ယူကရိန္းတြင္ ပထမဆုံး စစ္ရာဇဝတ္မႈ စစ္ေဆး ၾကားနာျခင္းအျဖစ္ ႐ုရွား တင့္ကားအရာရွိကို တရားခြင္ စတင္

ယူကရိန္းတြင္ ပထမဆုံး စစ္ရာဇဝတ္မႈ စစ္ေဆး ၾကားနာျခင္းအျဖစ္ ႐ုရွား တင့္ကားအရာရွိကို တရားခြင္ စတင္

႐ုရွား၏ က်ဴးေက်ာ္မႈ စတင္ခဲ့ၿပီးေနာက္ပိုင္း ယူကရိန္းက ပထမဆုံး စစ္ရာဇဝတ္မႈ စစ္ေဆးၾကားနာမႈအျဖစ္ အသက္ (၂၁) ႏွစ္အ႐ြယ္ စစ္သားတစ္ဦးကို လက္နက္မဲ့ အရပ္သားတစ္ဦးအား သတ္ျဖတ္မႈျဖင့္ ႐ုံးထုတ္ခဲ့ေၾကာင္း သိရသည္။

Vadim Shishimarin အမည္ရွိ ႐ုရွားစစ္သားကို ကိဗ္ၿမိဳ႕ေတာ္တြင္ ျပဳလုပ္ခဲ့သည့္ ပဏမာ စစ္ေဆးၾကားနာသည့္ တရားခြင္တြင္ ေတြ႕ခဲ့သည္။
၎သည္ ျပစ္မႈထင္ရွားပါက ေထာင္ဒဏ္တစ္သက္ က်ခံရမည္ဟု ဆိုထားၿပီး ႐ုရွားက က်ဴးလြန္ခဲ့ေသာ ျဖစ္ႏိုင္ေျခရွိသည့္ စစ္ရာဇဝတ္မႈေပါင္း ေထာင္ႏွင့္ခ်ီ ေဖာ္ထုတ္သိရွိထားေၾကာင္း ယူကရိန္းက ေျပာသည္။
႐ုရွားဘက္ကေတာ့ အရပ္သားမ်ားကို ပစ္မွတ္ထားတိုက္ခိုက္ျခင္းမရွိေၾကာင္း ျငင္းဆိုထားခဲ့ၿပီး ယခု တရား႐ုံး စစ္ေဆးၾကားနာမႈအေပၚ မွတ္ခ်က္ေပးခဲ့ျခင္း မရွိေၾကာင္း သိရသည္။

Shishimarin က အျခား စစ္သားမ်ားႏွင့္အတူ ယူကရိန္းအေရွ႕ေျမာက္ပိုင္း Sumy ေဒသတြင္ ခိုးယူလာသည့္ကားတစ္စီးကို ေမာင္းႏွင္လာခဲ့စဥ္ ဖုန္းအသုံးျပဳေနေသာ အသက္ (၆၂) ႏွစ္အ႐ြယ္ စက္ဘီးစီးလာသူတစ္ဦးႏွင္ ေတြ႕ခဲ့သည္ဟု အစိုးရေရွ႕ေနေတြက ေျပာသည္။

႐ုရွားစစ္သား Shishimarin က ၎တို႔၏ တည္ေနရာကို ယူကရိန္း ခုခံကာကြယ္သူမ်ားထံ ဆက္သြယ္ေျပာၾကားျခင္းမရွိရန္ ထိုအရပ္သားကို ပစ္ခတ္ရန္ အမိန႔္ေပးခဲ့ေၾကာင္း ေရွ႕ေနေတြက ဆိုသည္။
တင့္ကားအရာရွိ Shishimarin ကို မည္သို႔ ဖမ္းမိခဲ့ေၾကာင္း သို႔မဟုတ္ ၎ႏွင့္ပတ္သက္သည့္ သက္ေသကို အတိအက် မသိရေသးေၾကာင္း BBC သတင္းက ေဖာ္ျပသည္။

တရားခြင္ စစ္ေဆးၾကားနာမႈအတြင္း Shishimarin က ၎၏ အမည္ကဲ့သို႔ အေျခခံ အေသးစိတ္ေတြကို အတည္ျပဳ ထြက္ဆိုခဲ့သည္။

႐ုရွားတပ္ဖြဲ႕ေတြ ဝင္ေရာက္သိမ္းပိုက္ခဲ့ၿပီး ျပန္ထြက္ခြာသြားသည့္ ယူကရိန္းနယ္ေျမမ်ားတြင္ ရာႏွင့္ခ်ီသည့္ အေလာင္းမ်ားကို ရွာေဖြေတြ႕ရွိထားၾကသည္။ ၿဗိတိန္ႏွင့္ အေမရိကန္ကဲ့သို႔ ယူကရိန္း၏ မဟာမိတ္ႏိုင္ငံေတြက ႐ုရွားက လူမ်ိဳးတုန္းသတ္ျဖတ္မႈ လုပ္ေဆာင္ခဲ့ေၾကာင္း ယူကရိန္းႏွင့္အတူ စြပ္စြဲေျပာဆိုထားသည္။
ေမလ (၁၃) ရက္ေန႔က ႐ုရွားစစ္သား Shishimarin ကို တရား႐ုံးတြင္ ပဏမ စစ္ေဆးၾကားနာခဲ့ၿပီးေနာက္ အစိုးရေရွ႕ေန Andriy Synyuk က “ဒီေန႔က ပထမဆုံးအမႈပါ။ ဒါေပမဲ့ မၾကာခင္ ဒီလိုအမႈေတြ အမ်ားႀကီးရွိလာပါလိမ့္မယ္” ဟု Reuters သတင္းဌာနကို ေျပာခဲ့သည္။

