အာဏာသိမ္းမယ့္ အခ်ိန္မွာ တြက္ခ်က္မႈ အမွားအယြင္း ၂ ခု လုပ္မိခဲ့တဲ့ အၾကမ္းဖက္စစ္တပ္

အာဏာသိမ္းမယ့္ အခ်ိန္မွာ တြက္ခ်က္မႈ အမွားအယြင္း ၂ ခု လုပ္မိခဲ့တဲ့ အၾကမ္းဖက္စစ္တပ္

စစ္တပ္ဟာ တြက္ခ်က္မႈ အမွားအယြင္း ၂ ခု လုပ္မိခဲ့တယ္။ တစ္ခုက ျပည္သူေတြရဲ႕ တြန္းလွန္မႈကို ေလွ်ာ့တြက္ခဲ့တာ ျဖစ္ၿပီး ေနာက္တစ္ခုက သူတို႔ရဲ႕ အင္အားကို ပိုတြက္မိ ခဲ့တာပဲ။ ေျပာရရင္ မင္းေအာင္လႈိင္ကို အနီးကပ္ အႀကံေပးေနတဲ့ သူေတြဟာ သူတို႔ ဘာသာ ဘာပညာေတြ တတ္ၿပီး ဘယ္ေလာက္ပဲ အေတြ႕အႀကဳံ ရွိေနပါေစ၊ ေျမျပင္နဲ႔ လိုက္ေလ်ာ ညီေထြ ကိုက္ညီေအာင္ စဥ္းစားခ်င့္ခ်ိန္ ေတြးေခၚ ႏိုင္စြမ္းမွာေတာ့ ညံ့ဖ်င္းတယ္ ဆိုရမယ္။ အခု လိုင္းေပၚက တခ်ိဳ႕ စဆရကေတြ လိုေပါ့။ ျပည္သူ႔ သေဘာကို နားမလည္ဘူး။

မင္းေအာင္လႈိင္တို႔ ဘက္က ေတြးတာက သူတို႔ အာဏာသိမ္းမယ့္ အခ်ိန္မွာ NLD ဟာ တိုင္းရင္းသား တခ်ိဳ႕နဲ႔ သိပ္အေစး မကပ္ဘူး။ ၿပီးေတာ့ အက္တီဗစ္ေတြ၊ စေကာ္လာေတြနဲ႔ ဆက္ဆံေရး မေကာင္းဘူး။ သမဂၢေတြနဲ႔ဆို တက်က္က်က္။ ႏိုင္ငံတကာ မွာလည္း ႐ိုဟင္ဂ်ာ ကိစၥနဲ႔ အျပစ္တင္ ခံေနရေတာ့ သူတို႔သာ အာဏာ သိမ္းလိုက္ရင္ NLD ဘက္က ဝင္ပါ ေပးမယ့္သူ သိပ္မရွိဘူးလို႔ ေတြးတာ။ အလြန္ဆုံး ထိုင္းလိုမ်ိဳး ရွပ္နီရွပ္ဝါ ဆႏၵျပပြဲေလး နည္းနည္း ပါးပါးျဖစ္၊ ေနာက္ပိုင္း ၿငိမ္သြားမွာလို႔ ေတြးခဲ့ၾကတာ။ ဒါေၾကာင့္ အေစာပိုင္းမွာ ဆႏၵ ျပတဲ့သူေတြကို သေဘာထား ႀကီးသလိုလိုနဲ႔ လႊတ္ေပးထား တာေပါ့။

