ဟာလန္းကို ယူႏိုက္တက္အသင္းဆီ ေခၚယူႏိုင္ခဲ့လွ်င္ ရန္နစ္ခ္ကို မက္ေလာက္တဲ့ဆုေၾကးပမာဏေပးေခ်သြားဖို႔ရွိေနတဲ့ ယူႏိုက္တက္ဘုတ္အဖြဲ႕

ဟာလန္းကို ယူႏိုက္တက္အသင္းဆီ ေခၚယူႏိုင္ခဲ့လွ်င္ ရန္နစ္ခ္ကို မက္ေလာက္တဲ့ဆုေၾကးပမာဏေပးေခ်သြားဖို႔ရွိေနတဲ့ ယူႏိုက္တက္ဘုတ္အဖြဲ႕

မန္ခ်က္စတာယူႏိုက္တက္ယာယီနည္းျပသစ္ရန္နစ္ခ္ဟာ ေဒ့ါမြန္အသင္းရဲ႕ေနာ္ေဝလူငယ္ၾကယ္ပြင့္တိုက္စစ္မႉးဟာလန္းကို အသင္းဆီေရာက္ေအာင္ေခၚယူႏိုင္ခဲ့ရင္ တာဝန္ရွိသူေတြက သူ႔ကိုဆုေၾကးေပါင္(၈)သန္းခ်ီးျမႇင့္သြားမွာျဖစ္တယ္လို႔ ဂ်ာမန္မီဒီယာေတြကေဖာ္ျပေနၾကပါတယ္။

ဂ်ာမန္နာမည္ေက်ာ္သတင္းစာ Bild က ရန္နစ္ခ္အေနနဲ႔ ဟာလန္းနဲ႔ရင္းႏွီးမႈကို အသုံးခ်ၿပီးေတာ့ ယူႏိုက္တက္အသင္းဆီေျပာင္းေ႐ႊ႕ျဖစ္ေအာင္ ေဖ်ာင္းဖ်ႏိုင္မယ္ဆိုရင္ ယူႏိုက္တက္ဘုတ္အဖြဲ႕က ရန္နစ္ခ္ကို မက္ေလာက္တဲ့ဆုေၾကးပမာဏေပးေခ်သြားဖို႔ရွိတယ္လို႔ေဖာ္ျပခဲ့တာပါ။

ရန္နစ္ခ္ဟာ လိုက္ပ္ဇစ္အသင္းနဲ႔မိတ္ဖက္ကလပ္ျဖစ္တဲ့ ၾသစႀတီးယားကလပ္ဆာလ္ဘာ့ဂ္ ႏွစ္သင္းတို႔မွာ ေဘာလုံးဒါ႐ိုက္တာအျဖစ္ေဆာင္႐ြက္ခဲ့ဖူးၿပီး သူ႔လက္ထက္မွာ ဟာလန္းကို မိုလ္ဒီအသင္းကေန ဆာလ္ဘာ့ဂ္အသင္းအတြက္ေခၚယူခဲ့တာျဖစ္ပါတယ္။

ဟာလန္းဟာ ဆာလ္ဘာ့ဂ္အသင္းနဲ႔အတူ မယုံႏိုင္ေလာက္ေအာင္ေျခစြမ္းျပကစားႏိုင္ခဲ့တာေၾကာင့္ ၂၀၁၉၊ ဒီဇင္ဘာမွာ ေဒ့ါမြန္အသင္းက ဟာလန္းကို ေပါင္(၁၇)သန္းနဲ႔ေခၚယူခဲ့ပါတယ္။ဟာလန္းရဲ႕စာခ်ဳပ္ပါအခ်က္အလက္ေတြအရ သူ႔စာခ်ဳပ္ေလ်ာ္ေၾကးက လာမယ့္ႏွစ္၊ ေႏြရာသီက်ရင္ ေပါင္(၆၄)သန္းသာရွိေတာ့မွာျဖစ္တဲ့အတြက္ ဥေရာပထိပ္သီးအသင္းေတြက ဟာလန္းကိုေခၚယူႏိုင္ဖို႔ အၿပိဳင္အဆိုင္စိတ္ဝင္စားေနၾကတာပါ။

အသက္(၂၁)ႏွစ္အ႐ြယ္သာရွိေသးတဲ့ ဟာလန္းဟာ ေဒ့ါမြန္အသင္းအတြက္ ပြဲေပါင္း(၇၀)ကစား၊ (၇၁)ဂိုးအထိသြင္းယူထားၿပီး ေဒ့ါမြန္အသင္းက သူတို႔ရဲ႕အဓိကတိုက္စစ္မႉးကို လက္လႊတ္ခံဖို႔ဆႏၵမရွိဘဲ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ေအးဂ်င့္ျဖစ္သူ႐ိုင္အိုလာနဲ႔ေတြ႕ဆုံေဆြးေႏြးသြားဖို႔ျပင္ဆင္ေနပါၿပီ။

