ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ေဈးကြက္အတြက္ ယူႏိုက္တက္အသင္း၏ အေျပာင္းအေ႐ႊ႕သတင္းမ်ားႏွင့္ သတင္းထြက္ေနေသာ ကစားသမားမ်ား

ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ေဈးကြက္အတြက္ ယူႏိုက္တက္အသင္း၏ အေျပာင္းအေ႐ႊ႕သတင္းမ်ားႏွင့္ သတင္းထြက္ေနေသာ ကစားသမားမ်ား

ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ေဈးကြက္သည္ စေနေန႔ ဇန္နဝါရီ 1 ရက္၊ 2022 ခုႏွစ္တြင္ ဖြင့္လွစ္မည္ျဖစ္ၿပီး ဇန္နဝါရီ 31 ရက္ တနလၤာေန႔ 11 နာရီတြင္ ပိတ္မည္ျဖစ္သည္။
Man Utd က ဘယ္သူေတြနဲ႔ ခ်ိတ္ဆက္ထားလဲ။
မန္ခ်က္စတာ ယူႏိုက္တက္ အသင္းဟာ မာေဆးလ္ ကြင္းလယ္လူ ဘူဘာကာ ကာမာရာ ကို ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ မွာ ေခၚယူဖို႔ စဥ္းစားေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္ (Daily Star, December 14) ။

ယူႏိုက္တက္နည္းျပသစ္ Ralf Rangnick သည္ RB Leipzig ကြင္းလယ္လူ Amadou Haidara အား Old Trafford သို႔ ေခၚယူရန္ စိတ္အားထက္သန္ေနၿပီး Bundesliga အသင္းက ၎၏ စာခ်ဳပ္ပါထြက္ခြာေၾကးက အဓိက က်လာမည္ျဖစ္သည္။ (Daily Mirror၊ ဒီဇင္ဘာ 10)၊ အကယ္၍ ယူႏိုက္တက္သည္ ၎၏ေပါင္ 32 သန္းတန္ေၾကးကို ေပးေခ် ေခၚ္ယူလို ပါက ဟိုင္ဒါရာသည္ လာမည့္လတြင္ Ralf Rangnick ၏ပထမဆုံးေခၚယူမႈျဖစ္လာလိမ့္မည္ – (Sun၊ ဒီဇင္ဘာ 5)။Ralf Rangnick သည္ ယူႏိုက္တက္တြင္ ၎၏ကစားကြက္အသစ္ High pressing ကို အေကာင္အထည္ေဖာ္ရန္အတြက္ ေပါင္ 33 သန္းတန္ ကြင္းလယ္ကစားသမား Amadou Haidara ကို ပစ္မွတ္ထားေနသည္ (The Times၊ ႏိုဝင္ဘာ 30)။

ဖရန္ကီဒီေဂ်ာင္၏ဖခင္ျဖစ္သူက “ဥေရာပထိပ္တန္းကလပ္ငါးခု” မွ ဘာစီလိုနာကစားသမားအား ေခၚယူရန္ စုံစမ္းေမးျမန္းခဲ့ေသာ္လည္း ယူႏိုက္တက္သို႔ ေျပာင္းေ႐ႊ႕ႏိုင္သည္ဟူေသာ သတင္းကို ျငင္းပယ္ခဲ့သည္။ (Daily Mirror)

နယူးကာဆယ္အသင္းမွ ဘာစီလိုနာတိုက္စစ္မႉး ေအာ္စမန္ဒမ္ဘီလီကို ေခၚယူရန္ ေမွ်ာ္လင့္ေနေသာ္လည္း ယူႏိုက္တက္ကလည္း ဒမ္ဘီလီေခၚယူေရးလမ္းေၾကာင္းထဲကို ဝင္ေရာက္လာလို႔ ေမွ်ာ္လင့္ခ်က္နည္းပါးသြားၿပီျဖစ္သည္။ (Daily Star, December 8) ဘာစီလိုနာအသင္းသည္ ဇန္န၀ါရီလတြင္ ျပည္ပကလပ္မ်ားႏွင့္ စကားေျပာဆိုခြင့္ရွိသည့္ ဒမ္ဘီလီအား စာခ်ဳပ္သက္တမ္းတိုးရန္ ရာဇသံထုတ္ျပန္ထားၿပီး ကစားသမား ယူႏိုက္တက္သို႔ ေျပာင္းေ႐ႊ႕ရန္ ခ်ိတ္ဆက္မႈမ်ား ရွိေနသည္ (Mirror၊ ဒီဇင္ဘာ 3)။

