ထန္းတတ္သူ အလြန္နည္းပါးလာေသာေၾကာင့္ ျမန္မာႏိုင္ငံတြင္ ထန္းလ်က္အထြက္ဆုံးၿမိဳ႕၌ ထန္းလ်က္အတုမ်ား ခ်က္လုပ္ေရာင္းခ်လာ

ထန္းတတ္သူ အလြန္နည္းပါးလာေသာေၾကာင့္ ျမန္မာႏိုင္ငံတြင္ ထန္းလ်က္အထြက္ဆုံးၿမိဳ႕၌ ထန္းလ်က္အတုမ်ား ခ်က္လုပ္ေရာင္းခ်လာ

ျမန္မာတို႔ရဲ႕ ႐ိုးရာဓေလ့စားစရာတစ္ခုျဖစ္တဲ့ ထန္းလ်က္ဟာ အခုဆိုရင္အတုေတြ ေပၚထြက္လာပါၿပီတဲ့ဗ်ာ။ ျမန္မာႏိုင္ငံတြင္ ထန္းလ်က္အထြက္ဆုံးၿမိဳ႕၌ ထန္းလ်က္အတုမ်ား ခ်က္လုပ္ေရာင္းခ်လာ။ ျမန္မာႏိုင္ငံ၏ ထန္းလ်က္အမ်ားဆုံးထြက္ရွိသည့္ ျမန္မာႏိုင္ငံ အလယ္ပိုင္းတြင္ရွိေသာ ေရစႀကိဳၿမိဳ႕တြင္ ထန္းတတ္သူ အလြန္နည္းပါးလာေသာေၾကာင့္ ယခုႏွစ္အတြင္းတြင္ ထန္းလ်က္အတုမ်ားကိုခ်က္လုပ္ေရာင္းခ်လာလ်က္ရွိသည္ဟု သိရပါတယ္။

ထန္းလ်က္အတုမ်ားကို ထန္းလ်က္အစစ္မ်ားႏွင့္ ေရာ၍ေသာ္လည္းေကာင္း ေရာင္းခ်လ်က္ရွိတယ္လို႔ သိရပါတယ္။ ထန္းလ်က္အစစ္ ခ်က္လုပ္ရာတြင္ “ထန္းရည္ခ်ိဳကို ခ်က္လုပ္သည္ျဖစ္ေသာ္လည္း ထန္းလ်က္အတု ခ်က္လုပ္ရာတြင္ ႀကံသကာအရည္(အက်ရည္) ကိုထည့္ကာ ႀကံသကာရည္ကို ၃ ပိသာေလာက္ထည့္ သက္သက္ႀကိဳၿပီးရင္ ထန္းရည္ခ်ိဳ
အုန္းမႈတ္တစ္မႈတ္ထည့္ ဂ်ဳံမႈန႔္ ၅၀ သားေလာက္ထည့္ ထန္းလ်က္အစိုအက်က ၂ ပိသာေလာက္ထည့္ ထက္ဝက္ေရာပစ္လိုက္တဲ့ သေဘာေပါ့။

ဆီဟင္းစားဇြန္းနဲ႔တစ္ဇြန္းေလာက္ထည့္ တခ်ိဳ႕ကဆန္မႈန႔္လည္းထည့္ၾကတယ္။ ဘာလို႔လဲဆိုေတာ့ ျမန္ျမန္ေျခာက္လြယ္ေအာင္လို႔ စိုေနတဲ့ဓါတ္ကို စုပ္ေအာင္လို႔ထည့္ၾကတာ ေနာက္ၿပီးေတာ့ ခြၽတ္ေဆးထည့္(လက္ဖက္ရည္ဇြန္း ႏွစ္ဖြန္းသုံးဇြန္းေလာက္ထည့္) ၿပီးေတာ့ ဖိုေပၚမွာတင္မီးနဲ႔ထိုးခ်က္ေမႊၿပီးေတာ့ ေအာက္ခ်ၿပီးေတာ့ လုံးရတာပါတယ္” ဟု အမည္မေဖာ္လိုသူ ထန္းလ်က္ အတုခ်က္သူ တစ္ဦးထံက သိရပါတယ္။

