အသက္ 24 ႏွစ္အ႐ြယ္ ေပၚတိုအသင္းရဲ႕ ေတာင္အေမရိကၾကယ္ပြင့္ကို ရာဇဝင္ၿပိဳင္ဘက္လီဗာပူးလ္နဲ႔ အၿပိဳင္လိုက္ေနတဲ့ မန္ယူႏိုက္တက္

အသက္ 24 ႏွစ္အ႐ြယ္ ေပၚတိုအသင္းရဲ႕ ေတာင္အေမရိကၾကယ္ပြင့္ကို ရာဇဝင္ၿပိဳင္ဘက္လီဗာပူးလ္နဲ႔ အၿပိဳင္လိုက္ေနတဲ့ မန္ယူႏိုက္တက္

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ေပၚတိုအသင္း ‌ေတာင္ပံတိုက္စစ္မႉး လူးဝစ္ဒီယက္ဇ္ကို ေခၚယူဖို႔အတြက္ လီဗာပူးလ္အသင္းနဲ႔ အၿပိဳင္အဆိုင္ ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။ ယူႏိုက္တက္ပရိတ္သတ္ေတာ္ေတာ္မ်ားမ်ားကေတာ့ အသင္းတိုးတက္ဖို႔အတြက္ ေဆာင္းရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ကစားသမားအသစ္ေတြ ေခၚယူဖို႔ ေမွ်ာ္လင့္ေနၾကပါတယ္။ နည္းျပသစ္ရဲ႕ ကစားကြက္မွာ အဓိကလိုအပ္ေနတဲ့ ကြင္းလယ္ခံစစ္ကစားသမားတစ္ဦး မျဖစ္မေနေခၚယူဖို႔ အသံေတြထြက္ေနေသာ္လည္း Fichajes (IBT မွတဆင့္) မွေဖာ္ျပခ်က္မ်ားအရ မန္ခ်က္စတာယူႏိုက္တက္အသင္းသည္ ေပၚတိုအသင္း ‌ေတာင္ပံတိုက္စစ္မႉ Diaz ကိုေခၚယူရန္ႀကိဳးစားေနသည္ဟုဆိုသည္။

သရဲနီေတြရဲ႕ ဒီရာသီတိုက္စစ္စုဖြဲ႕မႈဟာ လုံေလာက္မႈရွိေပမယ့္ ခရစ္စတီယာႏို ေရာ္နယ္ဒိုနဲ႔ အီဒင္ဆင္ ကာဗာနီတို႔အတြက္ ေရရွည္အစားထိုးမႈေတြ လိုအပ္ပါလိမ့္မယ္။ ဒါေၾကာင့္ ေပၚတိုအသင္းၾကယ္ပြင့္တိုက္စစ္မႈး လူးဝစ္ဒီယက္ဇ္ဟာ ေတာင္ပံထြက္ကစားႏိုင္ၿပီး သူ႔ရဲ႕ အရွိန္အဟုန္နဲ႔ ဂိုးေပါက္ၿခိမ္းေျခာက္မႈေတြက မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေကာင္းေကာင္း အက်ိဳးသက္ေရာက္ေစႏိုင္ပါတယ္။

သို႔ေသာ္လည္း နည္းျပသစ္ Ralf Rangnick ၏ ဘက္မွ အသက္ 24 ႏွစ္အ႐ြယ္ ကစားသမားကို ေခၚယူရန္အတြက္ ၿပိဳင္ဆိုင္မႈအခ်ိဳ႕ႏွင့္ ရင္ဆိုင္ရမည္ ျဖစ္သည္။ လီဗာပူးနဲ႔ မန္စီးတီးတို႔ဟာ ဒိုင္ယာ့ဇ္ရဲ႕ လက္မွတ္ေရးထိုးေရး အတြက္ ၿပိဳင္ဆိုင္ေနၾကတယ္လို႔ သိရၿပီး အေျပာင္းအ‌ေ႐ႊ႕ျဖစ္ေျမာက္ဖို႔ အသဲအသန္ႀကိဳးစားေနၾကၿပီလို႔ သိရပါတယ္။ ဒါေၾကာင့္ ယူႏိုက္တက္အေနနဲ႔ လက္ေႏွးရင္ေတာ့ နာမည္ႀကီး ထမင္ငတ္ျဖစ္ဖို႔ မ်ားပါတယ္။