Shishimarin ကို ေမလ (၁၈) ရက္ေန႔တြင္ ေနာက္တစ္ႀကိမ္ ႐ုံးထုတ္ စစ္ေဆးၾကားနာမည္ဟု သိရသည္။
crd
#TachileikNewsAgency
Source: BBC, Reuters

Unicode
ယူကရိန်းတွင် ပထမဆုံး စစ်ရာဇဝတ်မှု စစ်ဆေး ကြားနာခြင်းအဖြစ် ရုရှား တင့်ကားအရာရှိကို တရားခွင် စတင်

ရုရှား၏ ကျူးကျော်မှု စတင်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းက ပထမဆုံး စစ်ရာဇဝတ်မှု စစ်ဆေးကြားနာမှုအဖြစ် အသက် (၂၁) နှစ်အရွယ် စစ်သားတစ်ဦးကို လက်နက်မဲ့ အရပ်သားတစ်ဦးအား သတ်ဖြတ်မှုဖြင့် ရုံးထုတ်ခဲ့ကြောင်း သိရသည်။

Vadim Shishimarin အမည်ရှိ ရုရှားစစ်သားကို ကိဗ်မြို့တော်တွင် ပြုလုပ်ခဲ့သည့် ပဏမာ စစ်ဆေးကြားနာသည့် တရားခွင်တွင် တွေ့ခဲ့သည်။
၎င်းသည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ်တစ်သက် ကျခံရမည်ဟု ဆိုထားပြီး ရုရှားက ကျူးလွန်ခဲ့သော ဖြစ်နိုင်ခြေရှိသည့် စစ်ရာဇဝတ်မှုပေါင်း ထောင်နှင့်ချီ ဖော်ထုတ်သိရှိထားကြောင်း ယူကရိန်းက ပြောသည်။
ရုရှားဘက်ကတော့ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမရှိကြောင်း ငြင်းဆိုထားခဲ့ပြီး ယခု တရားရုံး စစ်ဆေးကြားနာမှုအပေါ် မှတ်ချက်ပေးခဲ့ခြင်း မရှိကြောင်း သိရသည်။

Shishimarin က အခြား စစ်သားများနှင့်အတူ ယူကရိန်းအရှေ့မြောက်ပိုင်း Sumy ဒေသတွင် ခိုးယူလာသည့်ကားတစ်စီးကို မောင်းနှင်လာခဲ့စဥ် ဖုန်းအသုံးပြုနေသော အသက် (၆၂) နှစ်အရွယ် စက်ဘီးစီးလာသူတစ်ဦးနှင် တွေ့ခဲ့သည်ဟု အစိုးရရှေ့နေတွေက ပြောသည်။

ရုရှားစစ်သား Shishimarin က ၎င်းတို့၏ တည်နေရာကို ယူကရိန်း ခုခံကာကွယ်သူများထံ ဆက်သွယ်ပြောကြားခြင်းမရှိရန် ထိုအရပ်သားကို ပစ်ခတ်ရန် အမိန့်ပေးခဲ့ကြောင်း ရှေ့နေတွေက ဆိုသည်။
တင့်ကားအရာရှိ Shishimarin ကို မည်သို့ ဖမ်းမိခဲ့ကြောင်း သို့မဟုတ် ၎င်းနှင့်ပတ်သက်သည့် သက်သေကို အတိအကျ မသိရသေးကြောင်း BBC သတင်းက ဖော်ပြသည်။

တရားခွင် စစ်ဆေးကြားနာမှုအတွင်း Shishimarin က ၎င်း၏ အမည်ကဲ့သို့ အခြေခံ အသေးစိတ်တွေကို အတည်ပြု ထွက်ဆိုခဲ့သည်။

ရုရှားတပ်ဖွဲ့တွေ ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး ပြန်ထွက်ခွာသွားသည့် ယူကရိန်းနယ်မြေများတွင် ရာနှင့်ချီသည့် အလောင်းများကို ရှာဖွေတွေ့ရှိထားကြသည်။ ဗြိတိန်နှင့် အမေရိကန်ကဲ့သို့ ယူကရိန်း၏ မဟာမိတ်နိုင်ငံတွေက ရုရှားက လူမျိုးတုန်းသတ်ဖြတ်မှု လုပ်ဆောင်ခဲ့ကြောင်း ယူကရိန်းနှင့်အတူ စွပ်စွဲပြောဆိုထားသည်။
မေလ (၁၃) ရက်နေ့က ရုရှားစစ်သား Shishimarin ကို တရားရုံးတွင် ပဏမ စစ်ဆေးကြားနာခဲ့ပြီးနောက် အစိုးရရှေ့နေ Andriy Synyuk က “ဒီနေ့က ပထမဆုံးအမှုပါ။ ဒါပေမဲ့ မကြာခင် ဒီလိုအမှုတွေ အများကြီးရှိလာပါလိမ့်မယ်” ဟု Reuters သတင်းဌာနကို ပြောခဲ့သည်။

Shishimarin ကို မေလ (၁၈) ရက်နေ့တွင် နောက်တစ်ကြိမ် ရုံးထုတ် စစ်ဆေးကြားနာမည်ဟု သိရသည်။
crd
#TachileikNewsAgency
Source: BBC, Reuters

Be the first to comment

Leave a Reply

Your email address will not be published.


*