“ေမႊၿပီးေတာ့ခ် ေကာင္းၿပီဆိုရင္ခ် ျပတ္ၿပီဆိုရင္လုံးရတာ တို႔ဟူးက်ိဳသလိုေပါ့ ဖိုေပၚမွာတင္ ‘ရင့္’ေတာ့မွ ေအာက္ခ်ၿပီးေတာ့ လုံးရတာ ႐ိုး႐ိုးထန္းလ်က္တစ္ေခ်ာ့ (ထန္းလ်က္တစ္ေခ်ာ့လွ်င္ ပ်မ္းမွ် ၁နာရီခြဲၾကာသည္) ေလာက္ဆိုရင္ ဟိုထန္းလ်က္အတုက ၄ ခါေလာက္ ခ်ေနရၿပီ။ အခ်ိန္သိပ္လည္းမၾကာဘူးတစ္ဒယ္ကို ဖ်ာတစ္ဖ်ာေလာက္ရတယ္

ဖ်ာေတြေပၚ လုံးတင္တာဆိုေတာ့ အားလုံးေပါင္း ၆ပိသာေလာက္ေတာ့ရွိမွာေပါ့ “ ဟု ထန္းလ်က္အတုခ်က္လုပ္သူ အလုပ္သမားတစ္ဦးက ေျပာျပပါတယ္။ “ထည့္တဲ့ပစၥည္းေတြက ထန္းရည္ခ်ိဳလိုမွ အရည္ခ်ည္းတိုင္းမဟုတ္ေတာ့ ေတာ္ေတာ္ေလးနံတယ္ အႏွစ္ခ်ည္းတိုင္းေမႊရေတာ့ ကြၽမ္းေစာ္ေတြ တူးေစာ္ေတြနံတာေပါ့ အဲ့အနံ႔ေတြနဲ႔ ေရာဂါရတယ္

သတၱဳဒယ္ဆိုရင္ မရဘူး တစ္ေခ်ာ့ထဲနဲ႔ ဖင္ံက်တယ္ သံဒယ္မွရတာ” ဟု ထန္းလ်က္အတု ခ်က္လုပ္သူတစ္ဦးက ဆိုပါတယ္။ ထန္းလ်က္ခ်က္သည့္ ထန္းတက္မည့္သူမ်ား မရွိေတာ့ေသာေၾကာင့္ ထန္းသမားတို႔သည္ ထိုင္းႏိုင္ငံ မေလးရွားႏိုင္ငံမ်ားသို႔ သြားေရာက္အလုပ္လုပ္ကိုင္ၾကၿပီး ထန္းလ်က္ေဈးမွာ ယခင္က တစ္ပိသာလုံးလွ်င္ ၄၀၀ က်ပ္ ေဈးႏႈန္းရွိခဲ့ေသာ္လည္း ယခုက ထန္းတတ္မယ့္ ထန္းသမားက ရွားပါးေနၿပီးတစ္ပိသာ ႏွစ္ေထာင္ေလာက္ အနည္းဆုံးသည္ ျဖစ္ေနသည္ဟု သိရပါတယ္။

“လက္ဖဝါးေတြ လက္ဖမိုးေတြေတြကို အဖုေတြ အရည္ၾကည္ေတြကို ေပါက္လို႔ တူးခါးၿပီးေတာ့ အေငြ႕တစ္ေထာင္ေထာင္းနဲ႔ ခ်က္ရတာ ခ်က္တာက ပိုက္ဆံလည္း သုံးရပါတယ္ ေဆးကလည္း ေန႔တိုင္းထိုးရပါတယ္ ေညႇာ္ေတြကလည္း တအားနံတာေလ ဒီေန႔ခ်က္လိုက္လို႔ ၄ေထာင္ေက်ာ္ ၅ေထာင္ ရတယ္ဆိုရင္ ညေနဆို

