Knowledge

မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ ငယ္ဘဝအိပ္မက္ျဖစ္ၿပီး ေရာ္နယ္ဒိုဟာသူ႔ရဲ႕ ဟီး႐ိုးပါလို႔ ဖြင့္ဟလာခဲ့တဲ့ သရဲနီတို႔ရဲ႕ ဇန္နဝါရီအဓိကပစ္မွတ္ Amadou Haidara

မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ ငယ္ဘဝအိပ္မက္ျဖစ္ၿပီး ေရာ္နယ္ဒိုဟာသူ႔ရဲ႕ ဟီး႐ိုးပါလို႔ ဖြင့္ဟလာခဲ့တဲ့ သရဲနီတို႔ရဲ႕ ဇန္နဝါရီအဓိကပစ္မွတ္ Amadou Haidara

Amadou Haidara သည္ မန္ယူသို႔ အေျပာင္းအေ႐ႊ႕ေကာလာဟလမ်ားႏွင့္ နည္းျပေဟာင္းRangnickႏွင့္ ဆက္ဆံေရးကို ပထမဆုံးအႀကိမ္ ထုတ္ေဖာ္ေျပာၾကားခဲ့သည္။ သူဟာ နည္းျပေဟာင္း Rangnic ရဲ႕ ေက်းဇူးကို အရမ္းတင္ခဲ့ၿပီး ခရစၥတီယာႏို ေရာ္နယ္ဒိုနဲ႔ တျခားယူႏိုက္တက္ သူရဲေကာင္းေတြအေပၚ သူ႔ရဲ႕ ၾကည္ညိဳေလးစားမႈကိုလည္း ဖြင့္ဟခဲ့ပါတယ္။

Amadou Haidara သည္ ၎ရဲ႕ ငယ္ဘဝအိပ္မက္ကလပ္ မန္ခ်က္စတာယူႏိုက္တက္သို႔ ေျပာင္းေ႐ႊ႕မည္ဟု ေကာလာဟလမ်ားႏွင့္ ပတ္သက္၍ ပထမဆုံးအႀကိမ္ ထုတ္ေဖာ္ေျပာၾကားခဲ့ျခင္းျဖစ္သည္။ အသက္ 23 ႏွစ္အ႐ြယ္ RB လိုက္ပ္ဇစ္ၾကယ္ပြင့္သည္ ခ်န္ပီယံလိဂ္တြင္ ဗဟိုကြင္းလယ္မွ အထင္ႀကီးေလာက္ေသာ စြမ္းေဆာင္ရည္အခ်ိဳ႕ေၾကာင့္ ဥေရာပတစ္ခြင္မွ စိတ္ဝင္စားမႈ ရရွိေနသည္။

2019 ခုႏွစ္မွာ Amadou Haidaraကို RB လိုက္ပ္ဇစ္ကို ေခၚယူခဲ့တဲ့ နည္းျပေဟာင္း Rangnick(ယခု ယူႏိုက္တက္နည္းျပ) ေၾကာင့္ ဇန္န၀ါရီလမွာ မန္ယူအသင္းကို ေျပာင္းေ႐ႊ႕မယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚေနတာပါ။ မၾကာေသးမီက RB Leipzig စီအီးအို Oliver Mintzlaff က နည္းျပေဟာင္း Rangnickဟာ Haidaraကို အရမ္းခင္မင္ အားကိုးေၾကာင္းထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ ဘြန္ဒက္လီဂါကလပ္အသင္းအေနနဲ႔ကလည္း ၄င္းတို႔ရဲ႕ ကစားသမားကို စာခ်ဳပ္သက္တမ္းတိုးႏိုင္ဖို႔ ႀကိဳးစားေနပါတယ္။

ယခုအခ်ိန္တြင္ ဂ်ာမန္မီဒီယာမ်ားႏွင့္ အင္တာဗ်ဴးတြင္ Haidaraက ၄င္းသည္ ငယ္စဥ္ကပင္ ယူႏိုက္တက္ပရိတ္သတ္ တစ္ဦးျဖစ္ခဲ့ကာ ကလပ္ဂႏၴဝင္မ်ားကို ေလးစားအားက်ခဲ့ေသာ္လည္း အိုးလ္ထရက္ဖို႔ဒ္သို႔ ေျပာင္းေ႐ႊ႕ရန္အေၾကာင္းကိုမူ ႏႈတ္ဆိတ္ေနခဲ့သည္။

