မအလ အေမရိကန္နဲ႔ မေလးရွားကို သံ အဆက္အသြယ္ျဖတ္ရဲလား?

မအလ အေမရိကန္နဲ႔ မေလးရွားကို သံ အဆက္အသြယ္ျဖတ္ရဲလား?

အေမရိကန္မွာ NUG ႏိုင္ငံျခားေရးဝန္ႀကီးကို သံတမန္လုံၿခဳံေရးအျပည့္နဲ႔ အေလးထားဆက္ဆံတာ ေတြ႕ရပါတယ္။ အေမရိကန္ ဒုႏိုင္ငံျခားေရးဝန္ႀကီးကိုယ္တိုင္က တရားဝင္ ေပၚတင္ေတြ႕တာပါ။ ဒါဟာ မအလကို ပါး႐ိုက္လိုက္တာပါ။ မအလအေနနဲ႔ ဘာဆက္လုပ္မလဲ?

ပထမအေနနဲ႔ အေမရိကန္နဲ႔ သံတမန္အဆက္အသြယ္ျဖတ္လို႔ရပါတယ္။ သူတို႔ကို ႏွင္ထုတ္တာမ်ိဳးပါ။ ဒါမ်ိဳးလုပ္ရင္ေတာ့ သူ႔တပ္ထဲမွာ အဘက ျပတ္သားတယ္ဆိုၿပီး နာမည္ႀကီးသြားႏိုင္ပါတယ္။ အမ်ိဳးသမားေရးသမားေတြၾကား ပုံရိပ္တက္သြားမွာပါ။ ဆိုးက်ိဳးက အေမရိကန္က စိတ္ဆိုးၿပီး NUG ကို လက္နက္ေထာက္ပံ့လာႏိုင္တာပါ။ စာေရးသူတို႔မွာ သူဘာေ႐ြးေ႐ြး အရႈံးမရွိပါ။

ဒုတိယလမ္းက ဘာမွမလုပ္ဘဲ ၿငိမ္ခံတာပါ။ ၿငိမ္ခံၿပီး စာထုတ္တာေလာက္ဆိုရင္ တပ္ထဲနဲ႔ အမ်ိဳးသားေရးသမားေတြၾကား သူက အၾကမ္းဖက္လို႔ ေၾကညာထားတဲ့ NUG က ဝန္ႀကီးကို ႏိုင္ငံေခါင္းေဆာင္လိုႀကိဳၿပီးလက္ခံေတြ႕ဆုံတာကို အၾကမ္းဖက္မႈ ဥပေဒအရ အေမရိကန္ကို ဘာမွအေရးမယူႏိုင္ အေရးမယူရဲလို႔ ငေပါႀကီး ျဖစ္သြားမွာပါ။ အေရးမယူရဲမွန္းသိရင္ အေမရိကန္တင္မဟုတ္ဘဲ အျခားႏိုင္ငံေတြကပါ ပိုၿပီး NUG နဲ႔ တက္ဆံလာမွာပါ။ ဘယ္လမ္းေ႐ြးေ႐ြး စာေရးသူတို႔ ဒီမိုေတြမွာ အရႈံးမရွိပါ။

ေနာက္ၿပီး မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးကလဲ ေဒၚဇင္မာေအာင္နဲ႔ ေတြ႕မွာမိုလို႔ သူ႔ကိုေရာ အေရးယူရဲမလား ၾကည့္ရပါမယ္။ သူ႔ကိုလဲ ဘာလုပ္လုပ္ အေမရိကန္လိုဘဲ စာေရးသူတို႔မွာ အရႈံးမရွိပါ။ ႏိုင္ငံျခားေရး စာမ်က္မွာက စာေရးသူတို႔လိုခ်င္သေလာက္ တိုးတက္မႈ မရေသးေပမယ့္ ၁၉၉၀ ျပည့္လြန္ႏွစ္ေတြကထက္စာရင္ တိုးတက္မႈဟာ အင္မတန္ျမန္ပါတယ္။ NUG ရဲ႕ တစ္ႏွစ္သားေျခလွမ္းက သြက္ပါတယ္။ ထ ေတာ့ လမ္းမေလွ်ာက္ႏိုင္ေသးပါ။

ေနာက္ဆုံးကေတာ့ ျပည့္အင္အားသည္ ျပည္တြင္းမွာသာရွိၿပီး ျမန္မာျပည္သားေတြက ဆုံးျဖတ္သြားမွာပါ။ ျပည္သူသာ အဓိကပါ။
https://www.myattunoo.com/post/မအလသ-အဆက-အသ-ယ-ဖ-တ-ရ-လ
crd

Unicode
မအလ အမေရိကန်နဲ့ မလေးရှားကို သံ အဆက်အသွယ်ဖြတ်ရဲလား?