ဒီရာသီမွာ တိုက္စစ္မႈးမရွိဘဲ ကစားေနရတဲ့ စီးတီးဘက္ကေတာ့ ေပၚတိုၾကယ္ပြင့္ကို အသဲအသန္လိုက္ဖို႔ ရွိေနပါတယ္။ လီဗာပူးလ္ဘက္ကလည္း ဇန္နဝါရီမွာ အဓိက ကစားသမားေတြျဖစ္တဲ့ မိုဆာလာနဲ႔ မာေနးတို႔ကို အာဖရိကဖလားၿပိဳင္ပြဲကို ေစလႊတ္ရဖို႔ ရွိေနလို႔ တိုက္စစ္မႈ ရွာပုံေတာ္အသဲအသန္ဖြင့္ေနတာပါ။

အာဖရိကႏိုင္ငံမ်ားဖလားၿပိဳင္ပြဲတြင္ သက္ဆိုင္ရာႏိုင္ငံမ်ားကို ကိုယ္စားျပဳမည္ျဖစ္သည့္အတြက္ လီဗာပူးအသင္းသည္ ဆာဒီယိုမာေနးႏွင့္ မိုဟာမက္ဆာလာတို႔ကို တစ္လခန႔္ ဆုံးရႈံးရမည္ျဖစ္သည္။ ဆာလက္ နဲ႔ မာေနး တို႔ဟာ ဒီရာသီ ပရီးမီးယားလိဂ္ နဲ႔ ခ်န္ပီယံလိဂ္ တစ္ေလွ်ာက္ လီဗာပူး အသင္း အတြက္ သြင္းဂိုး 62 ဂိုး အနက္ 30 ဂိုး သြင္းယူ ထား ႏိုင္ခဲ့ ပါတယ္ ။ လီဗာပူးလ္တိုက္စစ္မွာ ေအာ္ရီဂီနဲ႔ ဂ်ိဳတာတို႔ က်န္ေနေသာ္လည္း ေပၚတိုၾကယ္ပြင့္ကို ဇန္နဝါရီတြင္ အငွားျဖင့္ေခၚယူရန္ႀကိဳးပမ္းေနၿပီး ရာသီအကုန္တြင္ အၿပီးသတ္စာခ်ဳပ္ ခ်ဳပ္ဖို႔ လီဗာပူးလ္ဘက္က အလိုရွိေနသည္။

မန္ခ်က္စတာယူႏိုက္တက္ နဲ႔ လီဗာပူး ပစ္မွတ္ လူးဝစ္ဒိုင္ယာ့ဇ္ဟာ ဒီရာသီမွာ ေပၚတိုအသင္းအတြက္ ေကာင္းမြန္စြာ ေျခစြမ္းျပေနတဲ့ ကစားသမားတစ္ဦး ျဖစ္ပါတယ္။ Diaz ဟာ ေပၚတိုအသင္းအတြက္ 22 ပြဲမွာ 13 ဂိုးသြင္းယူထားၿပီး 3 ဂိုးဖန္တီးေပးထားပါတယ္။ သူက ေလာေလာဆယ္ ေပၚတိုရဲ႕ အဓိကတိုက္စစ္မႉးအျဖစ္ မကစားရေသးေပမယ့္ သူ႔ရဲ႕သြင္းဂိုး ကိန္းဂဏန္းေတြက အထင္ႀကီးေလးစားစရာပါ။

အသက္ 24 ႏွစ္အ႐ြယ္ ကစားသမားဟာ ကိုလံဘီယာႏိုင္ငံအတြက္ ေကာင္းမြန္တဲ့ မွတ္တမ္းတစ္ခုလည္း ရွိေနၿပီး 31 ပြဲမွာ 7ဂိုးသြင္းယူထားႏိုင္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၂၁ ကိုပါအေမရိကၿပိဳင္ပြဲမွာ သူ႔ရဲ႕သြင္းဂိုး ၄ဂိုးနဲ႔ ကိုလံဘီယာအသင္းကို တတိယေနရာ ရရွိေအာင္ ကူညီႏိုင္ခဲ့ပါတယ္။ ၿပိဳင္ပြဲတစ္ေလွ်ာက္မွာ Diaz ဟာ Lionel Messi နဲ႔ တူညီတဲ့ ဂိုးအေရအတြက္ကို သြင္းယူခဲ့ၿပီး အထင္ႀကီးစရာေကာင္းခဲ့ပါတယ္။

