Knowledge

သရဲနီ ကစားသမားေတြကို ယူႏိုက္တက္ DNA တစ္ဖန္ျပန္လည္ အသက္သြင္းႏိုင္ဖို႔ အားကစားစိတ္ပညာရွင္ကို နည္းျပအဖြဲ႕ထဲ ခန႔္အပ္လိုက္တဲ့ နည္းျပသစ္ Ralf Rangnick

သရဲနီ ကစားသမားေတြကို ယူႏိုက္တက္ DNA တစ္ဖန္ျပန္လည္ အသက္သြင္းႏိုင္ဖို႔ အားကစားစိတ္ပညာရွင္ကို နည္းျပအဖြဲ႕ထဲ ခန႔္အပ္လိုက္တဲ့ နည္းျပသစ္ Ralf Rangnick

ယူႏိုက္တက္နည္းျပသစ္ Ralf Rangnickကေတာ့ သူ႔ရဲ႕ ကစားသမားေတြကို ယူႏိုက္တက္ DNA တစ္ဖန္ျပန္လည္ အသက္သြင္းႏိုင္ဖို႔နဲ႔ သူ႔ရဲ႕ေဘာလုံး ideology ေတြကို ‌႐ိုက္သြင္းႏိုင္ဖို႔ အားကစားစိတ္ပညာရွင္ကို နည္းျပအဖြဲ႕ထဲ ခန႔္အပ္လိုက္ပါတယ္။ နည္းျပသစ္Rangnickက သူ႔ရဲ႕ နည္းျပအဖြဲ႕ဝင္ေတြကို စိတ္ႀကိဳက္ဖြဲ႕စည္းဖို႔ ျပင္ဆင္ေနၿပီး အားကစားစိတ္ပညာရွင္ Sascha Lenseကို ၎၏အသင္းတြင္ ခန႔္အပ္ရန္ စီစဥ္လိုက္ပါၿပီ။

အသက္ 46 ႏွစ္အ႐ြယ္ရွိၿပီျဖစ္ အားကစားစိတ္ပညာရွင္ Sascha Lenseသည္ယခုသီတင္းပတ္ေႏွာင္းပိုင္းတြင္ Carrington တြင္အလုပ္စတင္မည္ျဖစ္ၿပီး သူ၏ဗီဇာလုပ္ငန္းစဥ္ၿပီးဆုံးသည္ႏွင့္ တနလၤာေန႔တြင္ကစားသမားမ်ားႏွင့္ပထမဆုံးအႀကိမ္ေတြ႕ဆုံခဲ့သည္။ အားကစားစိတ္ပညာရွင္ Sascha Lenseသည္ ယူႏိုက္တက္ေဆးအဖြဲ႕မွာ တာဝန္ထမ္းေဆာင္မည္ မဟုတ္ဘဲ နည္းျပသစ္Rangnickရဲ႕ နည္းျပအဖြဲ႕ဝင္ထဲမွာ တာဝန္ထမ္းေဆာင္မည္ျဖစ္သည္။

အားကစားစိတ္ပညာရွင္ Sascha Lenseသည္ ၁၉၉၀ ျပည့္လြန္ႏွစ္မ်ားႏွင့္ 2000 ခုႏွစ္မ်ားအေစာပိုင္းတြင္ Bundesliga 2 တြင္ ပြဲေပါင္း 100 ခန႔္ပါဝင္ကစားခဲ့ၿပီး ကစားသမားဘဝကို မထင္မရွား ျဖတ္သန္းခဲ့ရသည္။ ဒါေပမယ့္ သူဟာ RB Leipzig တြင္ Rangnick ၏လက္ေအာက္တြင္အလုပ္လုပ္ခဲ့ၿပီး ေအာင္ျမင္မႈအခ်ိဳ႕ ရယူႏိုင္ခဲ့သည္။ အားကစားစိတ္ပညာရွင္တစ္ဦးအျဖစ္ သူ၏ပထမဆုံးထင္ရွားေသာအခန္းက႑မွာ 2014 ခုႏွစ္တြင္ Dynamo Dresdenကလပ္အသင္း ႏွင့္ျဖစ္ၿပီး 2015/16 ရာသီအစမွ RB Leipzig တြင္အလုပ္လုပ္ရန္ Rangnic မွေခၚယူျခင္းခံခဲ့ရသည္။