“လူတိုင္း ငယ္ငယ္က အႀကိဳက္ဆုံး အသင္းတစ္သင္း ရွိတယ္။ ကြၽန္ေတာ့္ ကေတာ့ မန္ခ်က္စတာ ယူႏိုက္တက္ ပါပဲ” ဟု Bild သို႔ ေျပာၾကားခဲ့သည္။ “ဒါေပမယ့္ မင္းငါ့ရဲ႕ ယူႏိုက္တက္နဲ႔ ေကာလဟာလေတြအေၾကာင္း ေျပာရမယ္ဆိုရင္ေတာ့ ေလာေလာဆယ္ ငါ Leipzig မွာ အဆင္ေျပေနပါတယ္။” လို႔ ေျဖၾကားခဲ့ပါတယ္။

ထို႔ေနာက္ Haidara သည္ သူ ဒဏ္ရာျပင္းထန္စြာရေနခ်ိန္တြင္ ၎အား အၿမဲယုံၾကည္အားေပးခဲ့ေသာ နည္းျပေဟာင္း Rangnic အား ခ်ီးက်ဴးစကားဆိုခဲ့သည္။ ၎က “ဟုတ္ပါတယ္၊ Ralf က ကြၽန္ေတာ့္ရဲ႕ ေဘာလုံးသမားဘဝမွာ အဓိကေနရာက ပါဝင္ေနပါတယ္ လိုက္ပ္ဇစ္က ကြၽန္ေတာ့္ကို ေခၚယူခ်င္ေနတဲ့အခ်ိန္မွာ ကြၽန္ေတာ္က ဒဏ္ရာအျပင္းအထန္ရေနတာပါ။ ဒါေပမယ့္ Ralf က ဘာပဲျဖစ္ျဖစ္ မင္းလာသင့္တယ္လို႔ ေျပာခဲ့ပါတယ္၊ အဲဒီတုန္းက ကြၽန္ေတာ္ ေမွ်ာ္လင့္မထားပါဘူး Ralfကို အရမ္းကို ေက်းဇူးတင္ပါတယ္။” လို႔ ေျပာၾကားခဲ့ပါတယ္။

“သူက ကြၽန္ေတာ့္ကို တကယ္လိုခ်င္ၿပီး လိုက္ပ္ဇစ္မွာ နည္းျပတစ္ေယာက္အေနနဲ႔ ယုံၾကည္မႈအျပည့္ေပးတဲ့အတြက္ သူ႔ကို အရမ္းေက်းဇူးတင္ပါတယ္။ ေနာက္ေတာ့ သူက RB နဲ႔ ဆက္ေနဖို႔ ေျပာခဲ့ၿပီး Julian Nagelsmann က ကြၽန္ေတာ့္ကို ပိုေကာင္းလာေစမယ္လို႔ သူ ယုံၾကည္ေၾကာင္းလည္း‌ ေျပာၾကားခဲ့ပါတယ္။” ဟိုင္ဒါရာသည္ ယခုႏွစ္ရာသီတြင္ ၎၏အသင္းအတြက္ ၿပိဳင္ပြဲအရပ္ရပ္ ၁၇ ပြဲကစားထားၿပီး ၃ ဂိုးသြင္းထားသည္။
Ref – Manchester Evening News
By – David

Unicode
မန်ချက်စတာယူနိုက်တက် အသင်းဟာ ငယ်ဘဝအိပ်မက်ဖြစ်ပြီး ရော်နယ်ဒိုဟာသူ့ရဲ့ ဟီးရိုးပါလို့ ဖွင့်ဟလာခဲ့တဲ့ သရဲနီတို့ရဲ့ ဇန်နဝါရီအဓိကပစ်မှတ် Amadou Haidara

Amadou Haidara သည် မန်ယူသို့ အပြောင်းအရွှေ့ကောလာဟလများနှင့် နည်းပြဟောင်းRangnickနှင့် ဆက်ဆံရေးကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားခဲ့သည်။ သူဟာ နည်းပြဟောင်း Rangnic ရဲ့ ကျေးဇူးကို အရမ်းတင်ခဲ့ပြီး ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ တခြားယူနိုက်တက် သူရဲကောင်းတွေအပေါ် သူ့ရဲ့ ကြည်ညိုလေးစားမှုကိုလည်း ဖွင့်ဟခဲ့ပါတယ်။

Amadou Haidara သည် ၎င်းရဲ့ ငယ်ဘဝအိပ်မက်ကလပ် မန်ချက်စတာယူနိုက်တက်သို့ ပြောင်းရွှေ့မည်ဟု ကောလာဟလများနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ အသက် 23 နှစ်အရွယ် RB လိုက်ပ်ဇစ်ကြယ်ပွင့်သည် ချန်ပီယံလိဂ်တွင် ဗဟိုကွင်းလယ်မှ အထင်ကြီးလောက်သော စွမ်းဆောင်ရည်အချို့ကြောင့် ဥရောပတစ်ခွင်မှ စိတ်ဝင်စားမှု ရရှိနေသည်။