ကစားသမားဘက္ကေတာ့ မန္ယူႏိုက္တက္ သို႔မဟုတ္ လီဗာပူးလ္ကိုေျပာင္းၿပီး ကစားသမားဘဝေနာက္တစ္ဆင့္ တက္ဖို႔ အားသန္ေနပါတယ္။ ေပၚတိုအသင္းအေနနဲ႔ကလည္း ဒီရာသီမ်ာ ခ်န္ပီယံလိဂ္ကထြက္ခဲ့ရၿပီမို႔ သင့္ေတာ္တဲ့ ေျပာင္းေ႐ႊ႕ေၾကးရရွိပါက လက္ခံႏိုင္ဖြယ္ရာ ရွိေနပါတယ္။ ကဲ GG Man United ပရိတ္သတ္ႀကီး‌ေရ ေပၚတိုမွာ ေျခစြာေနတဲ့ေတာင္ပံတိုက္စစ္မႈးကို ကြၽန္ေတာ္တို႔ ယူႏိုက္တက္ကပဲ သရဲနီတစ္ေကာင္အျဖစ္အသြင္ေျပာင္းေပးႏိုင္မလား..? ဒါမွမဟုတ္ ၿပိဳင္ဘက္လီဗာပူးလ္ကပဲ လက္ဦးမႈရယူသြားမလားဆိုတာကေတာ့……
Ref – Sportskeeda
By – Wayne

Unicode
အသက် 24 နှစ်အရွယ် ပေါ်တိုအသင်းရဲ့ တောင်အမေရိကကြယ်ပွင့်ကို ရာဇဝင်ပြိုင်ဘက်လီဗာပူးလ်နဲ့ အပြိုင်လိုက်နေတဲ့ မန်ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပေါ်တိုအသင်း ‌တောင်ပံတိုက်စစ်မှူး လူးဝစ်ဒီယက်ဇ်ကို ခေါ်ယူဖို့အတွက် လီဗာပူးလ်အသင်းနဲ့ အပြိုင်အဆိုင် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်ပရိတ်သတ်တော်တော်များများကတော့ အသင်းတိုးတက်ဖို့အတွက် ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားအသစ်တွေ ခေါ်ယူဖို့ မျှော်လင့်နေကြပါတယ်။ နည်းပြသစ်ရဲ့ ကစားကွက်မှာ အဓိကလိုအပ်နေတဲ့ ကွင်းလယ်ခံစစ်ကစားသမားတစ်ဦး မဖြစ်မနေခေါ်ယူဖို့ အသံတွေထွက်နေသော်လည်း Fichajes (IBT မှတဆင့်) မှဖော်ပြချက်များအရ မန်ချက်စတာယူနိုက်တက်အသင်းသည် ပေါ်တိုအသင်း ‌တောင်ပံတိုက်စစ်မှူ Diaz ကိုခေါ်ယူရန်ကြိုးစားနေသည်ဟုဆိုသည်။

သရဲနီတွေရဲ့ ဒီရာသီတိုက်စစ်စုဖွဲ့မှုဟာ လုံလောက်မှုရှိပေမယ့် ခရစ်စတီယာနို ရော်နယ်ဒိုနဲ့ အီဒင်ဆင် ကာဗာနီတို့အတွက် ရေရှည်အစားထိုးမှုတွေ လိုအပ်ပါလိမ့်မယ်။ ဒါကြောင့် ပေါ်တိုအသင်းကြယ်ပွင့်တိုက်စစ်မှုး လူးဝစ်ဒီယက်ဇ်ဟာ တောင်ပံထွက်ကစားနိုင်ပြီး သူ့ရဲ့ အရှိန်အဟုန်နဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေက မန်ချက်စတာယူနိုက်တက်အသင်းကို ကောင်းကောင်း အကျိုးသက်ရောက်စေနိုင်ပါတယ်။

သို့သော်လည်း နည်းပြသစ် Ralf Rangnick ၏ ဘက်မှ အသက် 24 နှစ်အရွယ် ကစားသမားကို ခေါ်ယူရန်အတွက် ပြိုင်ဆိုင်မှုအချို့နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ လီဗာပူးနဲ့ မန်စီးတီးတို့ဟာ ဒိုင်ယာ့ဇ်ရဲ့ လက်မှတ်ရေးထိုးရေး အတွက် ပြိုင်ဆိုင်နေကြတယ်လို့ သိရပြီး အပြောင်းအ‌ရွှေ့ဖြစ်မြောက်ဖို့ အသဲအသန်ကြိုးစားနေကြပြီလို့ သိရပါတယ်။ ဒါကြောင့် ယူနိုက်တက်အနေနဲ့ လက်နှေးရင်တော့ နာမည်ကြီး ထမင်ငတ်ဖြစ်ဖို့ များပါတယ်။

ဒီရာသီမှာ တိုက်စစ်မှုးမရှိဘဲ ကစားနေရတဲ့ စီးတီးဘက်ကတော့ ပေါ်တိုကြယ်ပွင့်ကို အသဲအသန်လိုက်ဖို့ ရှိနေပါတယ်။ လီဗာပူးလ်ဘက်ကလည်း ဇန်နဝါရီမှာ အဓိက ကစားသမားတွေဖြစ်တဲ့ မိုဆာလာနဲ့ မာနေးတို့ကို အာဖရိကဖလားပြိုင်ပွဲကို စေလွှတ်ရဖို့ ရှိနေလို့ တိုက်စစ်မှု ရှာပုံတော်အသဲအသန်ဖွင့်နေတာပါ။