Lense သည္ RB Leipzig တြင္ သုံးႏွစ္ၾကာေနထိုင္ခဲ့ၿပီး မၾကာေသးမီက Schalke တြင္ အလားတူရာထူးျဖင့္ အလုပ္ခန႔္အပ္ခံခဲ့ရသည္။ ယခုအခ်ိန္မွာေတာ့ အသင္းလက္မဲ့ျဖစ္ေနတာေၾကာင့္ ယူႏိုက္တက္သို႔ ေျပာင္းေ႐ႊ႕ေရး အစီအစဥ္မွာ အဖုအထစ္မရွိဘဲ ျမန္ျမန္ဆန္ဆန္ ၿပီးဆုံးခဲ့သည္။ သူဟာ ယူႏိုက္တက္နည္းျပသစ္ Ralf Rangnick လက္ထက္မွာ ဒုတိယေျမာက္ေရာက္ရွိလာတဲ့ နည္းျပအဖြဲ႕ဝင္ျဖစ္ၿပီး ပထမဆုံးေရာက္လာတာကေတာ့ လက္ေထာက္နည္းျပ Chris Armas ျဖစ္သည္။

ယူႏိုက္တက္ကလက္ေထာက္နည္းျပအျဖစ္ခန႔္အပ္လိုက္တဲ့ အသက္ 49 ႏွစ္အ႐ြယ္ အေမရိကန္သား Chris Armas သည္ ဇူလိုင္လတြင္ ေမဂ်ာလိဂ္ေဘာလုံးၿပိဳင္ပြဲ၌ Toronto FC ၏ နည္းျပခ်ဳပ္အျဖစ္မွ ထုတ္ပယ္ခံခဲ့ရၿပီး အလုပ္လက္မဲ့ျဖစ္ခဲ့ရသည္။ သူသည္ New York Red Bulls တြင္ ေျခာက္ႏွစ္ၾကာ နည္းျပလုပ္ခဲ့ေသာေၾကာင့္ Rangnic ႏွင့္ရင္းႏွီးသည့္ ဆက္ဆံေရးရွိၿပီး Rangnic ရဲ႕ေဘာလုံးဒႆနမ်ားကို ေကာင္းစြာေက်ညက္မည္ဟု ေမွ်ာ္လင့္ရေပသည္။ နည္းျပဘဝမွာ ေအာင္ျမင္မႈ မရခဲ့ေပမယ့္ Rangnic ရဲ႕ေဘာလုံးဒႆနေတြ အေတြးအေခၚေတြ လိုခ်င္တဲ့ ကစားပုံေတြကို ကစားသမားေတြဆီ တိုက္႐ိုက္သင္ၾကားေပးရာမွာေတာ့ တျခားသူေတြထက္မ်ားစြာ အေထာက္အကူျပဳလိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ၿပီးခဲ့သည့္ေသာၾကာေန႔က သတင္းစာရွင္းလင္းပြဲမွာ နည္းျပသစ္Rangnickက နည္းျပအဖြဲဝင္သစ္မ်ား ခန႔္အပ္ဖို႔ရွိမရွိနဲ႔ ပတ္သတ္ၿပီး ” ကြၽန္ေတာ့္အေနနဲ႔ လာမယ့္ တစ္ပတ္ ႏွစ္ပတ္အတြင္း ကလပ္အသင္းနဲ႔ ပူးေပါင္းႏိုင္မယ့္ နည္းျပအဖြဲ႕ဝင္ တစ္ေယာက္ႏွစ္ေယာက္ေလာက္ ေခၚယူခန႔္အပ္သြားဖို႔ ရွိပါတယ္။ ဒါေပမယ့္ Brexit စည္းမ်ဥ္းမ်ားေၾကာင့္ လြယ္ကူမွာေတာ့ မဟုတ္ပါဘူး” ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ့္ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေဟာင္းေတာ္ေတာ္မ်ားမ်ားက ႐ုပ္သံတင္ဆငသူေတြ ဒါမွမဟုတ္ လက္ေထာက္နည္းျပေတြပဲျဖစ္ျဖစ္ ကလပ္အသင္းႀကီးေတြနဲ႔ ႏွစ္ရွည္စာခ်ဳပ္ေတြ ခ်ဳပ္ဆိုထားတာေၾကာင့္ အခုအခ်ိန္မွာ မရရွိႏိုင္ေတာ့တာေၾကာင့္ ကြၽန္ေတာ္တို႔ မွန္ကန္တဲ့လူေတြကို နည္းနည္း ျမန္ျမန္နဲ႔ ထက္ထက္ျမက္ျမက္ မွန္မွန္ကန္ကန္ ေ႐ြးခ်ယ္ရပါမယ္” လို႔ ၿပီးခဲ့သည့္ေသာၾကာေန႔က ေျပာၾကားခဲ့ၿပီး ယခုအခ်ိန္မွာေတာ့ ျမန္ျမန္ဆန္ဆန္ပဲ့ နည္းျပအဖြဲ႕ဝင္ႏွစ္ေယာက္ခန႔္အပ္ႏိုင္ခဲ့ပါၿပီ…။