ဒါေပမယ့္ တကယ္တမ္းမွာ လူေတြက NLD ကို ႀကိဳက္တာထက္ စစ္တပ္ကို မုန္းတာက ပိုၿပီး ျပင္းထန္တယ္ ဆိုတာကို သူတို႔ မသိဘူး။ NLD က ဒီအခ်က္ကို နင္းၿပီး ေ႐ြးေကာက္ပြဲ ၂ ခါ ႏိုင္ၿပီးၿပီ။ ဒါလည္း သေဘာ မေပါက္ဘူး။ NLD ေၾကာင့္ သူတို႔ အုပ္ခ်ဳပ္လို႔ မရတာ ဆိုတဲ့ အေတြးႀကီးကို ထိပ္ဆုံးက ေအာက္ဆုံးထိ ဘရိန္းဝပ္ရွ္ လုပ္ခံထား ရေတာ့ NLD ကို ၿဖိဳလိုက္ရင္ လြယ္လြယ္ အုပ္ခ်ဳပ္လို႔ ရမယ္ ထင္တာ။ အေမစု ေျပာသလို ကိုယ့္ကိုယ္ကို တိုးတက္ေအာင္ လုပ္မယ့္အစား သူမ်ားကို ၿဖိဳခ်ဖို႔ အရင္ ေတြးတာ။ အခုခ်ိန္ထိလည္း သူတို႔ ေလာ္ဘီေတြက ေတာ္လွန္ေရး သမား အားလုံးကို NLD ေထာက္ခံသူေတြလို႔ ေျပာေနတုန္း။

ေနာက္တစ္ခုက စစ္တပ္ဟာ သူတို႔ရဲ႕ လူအင္အား၊ လက္နက္ အင္အားကို ယွဥ္ႏိုင္တဲ့ အဖြဲ႕အစည္း၊ စစ္တပ္မ်ိဳး ဒီႏိုင္ငံမွာ ထပ္မေပၚ ႏိုင္ဘူးလို႔ ေတြးတာ။ ဒါေပမယ့္ တကယ္တမ္း ေအာက္ေျခမွာ စာရင္း မတင္တဲ့ တပ္ေျပးေတြ၊ အိုနာ က်ိဳးကန္းေတြ ပုံေနသလို လူသစ္ စုေဆာင္း ႏိုင္မႈ ကလည္း အားနည္းလို႔ ေဒါင္ေဒါင္ျမည္ တိုက္ပြဲဝင္ ႏိုင္တဲ့သူက တကယ္ စာရင္းရွိ လူအင္အားရဲ႕ တစ္ဝက္ေတာင္ မရွိဘူး။ လက္နက္ က်ျပန္ေတာ့ ဆန္ရွင္ေတြေၾကာင့္ လက္နက္ေရာင္းတဲ့ ႏိုင္ငံေတြနဲ႔ အဆင့္အတန္း ရွိရွိ မဆက္ဆံႏိုင္ဘဲ ခိုးေၾကာင္ ခိုးဝွက္ ဝယ္ရလို႔ ဂ်င္းထည့္သမွ် အစုတ္အျပတ္ေတြ ဝယ္ထားရတာ။

ကပစ ထုတ္ေတြ က်ေတာ့လည္း အဆင့္ဆင့္ ခိုးေနၾကလို႔ ကြာလတီက မမီ။ တိုက္ပြဲထဲလည္း က်ေရာ အဲဒါေတြကိုင္ၿပီး ငရဲျပည္ ေရာက္ကုန္ ေတာ့တာပဲ။ တစ္ဘက္မွာ ေတာ္လွန္ေရး အင္အားစုေတြက တူမီးေတြ၊ လုပ္ေသနတ္ေတြနဲ႔ စခဲ့ရေပမယ့္ ျပည္သူေတြရဲ႕ ဝန္းရံ ပံ့ပိုးေပးမႈေၾကာင့္ တစ္စထက္ တစ္စထက္ လက္နက္အင္အား ပိုပို ေကာင္းလာတယ္။ လူအင္အားကေတာ့ ေျပာမေနနဲ႔။