ေဆးကအၿမဲတမ္းဝယ္ေသာက္ရတယ္ ခုေနာက္ပိုင္းေခၚလည္း သြားမခ်က္ျဖစ္ေတာ့ဘူး “ ထန္းလ်က္အတု ခ်က္လုပ္ခဲ့ဖူးသူ တစ္ဦးကေျပာပါတယ္။ တပို႔တြဲႏွင့္ တေပါင္းလတြင္ အႏု ႏုရစ္ဟုေခၚၿပီး တန္ခူး ကဆုန္နယုံတြင္ ထန္းဖို ညႇက္႐ိုးဟု ေခၚသည္။ ဝါဆို ဝါေခါင္ ေတာ္သလင္းတြင္ ထန္းမ သီးရစ္ ဟုေခၚၿပီး ထန္းဖိုသည္ ထန္းရည္ယိုသည့္လမ်ားၿပီး ထန္းမသည္ ထန္းရည္ယိုသည့္လနည္းသည္ဟု ထန္းတတ္သူတစ္ဦးထံက သိရပါတယ္။

လြန္ခဲ့ေသာႏွစ္ေပါင္း တစ္ေထာင္ေက်ာ္ခန႔္ ကတည္းကပင္ ထန္းပင္ထန္းေတာမ်ား ေပါမ်ားသျဖင့္ ျမန္မာႏိုင္ငံအတြင္း လူသိမ်ားထင္ရွားေသာ ဦးမင္းေက်ာ္(ကိုႀကီးေက်ာ္) ၏ ထန္းရည္ေသာက္ရာ အရပ္ေဒသအျဖစ္ နာမယ္ႀကီးလ်က္ရွိေသာ ေရစႀကိဳၿမိဳ႕နယ္၏ ထန္းေတာႀကီးမ်ားတြင္ ထန္းေပၚခ်ိန္မ်ားတြင္ ထန္းလ်က္အစစ္မ်ား ခ်က္လုပ္ေရာင္းခ်ေနၾကေသာ္လည္း
ယခုအခါအခ်ိန္မေ႐ြး ခ်က္လုပ္ႏိုင္သည့္ ထန္းလ်က္အတုမ်ားကို ထန္းသမားမဟုတ္သည့္ အခ်ိဳ႕ေသာသူမ်ားမွ ခ်က္လုပ္ေရာင္းခ် လာၾကလ်က္ရွိေၾကာင္းသိရပါတယ္။ ျမန္မာျပည္ရဲ႕ လက္ရွိထန္းလ်က္ ေဈးကြက္အတြင္း ျဖစ္ပ်က္ေနတဲ့ အေျခအေနေတြပဲ ျဖစ္ပါတယ္။
crd-

Unicode
ထန်းတတ်သူ အလွန်နည်းပါးလာသောကြောင့် မြန်မာနိုင်ငံတွင် ထန်းလျက်အထွက်ဆုံးမြို့၌ ထန်းလျက်အတုများ ချက်လုပ်ရောင်းချလာ

မြန်မာတို့ရဲ့ ရိုးရာဓလေ့စားစရာတစ်ခုဖြစ်တဲ့ ထန်းလျက်ဟာ အခုဆိုရင်အတုတွေ ပေါ်ထွက်လာပါပြီတဲ့ဗျာ။ မြန်မာနိုင်ငံတွင် ထန်းလျက်အထွက်ဆုံးမြို့၌ ထန်းလျက်အတုများ ချက်လုပ်ရောင်းချလာ။ မြန်မာနိုင်ငံ၏ ထန်းလျက်အများဆုံးထွက်ရှိသည့် မြန်မာနိုင်ငံ အလယ်ပိုင်းတွင်ရှိသော ရေစကြိုမြို့တွင် ထန်းတတ်သူ အလွန်နည်းပါးလာသောကြောင့် ယခုနှစ်အတွင်းတွင် ထန်းလျက်အတုများကိုချက်လုပ်ရောင်းချလာလျက်ရှိသည်ဟု သိရပါတယ်။

