ပွဲရုံအထိုင်ဈေးမှာတင် ရက်ပိုင်းအတွင်းမြင့်တက်လာတဲ့ ကြက်သွန်နီဈေးနှုန်းများ
ပွဲရုံအထိုင်ဈေးမှာတင် ရက်ပိုင်းအတွင်းမြင့်တက်လာတဲ့ ကြက်သွန်နီဈေးနှုန်းများ
ဒီနေ့သြဂုတ်လ ၁၅ ရက်နေ့မှာဘုရင့်နောင်ပွဲရုံကို ကြက်သွန်နီကားအစီးရေ ၁၀ စီး ဝင်ရောက်ခဲ့ပြီး ဆိပ်ဖြူကြက်သွန်နီတစ်ပိဿာကို ၁၇၅၀ ကျပ်ကနေ ၂၃၅၀ ကျပ်နဲ့ မုံရွာကြက်သွန်နီတစ်ပိဿာကို ၁၉၅၀ ကျပ်ကနေ ၂၅၅၀ ကျပ်အထိဈေးဖွင့်ခဲ့တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ကြက်သွန်နီတစ်ပိဿာကို ၂၁၀၀ ကနေ ၂၃၀၀ ကျပ် ဝန်းကျင်မှာပဲရှိခဲ့ပြီးရက်ပိုင်းအတွင်းဈေးကောင်းလာခဲ့တာဖြစ်ပါတယ်။ကြက်သွန်နီစိုက်တောင်သူတွေက ပြီးခဲ့တဲ့နှစ်တွေက အရှုံးတွေနဲ့ရင်ဆိုင်ခဲ့ရပြီး
တစ်ပိဿာကို ကျပ် ၃၀၀ ကနေ ၅၀၀ဝန်းကျင်သာရလို့ ထုတ်ပိုးခနဲ့မကိုက်တဲ့အတွက် ကြက်သွန်နီတွေကို လွှင့်ပစ်ခဲ့ရသလိုနယ်စပ်ဂိတ်တွေပိတ်ထားလို့ကုန်လှောင်ရုံတွေမှာပျက်စီးခဲ့တဲ့ ကြက်သွန်နီတန်ချိန်ကလည်းထောင်ချီရှိခဲ့တယ်လို့သိရပါတယ်
ဘုရင်နောင်ကုန်စည်ဒိုင်မှဈေးနှုန်းများကတော့ ဆိတ်ဖြူရှယ်သစ် ၂၃၅၀ကျပ်၊ဆိတ်ဖြူလတ်ကြီး ၂၃၀၀ကျပ်၊ဆိတ်ဖြူလတ်သန့်၂၁၅၀ကျပ်၊ ဆိတ်ဖြူလတ်ချော ၁၇၅၀ ကျပ်၊ မုံရွာရှယ် ၂၅၅၀ကျပ်၊မုံရွာလတ်ကြီး ၂၄၅၀ကျပ်၊မုံရွာလတ်ချော ၂၃၅၀ကျပ်၊မုံရွာလတ်သန့် ၁၉၅၀ကျပ်တို့ဖြင့် အရောင်းအဝယ် သတ်မှတ်ထားပါသည်။
crd
Unicode
ပွဲရုံအထိုင်စျေးမှာတင် ရက်ပိုင်းအတွင်းမြင့်တက်လာတဲ့ ကြက်သွန်နီစျေးနှုန်းများ
ရန်ကုန်ဘုရင့်နောင်ပွဲရုံအထိုင်ဈေးမှာတင်မုံရွာကြက်သွန်နီတစ်ပိဿာကို ကျပ် ၂၅၀၀ ကျော်အထိ ဈေးကောင်းရလာတယ်လို့ဘုရင့်နောင်ကုန်စည်ဒိုင်ကနေသိရပါတယ်။“ကြက်သွန်နီစိုက်တဲ့တောင်သူတွေကအရင် ၂နှစ်လောက်ကရှုံးခဲ့တာ၊အခုနှစ်မှဈေးကောင်းပြန်ရတာမျိုးပါ။
၃နှစ်လောက်ကြာမှကောင်းတဲ့ဈေးတန်းတစ်ခုပြောလို့ရတယ်။အခုပြည်တွင်းလက်ကျန်နည်းလာတာ စိုက်ပျိုးစရိတ်ကြီးလာတာတွေနဲ့ဆိုတော့ဈေးတန်း