အမေရိကန်မှာ NUG နိုင်ငံခြားရေးဝန်ကြီးကို သံတမန်လုံခြုံရေးအပြည့်နဲ့ အလေးထားဆက်ဆံတာ တွေ့ရပါတယ်။ အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်က တရားဝင် ပေါ်တင်တွေ့တာပါ။ ဒါဟာ မအလကို ပါးရိုက်လိုက်တာပါ။ မအလအနေနဲ့ ဘာဆက်လုပ်မလဲ?

ပထမအနေနဲ့ အမေရိကန်နဲ့ သံတမန်အဆက်အသွယ်ဖြတ်လို့ရပါတယ်။ သူတို့ကို နှင်ထုတ်တာမျိုးပါ။ ဒါမျိုးလုပ်ရင်တော့ သူ့တပ်ထဲမှာ အဘက ပြတ်သားတယ်ဆိုပြီး နာမည်ကြီးသွားနိုင်ပါတယ်။ အမျိုးသမားရေးသမားတွေကြား ပုံရိပ်တက်သွားမှာပါ။ ဆိုးကျိုးက အမေရိကန်က စိတ်ဆိုးပြီး NUG ကို လက်နက်ထောက်ပံ့လာနိုင်တာပါ။ စာရေးသူတို့မှာ သူဘာရွေးရွေး အရှုံးမရှိပါ။

ဒုတိယလမ်းက ဘာမှမလုပ်ဘဲ ငြိမ်ခံတာပါ။ ငြိမ်ခံပြီး စာထုတ်တာလောက်ဆိုရင် တပ်ထဲနဲ့ အမျိုးသားရေးသမားတွေကြား သူက အကြမ်းဖက်လို့ ကြေညာထားတဲ့ NUG က ဝန်ကြီးကို နိုင်ငံခေါင်းဆောင်လိုကြိုပြီးလက်ခံတွေ့ဆုံတာကို အကြမ်းဖက်မှု ဥပဒေအရ အမေရိကန်ကို ဘာမှအရေးမယူနိုင် အရေးမယူရဲလို့ ငပေါကြီး ဖြစ်သွားမှာပါ။ အရေးမယူရဲမှန်းသိရင် အမေရိကန်တင်မဟုတ်ဘဲ အခြားနိုင်ငံတွေကပါ ပိုပြီး NUG နဲ့ တက်ဆံလာမှာပါ။ ဘယ်လမ်းရွေးရွေး စာရေးသူတို့ ဒီမိုတွေမှာ အရှုံးမရှိပါ။

နောက်ပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးကလဲ ဒေါ်ဇင်မာအောင်နဲ့ တွေ့မှာမိုလို့ သူ့ကိုရော အရေးယူရဲမလား ကြည့်ရပါမယ်။ သူ့ကိုလဲ ဘာလုပ်လုပ် အမေရိကန်လိုဘဲ စာရေးသူတို့မှာ အရှုံးမရှိပါ။ နိုင်ငံခြားရေး စာမျက်မှာက စာရေးသူတို့လိုချင်သလောက် တိုးတက်မှု မရသေးပေမယ့် ၁၉၉၀ ပြည့်လွန်နှစ်တွေကထက်စာရင် တိုးတက်မှုဟာ အင်မတန်မြန်ပါတယ်။ NUG ရဲ့ တစ်နှစ်သားခြေလှမ်းက သွက်ပါတယ်။ ထ တော့ လမ်းမလျှောက်နိုင်သေးပါ။

နောက်ဆုံးကတော့ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိပြီး မြန်မာပြည်သားတွေက ဆုံးဖြတ်သွားမှာပါ။ ပြည်သူသာ အဓိကပါ။
https://www.myattunoo.com/post/မအလသ-အဆက-အသ-ယ-ဖ-တ-ရ-လ
crd

Be the first to comment

Leave a Reply

Your email address will not be published.


*