ထန်းလျက်အတုများကို ထန်းလျက်အစစ်များနှင့် ရော၍သော်လည်းကောင်း ရောင်းချလျက်ရှိတယ်လို့ သိရပါတယ်။ ထန်းလျက်အစစ် ချက်လုပ်ရာတွင် “ထန်းရည်ချိုကို ချက်လုပ်သည်ဖြစ်သော်လည်း ထန်းလျက်အတု ချက်လုပ်ရာတွင် ကြံသကာအရည်(အကျရည်) ကိုထည့်ကာ ကြံသကာရည်ကို ၃ ပိသာလောက်ထည့် သက်သက်ကြိုပြီးရင် ထန်းရည်ချို
အုန်းမှုတ်တစ်မှုတ်ထည့် ဂျုံမှုန့် ၅၀ သားလောက်ထည့် ထန်းလျက်အစိုအကျက ၂ ပိသာလောက်ထည့် ထက်ဝက်ရောပစ်လိုက်တဲ့ သဘောပေါ့။

ဆီဟင်းစားဇွန်းနဲ့တစ်ဇွန်းလောက်ထည့် တချို့ကဆန်မှုန့်လည်းထည့်ကြတယ်။ ဘာလို့လဲဆိုတော့ မြန်မြန်ခြောက်လွယ်အောင်လို့ စိုနေတဲ့ဓါတ်ကို စုပ်အောင်လို့ထည့်ကြတာ နောက်ပြီးတော့ ချွတ်ဆေးထည့်(လက်ဖက်ရည်ဇွန်း နှစ်ဖွန်းသုံးဇွန်းလောက်ထည့်) ပြီးတော့ ဖိုပေါ်မှာတင်မီးနဲ့ထိုးချက်မွှေပြီးတော့ အောက်ချပြီးတော့ လုံးရတာပါတယ်” ဟု အမည်မဖော်လိုသူ ထန်းလျက် အတုချက်သူ တစ်ဦးထံက သိရပါတယ်။

“မွှေပြီးတော့ချ ကောင်းပြီဆိုရင်ချ ပြတ်ပြီဆိုရင်လုံးရတာ တို့ဟူးကျိုသလိုပေါ့ ဖိုပေါ်မှာတင် ‘ရင့်’တော့မှ အောက်ချပြီးတော့ လုံးရတာ ရိုးရိုးထန်းလျက်တစ်ချော့ (ထန်းလျက်တစ်ချော့လျှင် ပျမ်းမျှ ၁နာရီခွဲကြာသည်) လောက်ဆိုရင် ဟိုထန်းလျက်အတုက ၄ ခါလောက် ချနေရပြီ။ အချိန်သိပ်လည်းမကြာဘူးတစ်ဒယ်ကို ဖျာတစ်ဖျာလောက်ရတယ်

ဖျာတွေပေါ် လုံးတင်တာဆိုတော့ အားလုံးပေါင်း ၆ပိသာလောက်တော့ရှိမှာပေါ့ “ ဟု ထန်းလျက်အတုချက်လုပ်သူ အလုပ်သမားတစ်ဦးက ပြောပြပါတယ်။ “ထည့်တဲ့ပစ္စည်းတွေက ထန်းရည်ချိုလိုမှ အရည်ချည်းတိုင်းမဟုတ်တော့ တော်တော်လေးနံတယ် အနှစ်ချည်းတိုင်းမွှေရတော့ ကျွမ်းစော်တွေ တူးစော်တွေနံတာပေါ့ အဲ့အနံ့တွေနဲ့ ရောဂါရတယ်

