မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ NUG ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္တို႔ ရက္ပိုင္းအတြင္း တရားဝင္ေတြ႕ဆုံမည္

မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ NUG ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္တို႔ ရက္ပိုင္းအတြင္း တရားဝင္ေတြ႕ဆုံမည္

ေမ ၁၂ ၊ ၂၀၂၂
မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးျဖစ္သူ ဆိုင္ဖူဒင္ အဗၺဒူလာက အမ်ိဳးသားညီ ၫြတ္ေရးအစိုးရ၊ ႏိုင္ငံျခားေရးဝန္ႀကီး ဌာန ျပည္ေထာင္စုဝန္ႀကီးေဒၚဇင္မာေအာင္နဲ႔ လာမယ့္ရက္ပိုင္းအတြင္းမွာ တရားဝင္ေတြ႕ဆုံသြားဖို႔ရွိပါတယ္။

မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးျဖစ္သူ ဆိုင္ဖူဒင္ အဗၺဒူလာက “က်ေနာ္အေနနဲ႔ သူ႔(ေဒၚဇင္မာေအာင္)ကို အသိေပးေျပာၾကားလိုတာကေတာ့ မေလးရွားအစိုးရနဲ႔ မေလးရွား ျပည္သူေတြဟာ ျမန္မာျပည္သူေတြကို အစဥ္အၿမဲ ေထာက္ခံအားေပးေနတယ္ ဆိုတာပါပဲ။ က်ေနာ္တို႔အေနနဲ႔ သြယ္ဝိုက္ၿပီးျဖစ္ေစ၊ အလြတ္ သေဘာျဖစ္ေစ သူနဲ႔ သူတို႔အဖြဲ႕ (NUG)ကို အကူအညီေပးခ်င္ပါတယ္။

ဒါျပင္ က်ေနာ္အေနနဲ႔လည္း သူေျပာမယ့္စကား ေတြကို နားေထာင္ခ်င္ပါတယ္။ သူ႔မွာသတင္းစကားေတြ၊ အခ်က္အလက္ေတြ ရွိႏိုင္ပါတယ္။ သူ႔သေဘာထား ေတြ၊ ထင္ျမင္ယူဆခ်က္ေတြ ျမန္မာႏိုင္ငံ.. အထူးသျဖင့္ ျမန္မာျပည္သူေတြ ဘယ္လိုေရွ႕ဆက္သြားၾကမလဲ ဆို တာ သိခ်င္ပါတယ္”လို႔ ေျပာၾကားလိုက္တာပါ။

မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးျဖစ္သူ ဆိုင္ဖူဒင္ အဗၺဒူလာနဲ႔ ႏိုင္ငံျခားေရးဝန္ ႀကီး ေဒၚဇင္မာေအာင္တို႔ ေတြ႕ဆုံမယ့္ ရက္က ေမ ၁၄ (စေနေန႔) ျဖစ္တယ္ဆိုၿပီးေတာ့ RFA သတင္းဌာနက ေဖာ္ျပထားပါတယ္။
အေမရိကန္-အာဆီယံ ထိပ္သီးအစည္းအေဝး တက္ေရာက္ဖို႔ ဝါရွင္တန္ဒီစီၿမိဳ႕ေတာ္မွာ ေရာက္ေနတဲ့ မေလးရွားႏိုင္ငံျခားေရးဝန္ ဆိုင္ဖူဒင္ အဗၺဒူလာက Benar News သတင္းဌာနနဲ႔ ေတြ႕ဆုံရာမွာ အခုလိုေျပာၾကား ခဲ့တာပါ။

မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးကေတာ့ အာဆီယံႏိုင္ငံေတြကို အမ်ိဳးသားညီ ၫြတ္ေရးအစိုးရနဲ႔ ထိေတြ႕ဆက္ဆံမႈ ေတြ လုပ္ၾကဖို႔အတြက္ တိုက္တြန္းထားပါေသးတယ္။

crd
#SpringReovlution
#PVTV
#PVTVNews

Unicode
မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ ရက်ပိုင်းအတွင်း တရားဝင်တွေ့ဆုံမည်

မေ ၁၂ ၊ ၂၀၂၂
မလေးရှားနိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဆိုင်ဖူဒင် အဗ္ဗဒူလာက အမျိုးသားညီ ညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်နဲ့ လာမယ့်ရက်ပိုင်းအတွင်းမှာ တရားဝင်တွေ့ဆုံသွားဖို့ရှိပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဆိုင်ဖူဒင် အဗ္ဗဒူလာက “ကျနော်အနေနဲ့ သူ့(ဒေါ်ဇင်မာအောင်)ကို အသိပေးပြောကြားလိုတာကတော့ မလေးရှားအစိုးရနဲ့ မလေးရှား ပြည်သူတွေဟာ မြန်မာပြည်သူတွေကို အစဉ်အမြဲ ထောက်ခံအားပေးနေတယ် ဆိုတာပါပဲ။ ကျနော်တို့အနေနဲ့ သွယ်ဝိုက်ပြီးဖြစ်စေ၊ အလွတ် သဘောဖြစ်စေ သူနဲ့ သူတို့အဖွဲ့ (NUG)ကို အကူအညီပေးချင်ပါတယ်။

ဒါပြင် ကျနော်အနေနဲ့လည်း သူပြောမယ့်စကား တွေကို နားထောင်ချင်ပါတယ်။ သူ့မှာသတင်းစကားတွေ၊ အချက်အလက်တွေ ရှိနိုင်ပါတယ်။ သူ့သဘောထား တွေ၊ ထင်မြင်ယူဆချက်တွေ မြန်မာနိုင်ငံ.. အထူးသဖြင့် မြန်မာပြည်သူတွေ ဘယ်လိုရှေ့ဆက်သွားကြမလဲ ဆို တာ သိချင်ပါတယ်”လို့ ပြောကြားလိုက်တာပါ။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဆိုင်ဖူဒင် အဗ္ဗဒူလာနဲ့ နိုင်ငံခြားရေးဝန် ကြီး ဒေါ်ဇင်မာအောင်တို့ တွေ့ဆုံမယ့် ရက်က မေ ၁၄ (စနေနေ့) ဖြစ်တယ်ဆိုပြီးတော့ RFA သတင်းဌာနက ဖော်ပြထားပါတယ်။
အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ ဝါရှင်တန်ဒီစီမြို့တော်မှာ ရောက်နေတဲ့ မလေးရှားနိုင်ငံခြားရေးဝန် ဆိုင်ဖူဒင် အဗ္ဗဒူလာက Benar News သတင်းဌာနနဲ့ တွေ့ဆုံရာမှာ အခုလိုပြောကြား ခဲ့တာပါ။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးကတော့ အာဆီယံနိုင်ငံတွေကို အမျိုးသားညီ ညွတ်ရေးအစိုးရနဲ့ ထိတွေ့ဆက်ဆံမှု တွေ လုပ်ကြဖို့အတွက် တိုက်တွန်းထားပါသေးတယ်။

crd
#SpringReovlution
#PVTV
#PVTVNews

Be the first to comment

Leave a Reply

Your email address will not be published.


*