Knowledge

သာေကာတို႔ လက္ခ်က္မိသြားရျပန္တဲ့ ျမန္မာႏိုင္ငံက ဖရဲသီးစိုက္ ေတာင္သူမ်ား….

သာေကာတို႔ လက္ခ်က္မိသြားရျပန္တဲ့ ျမန္မာႏိုင္ငံက ဖရဲသီးစိုက္ ေတာင္သူမ်ား…. ( ဒီလိုသာ အရႈံးေပၚခ်က္က တရားလြန္ျဖစ္ေနရင္ ေရွ႕ဘာဆက္လုပ္ၾကမလဲ… )

မူဆယ္ ၁၀၅မိုင္ကုန္သြယ္ေရးစခန္းမွ တ႐ုတ္ႏိုင္ငံကို တင္ပို႔ေနသည့္ ျမန္မာ ႏိုင္ငံထြက္ ဖရဲသီး ေဈးမ်ားမွာ ဆက္တိုက္က်ဆင္းေနၿပီး ေတာင္သူႏွင့္ကုန္သည္မ်ား အရႈံးေပၚမႈမ်ားျဖစ္ေပၚေနေၾကာင္း မူဆယ္၁၀၅မိုင္ရွိ သစ္သီးဝလံကုန္စည္ဒိုင္မွ သိရပါတယ္။ တ႐ုတ္ႏိုင္ငံသို႔တင္ပို႔သည့္ ဖရဲမ်ားမွာ ယခင္က တစ္ကီလိုလွ်င္ ၇ယြမ္မွ ၈ယြမ္အထိ ေပါက္ေဈး ရရွိခဲ့ေသာ္လည္း လက္ရွိ ဇန္နဝါရီ ၁၀ ရက္တြင္ ေဈးကြက္မွာ တစ္ကီလိုလွ်င္ ၅ ယြမ္ႏွင့္ေအာက္အထိ က်ဆင္းသြားေၾကာင္းသိရပါတယ္။

“ ယခုရက္ပိုင္းအတြင္းဖရဲေဈးမ်ားၾကမ္း တမ္းစြာေဈးက်ဆင္းေနပါတယ္။ ေဈးကြက္အတြင္းဝင္ေရာက္ႏိုင္ရန္ ၾကာျမင့္ ရက္နဲ႔ ကုန္က်စရိတ္မ်ားေၾကာင့္ ခ်င့္ခ်ိန္တင္ပို႔သင့္ပါတယ္။ ဇန္နဝါရီ ၁၀ ရက္ ေဈးကြက္အေျခအေနမွာ ၅ ယြမ္ ႏွင့္ ေအာက္ အထိက်ေနၿပီး ဆက္လက္ေဈးက်ႏိုင္တယ္။အရည္အေသြးက်ဆင္းေနေသာဖရဲမ်ားေရာင္းမရေတာ့ပါ” လို႔ မူဆယ္၁၀၅ မိုင္ရွိ သစ္သီးဝလံကုန္စည္ဒိုင္က ၎တို႔၏ လူမႈကြန္ရက္စာမ်က္ႏွာမွာ အသိေပးေရး သားထား ပါတယ္။

တ႐ုတ္ႏိုင္ငံသို႔ ဖရဲတင္ပို႔မႈမွာ ေႏွးေကြးေနၿပီးေစာင့္ဆိုင္းေနရသည့္ ဖရဲသီးကုန္ ကားမ်ား မ်ားစြာရွိေနသည့္အတြက္ ဖရဲကားေလ်ာ့နည္းေသာ အခ်ိန္မွသာ ထပ္မံ တင္ပို႔သင့္ေၾကာင္း သစ္သီးဝလံကုန္စည္ဒိုင္ က အႀကံျပဳထားပါတယ္။ လက္ရွိဖရဲပို႔ေဆာင္ရာတြင္ ရက္ၾကာျမင့္စြာေစာင့္ဆိုင္းရျခင္း၊ သယ္ယူပို႔ေဆာင္စရိတ္ျမင့္မားမႈမ်ားေၾကာင့္ တြက္ေခ်မကိုက္ျဖစ္ေနၿပီး ေဈးႏႈန္းရရွိမႈယခုကဲ့သို႔ က်ဆင္းပါက တ႐ုတ္တြင္ျမန္မာ့ဖရဲေဈးကြက္ပ်က္သြားႏိုင္ေၾကာင္း ကုန္သည္မ်ားက ဆိုၾကပါတယ္။

လက္ရွိတြင္ တ႐ုတ္သို႔ ဖရဲတင္ပို႔ရန္ ကုန္သည္ႏွင့္ေတာင္သူမ်ားက ေခါက္တိုကားငွားရာတြင္ ေဈးပိုေပးၿပီး အၿပိဳင္ အဆိုင္ တင္ၾကျခင္းေၾကာင့္ ယခင္က သိန္း ၂၀ ဝန္းက်င္သာရွိသည့္ကားငွားခမွာ လက္ရွိမွာေတာ့ သိန္း ၁၀၀ ေက်ာ္ေပးရေၾကာင္းသိရပါတယ္။ လတ္တေလာတြင္ ဖရဲတင္ပို႔မႈမွာအရႈံးေပၚေနသည့္အတြက္ ေဆာင္းဖရဲစိုက္ပ်ိဳးမႈမ်ား အနည္းငယ္သာ စိုက္ပ်ိဳးၾကေတာ့ေၾကာင္းသိရပါတယ္။
crd

