ဇန္နဝါရီအေျပာင္းအေ႐ႊ႕တြင္ သရဲနီေလာ့ဒ္ စူပါ‌ေရာ္နယ္မက္ဆီဒင္ဟို လင္ဂတ္ကို ေခၚယူမယ့္အသင္းေတြအတြက္ ‌‌ေစ်းေလွ်ာ့ေပးလိုက္တဲ့ မန္ယူႏိုက္တက္

ဇန္နဝါရီအေျပာင္းအေ႐ႊ႕တြင္ သရဲနီေလာ့ဒ္ စူပါ‌ေရာ္နယ္မက္ဆီဒင္ဟို လင္ဂတ္ကို ေခၚယူမယ့္အသင္းေတြအတြက္ ‌‌ေစ်းေလွ်ာ့ေပးလိုက္တဲ့ မန္ယူႏိုက္တက္

လာမည့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕တြင္ လင္ဂတ္သည္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၀ သန္းျဖင့္ ေျပာင္းေ႐ႊ႕ျဖစ္ဖြယ္ရွိေၾကာင္း ဆန္းသတင္းစာက ေဖာ္ျပသည္။ ၿပီးခဲ့ေသာေႏြရာသီက လင္ဂတ္၏ ေျပာင္းေ႐ႊ႕ေၾကးကို မန္ယူက ေပါင္သန္း ၂၀ ခန႔္ သတ္မွတ္ထားသည္။

ၿပီးခဲ့ေသာ ေႏြရာသီတြင္ ဝက္စ္ဟမ္းက လင္ဂတ္အားေခၚယူရန္ ႀကိဳးစားခဲ့ေသာ္လည္း ၎၏ေျပာင္းေ႐ႊ႕ေၾကးကို မန္ယူက ေပါင္ ၂၅ သန္း သတ္မွတ္ထားသျဖင့္ ေဈးမတည့္ခဲ့ျခင္းျဖစ္သည္။ ၿပီးခဲ့ေသာေဘာလုံးရာသီ ဒုတိယပိုင္းတြင္ လင္ဂတ္သည္ ဝက္စ္ဟမ္း၌ အငွားျဖင့္ သြားေရာက္ကစားရာ ေျခစြမ္းျပႏိုင္သျဖင့္ ၎အား မိုေယးစ္က ေခၚယူလိုျခင္းျဖစ္သည္။

ဝက္စ္ဟမ္းက လင္ဂတ္အတြက္ ေပါင္ ၁၇ သန္းျဖင့္ ကမ္းလွမ္းခဲ့ေသာ္လည္း မန္ယူက ေျပာင္းေ႐ႊ႕ေၾကးကို ေပါင္ ၂၅ သန္းျဖင့္ တင္းခံေနခဲေသာေၾကာင့္ အေျပာင္းအေ႐ႊ႕ အေကာင္အထည္ မေပၚခဲ့ျခင္းျဖစ္သည္။ ၿပီးခဲ့ေသာေႏြရာသီတြင္ လင္ဂတ္ ကိုယ္ႏႈိက္ကလည္း မန္ယူတြင္ဆက္ေနၿပီး ၎၏ေျခစြမ္းကို သက္ေသျပလိုေနခဲ့သည္။ သို႔ရာတြင္ လိဂ္ဖလားပြဲစဥ္တစ္ပြဲသာ ပြဲထြက္ကစားခြင့္ ရရွိထားၿပီး စုစုေပါင္း ၈ ပြဲသာ ပါဝင္ကစားခြင့္ရရွိၿပီးေနာက္ လင္ဂတ္သည္ မန္ယူႏွင့္ စာခ်ဳပ္သက္တမ္းတိုးၿပီး အိုးထရက္ဖို႔တြင္ ဆက္ေနရန္ ဆႏၵနည္းပါးလာခဲ့သည္။

ထို႔ေၾကာင့္ လာမည့္ေႏြရာသီတြင္ အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ လက္လႊတ္ရမည့္အစား လာမည့္ဇန္နဝါရီတြင္ ၎အား ေလွ်ာ့ေဈးျဖင့္ အသင္းေျပာင္းေ႐ႊ႕ခြင့္ျပဳရန္ မန္ယူက စဥ္းစားလာျခင္းျဖစ္သည္။

