Knowledge

ဖ႐ူဆို အစုလိုက္အၿပဳံလိုက္သတ္ျဖတ္မႈက်ဴးလြန္ခဲ့​ေသာစစ္​သားမ်ား ႏႈတ္ပိတ္မခံရမီ ထြက္​​ေျပးရန္ NUGဝန္ႀကီးတိုက္တြန္း

ဖ႐ူဆို အစုလိုက္အၿပဳံလိုက္သတ္ျဖတ္မႈက်ဴးလြန္ခဲ့​ေသာစစ္​သားမ်ား ႏႈတ္ပိတ္မခံရမီ ထြက္​​ေျပးရန္ NUGဝန္ႀကီးတိုက္တြန္း

ဖ႐ူဆို အစုလိုက္အၿပဳံလိုက္လူသတ္မႈ က်ဴးလြန္ခဲ့သည့္ စစ္ေကာင္စီတပ္သားမ်ား ႏႈတ္ပိတ္ခံရမည္ကိုစိုးရိမ္ရၿပီးႏႈတ္ပိတ္မခံရခင္ လြတ္ရာသို႔ထြက္ေျပးရန္ NUGအစိုးရ၏ ျပည္​ေထာင္စုဝန္ႀကီးေဒါက္တာတူးေခါင္က တိုက္တြန္းလိုက္သည္။

အမ်ိဳးသားညီၫြတ္ေရးအစိုးရ(NUG)၏ သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးက ယေန႔(ဇန္နဝါရီ ၁၀)တြင္ သူ၏​ေဖစ့္ဘြခ္တြင္​ေရးသားတိုက္တြန္းထားျခင္းျဖစ္သည္။ အိုင္စီ​ေဂ်တြင္ ဥ​ေရာပတရား႐ုံးအထိ့သြား​ေရာက္၍ သက္​ေသထြက္ခဲ့သည္မွာလည္း ရခိုင္ျပည္နယ္တြင္ ျဖစ္ခဲ့​ေသာ လူသတ္မႈတြင္ပါဝင္ခဲ့​ေသာ တပ္မ​ေတာ္သားမ်ားပင္ျဖစ္​ေၾကာင္းလည္း ၎က​ေရးသားထားသည္။

” ဖ႐ူဆို နဲ႔ စစ္ကိုင္းတိုင္းဖက္က အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္မီးရႈိ႕သြားတဲ့ ကိစၥဟာ စစ္ေခါင္းေဆာင္ေတြအတြက္ ရာဇဝတ္မႈ အႀကီးစား ျဖစ္ပါတယ္။ လြတ္လမ္းမရွိပါဘူး။ သူတို႔ထဲကပဲ သက္ေသထြက္ဆိုမဲ့ လူေတြ ထြက္လာမယ္ ဆိုတာလဲ သိေနမွာအမွန္ျဖစ္တယ္။ ဒီေတာ့သူတို႔နဲ႔ နီးစပ္တဲ့ မိသားစုေတြ အေနနဲ႔ ႏႈတ္ပိတ္မခံရခင္ ျမန္ျမန္လစ္ဖို႔ အႀကံေပး ပါရေစ” ဟု ေဒါက္တာတူးေခါင္ ကေရးသားတိုက္တြန္းထားသည္။

ယခုအခ်ိန္ ထြက္​ေျပး၍ ျပည္သူႏွင့္ပူး​ေပါင္းလွ်င္ လက္နက္ပါလွ်င္ သိန္း ၅၀ ပင္ရရွိဦးမည္ျဖစ္​ေၾကာင္းဆက္လက္​ေရးသားထားသည္။

ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၂၄ရက္က ကယားျပည္ဖ႐ူဆိုၿမိဳ႕၊
မိုဆို႐ြာအနီးတြင္ အရပ္သား ၄၇ ဦးထက္မနည္းကို အၾကမ္းဖက္စစ္ေကာင္စီက မီးရႈိ႕သတ္ျဖတ္ခဲ့ေသာေၾကာင့္ ယင္းကဲ့သို႔ အစုလိုက္အၿပဳံလိုက္ လူသတ္မႈကို အေရးယူနိင္ေရးအတြက္ ႏိုင္ငံတကာရာဇဝတ္ခုံ႐ုံးတို႔ တင္ျပမည္ဟု NUGက သတင္းထုတ္ျပန္ထားသည္။

