



crd

Unicode
ယူနိုက်တက်ရဲ့ ခံစစ်တံတိုင်းကြီးကို ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ကွန်တီ

ဘိုင်လေကို စပါးစ်အရောက် ခေါ်ယူချင်တဲ့ ကွန်တီ
စပါးစ်အသင်းသည် မန်ယူခံစစ်မှူး ဘိုင်လီကို ခေါ်ယူရန် ပြင်ဆင်နေသည်။ ကွန်တီသည် စပါးစ်ခံစစ်ကို ပြင်ဆင်ရန် ကြိုးစားနေပြီး ဒီဗရစ်နှင့် စခရင်နီယာတို့ နှစ်ဦးကိုလည်း စောင့်ကြည့်နေသည်။

မန်ယူတွင် နေရာမရဖြစ်နေသော ဘိုင်လီသည် ကွန်တီ၏ အဓိက အပြောင်းအရွှေ့ ပစ်မှတ်တစ်ခု ဖြစ်လာကြောင်း မီဒီယာများက ဖော်ပြသည်။ “စပါးစ်က ပစ်မှတ်ထားနေတဲ့ ကစားသမားတစ်ယောက် ရှိပါတယ်။ အခုအချိန်မှာ တရားဝင်ဖွင့်ပြီး ကမ်းလှမ်းတာ မရှိသေးပေမယ့် အသင်းအတွင်းမှာ ဆွေးနွေးမှုတွေ ရှိနေပါပြီ။ သူကတော့ ဘိုင်လီပါ”ဟု ဂျာနယ်လစ်တစ်ဦးဖြစ်သူ ကက်စ်တယ်က ပြောကြားခဲ့သည်။

“ဘိုင်လီက ဆိုးရှားလက်ထက်မှာ အကြမ်းတမ်းဆုံး ဆက်ဆံခံရတယ်လို့ ဆိုရပါမယ်။ အများကြီးလည်း မပျော်မရွှင် ဖြစ်ခဲ့ရပါတယ်။ မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်ကို ဦးစားပေးရွေးတာနဲ့ ပတ်သက်ပြီး စိတ်ပျက်နေပါတယ်။ သူတို့ ကွင်းထဲမှာ ဘယ်လိုပဲ ကစားကစား၊ သူတို့ကိုပဲ ရွေးနေတယ်။ ဘိုင်လီက ဒီကစားသမား နှစ်ယောက်ထက် ပိုကောင်းတယ်လို့ သူ့ကိုယ်သူ ယူဆနေတယ်”ဟု ကက်စ်တယ်က ဆက်လက်ပြောဆိုခဲ့သည်။

ဗီလာရီးရဲခံစစ်မှူးဟောင်း ဘိုင်လီသည် ယခုနှစ်ဘောလုံးရာသီတွင် ပရီးမီးယားလိဂ် ပွဲကစားချိန် ၄၅ မိနစ်သာ ရရှိထားပြီး ၂၀၂၄ တွင် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.

*