Knowledge

ပဲ့ေလ့စ္ႏွင့္ပြဲမွ သရဲနီ ‌‌‌‌ေဂ်ဒင္ဆန္ခ်ိဳရဲ႕ ေျခစြမ္းကို ႏွစ္ၿခိဳက္သေဘာက်ေနၾကၿပီး နည္းျပသစ္ Rangnick လက္ထပ္မွာ World Class ၾကယ္ပြင့္ျဖစ္လာဖို႔ ေမွ်ာ္လင့္ေနတဲ့ ယူႏိုက္တက္ပရိတ္သတ္မ်ား

ပဲ့ေလ့စ္ႏွင့္ပြဲမွ သရဲနီ ‌‌‌‌ေဂ်ဒင္ဆန္ခ်ိဳရဲ႕ ေျခစြမ္းကို ႏွစ္ၿခိဳက္သေဘာက်ေနၾကၿပီး နည္းျပသစ္ Rangnick လက္ထပ္မွာ World Class ၾကယ္ပြင့္ျဖစ္လာဖို႔ ေမွ်ာ္လင့္ေနတဲ့ ယူႏိုက္တက္ပရိတ္သတ္မ်ား

ယူႏိုက္တက္ပရိတ္သတ္ေတြကေတာ့ မေန႔က ပဲ့ေလ့စ္ႏွင့္ပြဲမွ သရဲနီ ‌‌‌‌ေဂ်ဒင္ဆန္ခ်ိဳရဲ႕ ပထမပိုင္း ေျခစြမ္းကို အံ့ၾသခ်ီးက်ဴးမကုန္နိင္ေအာင္ျဖစ္ေနၾကပါတယ္။ နည္းျပသစ္ Rangnickရဲ႕ ယူႏိုက္တက္ဟာ ပထမပိုင္းပြဲကစားခ်ိန္အတြင္းမွာ အေကာင္းဆုံးေျခစြမ္းနဲ႔ High pressing ကစားပုံကို ျပသႏိုင္ခဲ့ေသာ္လည္း ဂိုးမရွိသေရ ရလာဒ္သာထြက္ေပၚခဲ့ပါတယ္။

ယူႏိုက္တက္ဟာ နည္းျပသစ္ရဲ႕ ကစားကြက္အသစ္ျဖစ္တဲ့ ၄-၂-၂-၂ ကစားကြက္နဲ႔ အေကာင္းဆုံးတိုက္စစ္ဆင္ ဖိအားေပး ကစားခဲ့ေပမယ့္ ပထမပိုင္းမွာေတာ့ ဂိုးေပါက္ရွာေတြ႕ဖို႔ ခက္ခဲေနခဲ့ပါတယ္။တစ္သင္းလုံးဟာ ပထမပိုင္း ဝီစီမႈတ္ခ်ိန္ကတည္းက နည္းျပသစ္ရဲ႕ ေဘာလုံးဒႆန အိုင္ဒီယာေတြနဲ႔ အခ်ိန္ျပည့္ ဖိအားေပးတိုက္စစ္ဆင္ကစားခဲ့ၾကတာပါ။

ပထမပိုင္းမွာ ဂိုးမရွိသေရ ရလာဒ္ထြက္ခဲ့ေပမယ့္ ယူႏိုက္တက္ပရိတ္သတ္ေတြကေတာ့ ကစားသမားအသစ္ဆန္ခ်ိဳရဲ႕ ‌ေျခစြမ္းနဲ႔ ႀကိဳးစားအားထုတ္မႈကို အရမ္းပဲႏွစ္ၿခိဳက္သေဘာက်ခဲ့ၾကတာပါ။ နည္းျပသစ္ရဲ႕ ကစားကြက္အသစ္ ၄-၂-၂-၂ မွာ ဖာနန္ဒက္ဇ္နဲ႔ အတူ နံပါတ္ ၁၀ role ႏွစ္ေယာက္ထားကစားတဲ့ေနရာမွာ ဆန္ခ်ိဳအေနနဲ႔ အယိမ္းအႏြဲ႕ အတိုးအလႈပ္ေတြနဲ႔ အတူ ‌ထူးရွယ္ေျခစြမ္းျပႏိုင္ခဲ့တာပါ။