မိုဆို႐ြာတြင္ အရပ္သားမ်ားအား အစုလိုက္အၿပဳံလိုက္ လူသတ္မႈက်ဴးလြန္ခဲ့သည့္ စစ္ေကာင္စီတပ္ဖြဲ႕မွာ ေဒသကြတ္ကဲမႈစစ္ဌာနခ်ဳပ္(လြိဳင္ေကာ္)လက္ေအာက္ခံ ဖ႐ူဆိုအေျခစိုက္ ခမရ(၅၃၁)ႏွင့္ တပ္မ(၆၆)လက္ေအာက္ခံတပ္ဖြဲ႕ဝင္မ်ား ျဖစ္သည္ဟု ကရင္နီျပည္နယ္ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

crd
-People’s Spring

Unicode
ဖရူဆို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်ခဲ့​သောစစ်​သားများ နှုတ်ပိတ်မခံရမီ ထွက်​​ပြေးရန် NUGဝန်ကြီးတိုက်တွန်း

ဖရူဆို အစုလိုက်အပြုံလိုက်လူသတ်မှု ကျူးလွန်ခဲ့သည့် စစ်ကောင်စီတပ်သားများ နှုတ်ပိတ်ခံရမည်ကိုစိုးရိမ်ရပြီးနှုတ်ပိတ်မခံရခင် လွတ်ရာသို့ထွက်ပြေးရန် NUGအစိုးရ၏ ပြည်​ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်က တိုက်တွန်းလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ယနေ့(ဇန်နဝါရီ ၁၀)တွင် သူ၏​ဖေစ့်ဘွခ်တွင်​ရေးသားတိုက်တွန်းထားခြင်းဖြစ်သည်။ အိုင်စီ​ဂျေတွင် ဥ​ရောပတရားရုံးအထိ့သွား​ရောက်၍ သက်​သေထွက်ခဲ့သည်မှာလည်း ရခိုင်ပြည်နယ်တွင် ဖြစ်ခဲ့​သော လူသတ်မှုတွင်ပါဝင်ခဲ့​သော တပ်မ​တော်သားများပင်ဖြစ်​ကြောင်းလည်း ၎င်းက​ရေးသားထားသည်။

” ဖရူဆို နဲ့ စစ်ကိုင်းတိုင်းဖက်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မီးရှို့သွားတဲ့ ကိစ္စဟာ စစ်ခေါင်းဆောင်တွေအတွက် ရာဇဝတ်မှု အကြီးစား ဖြစ်ပါတယ်။ လွတ်လမ်းမရှိပါဘူး။ သူတို့ထဲကပဲ သက်သေထွက်ဆိုမဲ့ လူတွေ ထွက်လာမယ် ဆိုတာလဲ သိနေမှာအမှန်ဖြစ်တယ်။ ဒီတော့သူတို့နဲ့ နီးစပ်တဲ့ မိသားစုတွေ အနေနဲ့ နှုတ်ပိတ်မခံရခင် မြန်မြန်လစ်ဖို့ အကြံပေး ပါရစေ” ဟု ဒေါက်တာတူးခေါင် ကရေးသားတိုက်တွန်းထားသည်။

ယခုအချိန် ထွက်​ပြေး၍ ပြည်သူနှင့်ပူး​ပေါင်းလျှင် လက်နက်ပါလျှင် သိန်း ၅၀ ပင်ရရှိဦးမည်ဖြစ်​ကြောင်းဆက်လက်​ရေးသားထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ရက်က ကယားပြည်ဖရူဆိုမြို့၊
မိုဆိုရွာအနီးတွင် အရပ်သား ၄၇ ဦးထက်မနည်းကို အကြမ်းဖက်စစ်ကောင်စီက မီးရှို့သတ်ဖြတ်ခဲ့သောကြောင့် ယင်းကဲ့သို့ အစုလိုက်အပြုံလိုက် လူသတ်မှုကို အရေးယူနိင်ရေးအတွက် နိုင်ငံတကာရာဇဝတ်ခုံရုံးတို့ တင်ပြမည်ဟု NUGက သတင်းထုတ်ပြန်ထားသည်။

မိုဆိုရွာတွင် အရပ်သားများအား အစုလိုက်အပြုံလိုက် လူသတ်မှုကျူးလွန်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့မှာ ဒေသကွတ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)လက်အောက်ခံ ဖရူဆိုအခြေစိုက် ခမရ(၅၃၁)နှင့် တပ်မ(၆၆)လက်အောက်ခံတပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု ကရင်နီပြည်နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

crd
-People’s Spring

Leave a Reply

Your email address will not be published. Required fields are marked *