Knowledge

ပုဂံရွိ ဉာဏ္ေတာ္အျမင့္ဆုံး သဗၺညဳဘုရားႀကီးကို တ႐ုတ္အစိုးရက ျပဳျပင္ထိန္းသိမ္းမည္

ပုဂံရွိ ဉာဏ္ေတာ္အျမင့္ဆုံး သဗၺညဳဘုရားႀကီးကို တ႐ုတ္အစိုးရက ျပဳျပင္ထိန္းသိမ္းမည္

တ႐ုတ္ႏိုင္ငံ စန္ရွီးျပည္နယ္မွ ေစလႊတ္သည့္ ပုဂၢိဳလ္ ၄ ဦးပါဝင္ေသာ လုပ္ငန္းအဖြဲ႕သည္ ၂၀၂၁ခုႏွစ္ ဒီဇင္ဘာလ ၈ ရက္ေန႔က ရန္ကုန္ၿမိဳ႕သို႔ ေရာက္ရွိခဲ့ၿပီး က်ဴဝင္ၿပီးေနာက္ ပုဂံသို႔ သြားေရာက္ကာ ျပဳျပင္ထိန္းသိမ္းေရးဆိုင္ရာ ကနဦးျပင္ဆင္မႈလုပ္ငန္းမ်ားကို ေဆာင္႐ြက္ခဲ့သည္ဟု တ႐ုတ္သံ႐ုံးက ယေန႔ ဇန္နဝါရီ ၄ရက္မွာ ထုတ္ျပန္လိုက္ပါတယ္။

စီမံကိန္းအဖြဲ႕သည္ သဗၺညဳဘုရား စီမံကိန္းေနရာသို႔ သြားေရာက္ခဲ့ၿပီး ၂၀၁၉ ခုႏွစ္တြင္ ၿပီးစီးခဲ့တဲ့ အေရးေပၚထိန္းသိမ္းျပဳျပင္ျခင္းလုပ္ငန္းမ်ား ႏွင့္စပ္လ်ဥ္း၍လည္း အေသးစိတ္ စစ္ေဆးခဲ့ေၾကာင္းႏွင့္ လာမည့္ ဇန္နဝါရီလ ၈ ရက္ေန႔တြင္ ျပဳျပင္ထိန္းသိမ္းေရးစီမံကိန္း တရားဝင္ စတင္ေဆာင္႐ြက္ျခင္းအခမ္းအနား က်င္းပမည္ျဖစ္ေၾကာင္းပါ သံ႐ုံးက ဆိုထားပါတယ္။

၂၀၁၆ ခုႏွစ္ ၾသဂုတ္လက ျမန္မာႏိုင္ငံ အလယ္ပိုင္းေဒသတြင္ ၆.၈ အဆင့္ ေျမငလ်င္ လႈပ္ခတ္ခဲ့ရာ သဗၺညဳဘုရား အပါအဝင္ ေစတီပုထိုးမ်ား ရာႏွင့္ခ်ီ ထိခိုက္မႈရွိခဲ့ရပါတယ္။

ျမန္မာႏိုင္ငံ၏ သမိုင္းဝင္ယဥ္ေက်းမႈအေမြအႏွစ္မ်ား တည္တံ့ခိုင္ၿမဲေစရန္အတြက္ ျမန္မာႏိုင္ငံ၏ဖိတ္ၾကားခ်က္အရ တ႐ုတ္ႏိုင္ငံ စန္ရွီးျပည္နယ္ ယဥ္ေက်းမႈအေမြအႏွစ္ထိန္းသိမ္းေစာင့္ေရွာက္ေရး သုေတသနဌာန စသည့္ အဖြဲ႕အစည္းမ်ားမွ ပညာရွင္မ်ားသည္ ပုဂံသို႔ အႀကိမ္မ်ားစြာ လာေရာက္ေလ့လာခဲ့ၿပီး ေစတီပုထိုးမ်ား ျပဳျပင္ထိန္းသိမ္းေရးအတြက္ ကနဦးအစီအစဥ္မ်ား ခ်မွတ္ခဲ့ၿပီးေနာက္ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလ ၂၂ ရက္ေန႔တြင္ တ႐ုတ္-ျမန္မာႏွစ္ဦးႏွစ္ဖက္သည္ ပုဂံ၌ သဗၺညဳဘုရား ျပဳျပင္ထိန္းသိမ္းေရးစာလႊာကို လက္မွတ္ေရးထိုးခဲ့ေၾကာင္း သံ႐ုံးကေဖာ္ျပထားပါတယ္။