Unicode
သာကောတို့ လက်ချက်မိသွားရပြန်တဲ့ မြန်မာနိုင်ငံက ဖရဲသီးစိုက် တောင်သူများ…. ( ဒီလိုသာ အရှုံးပေါ်ချက်က တရားလွန်ဖြစ်နေရင် ရှေ့ဘာဆက်လုပ်ကြမလဲ… )

မူဆယ် ၁၀၅မိုင်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံကို တင်ပို့နေသည့် မြန်မာ နိုင်ငံထွက် ဖရဲသီး ဈေးများမှာ ဆက်တိုက်ကျဆင်းနေပြီး တောင်သူနှင့်ကုန်သည်များ အရှုံးပေါ်မှုများဖြစ်ပေါ်နေကြောင်း မူဆယ်၁၀၅မိုင်ရှိ သစ်သီးဝလံကုန်စည်ဒိုင်မှ သိရပါတယ်။ တရုတ်နိုင်ငံသို့တင်ပို့သည့် ဖရဲများမှာ ယခင်က တစ်ကီလိုလျှင် ၇ယွမ်မှ ၈ယွမ်အထိ ပေါက်ဈေး ရရှိခဲ့သော်လည်း လက်ရှိ ဇန်နဝါရီ ၁၀ ရက်တွင် ဈေးကွက်မှာ တစ်ကီလိုလျှင် ၅ ယွမ်နှင့်အောက်အထိ ကျဆင်းသွားကြောင်းသိရပါတယ်။

“ ယခုရက်ပိုင်းအတွင်းဖရဲဈေးများကြမ်း တမ်းစွာဈေးကျဆင်းနေပါတယ်။ ဈေးကွက်အတွင်းဝင်ရောက်နိုင်ရန် ကြာမြင့် ရက်နဲ့ ကုန်ကျစရိတ်များကြောင့် ချင့်ချိန်တင်ပို့သင့်ပါတယ်။ ဇန်နဝါရီ ၁၀ ရက် ဈေးကွက်အခြေအနေမှာ ၅ ယွမ် နှင့် အောက် အထိကျနေပြီး ဆက်လက်ဈေးကျနိုင်တယ်။အရည်အသွေးကျဆင်းနေသောဖရဲများရောင်းမရတော့ပါ” လို့ မူဆယ်၁၀၅ မိုင်ရှိ သစ်သီးဝလံကုန်စည်ဒိုင်က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှာ အသိပေးရေး သားထား ပါတယ်။

တရုတ်နိုင်ငံသို့ ဖရဲတင်ပို့မှုမှာ နှေးကွေးနေပြီးစောင့်ဆိုင်းနေရသည့် ဖရဲသီးကုန် ကားများ များစွာရှိနေသည့်အတွက် ဖရဲကားလျော့နည်းသော အချိန်မှသာ ထပ်မံ တင်ပို့သင့်ကြောင်း သစ်သီးဝလံကုန်စည်ဒိုင် က အကြံပြုထားပါတယ်။ လက်ရှိဖရဲပို့ဆောင်ရာတွင် ရက်ကြာမြင့်စွာစောင့်ဆိုင်းရခြင်း၊ သယ်ယူပို့ဆောင်စရိတ်မြင့်မားမှုများကြောင့် တွက်ချေမကိုက်ဖြစ်နေပြီး ဈေးနှုန်းရရှိမှုယခုကဲ့သို့ ကျဆင်းပါက တရုတ်တွင်မြန်မာ့ဖရဲဈေးကွက်ပျက်သွားနိုင်ကြောင်း ကုန်သည်များက ဆိုကြပါတယ်။

လက်ရှိတွင် တရုတ်သို့ ဖရဲတင်ပို့ရန် ကုန်သည်နှင့်တောင်သူများက ခေါက်တိုကားငှားရာတွင် ဈေးပိုပေးပြီး အပြိုင် အဆိုင် တင်ကြခြင်းကြောင့် ယခင်က သိန်း ၂၀ ဝန်းကျင်သာရှိသည့်ကားငှားခမှာ လက်ရှိမှာတော့ သိန်း ၁၀၀ ကျော်ပေးရကြောင်းသိရပါတယ်။ လတ်တလောတွင် ဖရဲတင်ပို့မှုမှာအရှုံးပေါ်နေသည့်အတွက် ဆောင်းဖရဲစိုက်ပျိုးမှုများ အနည်းငယ်သာ စိုက်ပျိုးကြတော့ကြောင်းသိရပါတယ်။
crd

Leave a Reply

Your email address will not be published. Required fields are marked *