




crd

Unicode
နည်းပြဆိုးလ်ရှားကိုယ်တိုင် အံ့သြခဲ့ရတဲ့ ပေါ်တူဂီဂိုးသွင်းဘုရင်ကြီး ရော်နယ်ဒိုနဲ့ ဥရုဂွေးတိုက်စစ်မှုးကြီး ကာဗာနီတို့ရဲ့ ပရော်ဖက်ရှင်နယ်ဆန်လွန်းတဲ့ အပြန်အလှန်လေးစားမှု

ယူနိုက်တက်ရဲ့ဝါရင့်တိုက်စစ်မှုး ကာဗာနီကတော့ အသင်းဖော်ရော်နယ်ဒိုအပေါ် ဘယ်လောက်အထိ လေးစားမှုရှိကြောင်း လုပ်ရပ်နဲ့ သက်သေပြခဲ့ပါတယ်။ ကာဗာနီဟာ ယူနိုက်တက်အသင်းဆီ ရောက်လာကတည်းက ဂန္တဝင်ကျောနံပါတ်(၇)ကို ဝတ်ဆင်ခွင့်ရခဲ့တာပါ။ အခုနွေမှာတော့ နာမည်ကျော်ကစားသမားတွေ ယူနိုက်တက်အသင်းဆီ ရောက်ရှိလာတဲ့အချိန်မှာ ကျောနံပါတ်(၇)ကိစ္စနဲ့ မကျေလည်မှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။ ဆန်ချိုဟာ ယူနိုက်တက်ကို ရောက်ရှိလာခဲ့ပြီးနောက် ကျောနံပါတ်(၇) ဂျာစီကို ဝတ်ဆင်လိုပေမယ့် ကာဗာနီက လွှဲပြောင်းပေးဖို့ ငြင်းဆန်ခဲ့တာပါ။

အခုနွေမှာတော့ နာမည်ကျော်ကစားသမားတွေ ယူနိုက်တက်အသင်းဆီ ရောက်ရှိလာတဲ့အချိန်မှာ ကျောနံပါတ်(၇)ကိစ္စနဲ့ မကျေလည်မှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။ ဆန်ချိုဟာ ယူနိုက်တက်ကို ရောက်ရှိလာခဲ့ပြီးနောက် ကျောနံပါတ်(၇) ဂျာစီကို ဝတ်ဆင်လိုပေမယ့် ကာဗာနီက လွှဲပြောင်းပေးဖို့ ငြင်းဆန်ခဲ့တာပါ။ဒါပေမယ့် ရော်နယ်ဒိုရောက်ရှိလာတဲ့အချိန်မှာတော့ ပေါ်တူဂီဂိုးသွင်းဘုရင်ကြီးက ကာဗာနီဆီက နံပါတ်(၇)ကို တလေးတစားနဲ့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

အပြန်အလှန်လေးစားသောအားဖြင့် ဥရုဂွေးတိုက်စစ်မှုးကြီးကလည်း ချက်ချင်းဆိုသလို နံပါတ်(၇)ကို လွှဲပြောင်းပေးပြီး နံပါတ်(၂၁)ကို ပြောင်းလဲ ဝတ်ဆင်ခဲ့ပါတယ်။ဆိုးလ်ရှားကလည်း ရော်နယ်ဒိုနဲ့ကာဗာနီတို့ အပြန်အလှန်လေးစားမှုရှိကြောင်း အခုလိုပြောဆိုခဲ့ပါသေးတယ်။ ” ကာဗာနီက အံသြဖွယ်ဖြစ်ခဲ့ပါတယ်။ ရော်နယ်ဒိုနဲ့ကာဗာနီတို့ စကားတွေပြောခဲ့ကြတယ်။ ဂျာစီတောင်းဆိုတဲ့ကိစ္စပေါ့။ ရော်နယ်ဒိုကလည်း ကာဗာနီကို လေးစားမှုရှိစွာနဲ့ တောင်းဆိုခဲ့တာပါ။ ကာဗာနီကလည်း ရော်နယ်ဒိုအပေါ် ဂျာစီလွှဲပေးရင်း လေးစားမှု ပြန်လည်ပြသလိုက်တာပေါ့။ သူတို့ ၂ဦးစလုံးက ထိပ်တန်းအဆင့် ပရော်ဖက်ရှင်နယ်ကစားသမားတွေပါ ” ဟု ဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ဝါရင့်တိုက်စစ်မှုး ကာဗာနီကတော့ အသင်းဖော်ရော်နယ်ဒိုအပေါ် ဘယ်လောက်အထိ လေးစားမှုရှိကြောင်း လုပ်ရပ်နဲ့ သက်သေပြခဲ့ပါတယ်။ကာဗာနီဟာ ရော်နယ်ရောက်ရှိခဲ့ပြီးနောက် ပွဲထွက်ခွင့် နည်းပါးခဲ့ပေမယ့်လည်း အသင်းဖော်တိုက်စစ်မှုးပေါ် လေးစားမှုအပြည့်ရှိကြောင်း ဆိုခဲ့ပါသေးတယ်။ ” သူဟာ ကမ္ဘ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက်ပါ။ သူ့အတူ တွဲဖက်ကစားရတာဟာ ကျနော့်အတွက် အတော်လေး သဘောကျနှစ်ခြိုက်ပြီး နိုးကြားစေခဲ့ပါတယ်။ ” ဟု ကာဗာနီက ပြောဆိုခဲ့တာပါ။
crd

Be the first to comment

Leave a Reply

Your email address will not be published.


*