၂၀၁၉ ခုႏွစ္ ဧၿပီလတြင္ စန္ရွီးပညာရွင္အဖြဲ႕ ျမန္မာႏိုင္ငံသို႔ ေရာက္ရွိခဲ့ၿပီး သဗၺညဳဘုရား အေရးေပၚျပဳျပင္ထိန္းသိမ္းမႈမ်ား ေဆာင္႐ြက္ခဲ့ေသးတယ္လို႔လည္း သိရပါတယ္။
crd

Unicode
ပုဂံရှိ ဉာဏ်တော်အမြင့်ဆုံး သဗ္ဗညုဘုရားကြီးကို တရုတ်အစိုးရက ပြုပြင်ထိန်းသိမ်းမည်

တရုတ်နိုင်ငံ စန်ရှီးပြည်နယ်မှ စေလွှတ်သည့် ပုဂ္ဂိုလ် ၄ ဦးပါဝင်သော လုပ်ငန်းအဖွဲ့သည် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး ကျူဝင်ပြီးနောက် ပုဂံသို့ သွားရောက်ကာ ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ ကနဦးပြင်ဆင်မှုလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်ဟု တရုတ်သံရုံးက ယနေ့ ဇန်နဝါရီ ၄ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

စီမံကိန်းအဖွဲ့သည် သဗ္ဗညုဘုရား စီမံကိန်းနေရာသို့ သွားရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ပြီးစီးခဲ့တဲ့ အရေးပေါ်ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ နှင့်စပ်လျဉ်း၍လည်း အသေးစိတ် စစ်ဆေးခဲ့ကြောင်းနှင့် လာမည့် ဇန်နဝါရီလ ၈ ရက်နေ့တွင် ပြုပြင်ထိန်းသိမ်းရေးစီမံကိန်း တရားဝင် စတင်ဆောင်ရွက်ခြင်းအခမ်းအနား ကျင်းပမည်ဖြစ်ကြောင်းပါ သံရုံးက ဆိုထားပါတယ်။

၂၀၁၆ ခုနှစ် သြဂုတ်လက မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် ၆.၈ အဆင့် မြေငလျင် လှုပ်ခတ်ခဲ့ရာ သဗ္ဗညုဘုရား အပါအဝင် စေတီပုထိုးများ ရာနှင့်ချီ ထိခိုက်မှုရှိခဲ့ရပါတယ်။

မြန်မာနိုင်ငံ၏ သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်များ တည်တံ့ခိုင်မြဲစေရန်အတွက် မြန်မာနိုင်ငံ၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ စန်ရှီးပြည်နယ် ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး သုတေသနဌာန စသည့် အဖွဲ့အစည်းများမှ ပညာရှင်များသည် ပုဂံသို့ အကြိမ်များစွာ လာရောက်လေ့လာခဲ့ပြီး စေတီပုထိုးများ ပြုပြင်ထိန်းသိမ်းရေးအတွက် ကနဦးအစီအစဉ်များ ချမှတ်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်သည် ပုဂံ၌ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးစာလွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း သံရုံးကဖော်ပြထားပါတယ်။

၂၀၁၉ ခုနှစ် ဧပြီလတွင် စန်ရှီးပညာရှင်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး သဗ္ဗညုဘုရား အရေးပေါ်ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့သေးတယ်လို့လည်း သိရပါတယ်။
crd

Leave a Reply

Your email address will not be published. Required fields are marked *