တရုတ်က တိုင်ဝမ်ကို ဘာကြောင့် အင်အားသုံးပြီး မသိမ်းပိုက်နိုင်တာလဲ မသိမ်းပိုက်ရဲတာလဲ…?

တရုတ်က တိုင်ဝမ်ကို ဘာကြောင့် အင်အားသုံးပြီး မသိမ်းပိုက်နိုင်တာလဲ မသိမ်းပိုက်ရဲတာလဲ…?

ဆင်ဖမ်းမယ်၊ကျားဖမ်းမယ်နဲ့ အပြောကြီးနေတဲ့ တရုတ်ပြည်ဟာ နန်စီပလိုစီရဲ့ တိုင်ဝမ်ခရီးစဉ်မှာ အရှက်ကွဲရသလို အခုအခါလည်း အမေရိကန်လွှတ်တော်အမတ်တွေ တိုင်ဝမ်ကို ထပ်ရောက်လာပြန်လို့ ထပ်ခါထပ်ခါ အရှက်တွေကွဲ ဖြစ်နေရတယ်။ တိုက်ရိုက် မတုံ့ပြန်ရဲတဲ့အတွက် ရေထဲကိုချည်း ဒုံးကျည်တွေနဲ့ပစ်နေရတယ်။ ဆီကုန်ခံပြီး လေယာဉ်တွေ ကျွမ်းထိုးပြနေရတယ်။

တရုတ်နဲ့ မိုင်တစ်ရာအကွာက တိုင်ဝမ်ကို သူ့နိုင်ငံနယ်နိမိတ်ထဲကို တရားဝင်ထည့်ဖို့ ကြိုးစားနေတာ အားလုံးသိကြပေမဲ့ အခုအထိတော့ ခြိမ်းခြောက် အကျပ်ကိုင်နေတာထက် မပိုနိုင်သေးလို့ ယူဆကြတယ်။ တိုင်ဝမ်ကို အင်အားသုံးပြီး ဝင်ရောက်သိမ်းယူဖို့အထိ ဖြစ်လာစရာမရှိသေးပါဘူး။ နောက်ဆုံးရွေးချယ်စရာအဖြစ်သတ်မှတ်ထားရင်တောင်မှ အခုအချိန်မှာ ခဏရပ်ဆိုင်းအဆင့်မျိုးမှာပဲ ရှိနိုင်တယ်။

ပထမဆုံးအချက်ကတော့ တရုတ်ဟာ ရုရှားယူကရိန်းစစ်ပွဲကနေ သင်ခန်းစာယူခဲ့တာပဲ လို့ Wall Street Journal မှာ ရေးပါတယ်။ ရုရှားဟာ သာလွန်အင်အားသုံးပြီး ယူကရိန်းမြို့တော် ကိယက်ကိုသိမ်းယူဖို့ ကြိုးစားပေမဲ့ မြို့တော်ပျက်စီးသွားတာကလွဲလို့ မအောင်မြင်ခဲ့ပါဘူး။ တင့်ကားပေါင်းထောင်ချီ၊ လေယာဉ်ပေါင်း ရာချီ၊ လူ့အသက်ပေါင်းသောင်းချီသေပြီး အရှုံးနဲ့သာ ရင်ဆိုင်ခဲ့ရတယ်။ ရုရှားစစ်တပ်ကြီးဟာ ဟန်သာရှိပြီး အဆန်မရှိတဲ့စစ်တပ်အဖြစ် ကမ္ဘာမှာ ရှက်ဖွယ်လိလိ ဖြစ်သွားတာပဲ အဖတ်တင်ခဲ့ရတယ်။

နျူကလိယားစစ်ပွဲမျိုးမှာ ဘယ်သူမှအနိုင်မရမှန်း အားလုံးသိတဲ့အတွက် သ