွန်တော် ၇လပိုင်း ၂ရက်နေ့က စပြီး ဒီမှာ အလုပ်လုပ်တာ ဆိုင်စဖွင့်ကတည်းကအလုပ်လုပ်တာပါ ကျွန်တော်လုပ်နေတာ ခြောက်လ ကျော်ရှိပါပြီ။ ဒီလို ဖမ်းတာတွေ အရှုပ်အရှင်းတွေနဲ့ ပတ်သက်ပြီးလည်း ကျွန်တော် ဘာဖိအားပေးတာကိုမှ မကြုံဖူးဘူးဗျ။ လုံးဝအေးအေးဆေးဆေးပါပဲ။ လူကြီးပိုင်းဆိုင်ရာတွေနဲ့ အားလုံးအဆင်ပြေ ချောမွေ့အောင် သူတို့ဘာသာ လုပ်ထားပြီးသား အားလုံးစီစဉ်ထားပြီးသားပါ။ ဘယ်လိုပြသနာမှ ရှိလာစရာ ဘာအကြောင်းမှ မရှိပါဘူး” ဟု သူကပြောသည်။

Rainbow Myanmar ပြည့်တန်ဆာလုပ်ငန်းသည် ကနဦးက သာကေတတွင်ဖွင့်လှစ်ခဲ့ပြီး လှည်းတန်းသို့ပြောင်းရွှေ့ခဲ့ကာ မကြာသေးခင်ကမှ သင်္ကန်းကျွန်းမြို့နယ်သို့ထပ်မံပြောင်းခဲ့သည်။ “ဆိုင်က RK (Rich kids) သီးသန့်ကို အားကိုးတဲ့ဆိုင်မို့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ကို လုံးဝထိန်းသိမ်းပေးပါတယ်။ ဆိုင်ကိုလာတဲ့ဧည့်သည်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေလုံးဝမပေါက်ကြားစေရဘူး။ ဓာတ်ပုံရိုက်တာမျိုး ကားတွေနဲ့ ပုံရိုက်တာမျိုး လုံးဝမရှိစေရဘူး” ဟု မန်နေဂျာဆိုသူကပြောသည်။

Live လွှင့်ရာတွင် အမျိုးသမီးတစ်ဒါဇင်ခန့်ကို ပြသမိတ်ဆက်သွားခဲ့သည်။ တရားမဝင်ဖြစ်သည့် ပြည့်တန်ဆာလုပ်ငန်းသည် ယခင်ကတည်းကရှိသော်လည်း ဖေ့စ်ဘုတ်လူမှုကွန်ရက်တွင် Live လွှင့်ကြေညာရဲသည်ကတော့ရှားရှားပါးပါးဖြစ်သည်။
crd-Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*