အက္စတြန္ဗီလာ ကြင္းလယ္လူ John McGinn သည္ ယူႏိုက္တက္နည္းျပသစ္ Ralf Rangnick လက္ထက္တြင္ အသင္းရဲ႕ အနာဂတ္သစ္အတြက္ ျပင္ဆင္ေနခ်ိန္တြင္ United ၏ ေရဒါတြင္ ရွိေနေသးသည္။ (The Sun, December 1).

ယာယီနည္းျပ Ralf Rangnick သည္ Erling Haaland အား ယူႏိုက္တက္သို႔ ေခၚယူရန္ စည္း႐ုံးခဲ့လွ်င္ ႀကီးမားေသာ အပိုဆုေၾကး ေပါင္ 8.5 သန္း ရရွိမည္ (Daily Express, December 2); Rangnick သည္ ၎၏အသင္းအား ပိုမိုအားေကာင္းရန္အတြက္ ကစားသမားအသစ္ျဖည့္တင္းႏိုင္ရန္ ဇန္နဝါရီတြင္ ေပါင္သန္း 100 အထိ ရရွိႏိုင္သည္ (Daily Mirror၊ ဒီဇင္ဘာ 2)။

ဘာစီလိုနာအသင္းဟာ ဖီလစ္ပီ ေကာ္တင္ဟိုကို အန္တိုနီမာရွယ္နဲ႔ အီဒင္ဆန္ကာဗာနီတို႔နဲ႔ အလဲအထပ္လုပ္ႏိုင္ဖို႔ ယူႏိုက္တက္ကို ကမ္းလွမ္းထားတယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။ (The Sun, December 1).Carney Chukwuemeka သည္ ၎၏အနာဂတ္အတြက္အက္စတြန္ဗီလာအသင္းရဲ႕ စာခ်ဳပ္သစ္ကိုပယ္ခ်ရန္ ဆုံးျဖတ္ခဲ့ၿပီးေနာက္ လီဗာပူးလ္ႏွင့္ ယူႏိုက္တက္တို႔သည္ ၎ကိုေခၚ္ယူႏိုင္ရန္ ႀကိဳးပမ္းေနၾကသည္ (The Guardian၊ ႏိုဝင္ဘာ ၂၇ ရက္)။
Ref – Sky Sports
By – David

Unicode
ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်အတွက် ယူနိုက်တက်အသင်း၏ အပြောင်းအရွှေ့သတင်းများနှင့် သတင်းထွက်နေသော ကစားသမားများ

ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်သည် စနေနေ့ ဇန်နဝါရီ 1 ရက်၊ 2022 ခုနှစ်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ဇန်နဝါရီ 31 ရက် တနင်္လာနေ့ 11 နာရီတွင် ပိတ်မည်ဖြစ်သည်။
Man Utd က ဘယ်သူတွေနဲ့ ချိတ်ဆက်ထားလဲ။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မာဆေးလ် ကွင်းလယ်လူ ဘူဘာကာ ကာမာရာ ကို ဇန်နဝါရီ အပြောင်းအရွှေ့ မှာ ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ် (Daily Star, December 14) ။

ယူနိုက်တက်နည်းပြသစ် Ralf Rangnick သည် RB Leipzig ကွင်းလယ်လူ Amadou Haidara အား Old Trafford သို့ ခေါ်ယူရန် စိတ်အားထက်သန်နေပြီး Bundesliga အသင်းက ၎င်း၏ စာချုပ်ပါထွက်ခွာကြေးက အဓိက ကျလာမည်ဖြစ်သည်။ (Daily Mirror၊ ဒီဇင်ဘာ 10)၊ အကယ်၍ ယူနိုက်တက်သည် ၎င်း၏ပေါင် 32 သန်းတန်ကြေးကို ပေးချေ ခေါ််ယူလို ပါက ဟိုင်ဒါရာသည် လာမည့်လတွင် Ralf Rangnick ၏ပထမဆုံးခေါ်ယူမှုဖြစ်လာလိမ့်မည် – (Sun၊ ဒီဇင်ဘာ 5)။Ralf Rangnick သည် ယူနိုက်တက်တွင် ၎င်း၏ကစားကွက်အသစ် High pressing ကို အကောင်အထည်ဖော်ရန်အတွက် ပေါင် 33 သန်းတန် ကွင်းလယ်ကစားသမား Amadou Haidara ကို ပစ်မှတ်ထားနေသည် (The Times၊ နိုဝင်ဘာ 30)။

