❝ ပူတင္၏မုန႔္ေဝမႀကဳံ ၊ ဒုတ္ေဝႀကဳံမည့္ မအလရဲ႕ စစ္ေကာင္စီ ❞

❝ ပူတင္၏မုန႔္ေဝမႀကဳံ ၊ ဒုတ္ေဝႀကဳံမည့္ မအလရဲ႕ စစ္ေကာင္စီ ❞

မအလ ဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖြဲ႕၊ ႐ုရွႏိုင္ငံက ျပန္လာေတာ့ သတ င္းစာေရွ႕မ်က္ႏွာဖုံးမွာ” ကမာၻ႔အလည္ ျမန္မာ့ဂုဏ္ ဝင့္ထည္ေစေသာ မအလဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖြဲ႕အား ျပည္သူလူ ထုမ်ားက ေသာင္းေသာင္း ျဖျဖ ႀကိဳဆိုႏႈတ္ဆက္ ”ဆိုၿပီး ျပဴးတူး ၿပဲတဲ ေဖာ္ျပပါတယ္။

ခက္ေတာ့ ခက္ေနပါၿပီ၊ တုတ္ေဝမွာကို မုန႔္ေဝမယ္ထင္ၿပီး၊မာန္တက္ေနတာကိုး။ေဆြးေႏြးပြဲဖိုရမ္ရဲ႕ ေဘးေပါ က္အစီ အစဥ္တစ္ခုအေနနဲ႔ သမၼတပူတင္နဲ႔ ေတြ႕ခြင့္ရတာကိုပဲ ”ကမာၻ႔အ လည္ ျမန္မာ့ဂုဏ္ ဝင့္ထည္ပါတယ္ ေျပာလိုေျပာ” ပူတင္ကို ကမာၻ႔ေခါင္း ေဆာင္ႀကီးလို႔ ဖားလို႔ဖား၊ ျဖစ္ေနပုံက ဘာသိကၡာမွေတာင္ မရွိေတာ့ပါဘူး။

တကယ္ကေတာ့ မအလတို႔ သမၼတပူတင္နဲ႔ ေတြ႕ခြင့္ရခ်ိန္ဟာ ယူကရိန္းမွာ ႐ုရွတပ္ဖြဲ႕ေတြ ႐ုပ္ပ်က္ဆင္းပ်က္ ကို ယ္လြတ္႐ုန္း ဆုတ္ခြာထြက္ေျပးရၿပီး၊ သမၼတပူတင္ရဲ႕ အာဏာအုတ္ျမစ္မွာ အက္ ေၾကာင္းေတြ စျဖစ္လာတဲ့အ ခ်ိန္ပါ။ ႐ုရွျပည္တြင္းေရးကထားလို က္ပါေတာ့။ အခုဘာေၾကာင့္ ”မုန႔္ေဝမႀကဳံ၊တုတ္ေဝႀကဳံ”ဆိုတာ ေျပာပါ့မယ္။

အေမရိကန္နဲ႔ဥေရာပသမဂၢ ဦးေဆာ င္ၿပီး ႐ုရွႏိုင္ငံအေပၚ ခ်မွတ္ထားတဲ့ စီးပြားေရးပိတ္ဆို႔မႈေတြဟာ အေပၚယံျမင္ကြင္းမွာ ထင္းကနဲ ျမင္မေနရေပမယ့္ အက်ိဳးသက္ေရာက္မႈေတြ စျပေနပါၿပီ။
ဥပမာေျပာရရင္ ႐ုရွၾကက္ေမြးျမဴေရးဟာ ျပည္ပကတင္သြင္းရတဲ့ ကုန္ၾက မ္းေတြအေပၚ (၉၉)ရာခိုင္ႏႈန္း မွီခိုေနရတာ ျဖစ္လို႔ လုံးဝရပ္ဆိုင္းေတာ့မယ့္ကိန္းစိုက္ေနပါၿပီ။ ႐ုရွေလေၾကာ င္းသြား လာေရးလည္း အလားတူပါပဲ၊လုံးဝရပ္သြားမွာကို ျမင္ေနရပါၿပီ။

