Knowledge

အမေရိကန်စစ်တပ်၏ ပထမဆုံး စစ်မြေပြင်သုံး လေဆာလက်နက်

အေမရိကန္စစ္တပ္၏ ပထမဆုံး စစ္ေျမျပင္သုံး ေလဆာလက္နက္

အေမရိကန္ တပ္မေတာ္ရဲ႕ ပထမဆုံး စစ္ေျမျပင္သုံး ေလဆာလက္နက္သစ္ကို Stryker သံခ်ပ္ကာ သယ္ယူပို႔ေဆာင္ေရး ယာဥ္ေတြမွာ တပ္ဆင္ သြားမွာ ျဖစ္ပါတယ္။ ယခုအခါ ဒီယာဥ္မွာ တပ္ဆင္ဖို႔ စစ္ေျမျပင္သုံး ေလဆာလက္နက္ (Field laser weapon) ႏွစ္မ်ိဳးကို ေအာင္ျမင္စြာ စမ္းသပ္ႏိုင္ခဲ့တယ္လို႔ ေၾကျငာခဲ့ပါတယ္။

ဒီ ေလဆာလက္နက္ေတြကို Directed Energy-Maneuver Short-Range Air Defense (DE M-SHORAD) လို႔ အမည္ေပးထားပါတယ္။ ဒီစမ္းသပ္မႈမွာ ၿပိဳင္ဖက္ ကုမၸဏီေတြ ျဖစ္တဲ့ Northrop Grumman နဲ႔ Raytheon ကုမၸဏီတို႔က ထုတ္လုပ္တဲ့ ဝပ္ ၅၀ အားရွိ ေလဆာလက္နက္မ်ားကို ပစ္ခတ္စမ္းသပ္ခဲ့တာ ျဖစ္ပါတယ္။

ဒီစမ္းသပ္မႈမွာ စစ္ေျမျပင္ အေျခအေနေတြနဲ႔ အတတ္ႏိုင္ဆုံး တူညီေအာင္ အေျခအေနေတြ ဖန္တီးၿပီး စမ္းသပ္ခဲ့တာ ျဖစ္ပါတယ္။ ဒီလို စမ္းသပ္ရာမွာ ပစ္မွတ္ေတြကို လူမဲ့ ဒ႐ုန္းတိုက္ခိုက္ေရးယာဥ္ေတြ၊ ဒုံးက်ည္ေတြ၊ အေျမႇာက္က်ည္ေတြ ေမာ္တာက်ည္ေတြကို ပစ္ခတ္စမ္းသပ္ ခဲ့တာပဲ ျဖစ္ပါတယ္။

“ဒီ ေလဆာလက္နက္ တပ္ဆင္ထားတဲ့ Stryker သံခ်ပ္ကာ ယာဥ္ေတြဟာ စစ္ေျမျပင္မွာ ႀကဳံေတြ႕လာမယ့္ အေျခအေနေတြနဲ႔ တူညီတဲ့ အေျခအေနေတြၾကားမွာ ပစ္ခတ္စမ္းသပ္မႈ ျပဳလုပ္ခဲ့တာ ျဖစ္တယ္” လို႔ အေမရိကန္ တပ္မေတာ္ရဲ႕ သတင္းထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။စစ္ေျမျပင္မွာ ေလဆာလက္နက္ေတြကို တိုက္ခိုက္ေရး အတြက္ အသုံးခ်ဖို႔ဆိုတာ စစ္ဆင္ေရး စီမံကိန္း ေရးဆြဲသူေတြရဲ႕ အိပ္မက္ေဟာင္း တစ္ခုျဖစ္ပါတယ္။

အခုလို စမ္းသပ္ေအာင္ျမင္သည့္တိုင္ လက္ရွိ နည္းပညာ တိုးတက္မႈေတြက အေမရိကန္ တပ္မေတာ္ရဲ႕ ေလဆာလက္နက္ စီမံကိန္းလိုအပ္ခ်က္ အခ်ိန္ဇယားကို အမွီလိုက္ႏိုင္ မလိုက္ႏိုင္ မေသခ်ာ ေသးပါဘူး။ ဒါေပမယ့္ အခုလက္နက္ စမ္းသပ္သူေတြကေတာ့ သူတို႔ရဲ႕ ေလဆာ လက္နက္ဟာ “ေနာင္အနာဂတ္ စစ္ပြဲႀကီး” အတြက္ အသင့္ ျဖစ္ေနၿပီလို႔ ေျပာပါတယ္။