ဖရန်ကီဒီဂျောင်၏ဖခင်ဖြစ်သူက “ဥရောပထိပ်တန်းကလပ်ငါးခု” မှ ဘာစီလိုနာကစားသမားအား ခေါ်ယူရန် စုံစမ်းမေးမြန်းခဲ့သော်လည်း ယူနိုက်တက်သို့ ပြောင်းရွှေ့နိုင်သည်ဟူသော သတင်းကို ငြင်းပယ်ခဲ့သည်။ (Daily Mirror)

နယူးကာဆယ်အသင်းမှ ဘာစီလိုနာတိုက်စစ်မှူး အော်စမန်ဒမ်ဘီလီကို ခေါ်ယူရန် မျှော်လင့်နေသော်လည်း ယူနိုက်တက်ကလည်း ဒမ်ဘီလီခေါ်ယူရေးလမ်းကြောင်းထဲကို ဝင်ရောက်လာလို့ မျှော်လင့်ချက်နည်းပါးသွားပြီဖြစ်သည်။ (Daily Star, December 8) ဘာစီလိုနာအသင်းသည် ဇန်န၀ါရီလတွင် ပြည်ပကလပ်များနှင့် စကားပြောဆိုခွင့်ရှိသည့် ဒမ်ဘီလီအား စာချုပ်သက်တမ်းတိုးရန် ရာဇသံထုတ်ပြန်ထားပြီး ကစားသမား ယူနိုက်တက်သို့ ပြောင်းရွှေ့ရန် ချိတ်ဆက်မှုများ ရှိနေသည် (Mirror၊ ဒီဇင်ဘာ 3)။

အက်စတွန်ဗီလာ ကွင်းလယ်လူ John McGinn သည် ယူနိုက်တက်နည်းပြသစ် Ralf Rangnick လက်ထက်တွင် အသင်းရဲ့ အနာဂတ်သစ်အတွက် ပြင်ဆင်နေချိန်တွင် United ၏ ရေဒါတွင် ရှိနေသေးသည်။ (The Sun, December 1).

ယာယီနည်းပြ Ralf Rangnick သည် Erling Haaland အား ယူနိုက်တက်သို့ ခေါ်ယူရန် စည်းရုံးခဲ့လျှင် ကြီးမားသော အပိုဆုကြေး ပေါင် 8.5 သန်း ရရှိမည် (Daily Express, December 2); Rangnick သည် ၎င်း၏အသင်းအား ပိုမိုအားကောင်းရန်အတွက် ကစားသမားအသစ်ဖြည့်တင်းနိုင်ရန် ဇန်နဝါရီတွင် ပေါင်သန်း 100 အထိ ရရှိနိုင်သည် (Daily Mirror၊ ဒီဇင်ဘာ 2)။

ဘာစီလိုနာအသင်းဟာ ဖီလစ်ပီ ကော်တင်ဟိုကို အန်တိုနီမာရှယ်နဲ့ အီဒင်ဆန်ကာဗာနီတို့နဲ့ အလဲအထပ်လုပ်နိုင်ဖို့ ယူနိုက်တက်ကို ကမ်းလှမ်းထားတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ (The Sun, December 1).

Carney Chukwuemeka သည် ၎င်း၏အနာဂတ်အတွက်အက်စတွန်ဗီလာအသင်းရဲ့ စာချုပ်သစ်ကိုပယ်ချရန် ဆုံးဖြတ်ခဲ့ပြီးနောက် လီဗာပူးလ်နှင့် ယူနိုက်တက်တို့သည် ၎င်းကိုခေါ််ယူနိုင်ရန် ကြိုးပမ်းနေကြသည် (The Guardian၊ နိုဝင်ဘာ ၂၇ ရက်)။
Ref – Sky Sports
By – David

Be the first to comment

Leave a Reply

Your email address will not be published.


*