ဒီေတာ့ အေမရိကန္နဲ႔ဥေရာပသမဂၢဟာ ႐ုရွားအေပၚ ေနာက္တစ္ဆင့္ ဝက္အူတင္းဖို႔ ျပင္ ဆင္ေနပါၿပီ။ဒါကေတာ့ဆင့္ပြားပိတ္ဆို႔မႈ(second ary sanction)အေနနဲ႔ ပိတ္ဆို႔ထားတဲ့ စီးပြားေရးပိတ္ဆို႔မႈေတြ အ ေပၚေဖာက္ထြက္ႏိုင္ေအာင္ ႐ုရွႏိုင္ငံကို ကူညီေနတဲ့ ႏိုင္ငံေတြအေပၚ အ ေရးယူဖို႔ျပင္ဆင္ေနတာပါ။
႐ုရွႏိုင္ငံအေပၚ ခ်မွတ္ထားတဲ့ စီးပြား ေရးပိတ္ဆို႔မႈေတြကို ေဖာက္ထြက္ႏိုင္ေအာင္ အဓိကကူညီေနတဲ့ ႏိုင္ငံေတြကိုေျပာရရင္တူရကီ၊ တ႐ုတ္၊ ဥဇဘ က္ကစၥတန္နဲ႔ ကာဇက္စတန္ႏိုင္ငံေတြပါ။

ဘယ္လိုကူ ညီသလဲ ဆိုေတာ့ နဝတ/နအဖေခတ္မွာ စင္ကာပူက ၾကားခံသေဘာလုပ္ၿပီး စီးပြားေရးပိတ္ဆို႔မႈကို ေရွာင္ထြက္ႏိုင္ေအာင္ လုပ္ေပးတဲ့ သေဘာပါပဲ။ အေျခအေနကို ျမင္ေအာင္ေျပာရရင္ယူကရိန္း က်ဴး ေက်ာ္မႈေၾကာင့္ ႐ုရွႏိုင္ငံအေပၚစီးပြားေရးပိတ္ဆို႔မႈ စတဲ့အခ်ိန္မွာ ႐ုရွေတြဟာ တူရကီကိုသြားၿပီး အထိုင္သစ္ခ်ပါတယ္။

တူရကီကလည္း ပိုက္ဆံသာယူခဲ့၊ အ ခ်ိန္မေ႐ြးဆိုၿပီး ႀကိဳဆိုခဲ့ပါတယ္။ တူ ရကီမွာ ေဒၚလာေလးသိန္းေလာက္ ရင္းႏွီးမယ္ဆိုရင္ တစ္ႏွစ္အတြင္း တူ ရကီႏိုင္ငံသားျဖစ္ခ်င္လည္းရပါတယ္ ။႐ုရွေတြဟာ တူရကီမွာ ကုမၸဏီေထာ င္ၿပီး၊ ႐ုရွႏိုင္ငံအေနနဲ႔ တင္သြင္းခြင့္မရ၊ တင္သြင္းခြင့္မရွိတဲ့ ပစၥည္းေတြကို တူရကီႏိုင္ငံအေနနဲ႔ တင္သြင္းပါတယ္။

တင္သြင္းထားတဲ့ ပစၥည္းေတြေရာက္ၿပီဆိုမွ ႐ုရွႏိုင္ငံထဲ ျပန္တင္သြင္းတာပါ။ ႐ုရွႏိုင္ငံမွာ အရင္ကဒီလိုတစ္ဆ င့္ခံ တင္သြင္းမႈကို ခြင့္မျပဳပါဘူး၊အခုခြင့္ျပဳပါတယ္။အစပိုင္းမွာ အဆင္ေျပေနသလိုပါပဲ။
ဒါေပမယ့္ ဇူလိုင္လထဲမွာ အေမရိက န္ႏိုင္ငံက၊ဥဇဘတ္သယ္ယူပို႔ေဆာင္ေရး ကုမၸဏီျဖစ္တဲ့ Promcomplekt logisticကို ႐ုရွႏိုင္ငံအေပၚ ကူညီမႈအတြက္ ဒဏ္ခတ္၊ပိတ္ဆို႔ အေရးယူျပခဲ့ပါတယ္။ ဒီမွာ အေျခအေနေတြ စေျပာင္းလာပါတယ္။

တူရကီႏိုင္ငံအတြက္ ကမာၻ႔ေဈးကြက္ႀကီးနဲ႔ယွဥ္လိုက္ရင္ ႐ုရွေဈးကြက္ဆိုတာ တကယ့္ေသးေသးေလးပါ။ ႐ုရွေတြ တူရကီႏိုင္ငံမွာ စီးပြားေရး လာလုပ္ရင္ ဘာမလုပ္ရ၊ ညာမလုပ္ရ ဆိုတဲ့ ကန႔္သတ္ခ်က္ေတြကို တူရကီအ စိုးရက ခ်မွတ္လာပါတယ္။