ယခုႏွစ္ေႏြရာသီမွာ ေဒါ့မြန္အသင္းကေန ျမင့္မားတဲ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေရာက္လာခဲ့တဲ့ ဆန္ခ်ိဳဟာ နည္းျပေဟာင္းဆိုးလ္ရွားလက္ထပ္မွာ ပြဲထြက္ခြင့္ရဖို႔ ႐ုန္းကန္ခဲ့ရေပမယ့္ စိတ္ရွည္စြာ ေစာင့္ဆိုင္းခဲ့ၿပီး ႀကိဳးစားခဲ့ပါတယ္။ ဆန္ခ်ိဳကေတာ့ အခုအခ်ိန္မွာေတာ့ အေကာင္းဆုံး‌ေျခစြမ္းေတြနဲ႔ အိုးထရက္ဖို႔ဒ္ေကာင္းကင္ယံမွာ ထြန္းေတာက္ဖို႔ အသင့္ရွိေနခဲ့ပါၿပီ။

နည္းျပသစ္လက္ထပ္မွာ ဆန္ခ်ိဳရဲ႕ အခန္းကဏၷ အသစ္ ေနရာအသစ္က ရပ္ဖို႔ဒ္ ဖာနန္ဒက္ဇ္တို႔နဲ႔အတူ ေနရာလွည့္ roaming ကစားၿပီး ယူႏိုက္တက္ရဲ႕ ဘုရင္ႀကီး ေရာ္နယ္လ္ဒိုကို ပံ့ပိုးေပးၿပီး ကိုယ္ကိုတိုင္လည္း ဂိုးေတြသြင္းယူႏိုင္ဖို႔ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ပတ္အတြင္းမွာလည္း ဆန္ခ်ိဳဟာယူႏိုက္တက္အတြက္ ႏွစ္ဂိုးသြင္းယူေပးထားၿပီး အေကာင္းဆုံး form တစ္ခုကို ပိုင္ဆိုင္ထားတာေၾကာင့္ ယူႏိုက္တက္ ပရိတ္သတ္ေတြရဲ႕ ခ်ီးက်ဴမႈနဲ႔ ထိုက္တန္တယ္ဆိုတာကေတာ့ အျငင္းပြားဖြယ္ မရွိပါဘူး။

လူငယ္ကစားသမာေတြကို ႏွစ္ၿခိဳက္ေျမေတာင္ေျမႇာက္ေပးတက္တဲ့ နည္းျပသစ္ Rangnick ရဲ႕လက္ထပ္မွာေတာ့ ဆန္ခ်ိဳတစ္ေယာက္ ဘယ္ေလာက္အထိအျမင့္ပ်ံႏိုင္ၿပီး World Class Player တစ္ေယာက္ျဖစ္လားမလားဆိုတာ ေစာင့္ၾကည့္ၾကပါစို႔ GG Man United ပရိတ္သတ္ႀကီးေရ……

REF
Manchester Evening News
By
David

Unicode
ပဲ့လေ့စ်နှင့်ပွဲမှ သရဲနီ ‌‌‌‌ဂျေဒင်ဆန်ချိုရဲ့ ခြေစွမ်းကို နှစ်ခြိုက်သဘောကျနေကြပြီး နည်းပြသစ် Rangnick လက်ထပ်မှာ World Class ကြယ်ပွင့်ဖြစ်လာဖို့ မျှော်လင့်နေတဲ့ ယူနိုက်တက်ပရိတ်သတ်များ

ယူနိုက်တက်ပရိတ်သတ်တွေကတော့ မနေ့က ပဲ့လေ့စ်နှင့်ပွဲမှ သရဲနီ ‌‌‌‌ဂျေဒင်ဆန်ချိုရဲ့ ပထမပိုင်း ခြေစွမ်းကို အံ့သြချီးကျူးမကုန်နိင်အောင်ဖြစ်နေကြပါတယ်။ နည်းပြသစ် Rangnickရဲ့ ယူနိုက်တက်ဟာ ပထမပိုင်းပွဲကစားချိန်အတွင်းမှာ အကောင်းဆုံးခြေစွမ်းနဲ့ High pressing ကစားပုံကို ပြသနိုင်ခဲ့သော်လည်း ဂိုးမရှိသရေ ရလာဒ်သာထွက်ပေါ်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ နည်းပြသစ်ရဲ့ ကစားကွက်အသစ်ဖြစ်တဲ့ ၄-၂-၂-၂ ကစားကွက်နဲ့ အကောင်းဆုံးတိုက်စစ်ဆင် ဖိအားပေး ကစားခဲ့ပေမယ့် ပထမပိုင်းမှာတော့ ဂိုးပေါက်ရှာတွေ့ဖို့ ခက်ခဲနေခဲ့ပါတယ်။တစ်သင်းလုံးဟာ ပထမပိုင်း ဝီစီမှုတ်ချိန်ကတည်းက နည်းပြသစ်ရဲ့ ဘောလုံးဒဿန အိုင်ဒီယာတွေနဲ့ အချိန်ပြည့် ဖိအားပေးတိုက်စစ်ဆင်ကစားခဲ့ကြတာပါ။