ဒါေပမဲ့လည္း ယူႏိုက္တက္အသင္းက ဟာလန္းကို ေခၚယူႏိုင္ဖို႔ပစ္မွတ္ထားေနတဲ့အတြက္ ရန္နစ္ခ္နဲ႔ဟာလန္းတို႔ရဲ႕ဆက္ဆံေရးေကာင္းေတြကို အသုံးခ်ၿပီးေတာ့ ဟာလန္းကို အိုးလ္ထရက္ဖို႔ဒ္ဆီေရာက္ေအာင္ႀကိဳးစားသြားမွာပဲျဖစ္ပါတယ္။
crd

Unicode
ဟာလန်းကို ယူနိုက်တက်အသင်းဆီ ခေါ်ယူနိုင်ခဲ့လျှင် ရန်နစ်ခ်ကို မက်လောက်တဲ့ဆုကြေးပမာဏပေးချေသွားဖို့ရှိနေတဲ့ ယူနိုက်တက်ဘုတ်အဖွဲ့

မန်ချက်စတာယူနိုက်တက်ယာယီနည်းပြသစ်ရန်နစ်ခ်ဟာ ဒေ့ါမွန်အသင်းရဲ့နော်ဝေလူငယ်ကြယ်ပွင့်တိုက်စစ်မှူးဟာလန်းကို အသင်းဆီရောက်အောင်ခေါ်ယူနိုင်ခဲ့ရင် တာဝန်ရှိသူတွေက သူ့ကိုဆုကြေးပေါင်(၈)သန်းချီးမြှင့်သွားမှာဖြစ်တယ်လို့ ဂျာမန်မီဒီယာတွေကဖော်ပြနေကြပါတယ်။

ဂျာမန်နာမည်ကျော်သတင်းစာ Bild က ရန်နစ်ခ်အနေနဲ့ ဟာလန်းနဲ့ရင်းနှီးမှုကို အသုံးချပြီးတော့ ယူနိုက်တက်အသင်းဆီပြောင်းရွှေ့ဖြစ်အောင် ဖျောင်းဖျနိုင်မယ်ဆိုရင် ယူနိုက်တက်ဘုတ်အဖွဲ့က ရန်နစ်ခ်ကို မက်လောက်တဲ့ဆုကြေးပမာဏပေးချေသွားဖို့ရှိတယ်လို့ဖော်ပြခဲ့တာပါ။

ရန်နစ်ခ်ဟာ လိုက်ပ်ဇစ်အသင်းနဲ့မိတ်ဖက်ကလပ်ဖြစ်တဲ့ သြစတြီးယားကလပ်ဆာလ်ဘာ့ဂ် နှစ်သင်းတို့မှာ ဘောလုံးဒါရိုက်တာအဖြစ်ဆောင်ရွက်ခဲ့ဖူးပြီး သူ့လက်ထက်မှာ ဟာလန်းကို မိုလ်ဒီအသင်းကနေ ဆာလ်ဘာ့ဂ်အသင်းအတွက်ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဟာလန်းဟာ ဆာလ်ဘာ့ဂ်အသင်းနဲ့အတူ မယုံနိုင်လောက်အောင်ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် ၂၀၁၉၊ ဒီဇင်ဘာမှာ ဒေ့ါမွန်အသင်းက ဟာလန်းကို ပေါင်(၁၇)သန်းနဲ့ခေါ်ယူခဲ့ပါတယ်။ဟာလန်းရဲ့စာချုပ်ပါအချက်အလက်တွေအရ သူ့စာချုပ်လျော်ကြေးက လာမယ့်နှစ်၊ နွေရာသီကျရင် ပေါင်(၆၄)သန်းသာရှိတော့မှာဖြစ်တဲ့အတွက် ဥရောပထိပ်သီးအသင်းတွေက ဟာလန်းကိုခေါ်ယူနိုင်ဖို့ အပြိုင်အဆိုင်စိတ်ဝင်စားနေကြတာပါ။

အသက်(၂၁)နှစ်အရွယ်သာရှိသေးတဲ့ ဟာလန်းဟာ ဒေ့ါမွန်အသင်းအတွက် ပွဲပေါင်း(၇၀)ကစား၊ (၇၁)ဂိုးအထိသွင်းယူထားပြီး ဒေ့ါမွန်အသင်းက သူတို့ရဲ့အဓိကတိုက်စစ်မှူးကို လက်လွှတ်ခံဖို့ဆန္ဒမရှိဘဲ စာချုပ်သစ်ချုပ်ဆိုဖို့ အေးဂျင့်ဖြစ်သူရိုင်အိုလာနဲ့တွေ့ဆုံဆွေးနွေးသွားဖို့ပြင်ဆင်နေပါပြီ။

ဒါပေမဲ့လည်း ယူနိုက်တက်အသင်းက ဟာလန်းကို ခေါ်ယူနိုင်ဖို့ပစ်မှတ်ထားနေတဲ့အတွက် ရန်နစ်ခ်နဲ့ဟာလန်းတို့ရဲ့ဆက်ဆံရေးကောင်းတွေကို အသုံးချပြီးတော့ ဟာလန်းကို အိုးလ်ထရက်ဖို့ဒ်ဆီရောက်အောင်ကြိုးစားသွားမှာပဲဖြစ်ပါတယ်။
crd

Be the first to comment

Leave a Reply

Your email address will not be published.


*