တ႐ုတ္ႏိုင္ငံမွာလည္း အလားတူ ျဖစ္ ရပ္မ်ိဳးပါပဲ။ ႐ုရွႏိုင္ငံအေပၚ စီးပြား ေရးပိတ္ဆို႔မႈ အစပိုင္းမွာ၊ ႐ုရွ ႏိုင္ငံ သားေတြ ပိုက္ဆံယူလာၿပီး တ႐ုတ္မွာ ဘဏ္စာရင္းဖြင့္ခဲ့ရင္ တ႐ုတ္ႏိုင္ငံရဲ႕Union Payကို သုံးလို႔ ရပါတယ္။
အခုေတာ့ တ႐ုတ္ႏိုင္ငံကလည္း သူတို႔အေပၚ ဆင့္ပြားဒဏ္ခတ္ပိတ္ဆို႔မႈ က်လာမယ့္ အႏၲရာယ္ကို ျမင္ရေတာ့ ႐ုရွားႏိုင္ငံသားေတြကို UnionPay သုံးခြင့္မျပဳေတာ့ပါဘူး။

Huaweiနဲ႔ Xiaomi လို တ႐ုတ္ကုမၸ ဏီေတြေတာင္ ႐ုရွႏိုင္ငံမွာ၊ လုပ္ငန္းလုပ္ေနတာကို လုံးဝမရပ္ေသးေပမ ယ့္လုပ္ငန္းပမာဏကို သိသိသာသာ ေလွ်ာ့ခ်လာပါတယ္။
ကုန္သြယ္မႈကို ၾကည့္ရင္လည္း ႐ုရွႏိုင္ငံဆီ တ႐ုတ္ႏိုင္ငံရဲ႕ကုန္ပစၥည္း တင္ပို႔မႈဟာ ၂၀၂၀ခုႏွစ္ ဒီဇင္ ဘာလမွာ ေဒၚလာ(၈.၁၄)ဘီလ်ံရွိေပမယ့္ ၂၀၂၂ခုႏွစ္ ဧၿပီလ မွာေတာ့ (၃.၈)ဘီလ်ံပဲ ရွိပါေတာ့တယ္။

ကမာၻ႔စီးပြားေရး သေဘာသဘာဝကို နားလည္တဲ့ ႏိုင္ငံႀကီးေတြက ႐ုရွႏိုင္ငံနဲ႔ ပတ္သတ္ရမယ့္ အေရး ေဝးေဝးက ေရွာင္ေနခ်ိန္မွာ မအလတို႔က၊ဘုမသိ ဘမသိ၊နန႔္နန႔္တက္ ပတ္သက္ခ်င္ေနတာပါ။
ေရနံကိစၥလည္း ေျပာပါဦးမယ္။ ယူက ရိန္းစစ္စရိတ္ဖိစီးေနတဲ့ သမၼတပူတင္ဟာ အိႏၵိယနဲ႔ တ႐ုတ္တို႔ လို ႏိုင္ငံေတြဆီ၊ေရနံတစ္စည္ကို ေဒၚလာ၃၅-၄၀ ေလွ်ာ့ေဈးေပးၿပီး ေရာင္းေနတာပါ။

အၾကမ္းဖ်င္းေရနံတစ္စည္ကို ေဒၚ လာ(၅၀)ဝန္းက်င္ ေဈးသင့္ၿပီး အိႏၵိ ယ၊တ႐ုတ္တို႔ကို ေရာင္းေနတာပါ။တ ကယ္ကေတာ့ ထုတ္လုပ္မႈစနစ္ ညံ့ ဖ်င္းတဲ့အတြက္ ႐ုရွႏိုင္ငံ ေရနံတစ္စည္ေဈးရင္းဟာ ၄၄-၄၅ ေဒၚလာရွိ ပါတယ္။ေငြေပၚေရာင္းေဈးေပါ့။အခုေတာ့ ႐ုရွႏိုင္ငံဟာ ေငြေပၚေရာင္း ေဈးေတာင္ ေနာက္ပိုမလြယ္ ျဖစ္ပါေတာ့မယ္။

အေနာက္ႏိုင္ငံႀကီးေတြက သူတို႔အ နိမ့္ဆုံးအထိ ဆြဲခ်သတ္မွတ္ထားတဲ့ ေဈးႏႈန္းနဲ႔ အေရာင္းအဝယ္ မလုပ္ဘူးဆိုရင္ ႐ုရွေရနံေရာင္းမထြက္ေအာင္ အေရးယူဒဏ္ခတ္ဖို႔ စီစဥ္ေနပါၿပီ။ ႐ုရွေရနံစိမ္း ေရာင္းဝယ္မႈအ ေပၚ ဒဏ္ခတ္မႈကို ဒီႏွစ္ဒီဇင္ဘာလမွာစမွာ ျဖစ္ၿပီး ဒီဇယ္၊ဓာတ္ဆီလို ေရ နံထြက္ပစၥည္းေတြ အေပၚဒဏ္ခတ္မႈကို ေနာက္ႏွစ္ ေဖေဖာ္ဝါရီလမွာစမွာပါ။