လင္ဂတ္သည္ ဝက္စ္ဟမ္းမန္ေနဂ်ာ မိုေယးစ္ႏွင့္ ေကာင္းမြန္ေသာ ဆက္ဆံေရးရွိၿပီး ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၀ သန္းျဖင့္ ေခၚယူႏိုင္ပါက ၎ကိုေခၚယူရန္ ဝက္စ္ဟမ္းက ႀကိဳးစားလာမည္ျဖစ္သည္။ လင္ဂတ္က ၂၀၂၂ ကာတာ ကမာၻ႔ဖလားတြင္ အဂၤလန္အသင္း၌ ပါဝင္ခြင့္ရရွိေရးအတြက္ လက္ရွိအခ်ိန္တြင္ ကလပ္အသင္း၌ ပုံမွန္ပါဝင္ကစားႏိုင္ရန္ အေရးႀကီးေနသည္။ နယူးကာဆယ္အသင္းကလည္း လင္ဂတ္ကိုေခၚယူရန္ စိတ္ဝင္စားေနသည္။
crd

Unicode
ဇန်နဝါရီအပြောင်းအရွှေ့တွင် သရဲနီလော့ဒ် စူပါ‌ရော်နယ်မက်ဆီဒင်ဟို လင်ဂတ်ကို ခေါ်ယူမယ့်အသင်းတွေအတွက် ‌‌စျေးလျှော့ပေးလိုက်တဲ့ မန်ယူနိုက်တက်

လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် လင်ဂတ်သည် ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်းဖြင့် ပြောင်းရွှေ့ဖြစ်ဖွယ်ရှိကြောင်း ဆန်းသတင်းစာက ဖော်ပြသည်။ ပြီးခဲ့သောနွေရာသီက လင်ဂတ်၏ ပြောင်းရွှေ့ကြေးကို မန်ယူက ပေါင်သန်း ၂၀ ခန့် သတ်မှတ်ထားသည်။

ပြီးခဲ့သော နွေရာသီတွင် ဝက်စ်ဟမ်းက လင်ဂတ်အားခေါ်ယူရန် ကြိုးစားခဲ့သော်လည်း ၎င်း၏ပြောင်းရွှေ့ကြေးကို မန်ယူက ပေါင် ၂၅ သန်း သတ်မှတ်ထားသဖြင့် ဈေးမတည့်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သောဘောလုံးရာသီ ဒုတိယပိုင်းတွင် လင်ဂတ်သည် ဝက်စ်ဟမ်း၌ အငှားဖြင့် သွားရောက်ကစားရာ ခြေစွမ်းပြနိုင်သဖြင့် ၎င်းအား မိုယေးစ်က ခေါ်ယူလိုခြင်းဖြစ်သည်။

ဝက်စ်ဟမ်းက လင်ဂတ်အတွက် ပေါင် ၁၇ သန်းဖြင့် ကမ်းလှမ်းခဲ့သော်လည်း မန်ယူက ပြောင်းရွှေ့ကြေးကို ပေါင် ၂၅ သန်းဖြင့် တင်းခံနေခဲသောကြောင့် အပြောင်းအရွှေ့ အကောင်အထည် မပေါ်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သောနွေရာသီတွင် လင်ဂတ် ကိုယ်နှိုက်ကလည်း မန်ယူတွင်ဆက်နေပြီး ၎င်း၏ခြေစွမ်းကို သက်သေပြလိုနေခဲ့သည်။ သို့ရာတွင် လိဂ်ဖလားပွဲစဉ်တစ်ပွဲသာ ပွဲထွက်ကစားခွင့် ရရှိထားပြီး စုစုပေါင်း ၈ ပွဲသာ ပါဝင်ကစားခွင့်ရရှိပြီးနောက် လင်ဂတ်သည် မန်ယူနှင့် စာချုပ်သက်တမ်းတိုးပြီး အိုးထရက်ဖို့တွင် ဆက်နေရန် ဆန္ဒနည်းပါးလာခဲ့သည်။

ထို့ကြောင့် လာမည့်နွေရာသီတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရမည့်အစား လာမည့်ဇန်နဝါရီတွင် ၎င်းအား လျှော့ဈေးဖြင့် အသင်းပြောင်းရွှေ့ခွင့်ပြုရန် မန်ယူက စဉ်းစားလာခြင်းဖြစ်သည်။

လင်ဂတ်သည် ဝက်စ်ဟမ်းမန်နေဂျာ မိုယေးစ်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိပြီး ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်းဖြင့် ခေါ်ယူနိုင်ပါက ၎င်းကိုခေါ်ယူရန် ဝက်စ်ဟမ်းက ကြိုးစားလာမည်ဖြစ်သည်။ လင်ဂတ်က ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားတွင် အင်္ဂလန်အသင်း၌ ပါဝင်ခွင့်ရရှိရေးအတွက် လက်ရှိအချိန်တွင် ကလပ်အသင်း၌ ပုံမှန်ပါဝင်ကစားနိုင်ရန် အရေးကြီးနေသည်။ နယူးကာဆယ်အသင်းကလည်း လင်ဂတ်ကိုခေါ်ယူရန် စိတ်ဝင်စားနေသည်။
crd

Be the first to comment

Leave a Reply

Your email address will not be published.


*