နည္းျပသစ္ Ralf Rangnick နဲ႔ နည္းျပအဖြဲ႕ဝင္အသစ္ေတြက အဘက္ဘက္က လဲၿပိဳေနတဲ့ ယူႏိုက္တက္ကို ဘယ္အ‌ေျခအေနထိ ဆြဲတင္ေပးႏိုင္မလဲ..? ဖာဂီတည္ေဆာက္ခဲ့တဲ့ ယူႏိုက္တက္တစ္ေခတ္ကိုေရာ ျပန္လည္ဆန္းသစ္ႏိုင္မလားဆိုတာကေတာ့ ရင္ခုန္စြာ ေစာင့္ၾကည့္ၾကပါစို႔ GG Man United ပရိတ္သတ္ႀကီးေရ….
REF
Manchester Evening News
by
Wayne

Unicode
သရဲနီ ကစားသမားတွေကို ယူနိုက်တက် DNA တစ်ဖန်ပြန်လည် အသက်သွင်းနိုင်ဖို့ အားကစားစိတ်ပညာရှင်ကို နည်းပြအဖွဲ့ထဲ ခန့်အပ်လိုက်တဲ့ နည်းပြသစ် Ralf Rangnick

ယူနိုက်တက်နည်းပြသစ် Ralf Rangnickကတော့ သူ့ရဲ့ ကစားသမားတွေကို ယူနိုက်တက် DNA တစ်ဖန်ပြန်လည် အသက်သွင်းနိုင်ဖို့နဲ့ သူ့ရဲ့ဘောလုံး ideology တွေကို ‌ရိုက်သွင်းနိုင်ဖို့ အားကစားစိတ်ပညာရှင်ကို နည်းပြအဖွဲ့ထဲ ခန့်အပ်လိုက်ပါတယ်။ နည်းပြသစ်Rangnickက သူ့ရဲ့ နည်းပြအဖွဲ့ဝင်တွေကို စိတ်ကြိုက်ဖွဲ့စည်းဖို့ ပြင်ဆင်နေပြီး အားကစားစိတ်ပညာရှင် Sascha Lenseကို ၎င်း၏အသင်းတွင် ခန့်အပ်ရန် စီစဉ်လိုက်ပါပြီ။

အသက် 46 နှစ်အရွယ်ရှိပြီဖြစ် အားကစားစိတ်ပညာရှင် Sascha Lenseသည်ယခုသီတင်းပတ်နှောင်းပိုင်းတွင် Carrington တွင်အလုပ်စတင်မည်ဖြစ်ပြီး သူ၏ဗီဇာလုပ်ငန်းစဉ်ပြီးဆုံးသည်နှင့် တနင်္လာနေ့တွင်ကစားသမားများနှင့်ပထမဆုံးအကြိမ်တွေ့ဆုံခဲ့သည်။ အားကစားစိတ်ပညာရှင် Sascha Lenseသည် ယူနိုက်တက်ဆေးအဖွဲ့မှာ တာဝန်ထမ်းဆောင်မည် မဟုတ်ဘဲ နည်းပြသစ်Rangnickရဲ့ နည်းပြအဖွဲ့ဝင်ထဲမှာ တာဝန်ထမ်းဆောင်မည်ဖြစ်သည်။

အားကစားစိတ်ပညာရှင် Sascha Lenseသည် ၁၉၉၀ ပြည့်လွန်နှစ်များနှင့် 2000 ခုနှစ်များအစောပိုင်းတွင် Bundesliga 2 တွင် ပွဲပေါင်း 100 ခန့်ပါဝင်ကစားခဲ့ပြီး ကစားသမားဘဝကို မထင်မရှား ဖြတ်သန်းခဲ့ရသည်။ ဒါပေမယ့် သူဟာ RB Leipzig တွင် Rangnick ၏လက်အောက်တွင်အလုပ်လုပ်ခဲ့ပြီး အောင်မြင်မှုအချို့ ရယူနိုင်ခဲ့သည်။ အားကစားစိတ်ပညာရှင်တစ်ဦးအဖြစ် သူ၏ပထမဆုံးထင်ရှားသောအခန်းကဏ္ဍမှာ 2014 ခုနှစ်တွင် Dynamo Dresdenကလပ်အသင်း နှင့်ဖြစ်ပြီး 2015/16 ရာသီအစမှ RB Leipzig တွင်အလုပ်လုပ်ရန် Rangnic မှခေါ်ယူခြင်းခံခဲ့ရသည်။

Lense သည် RB Leipzig တွင် သုံးနှစ်ကြာနေထိုင်ခဲ့ပြီး မကြာသေးမီက Schalke တွင် အလားတူရာထူးဖြင့် အလုပ်ခန့်အပ်ခံခဲ့ရသည်။ ယခုအချိန်မှာတော့ အသင်းလက်မဲ့ဖြစ်နေတာကြောင့် ယူနိုက်တက်သို့ ပြောင်းရွှေ့ရေး အစီအစဉ်မှာ အဖုအထစ်မရှိဘဲ မြန်မြန်ဆန်ဆန် ပြီးဆုံးခဲ့သည်။ သူဟာ ယူနိုက်တက်နည်းပြသစ် Ralf Rangnick လက်ထက်မှာ ဒုတိယမြောက်ရောက်ရှိလာတဲ့ နည်းပြအဖွဲ့ဝင်ဖြစ်ပြီး ပထမဆုံးရောက်လာတာကတော့ လက်ထောက်နည်းပြ Chris Armas ဖြစ်သည်။