ဘယ္လို ဒဏ္ခတ္အေရးယူမွာလဲ ဆိုေတာ့ ႐ုရွေရနံတစ္စည္ကို (၄၆)ေဒၚ လာ သတ္မွတ္တယ္ဆိုပါ ေတာ့ (အခုထိေတာ့တရားဝင္မသတ္မွတ္ရေသး ပါဘူး)။ ႐ုရွရဲ႕အရင္းက ေရနံတစ္စည္ကို၄၄-၄၅ေဒၚလာဆိုေတာ့ မရႈံး႐ုံေပါ့ ။ ဒါသယ္ယူပို႔ေဆာင္စရိတ္ မပါေသး ပါဘူး။သေဘၤာသယ္ယူ ပို႔ေဆာင္ ေရးဆိုင္ရာ အာမခံကုမၸဏီေတြရဲ႕ (၉၀) ရာခိုင္ႏႈန္းေလာက္ကို အေနာက္ႏိုင္ငံႀကီးေတြက ခ်ဳပ္ကိုင္ ထားတာျဖစ္လို႔ ဒီဒဏ္ခတ္ပိတ္ဆို႔မႈကို ေရွာင္ရွားဖို႔က မျဖစ္ႏိုင္သေလာက္ပါပဲ။

ဒီေတာ့ အိႏၵိယနဲ႔တ႐ုတ္တို႔လို ႏိုင္ငံေတြနဲ႔ကပ္ၿပီး ေရနံဝယ္မယ့္ မအလတို႔အတြက္ ေဈးသက္သာ ေတာ့ ပိုတြက္ေျခ မကိုက္ဖူးလားလို႔ ေမးစရာရွိပါတယ္။ ဟုတ္ပါတယ္ ဝယ္တဲ့ လူ အတြက္ကေတာ့ ေဈးနည္းေလေလ ေကာင္းေလေလပါပဲ။
ဒါေပမဲ့ ဝယ္တဲ့သူအတြက္ သိပ္ေကာ င္းေနေတာ့ ေရာင္းတဲ့႐ုရွႏိုင္ငံအတြ က္”မခံစားႏိုင္ဘူး”လို႔ေျပာရေလာက္ေအာင္ ခက္သြားတာပါ။ အေျခအေနက ပိုေရာင္းရ ေလေလ ပိုနစ္နာေလေလ ျဖစ္ေတာ့မွာပါ။ ဒါေၾကာင့္ တစ္ခ်ိန္မွာ ႐ုရွႏိုင္ငံဟာ ”ေရနံအေရာင္းရပ္ လိုက္ပါၿပီ”လို႔ ကိုယ့္ဘာသာကိုယ္ ဆုံးျဖတ္ခ်က္ခ်ရေတာ့မွာပါ။

႐ုရွေရနံရေတာ့မယ္ဆိုၿပီး ”တူးပို႔တူးပို႔”လုပ္ေနတဲ့ မအလတို႔အတြက္ေတာ့ မရႉႏိုင္မကယ္ႏိုင္ ျဖစ္ရ ေတာ့မွာပါ။တစ္ဖက္မွာလည္း သမၼတပူတင္နဲ႔ လုံးေထြးလုံးေထြး လုပ္ေလေလ ႐ုရွႏိုင္ငံအေပၚခ်မွတ္ ထားတဲ့ စီးပြားေရး ဒဏ္ခတ္ပိတ္ဆို႔မႈရဲ႕ ဆင့္ပြားသက္ ေရာက္မႈ(secondary sanction) က မအလတို႔အေပၚ က်ေရာက္ဖို႔ အ ခြင့္အလမ္း မ်ားေလေလ ျဖစ္ေတာ့မွာပါ။
ဒါဟာ မအလစစ္အုပ္စုအဖို႔၊ ကိုယ့္မွာရွိၿပီးသား မေထြးႏိုင္မအန္ႏိုင္ စီးပြားေရးပိတ္ဆို႔မႈေတြ အျပင္၊ ႐ုရွႏိုင္ငံေၾကာင့္ ျဖစ္လာမယ့္ စီးပြားေရး ပိတ္ ဆို႔မႈေတြကိုပါ ”အပိုဆု” အေနနဲ႔ ခံ စားရမွာပါ။
တုတ္ေဝခံရေတာ့မွာကို မုန႔္ေဝေပးေတာ့မွာလိုလို၊ ထင္ေယာင္ထင္မွား၊ အိမ္ မက္မက္ေနတဲ့ မအလ စစ္အုပ္စုကို တိုက္တြန္းပါရေစ။ ႐ုရွသမၼတပူတင္နဲ႔ လုံးေထြးလုံးေထြးလုပ္ၿပီး” ကမာၻ႔အလည္မွာ ျမန္မာ့ဂုဏ္ဝင့္ထည္ၿပီေဟ့”လို႔က်ယ္ေလာင္သထက္ က်ယ္ေလာင္ေအာင္သာ ဟစ္ေႂကြး လိုက္ၾကပါ ေတာ့။