2019 ခုနှစ်မှာ Amadou Haidaraကို RB လိုက်ပ်ဇစ်ကို ခေါ်ယူခဲ့တဲ့ နည်းပြဟောင်း Rangnick(ယခု ယူနိုက်တက်နည်းပြ) ကြောင့် ဇန်န၀ါရီလမှာ မန်ယူအသင်းကို ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာပါ။ မကြာသေးမီက RB Leipzig စီအီးအို Oliver Mintzlaff က နည်းပြဟောင်း Rangnickဟာ Haidaraကို အရမ်းခင်မင် အားကိုးကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဘွန်ဒက်လီဂါကလပ်အသင်းအနေနဲ့ကလည်း ၄င်းတို့ရဲ့ ကစားသမားကို စာချုပ်သက်တမ်းတိုးနိုင်ဖို့ ကြိုးစားနေပါတယ်။

ယခုအချိန်တွင် ဂျာမန်မီဒီယာများနှင့် အင်တာဗျူးတွင် Haidaraက ၄င်းသည် ငယ်စဉ်ကပင် ယူနိုက်တက်ပရိတ်သတ် တစ်ဦးဖြစ်ခဲ့ကာ ကလပ်ဂန္ထဝင်များကို လေးစားအားကျခဲ့သော်လည်း အိုးလ်ထရက်ဖို့ဒ်သို့ ပြောင်းရွှေ့ရန်အကြောင်းကိုမူ နှုတ်ဆိတ်နေခဲ့သည်။

“လူတိုင်း ငယ်ငယ်က အကြိုက်ဆုံး အသင်းတစ်သင်း ရှိတယ်။ ကျွန်တော့် ကတော့ မန်ချက်စတာ ယူနိုက်တက် ပါပဲ” ဟု Bild သို့ ပြောကြားခဲ့သည်။ “ဒါပေမယ့် မင်းငါ့ရဲ့ ယူနိုက်တက်နဲ့ ကောလဟာလတွေအကြောင်း ပြောရမယ်ဆိုရင်တော့ လောလောဆယ် ငါ Leipzig မှာ အဆင်ပြေနေပါတယ်။” လို့ ဖြေကြားခဲ့ပါတယ်။

ထို့နောက် Haidara သည် သူ ဒဏ်ရာပြင်းထန်စွာရနေချိန်တွင် ၎င်းအား အမြဲယုံကြည်အားပေးခဲ့သော နည်းပြဟောင်း Rangnic အား ချီးကျူးစကားဆိုခဲ့သည်။ ၎င်းက “ဟုတ်ပါတယ်၊ Ralf က ကျွန်တော့်ရဲ့ ဘောလုံးသမားဘဝမှာ အဓိကနေရာက ပါဝင်နေပါတယ် လိုက်ပ်ဇစ်က ကျွန်တော့်ကို ခေါ်ယူချင်နေတဲ့အချိန်မှာ ကျွန်တော်က ဒဏ်ရာအပြင်းအထန်ရနေတာပါ။ ဒါပေမယ့် Ralf က ဘာပဲဖြစ်ဖြစ် မင်းလာသင့်တယ်လို့ ပြောခဲ့ပါတယ်၊ အဲဒီတုန်းက ကျွန်တော် မျှော်လင့်မထားပါဘူး Ralfကို အရမ်းကို ကျေးဇူးတင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

“သူက ကျွန်တော့်ကို တကယ်လိုချင်ပြီး လိုက်ပ်ဇစ်မှာ နည်းပြတစ်ယောက်အနေနဲ့ ယုံကြည်မှုအပြည့်ပေးတဲ့အတွက် သူ့ကို အရမ်းကျေးဇူးတင်ပါတယ်။ နောက်တော့ သူက RB နဲ့ ဆက်နေဖို့ ပြောခဲ့ပြီး Julian Nagelsmann က ကျွန်တော့်ကို ပိုကောင်းလာစေမယ်လို့ သူ ယုံကြည်ကြောင်းလည်း‌ ပြောကြားခဲ့ပါတယ်။” ဟိုင်ဒါရာသည် ယခုနှစ်ရာသီတွင် ၎င်း၏အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၁၇ ပွဲကစားထားပြီး ၃ ဂိုးသွင်းထားသည်။
Ref – Manchester Evening News
By – David

Leave a Reply

Your email address will not be published. Required fields are marked *