“လႈပ္ရွားတပ္ဖြဲ႕ေတြမွာ ေလဆာလက္နက္ တပ္ဆင္ အသုံးျပဳတာ ဒီဟာ ပထမဆုံး ျဖစ္ပါတယ္။ နည္းပညာက အဆင္သင့္ ရွိေနပါၿပီ။ ဒါဟာ အနာဂတ္ စစ္လက္နက္ေတြရဲ႕ ပထမဆုံး ေျခလွမ္းပါပဲ” လို႔ တပ္မေတာ္ သတင္းထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။ ဒီစီမံကိန္းရဲ႕ မန္ေနဂ်ာ ဗိုလ္မႉးႀကီး Col. G. Scott McLeod ကလဲ “ကြၽန္ေတာ္တို႔ဟာ လုံးဝ အသစ္စက္စက္ စစ္ေရး စြမ္းေဆာင္ရည္ တရပ္ကို တီထြင္ဖန္တီး ေနတာ ျဖစ္ပါတယ္။

ဒါဟာ ျပဳျပင္ထားတာမ်ိဳး၊ ရွိၿပီးသားကို အဆင့္ျမႇင့္တင္ ထားတာမ်ိဳး မဟုတ္ပါဘူး။ အသစ္စက္စက္ တီထြင္ ဖန္တီးရတာပါ။ ဒီလက္နက္ ျဖစ္လာဖို႔ အခ်ိန္ ၂၄ ထဲနဲ႔ တည္ေဆာက္ခဲံတာ ျဖစ္ပါတယ္။ အစိုးရအဖြဲ႕အစည္းေတြနဲ႔ ပုဂၢလိက စက္မႈလုပ္ငန္းေတြရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈေၾကာင့္ အခ်ိန္တိုေလးအတြင္း ေအာင္ျမင္မႈ ရတာျဖစ္ပါတယ္။

အခုဆို စစ္ဆင္ေရး တစ္ခုမွာ ဝင္ပါႏိုင္တဲ့ အဆင့္ကိုေတာင္ ေရာက္ေနပါၿပီ” လို႔ ျဖည့္စြက္ေျပာၾကားပါတယ္။ အရင္ကလဲ အီရတ္နဲ႔ ဆီးရီးယားမွ တာဝန္ခ်ထားတဲ့ Stryker သံခ်ပ္ကာယာဥ္ေတြမွာ ေလဆာလက္နက္ တပ္ဆင္ဖို႔ ႀကံစည္ခဲ့ပါေသးတယ္။ အဓိကက ဒ႐ုန္းေတြနဲ႔ ဝင္လာမယ့္ ဗုံးေတြ (flying IEDs) ကို ဖ်က္စီးဖို႔ ျဖစ္ပါတယ္။

ဒါေပမယ့္ ဥေရာမ စစ္ေျမျပင္ လိုအပ္ခ်က္က အေရးႀကီးလာတာမို႔ ဒီဥေရာပ စစ္ေျမျပင္ အေျခအေနနဲ႔ လိုက္ေလ်ာညီေထြ ရွိမယ့္ ေလဆာလက္နက္ကို ေျပာင္းလဲ တီထြင္ ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ ၂၀၁၄ ခ႐ိုင္မီးယားကို ႐ုရွားက သိမ္းပိုက္ၿပီးေနာက္ပိုင္း ေနတိုး စစ္ေရး သုံးသပ္သူေတြက ေနတိုးရဲ႕ အေနာက္ ဥေရာပ စစ္နယ္ဝန္းမွာ တာတို ေလေၾကာင္းရန္ ကာကြယ္ေရး စနစ္ လိုအပ္ခ်က္ ရွိေနတယ္လို႔ သုံးသပ္ၾကပါတယ္။