crd
ေလ႐ိုင္း
#ေလ႐ိုင္း
#CreditOriginalUploaderေရးသားခ်က္အားမွ်ေဝသည္

Unicode
❝ ပူတင်၏မုန့်ဝေမကြုံ ၊ ဒုတ်ဝေကြုံမည့် မအလရဲ့ စစ်ကောင်စီ ❞

မအလ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့၊ ရုရှနိုင်ငံက ပြန်လာတော့ သတ င်းစာရှေ့မျက်နှာဖုံးမှာ” ကမ္ဘာ့အလည် မြန်မာ့ဂုဏ် ဝင့်ထည်စေသော မအလဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့အား ပြည်သူလူ ထုများက သောင်းသောင်း ဖြဖြ ကြိုဆိုနှုတ်ဆက် ”ဆိုပြီး ပြူးတူး ပြဲတဲ ဖော်ပြပါတယ်။

ခက်တော့ ခက်နေပါပြီ၊ တုတ်ဝေမှာကို မုန့်ဝေမယ်ထင်ပြီး၊မာန်တက်နေတာကိုး။ဆွေးနွေးပွဲဖိုရမ်ရဲ့ ဘေးပေါ က်အစီ အစဉ်တစ်ခုအနေနဲ့ သမ္မတပူတင်နဲ့ တွေ့ခွင့်ရတာကိုပဲ ”ကမ္ဘာ့အ လည် မြန်မာ့ဂုဏ် ဝင့်ထည်ပါတယ် ပြောလိုပြော” ပူတင်ကို ကမ္ဘာ့ခေါင်း ဆောင်ကြီးလို့ ဖားလို့ဖား၊ ဖြစ်နေပုံက ဘာသိက္ခာမှတောင် မရှိတော့ပါဘူး။

တကယ်ကတော့ မအလတို့ သမ္မတပူတင်နဲ့ တွေ့ခွင့်ရချိန်ဟာ ယူကရိန်းမှာ ရုရှတပ်ဖွဲ့တွေ ရုပ်ပျက်ဆင်းပျက် ကို ယ်လွတ်ရုန်း ဆုတ်ခွာထွက်ပြေးရပြီး၊ သမ္မတပူတင်ရဲ့ အာဏာအုတ်မြစ်မှာ အက် ကြောင်းတွေ စဖြစ်လာတဲ့အ ချိန်ပါ။ ရုရှပြည်တွင်းရေးကထားလို က်ပါတော့။ အခုဘာကြောင့် ”မုန့်ဝေမကြုံ၊တုတ်ဝေကြုံ”ဆိုတာ ပြောပါ့မယ်။

အမေရိကန်နဲ့ဥရောပသမဂ္ဂ ဦးဆော င်ပြီး ရုရှနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေဟာ အပေါ်ယံမြင်ကွင်းမှာ ထင်းကနဲ မြင်မနေရပေမယ့် အကျိုးသက်ရောက်မှုတွေ စပြနေပါပြီ။
ဥပမာပြောရရင် ရုရှကြက်မွေးမြူရေးဟာ ပြည်ပကတင်သွင်းရတဲ့ ကုန်ကြ မ်းတွေအပေါ် (၉၉)ရာခိုင်နှုန်း မှီခိုနေရတာ ဖြစ်လို့ လုံးဝရပ်ဆိုင်းတော့မယ့်ကိန်းစိုက်နေပါပြီ။ ရုရှလေကြော င်းသွား လာရေးလည်း အလားတူပါပဲ၊လုံးဝရပ်သွားမှာကို မြင်နေရပါပြီ။