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲတွင် သက်ဆိုင်ရာနိုင်ငံများကို ကိုယ်စားပြုမည်ဖြစ်သည့်အတွက် လီဗာပူးအသင်းသည် ဆာဒီယိုမာနေးနှင့် မိုဟာမက်ဆာလာတို့ကို တစ်လခန့် ဆုံးရှုံးရမည်ဖြစ်သည်။ ဆာလက် နဲ့ မာနေး တို့ဟာ ဒီရာသီ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ် တစ်လျှောက် လီဗာပူး အသင်း အတွက် သွင်းဂိုး 62 ဂိုး အနက် 30 ဂိုး သွင်းယူ ထား နိုင်ခဲ့ ပါတယ် ။ လီဗာပူးလ်တိုက်စစ်မှာ အော်ရီဂီနဲ့ ဂျိုတာတို့ ကျန်နေသော်လည်း ပေါ်တိုကြယ်ပွင့်ကို ဇန်နဝါရီတွင် အငှားဖြင့်ခေါ်ယူရန်ကြိုးပမ်းနေပြီး ရာသီအကုန်တွင် အပြီးသတ်စာချုပ် ချုပ်ဖို့ လီဗာပူးလ်ဘက်က အလိုရှိနေသည်။

မန်ချက်စတာယူနိုက်တက် နဲ့ လီဗာပူး ပစ်မှတ် လူးဝစ်ဒိုင်ယာ့ဇ်ဟာ ဒီရာသီမှာ ပေါ်တိုအသင်းအတွက် ကောင်းမွန်စွာ ခြေစွမ်းပြနေတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ Diaz ဟာ ပေါ်တိုအသင်းအတွက် 22 ပွဲမှာ 13 ဂိုးသွင်းယူထားပြီး 3 ဂိုးဖန်တီးပေးထားပါတယ်။ သူက လောလောဆယ် ပေါ်တိုရဲ့ အဓိကတိုက်စစ်မှူးအဖြစ် မကစားရသေးပေမယ့် သူ့ရဲ့သွင်းဂိုး ကိန်းဂဏန်းတွေက အထင်ကြီးလေးစားစရာပါ။

အသက် 24 နှစ်အရွယ် ကစားသမားဟာ ကိုလံဘီယာနိုင်ငံအတွက် ကောင်းမွန်တဲ့ မှတ်တမ်းတစ်ခုလည်း ရှိနေပြီး 31 ပွဲမှာ 7ဂိုးသွင်းယူထားနိုင်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ကိုပါအမေရိကပြိုင်ပွဲမှာ သူ့ရဲ့သွင်းဂိုး ၄ဂိုးနဲ့ ကိုလံဘီယာအသင်းကို တတိယနေရာ ရရှိအောင် ကူညီနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲတစ်လျှောက်မှာ Diaz ဟာ Lionel Messi နဲ့ တူညီတဲ့ ဂိုးအရေအတွက်ကို သွင်းယူခဲ့ပြီး အထင်ကြီးစရာကောင်းခဲ့ပါတယ်။

ကစားသမားဘက်ကတော့ မန်ယူနိုက်တက် သို့မဟုတ် လီဗာပူးလ်ကိုပြောင်းပြီး ကစားသမားဘဝနောက်တစ်ဆင့် တက်ဖို့ အားသန်နေပါတယ်။ ပေါ်တိုအသင်းအနေနဲ့ကလည်း ဒီရာသီမျာ ချန်ပီယံလိဂ်ကထွက်ခဲ့ရပြီမို့ သင့်တော်တဲ့ ပြောင်းရွှေ့ကြေးရရှိပါက လက်ခံနိုင်ဖွယ်ရာ ရှိနေပါတယ်။ ကဲ GG Man United ပရိတ်သတ်ကြီး‌ရေ ပေါ်တိုမှာ ခြေစွာနေတဲ့တောင်ပံတိုက်စစ်မှုးကို ကျွန်တော်တို့ ယူနိုက်တက်ကပဲ သရဲနီတစ်ကောင်အဖြစ်အသွင်ပြောင်းပေးနိုင်မလား..? ဒါမှမဟုတ် ပြိုင်ဘက်လီဗာပူးလ်ကပဲ လက်ဦးမှုရယူသွားမလားဆိုတာကတော့……
Ref – Sportskeeda
By – Wayne

Be the first to comment

Leave a Reply

Your email address will not be published.


*