ဒီ လိုအပ္ခ်က္ကို ျဖည့္ဆည္းဖို႔ စစ္ေျမျပင္သုံး ေလဆာလက္နက္ကို တီထြက္ ဖန္တီးတာပဲ ျဖစ္ပါတယ္။ဥေရာပ စစ္နယ္ဝန္းမွာ တပ္ျဖန႔္ထားတဲ့ အမွတ္ (၂) ျမင္းတပ္ရင္း (2nd Cavalry Regiment) က ၅ ကီလိုဝပ္ ေလဆာလက္နက္ေတြကို Stryker သံခ်ပ္ကာ ယာဥ္ေတြ ေပၚမွာ တပ္ဆင္ အသုံးျပဳခဲ့တာ ႏွစ္အနည္းငယ္ ရွိခဲ့ပါၿပီ (US ၾကည္းတပ္မွာ Cavalry regiment ဆိုတာက reconnisance လို႔ေခၚတဲ့ စစ္ေျမျပင္ ကင္းေထာက္တာဝန္ ထမ္းေဆာင္တဲ့ သံခ်ပ္ကာ တပ္ရင္း ျဖစ္ပါတယ္။

သံခ်ပ္ကာ တပ္ရင္းကို အစဥ္အလာ regiment လို႔ေခၚၿပီး battalion ဆိုတာက ေျခလ်င္တပ္ရင္းကို ေခၚတဲ့ အမည္ ျဖစ္ပါတယ္။ သံခ်ပ္ကာ တပ္ခြဲကိုေတာ့ Squadron လို႔ ေခၚပါတယ္)။ အခု ၅၀ ကီလိုဝပ္လက္နက္ကေတာ့ အဖ်က္စြမ္းအား ၁၀ ဆ တက္လာတာပဲ ျဖစ္ပါတယ္။

အရင္စနစ္က ဒ႐ုန္းေတြနဲ႔ လက္နက္ႀကီး က်ည္၊ ဒုံးက်ည္ေတြကို ဖ်က္စီးရာမွာ သိပ္မစြမ္းလွေပမယ့္ အခု ၅၀ ကီလိုဝပ္ကေတာ့ စြမ္းေဆာင္ရည္ အမ်ားႀကီး တက္လာပါတယ္။ “ဒီလက္နက္ဟာ လူမဲ့ ေလယာဥ္ (ဒ႐ုန္း) ေတြ၊ ဒုံးက်ည္ေတြ၊​ အေျမႇာက္က်ည္ေတြနဲ႔ ေမာ္တာက်ည္ေတြကို ပစ္ခ်ႏိုင္မွာ ျဖစ္ပါတယ္။

ဒီ ေလဆာ လက္နက္ေတြေၾကာင့္ တပ္မေတာ္ရဲ႕ ေလေၾကာင္းရန္ ကာကြယ္ေရးနဲ႔ ဒုံးရန္ကာကြယ္ေရး စြမ္းရည္ တိုးတက္လာမွာ ျဖစ္ပါတယ္။ တခ်ိန္တည္းမွာ ဒီလက္နက္အတြက္ ေထာက္ပံ့ေပးရတဲ့ အေထာက္အပံ့လဲ သက္သာသြားေတာ့ (က်ည္မလိုေတာ့တာနဲ႔ ပ်က္စီးႏိုင္တဲ့ အစိတ္အပိုင္းေတြ နည္းသြားတာကို ဆိုလိုတာပါ) လက္နက္ပစၥည္းေတြရဲ႕ သက္တမ္းျပည့္ ကုန္က်စားရိတ္ (Life cycle cost) လဲ သက္သာသြားပါတယ္” လို႔ တပ္မေတာ္ရဲ႕ ထုတ္ျပန္ေၾကျငာခ်က္မွာ ပါရွိပါတယ္။