ဒီတော့ အမေရိကန်နဲ့ဥရောပသမဂ္ဂဟာ ရုရှားအပေါ် နောက်တစ်ဆင့် ဝက်အူတင်းဖို့ ပြင် ဆင်နေပါပြီ။ဒါကတော့ဆင့်ပွားပိတ်ဆို့မှု(second ary sanction)အနေနဲ့ ပိတ်ဆို့ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေ အ ပေါ်ဖောက်ထွက်နိုင်အောင် ရုရှနိုင်ငံကို ကူညီနေတဲ့ နိုင်ငံတွေအပေါ် အ ရေးယူဖို့ပြင်ဆင်နေတာပါ။
ရုရှနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွား ရေးပိတ်ဆို့မှုတွေကို ဖောက်ထွက်နိုင်အောင် အဓိကကူညီနေတဲ့ နိုင်ငံတွေကိုပြောရရင်တူရကီ၊ တရုတ်၊ ဥဇဘ က်ကစ္စတန်နဲ့ ကာဇက်စတန်နိုင်ငံတွေပါ။

ဘယ်လိုကူ ညီသလဲ ဆိုတော့ နဝတ/နအဖခေတ်မှာ စင်ကာပူက ကြားခံသဘောလုပ်ပြီး စီးပွားရေးပိတ်ဆို့မှုကို ရှောင်ထွက်နိုင်အောင် လုပ်ပေးတဲ့ သဘောပါပဲ။ အခြေအနေကို မြင်အောင်ပြောရရင်ယူကရိန်း ကျူး ကျော်မှုကြောင့် ရုရှနိုင်ငံအပေါ်စီးပွားရေးပိတ်ဆို့မှု စတဲ့အချိန်မှာ ရုရှတွေဟာ တူရကီကိုသွားပြီး အထိုင်သစ်ချပါတယ်။

တူရကီကလည်း ပိုက်ဆံသာယူခဲ့၊ အ ချိန်မရွေးဆိုပြီး ကြိုဆိုခဲ့ပါတယ်။ တူ ရကီမှာ ဒေါ်လာလေးသိန်းလောက် ရင်းနှီးမယ်ဆိုရင် တစ်နှစ်အတွင်း တူ ရကီနိုင်ငံသားဖြစ်ချင်လည်းရပါတယ် ။ရုရှတွေဟာ တူရကီမှာ ကုမ္ပဏီထော င်ပြီး၊ ရုရှနိုင်ငံအနေနဲ့ တင်သွင်းခွင့်မရ၊ တင်သွင်းခွင့်မရှိတဲ့ ပစ္စည်းတွေကို တူရကီနိုင်ငံအနေနဲ့ တင်သွင်းပါတယ်။

တင်သွင်းထားတဲ့ ပစ္စည်းတွေရောက်ပြီဆိုမှ ရုရှနိုင်ငံထဲ ပြန်တင်သွင်းတာပါ။ ရုရှနိုင်ငံမှာ အရင်ကဒီလိုတစ်ဆ င့်ခံ တင်သွင်းမှုကို ခွင့်မပြုပါဘူး၊အခုခွင့်ပြုပါတယ်။အစပိုင်းမှာ အဆင်ပြေနေသလိုပါပဲ။
ဒါပေမယ့် ဇူလိုင်လထဲမှာ အမေရိက န်နိုင်ငံက၊ဥဇဘတ်သယ်ယူပို့ဆောင်ရေး ကုမ္ပဏီဖြစ်တဲ့ Promcomplekt logisticကို ရုရှနိုင်ငံအပေါ် ကူညီမှုအတွက် ဒဏ်ခတ်၊ပိတ်ဆို့ အရေးယူပြခဲ့ပါတယ်။ ဒီမှာ အခြေအနေတွေ စပြောင်းလာပါတယ်။

တူရကီနိုင်ငံအတွက် ကမ္ဘာ့ဈေးကွက်ကြီးနဲ့ယှဉ်လိုက်ရင် ရုရှဈေးကွက်ဆိုတာ တကယ့်သေးသေးလေးပါ။ ရုရှတွေ တူရကီနိုင်ငံမှာ စီးပွားရေး လာလုပ်ရင် ဘာမလုပ်ရ၊ ညာမလုပ်ရ ဆိုတဲ့ ကန့်သတ်ချက်တွေကို တူရကီအ စိုးရက ချမှတ်လာပါတယ်။