ယူနိုက်တက်ကလက်ထောက်နည်းပြအဖြစ်ခန့်အပ်လိုက်တဲ့ အသက် 49 နှစ်အရွယ် အမေရိကန်သား Chris Armas သည် ဇူလိုင်လတွင် မေဂျာလိဂ်ဘောလုံးပြိုင်ပွဲ၌ Toronto FC ၏ နည်းပြချုပ်အဖြစ်မှ ထုတ်ပယ်ခံခဲ့ရပြီး အလုပ်လက်မဲ့ဖြစ်ခဲ့ရသည်။ သူသည် New York Red Bulls တွင် ခြောက်နှစ်ကြာ နည်းပြလုပ်ခဲ့သောကြောင့် Rangnic နှင့်ရင်းနှီးသည့် ဆက်ဆံရေးရှိပြီး Rangnic ရဲ့ဘောလုံးဒဿနများကို ကောင်းစွာကျေညက်မည်ဟု မျှော်လင့်ရပေသည်။ နည်းပြဘဝမှာ အောင်မြင်မှု မရခဲ့ပေမယ့် Rangnic ရဲ့ဘောလုံးဒဿနတွေ အတွေးအခေါ်တွေ လိုချင်တဲ့ ကစားပုံတွေကို ကစားသမားတွေဆီ တိုက်ရိုက်သင်ကြားပေးရာမှာတော့ တခြားသူတွေထက်များစွာ အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ပြီးခဲ့သည့်သောကြာနေ့က သတင်းစာရှင်းလင်းပွဲမှာ နည်းပြသစ်Rangnickက နည်းပြအဖွဲဝင်သစ်များ ခန့်အပ်ဖို့ရှိမရှိနဲ့ ပတ်သတ်ပြီး ” ကျွန်တော့်အနေနဲ့ လာမယ့် တစ်ပတ် နှစ်ပတ်အတွင်း ကလပ်အသင်းနဲ့ ပူးပေါင်းနိုင်မယ့် နည်းပြအဖွဲ့ဝင် တစ်ယောက်နှစ်ယောက်လောက် ခေါ်ယူခန့်အပ်သွားဖို့ ရှိပါတယ်။ ဒါပေမယ့် Brexit စည်းမျဉ်းများကြောင့် လွယ်ကူမှာတော့ မဟုတ်ပါဘူး” ပြောကြားခဲ့ပါတယ်။

“ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတော်တော်များများက ရုပ်သံတင်ဆငသူတွေ ဒါမှမဟုတ် လက်ထောက်နည်းပြတွေပဲဖြစ်ဖြစ် ကလပ်အသင်းကြီးတွေနဲ့ နှစ်ရှည်စာချုပ်တွေ ချုပ်ဆိုထားတာကြောင့် အခုအချိန်မှာ မရရှိနိုင်တော့တာကြောင့် ကျွန်တော်တို့ မှန်ကန်တဲ့လူတွေကို နည်းနည်း မြန်မြန်နဲ့ ထက်ထက်မြက်မြက် မှန်မှန်ကန်ကန် ရွေးချယ်ရပါမယ်” လို့ ပြီးခဲ့သည့်သောကြာနေ့က ပြောကြားခဲ့ပြီး ယခုအချိန်မှာတော့ မြန်မြန်ဆန်ဆန်ပဲ့ နည်းပြအဖွဲ့ဝင်နှစ်ယောက်ခန့်အပ်နိုင်ခဲ့ပါပြီ…။

နည်းပြသစ် Ralf Rangnick နဲ့ နည်းပြအဖွဲ့ဝင်အသစ်တွေက အဘက်ဘက်က လဲပြိုနေတဲ့ ယူနိုက်တက်ကို ဘယ်အ‌ခြေအနေထိ ဆွဲတင်ပေးနိုင်မလဲ..? ဖာဂီတည်ဆောက်ခဲ့တဲ့ ယူနိုက်တက်တစ်ခေတ်ကိုရော ပြန်လည်ဆန်းသစ်နိုင်မလားဆိုတာကတော့ ရင်ခုန်စွာ စောင့်ကြည့်ကြပါစို့ GG Man United ပရိတ်သတ်ကြီးရေ….
REF
Manchester Evening News
by
Wayne

Leave a Reply

Your email address will not be published. Required fields are marked *