၂၀၂၂ ခုႏွစ္အတြင္းမွာ ဒီ ၅၀ ကီလိုဝပ္ ေလဆာလက္နက္ တပ္ဆင္ထားတဲ့ Stryker သံခ်ပ္ကာယာဥ္ ၄ စီးပါဝင္တဲ့ သံခ်ပ္ကာ တပ္စု တစ္စုကို ေရွ႕တန္း တပ္ဖြဲ႕ တစ္ဖြဲ႕ကို တြဲဖက္ေပးဖို႔ အစီအစဥ္ ရွိေနပါတယ္။ လက္ရွိ အေမရိကန္ တပ္မေတာ္ အေနနဲ႔ ကီလိုဝပ္ ၅၀ ေလဆာလက္နက္အျပင္ ကီလိုဝပ္ ၃၀၀ ရွိတဲ့ အႀကီးစား ေလဆာ လက္နက္ကိုလဲ စမ္းသပ္လွ်က္ ရွိပါတယ္။ ဒီလက္နက္ကို ၂၀၂၄ ခုႏွစ္ထဲမွာ စတင္အသုံးျပဳမွာ ျဖစ္ၿပီး ခ႐ုစ္ ဒုံပ်ံ (cruise missiles) ေတြကို ပစ္ခ်ဖို႔ ရည္႐ြယ္ထားတယ္လို႔ သိရပါတယ္။
Credit

Unicode
အမေရိကန်စစ်တပ်၏ ပထမဆုံး စစ်မြေပြင်သုံး လေဆာလက်နက်

အမေရိကန် တပ်မတော်ရဲ့ ပထမဆုံး စစ်မြေပြင်သုံး လေဆာလက်နက်သစ်ကို Stryker သံချပ်ကာ သယ်ယူပို့ဆောင်ရေး ယာဉ်တွေမှာ တပ်ဆင် သွားမှာ ဖြစ်ပါတယ်။ ယခုအခါ ဒီယာဉ်မှာ တပ်ဆင်ဖို့ စစ်မြေပြင်သုံး လေဆာလက်နက် (Field laser weapon) နှစ်မျိုးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ ကြေငြာခဲ့ပါတယ်။

ဒီ လေဆာလက်နက်တွေကို Directed Energy-Maneuver Short-Range Air Defense (DE M-SHORAD) လို့ အမည်ပေးထားပါတယ်။ ဒီစမ်းသပ်မှုမှာ ပြိုင်ဖက် ကုမ္ပဏီတွေ ဖြစ်တဲ့ Northrop Grumman နဲ့ Raytheon ကုမ္ပဏီတို့က ထုတ်လုပ်တဲ့ ဝပ် ၅၀ အားရှိ လေဆာလက်နက်များကို ပစ်ခတ်စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီစမ်းသပ်မှုမှာ စစ်မြေပြင် အခြေအနေတွေနဲ့ အတတ်နိုင်ဆုံး တူညီအောင် အခြေအနေတွေ ဖန်တီးပြီး စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို စမ်းသပ်ရာမှာ ပစ်မှတ်တွေကို လူမဲ့ ဒရုန်းတိုက်ခိုက်ရေးယာဉ်တွေ၊ ဒုံးကျည်တွေ၊ အမြှောက်ကျည်တွေ မော်တာကျည်တွေကို ပစ်ခတ်စမ်းသပ် ခဲ့တာပဲ ဖြစ်ပါတယ်။

“ဒီ လေဆာလက်နက် တပ်ဆင်ထားတဲ့ Stryker သံချပ်ကာ ယာဉ်တွေဟာ စစ်မြေပြင်မှာ ကြုံတွေ့လာမယ့် အခြေအနေတွေနဲ့ တူညီတဲ့ အခြေအနေတွေကြားမှာ ပစ်ခတ်စမ်းသပ်မှု ပြုလုပ်ခဲ့တာ ဖြစ်တယ်” လို့ အမေရိကန် တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။စစ်မြေပြင်မှာ လေဆာလက်နက်တွေကို တိုက်ခိုက်ရေး အတွက် အသုံးချဖို့ဆိုတာ စစ်ဆင်ရေး စီမံကိန်း ရေးဆွဲသူတွေရဲ့ အိပ်မက်ဟောင်း တစ်ခုဖြစ်ပါတယ်။