တရုတ်နိုင်ငံမှာလည်း အလားတူ ဖြစ် ရပ်မျိုးပါပဲ။ ရုရှနိုင်ငံအပေါ် စီးပွား ရေးပိတ်ဆို့မှု အစပိုင်းမှာ၊ ရုရှ နိုင်ငံ သားတွေ ပိုက်ဆံယူလာပြီး တရုတ်မှာ ဘဏ်စာရင်းဖွင့်ခဲ့ရင် တရုတ်နိုင်ငံရဲ့Union Payကို သုံးလို့ ရပါတယ်။
အခုတော့ တရုတ်နိုင်ငံကလည်း သူတို့အပေါ် ဆင့်ပွားဒဏ်ခတ်ပိတ်ဆို့မှု ကျလာမယ့် အန္တရာယ်ကို မြင်ရတော့ ရုရှားနိုင်ငံသားတွေကို UnionPay သုံးခွင့်မပြုတော့ပါဘူး။

Huaweiနဲ့ Xiaomi လို တရုတ်ကုမ္ပ ဏီတွေတောင် ရုရှနိုင်ငံမှာ၊ လုပ်ငန်းလုပ်နေတာကို လုံးဝမရပ်သေးပေမ ယ့်လုပ်ငန်းပမာဏကို သိသိသာသာ လျှော့ချလာပါတယ်။
ကုန်သွယ်မှုကို ကြည့်ရင်လည်း ရုရှနိုင်ငံဆီ တရုတ်နိုင်ငံရဲ့ကုန်ပစ္စည်း တင်ပို့မှုဟာ ၂၀၂၀ခုနှစ် ဒီဇင် ဘာလမှာ ဒေါ်လာ(၈.၁၄)ဘီလျံရှိပေမယ့် ၂၀၂၂ခုနှစ် ဧပြီလ မှာတော့ (၃.၈)ဘီလျံပဲ ရှိပါတော့တယ်။

ကမ္ဘာ့စီးပွားရေး သဘောသဘာဝကို နားလည်တဲ့ နိုင်ငံကြီးတွေက ရုရှနိုင်ငံနဲ့ ပတ်သတ်ရမယ့် အရေး ဝေးဝေးက ရှောင်နေချိန်မှာ မအလတို့က၊ဘုမသိ ဘမသိ၊နန့်နန့်တက် ပတ်သက်ချင်နေတာပါ။
ရေနံကိစ္စလည်း ပြောပါဦးမယ်။ ယူက ရိန်းစစ်စရိတ်ဖိစီးနေတဲ့ သမ္မတပူတင်ဟာ အိန္ဒိယနဲ့ တရုတ်တို့ လို နိုင်ငံတွေဆီ၊ရေနံတစ်စည်ကို ဒေါ်လာ၃၅-၄၀ လျှော့ဈေးပေးပြီး ရောင်းနေတာပါ။

အကြမ်းဖျင်းရေနံတစ်စည်ကို ဒေါ် လာ(၅၀)ဝန်းကျင် ဈေးသင့်ပြီး အိန္ဒိ ယ၊တရုတ်တို့ကို ရောင်းနေတာပါ။တ ကယ်ကတော့ ထုတ်လုပ်မှုစနစ် ညံ့ ဖျင်းတဲ့အတွက် ရုရှနိုင်ငံ ရေနံတစ်စည်ဈေးရင်းဟာ ၄၄-၄၅ ဒေါ်လာရှိ ပါတယ်။ငွေပေါ်ရောင်းဈေးပေါ့။အခုတော့ ရုရှနိုင်ငံဟာ ငွေပေါ်ရောင်း ဈေးတောင် နောက်ပိုမလွယ် ဖြစ်ပါတော့မယ်။

အနောက်နိုင်ငံကြီးတွေက သူတို့အ နိမ့်ဆုံးအထိ ဆွဲချသတ်မှတ်ထားတဲ့ ဈေးနှုန်းနဲ့ အရောင်းအဝယ် မလုပ်ဘူးဆိုရင် ရုရှရေနံရောင်းမထွက်အောင် အရေးယူဒဏ်ခတ်ဖို့ စီစဉ်နေပါပြီ။ ရုရှရေနံစိမ်း ရောင်းဝယ်မှုအ ပေါ် ဒဏ်ခတ်မှုကို ဒီနှစ်ဒီဇင်ဘာလမှာစမှာ ဖြစ်ပြီး ဒီဇယ်၊ဓာတ်ဆီလို ရေ နံထွက်ပစ္စည်းတွေ အပေါ်ဒဏ်ခတ်မှုကို နောက်နှစ် ဖေဖော်ဝါရီလမှာစမှာပါ။