သတ္တုဒယ်ဆိုရင် မရဘူး တစ်ချော့ထဲနဲ့ ဖင်ံကျတယ် သံဒယ်မှရတာ” ဟု ထန်းလျက်အတု ချက်လုပ်သူတစ်ဦးက ဆိုပါတယ်။ ထန်းလျက်ချက်သည့် ထန်းတက်မည့်သူများ မရှိတော့သောကြောင့် ထန်းသမားတို့သည် ထိုင်းနိုင်ငံ မလေးရှားနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြပြီး ထန်းလျက်ဈေးမှာ ယခင်က တစ်ပိသာလုံးလျှင် ၄၀၀ ကျပ် ဈေးနှုန်းရှိခဲ့သော်လည်း ယခုက ထန်းတတ်မယ့် ထန်းသမားက ရှားပါးနေပြီးတစ်ပိသာ နှစ်ထောင်လောက် အနည်းဆုံးသည် ဖြစ်နေသည်ဟု သိရပါတယ်။

“လက်ဖဝါးတွေ လက်ဖမိုးတွေတွေကို အဖုတွေ အရည်ကြည်တွေကို ပေါက်လို့ တူးခါးပြီးတော့ အငွေ့တစ်ထောင်ထောင်းနဲ့ ချက်ရတာ ချက်တာက ပိုက်ဆံလည်း သုံးရပါတယ် ဆေးကလည်း နေ့တိုင်းထိုးရပါတယ် ညှော်တွေကလည်း တအားနံတာလေ ဒီနေ့ချက်လိုက်လို့ ၄ထောင်ကျော် ၅ထောင် ရတယ်ဆိုရင် ညနေဆို

ဆေးကအမြဲတမ်းဝယ်သောက်ရတယ် ခုနောက်ပိုင်းခေါ်လည်း သွားမချက်ဖြစ်တော့ဘူး “ ထန်းလျက်အတု ချက်လုပ်ခဲ့ဖူးသူ တစ်ဦးကပြောပါတယ်။ တပို့တွဲနှင့် တပေါင်းလတွင် အနု နုရစ်ဟုခေါ်ပြီး တန်ခူး ကဆုန်နယုံတွင် ထန်းဖို ညှက်ရိုးဟု ခေါ်သည်။ ဝါဆို ဝါခေါင် တော်သလင်းတွင် ထန်းမ သီးရစ် ဟုခေါ်ပြီး ထန်းဖိုသည် ထန်းရည်ယိုသည့်လများပြီး ထန်းမသည် ထန်းရည်ယိုသည့်လနည်းသည်ဟု ထန်းတတ်သူတစ်ဦးထံက သိရပါတယ်။

လွန်ခဲ့သောနှစ်ပေါင်း တစ်ထောင်ကျော်ခန့် ကတည်းကပင် ထန်းပင်ထန်းတောများ ပေါများသဖြင့် မြန်မာနိုင်ငံအတွင်း လူသိများထင်ရှားသော ဦးမင်းကျော်(ကိုကြီးကျော်) ၏ ထန်းရည်သောက်ရာ အရပ်ဒေသအဖြစ် နာမယ်ကြီးလျက်ရှိသော ရေစကြိုမြို့နယ်၏ ထန်းတောကြီးများတွင် ထန်းပေါ်ချိန်များတွင် ထန်းလျက်အစစ်များ ချက်လုပ်ရောင်းချနေကြသော်လည်း
ယခုအခါအချိန်မရွေး ချက်လုပ်နိုင်သည့် ထန်းလျက်အတုများကို ထန်းသမားမဟုတ်သည့် အချို့သောသူများမှ ချက်လုပ်ရောင်းချ လာကြလျက်ရှိကြောင်းသိရပါတယ်။ မြန်မာပြည်ရဲ့ လက်ရှိထန်းလျက် ဈေးကွက်အတွင်း ဖြစ်ပျက်နေတဲ့ အခြေအနေတွေပဲ ဖြစ်ပါတယ်။
crd-

Be the first to comment

Leave a Reply

Your email address will not be published.


*