အခုလို စမ်းသပ်အောင်မြင်သည့်တိုင် လက်ရှိ နည်းပညာ တိုးတက်မှုတွေက အမေရိကန် တပ်မတော်ရဲ့ လေဆာလက်နက် စီမံကိန်းလိုအပ်ချက် အချိန်ဇယားကို အမှီလိုက်နိုင် မလိုက်နိုင် မသေချာ သေးပါဘူး။ ဒါပေမယ့် အခုလက်နက် စမ်းသပ်သူတွေကတော့ သူတို့ရဲ့ လေဆာ လက်နက်ဟာ “နောင်အနာဂတ် စစ်ပွဲကြီး” အတွက် အသင့် ဖြစ်နေပြီလို့ ပြောပါတယ်။

“လှုပ်ရှားတပ်ဖွဲ့တွေမှာ လေဆာလက်နက် တပ်ဆင် အသုံးပြုတာ ဒီဟာ ပထမဆုံး ဖြစ်ပါတယ်။ နည်းပညာက အဆင်သင့် ရှိနေပါပြီ။ ဒါဟာ အနာဂတ် စစ်လက်နက်တွေရဲ့ ပထမဆုံး ခြေလှမ်းပါပဲ” လို့ တပ်မတော် သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဒီစီမံကိန်းရဲ့ မန်နေဂျာ ဗိုလ်မှူးကြီး Col. G. Scott McLeod ကလဲ “ကျွန်တော်တို့ဟာ လုံးဝ အသစ်စက်စက် စစ်ရေး စွမ်းဆောင်ရည် တရပ်ကို တီထွင်ဖန်တီး နေတာ ဖြစ်ပါတယ်။

ဒါဟာ ပြုပြင်ထားတာမျိုး၊ ရှိပြီးသားကို အဆင့်မြှင့်တင် ထားတာမျိုး မဟုတ်ပါဘူး။ အသစ်စက်စက် တီထွင် ဖန်တီးရတာပါ။ ဒီလက်နက် ဖြစ်လာဖို့ အချိန် ၂၄ ထဲနဲ့ တည်ဆောက်ခဲံတာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိက စက်မှုလုပ်ငန်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် အချိန်တိုလေးအတွင်း အောင်မြင်မှု ရတာဖြစ်ပါတယ်။

အခုဆို စစ်ဆင်ရေး တစ်ခုမှာ ဝင်ပါနိုင်တဲ့ အဆင့်ကိုတောင် ရောက်နေပါပြီ” လို့ ဖြည့်စွက်ပြောကြားပါတယ်။ အရင်ကလဲ အီရတ်နဲ့ ဆီးရီးယားမှ တာဝန်ချထားတဲ့ Stryker သံချပ်ကာယာဉ်တွေမှာ လေဆာလက်နက် တပ်ဆင်ဖို့ ကြံစည်ခဲ့ပါသေးတယ်။ အဓိကက ဒရုန်းတွေနဲ့ ဝင်လာမယ့် ဗုံးတွေ (flying IEDs) ကို ဖျက်စီးဖို့ ဖြစ်ပါတယ်။

ဒါပေမယ့် ဥရောမ စစ်မြေပြင် လိုအပ်ချက်က အရေးကြီးလာတာမို့ ဒီဥရောပ စစ်မြေပြင် အခြေအနေနဲ့ လိုက်လျောညီထွေ ရှိမယ့် လေဆာလက်နက်ကို ပြောင်းလဲ တီထွင် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၄ ခရိုင်မီးယားကို ရုရှားက သိမ်းပိုက်ပြီးနောက်ပိုင်း နေတိုး စစ်ရေး သုံးသပ်သူတွေက နေတိုးရဲ့ အနောက် ဥရောပ စစ်နယ်ဝန်းမှာ တာတို လေကြောင်းရန် ကာကွယ်ရေး စနစ် လိုအပ်ချက် ရှိနေတယ်လို့ သုံးသပ်ကြပါတယ်။