ဘယ်လို ဒဏ်ခတ်အရေးယူမှာလဲ ဆိုတော့ ရုရှရေနံတစ်စည်ကို (၄၆)ဒေါ် လာ သတ်မှတ်တယ်ဆိုပါ တော့ (အခုထိတော့တရားဝင်မသတ်မှတ်ရသေး ပါဘူး)။ ရုရှရဲ့အရင်းက ရေနံတစ်စည်ကို၄၄-၄၅ဒေါ်လာဆိုတော့ မရှုံးရုံပေါ့ ။ ဒါသယ်ယူပို့ဆောင်စရိတ် မပါသေး ပါဘူး။သင်္ဘောသယ်ယူ ပို့ဆောင် ရေးဆိုင်ရာ အာမခံကုမ္ပဏီတွေရဲ့ (၉၀) ရာခိုင်နှုန်းလောက်ကို အနောက်နိုင်ငံကြီးတွေက ချုပ်ကိုင် ထားတာဖြစ်လို့ ဒီဒဏ်ခတ်ပိတ်ဆို့မှုကို ရှောင်ရှားဖို့က မဖြစ်နိုင်သလောက်ပါပဲ။

ဒီတော့ အိန္ဒိယနဲ့တရုတ်တို့လို နိုင်ငံတွေနဲ့ကပ်ပြီး ရေနံဝယ်မယ့် မအလတို့အတွက် ဈေးသက်သာ တော့ ပိုတွက်ခြေ မကိုက်ဖူးလားလို့ မေးစရာရှိပါတယ်။ ဟုတ်ပါတယ် ဝယ်တဲ့ လူ အတွက်ကတော့ ဈေးနည်းလေလေ ကောင်းလေလေပါပဲ။
ဒါပေမဲ့ ဝယ်တဲ့သူအတွက် သိပ်ကော င်းနေတော့ ရောင်းတဲ့ရုရှနိုင်ငံအတွ က်”မခံစားနိုင်ဘူး”လို့ပြောရလောက်အောင် ခက်သွားတာပါ။ အခြေအနေက ပိုရောင်းရ လေလေ ပိုနစ်နာလေလေ ဖြစ်တော့မှာပါ။ ဒါကြောင့် တစ်ချိန်မှာ ရုရှနိုင်ငံဟာ ”ရေနံအရောင်းရပ် လိုက်ပါပြီ”လို့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက်ချရတော့မှာပါ။

ရုရှရေနံရတော့မယ်ဆိုပြီး ”တူးပို့တူးပို့”လုပ်နေတဲ့ မအလတို့အတွက်တော့ မရှူနိုင်မကယ်နိုင် ဖြစ်ရ တော့မှာပါ။တစ်ဖက်မှာလည်း သမ္မတပူတင်နဲ့ လုံးထွေးလုံးထွေး လုပ်လေလေ ရုရှနိုင်ငံအပေါ်ချမှတ် ထားတဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုရဲ့ ဆင့်ပွားသက် ရောက်မှု(secondary sanction) က မအလတို့အပေါ် ကျရောက်ဖို့ အ ခွင့်အလမ်း များလေလေ ဖြစ်တော့မှာပါ။
ဒါဟာ မအလစစ်အုပ်စုအဖို့၊ ကိုယ့်မှာရှိပြီးသား မထွေးနိုင်မအန်နိုင် စီးပွားရေးပိတ်ဆို့မှုတွေ အပြင်၊ ရုရှနိုင်ငံကြောင့် ဖြစ်လာမယ့် စီးပွားရေး ပိတ် ဆို့မှုတွေကိုပါ ”အပိုဆု” အနေနဲ့ ခံ စားရမှာပါ။
တုတ်ဝေခံရတော့မှာကို မုန့်ဝေပေးတော့မှာလိုလို၊ ထင်ယောင်ထင်မှား၊ အိမ် မက်မက်နေတဲ့ မအလ စစ်အုပ်စုကို တိုက်တွန်းပါရစေ။ ရုရှသမ္မတပူတင်နဲ့ လုံးထွေးလုံးထွေးလုပ်ပြီး” ကမ္ဘာ့အလည်မှာ မြန်မာ့ဂုဏ်ဝင့်ထည်ပြီဟေ့”လို့ကျယ်လောင်သထက် ကျယ်လောင်အောင်သာ ဟစ်ကြွေး လိုက်ကြပါ တော့။

crd
လေရိုင်း
#လေရိုင်း
#CreditOriginalUploaderရေးသားချက်အားမျှဝေသည်

Be the first to comment

Leave a Reply

Your email address will not be published.


*