ပထမပိုင်းမှာ ဂိုးမရှိသရေ ရလာဒ်ထွက်ခဲ့ပေမယ့် ယူနိုက်တက်ပရိတ်သတ်တွေကတော့ ကစားသမားအသစ်ဆန်ချိုရဲ့ ‌ခြေစွမ်းနဲ့ ကြိုးစားအားထုတ်မှုကို အရမ်းပဲနှစ်ခြိုက်သဘောကျခဲ့ကြတာပါ။ နည်းပြသစ်ရဲ့ ကစားကွက်အသစ် ၄-၂-၂-၂ မှာ ဖာနန်ဒက်ဇ်နဲ့ အတူ နံပါတ် ၁၀ role နှစ်ယောက်ထားကစားတဲ့နေရာမှာ ဆန်ချိုအနေနဲ့ အယိမ်းအနွဲ့ အတိုးအလှုပ်တွေနဲ့ အတူ ‌ထူးရှယ်ခြေစွမ်းပြနိုင်ခဲ့တာပါ။

ယခုနှစ်နွေရာသီမှာ ဒေါ့မွန်အသင်းကနေ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောက်လာခဲ့တဲ့ ဆန်ချိုဟာ နည်းပြဟောင်းဆိုးလ်ရှားလက်ထပ်မှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပေမယ့် စိတ်ရှည်စွာ စောင့်ဆိုင်းခဲ့ပြီး ကြိုးစားခဲ့ပါတယ်။ ဆန်ချိုကတော့ အခုအချိန်မှာတော့ အကောင်းဆုံး‌ခြေစွမ်းတွေနဲ့ အိုးထရက်ဖို့ဒ်ကောင်းကင်ယံမှာ ထွန်းတောက်ဖို့ အသင့်ရှိနေခဲ့ပါပြီ။

နည်းပြသစ်လက်ထပ်မှာ ဆန်ချိုရဲ့ အခန်းကဏ္န အသစ် နေရာအသစ်က ရပ်ဖို့ဒ် ဖာနန်ဒက်ဇ်တို့နဲ့အတူ နေရာလှည့် roaming ကစားပြီး ယူနိုက်တက်ရဲ့ ဘုရင်ကြီး ရော်နယ်လ်ဒိုကို ပံ့ပိုးပေးပြီး ကိုယ်ကိုတိုင်လည်း ဂိုးတွေသွင်းယူနိုင်ဖို့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းမှာလည်း ဆန်ချိုဟာယူနိုက်တက်အတွက် နှစ်ဂိုးသွင်းယူပေးထားပြီး အကောင်းဆုံး form တစ်ခုကို ပိုင်ဆိုင်ထားတာကြောင့် ယူနိုက်တက် ပရိတ်သတ်တွေရဲ့ ချီးကျူမှုနဲ့ ထိုက်တန်တယ်ဆိုတာကတော့ အငြင်းပွားဖွယ် မရှိပါဘူး။

လူငယ်ကစားသမာတွေကို နှစ်ခြိုက်မြေတောင်မြှောက်ပေးတက်တဲ့ နည်းပြသစ် Rangnick ရဲ့လက်ထပ်မှာတော့ ဆန်ချိုတစ်ယောက် ဘယ်လောက်အထိအမြင့်ပျံနိုင်ပြီး World Class Player တစ်ယောက်ဖြစ်လားမလားဆိုတာ စောင့်ကြည့်ကြပါစို့ GG Man United ပရိတ်သတ်ကြီးရေ……

REF
Manchester Evening News
By
David

Leave a Reply

Your email address will not be published. Required fields are marked *