ဒီ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ စစ်မြေပြင်သုံး လေဆာလက်နက်ကို တီထွက် ဖန်တီးတာပဲ ဖြစ်ပါတယ်။ဥရောပ စစ်နယ်ဝန်းမှာ တပ်ဖြန့်ထားတဲ့ အမှတ် (၂) မြင်းတပ်ရင်း (2nd Cavalry Regiment) က ၅ ကီလိုဝပ် လေဆာလက်နက်တွေကို Stryker သံချပ်ကာ ယာဉ်တွေ ပေါ်မှာ တပ်ဆင် အသုံးပြုခဲ့တာ နှစ်အနည်းငယ် ရှိခဲ့ပါပြီ (US ကြည်းတပ်မှာ Cavalry regiment ဆိုတာက reconnisance လို့ခေါ်တဲ့ စစ်မြေပြင် ကင်းထောက်တာဝန် ထမ်းဆောင်တဲ့ သံချပ်ကာ တပ်ရင်း ဖြစ်ပါတယ်။

သံချပ်ကာ တပ်ရင်းကို အစဉ်အလာ regiment လို့ခေါ်ပြီး battalion ဆိုတာက ခြေလျင်တပ်ရင်းကို ခေါ်တဲ့ အမည် ဖြစ်ပါတယ်။ သံချပ်ကာ တပ်ခွဲကိုတော့ Squadron လို့ ခေါ်ပါတယ်)။ အခု ၅၀ ကီလိုဝပ်လက်နက်ကတော့ အဖျက်စွမ်းအား ၁၀ ဆ တက်လာတာပဲ ဖြစ်ပါတယ်။

အရင်စနစ်က ဒရုန်းတွေနဲ့ လက်နက်ကြီး ကျည်၊ ဒုံးကျည်တွေကို ဖျက်စီးရာမှာ သိပ်မစွမ်းလှပေမယ့် အခု ၅၀ ကီလိုဝပ်ကတော့ စွမ်းဆောင်ရည် အများကြီး တက်လာပါတယ်။ “ဒီလက်နက်ဟာ လူမဲ့ လေယာဉ် (ဒရုန်း) တွေ၊ ဒုံးကျည်တွေ၊ အမြှောက်ကျည်တွေနဲ့ မော်တာကျည်တွေကို ပစ်ချနိုင်မှာ ဖြစ်ပါတယ်။

ဒီ လေဆာ လက်နက်တွေကြောင့် တပ်မတော်ရဲ့ လေကြောင်းရန် ကာကွယ်ရေးနဲ့ ဒုံးရန်ကာကွယ်ရေး စွမ်းရည် တိုးတက်လာမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာ ဒီလက်နက်အတွက် ထောက်ပံ့ပေးရတဲ့ အထောက်အပံ့လဲ သက်သာသွားတော့ (ကျည်မလိုတော့တာနဲ့ ပျက်စီးနိုင်တဲ့ အစိတ်အပိုင်းတွေ နည်းသွားတာကို ဆိုလိုတာပါ) လက်နက်ပစ္စည်းတွေရဲ့ သက်တမ်းပြည့် ကုန်ကျစားရိတ် (Life cycle cost) လဲ သက်သာသွားပါတယ်” လို့ တပ်မတော်ရဲ့ ထုတ်ပြန်ကြေငြာချက်မှာ ပါရှိပါတယ်။

၂၀၂၂ ခုနှစ်အတွင်းမှာ ဒီ ၅၀ ကီလိုဝပ် လေဆာလက်နက် တပ်ဆင်ထားတဲ့ Stryker သံချပ်ကာယာဉ် ၄ စီးပါဝင်တဲ့ သံချပ်ကာ တပ်စု တစ်စုကို ရှေ့တန်း တပ်ဖွဲ့ တစ်ဖွဲ့ကို တွဲဖက်ပေးဖို့ အစီအစဉ် ရှိနေပါတယ်။ လက်ရှိ အမေရိကန် တပ်မတော် အနေနဲ့ ကီလိုဝပ် ၅၀ လေဆာလက်နက်အပြင် ကီလိုဝပ် ၃၀၀ ရှိတဲ့ အကြီးစား လေဆာ လက်နက်ကိုလဲ စမ်းသပ်လျှက် ရှိပါတယ်။ ဒီလက်နက်ကို ၂၀၂၄ ခုနှစ်ထဲမှာ စတင်အသုံးပြုမှာ ဖြစ်ပြီး ခရုစ် ဒုံပျံ (cruise missiles) တွေကို ပစ်ချဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
Credit

Leave a Reply

Your email address will not be published. Required fields are marked *