နဂို ကမွ ျပည္သူတိုင္းက PDF ဆိုသလို လူငယ္ လူ႐ြယ္ေတြ အလုအယက္ ဝင္ခ်င္ေနတဲ့ ၾကားထဲ စစ္တပ္က ႐ြာေတြမီးရႈိ႕၊ လူေတြသတ္ လုပ္ျပေတာ့ သိပ္ၿပီး မတက္ႂကြတဲ့ သူေတြကိုေတာင္ PDF ျဖစ္လာေအာင္ လုပ္ေပးေန သလိုပဲ။ ဒီပုံစံ အင္အားစုႏွစ္ခု ရင္ဆိုင္ရတဲ့ အခ်ိန္မွာ ဘယ္ဘက္က ႏိုင္မယ္ ဆိုတာ အသိသာႀကီး။ အခ်ိန္တစ္ခုပဲ သည္းခံ ေစာင့္ဖို႔လိုတာ။

crd
zin thaw naing
#MmDm

Unicode
အာဏာသိမ်းမယ့် အချိန်မှာ တွက်ချက်မှု အမှားအယွင်း ၂ ခု လုပ်မိခဲ့တဲ့ အကြမ်းဖက်စစ်တပ်

စစ်တပ်ဟာ တွက်ချက်မှု အမှားအယွင်း ၂ ခု လုပ်မိခဲ့တယ်။ တစ်ခုက ပြည်သူတွေရဲ့ တွန်းလှန်မှုကို လျှော့တွက်ခဲ့တာ ဖြစ်ပြီး နောက်တစ်ခုက သူတို့ရဲ့ အင်အားကို ပိုတွက်မိ ခဲ့တာပဲ။ ပြောရရင် မင်းအောင်လှိုင်ကို အနီးကပ် အကြံပေးနေတဲ့ သူတွေဟာ သူတို့ ဘာသာ ဘာပညာတွေ တတ်ပြီး ဘယ်လောက်ပဲ အတွေ့အကြုံ ရှိနေပါစေ၊ မြေပြင်နဲ့ လိုက်လျော ညီထွေ ကိုက်ညီအောင် စဉ်းစားချင့်ချိန် တွေးခေါ် နိုင်စွမ်းမှာတော့ ညံ့ဖျင်းတယ် ဆိုရမယ်။ အခု လိုင်းပေါ်က တချို့ စဆရကတွေ လိုပေါ့။ ပြည်သူ့ သဘောကို နားမလည်ဘူး။

မင်းအောင်လှိုင်တို့ ဘက်က တွေးတာက သူတို့ အာဏာသိမ်းမယ့် အချိန်မှာ NLD ဟာ တိုင်းရင်းသား တချို့နဲ့ သိပ်အစေး မကပ်ဘူး။ ပြီးတော့ အက်တီဗစ်တွေ၊ စကော်လာတွေနဲ့ ဆက်ဆံရေး မကောင်းဘူး။ သမဂ္ဂတွေနဲ့ဆို တကျက်ကျက်။ နိုင်ငံတကာ မှာလည်း ရိုဟင်ဂျာ ကိစ္စနဲ့ အပြစ်တင် ခံနေရတော့ သူတို့သာ အာဏာ သိမ်းလိုက်ရင် NLD ဘက်က ဝင်ပါ ပေးမယ့်သူ သိပ်မရှိဘူးလို့ တွေးတာ။ အလွန်ဆုံး ထိုင်းလိုမျိုး ရှပ်နီရှပ်ဝါ ဆန္ဒပြပွဲလေး နည်းနည်း ပါးပါးဖြစ်၊ နောက်ပိုင်း ငြိမ်သွားမှာလို့ တွေးခဲ့ကြတာ။ ဒါကြောင့် အစောပိုင်းမှာ ဆန္ဒ ပြတဲ့သူတွေကို သဘောထား ကြီးသလိုလိုနဲ့ လွှတ်ပေးထား တာပေါ့။

ဒါပေမယ့် တကယ်တမ်းမှာ လူတွေက NLD ကို ကြိုက်တာထက် စစ်တပ်ကို မုန်းတာက ပိုပြီး ပြင်းထန်တယ် ဆိုတာကို သူတို့ မသိဘူး။ NLD က ဒီအချက်ကို နင်းပြီး ရွေးကောက်ပွဲ ၂ ခါ နိုင်ပြီးပြီ။ ဒါလည်း သဘော မပေါက်ဘူး။ NLD ကြောင့် သူတို့ အုပ်ချုပ်လို့ မရတာ ဆိုတဲ့ အတွေးကြီးကို ထိပ်ဆုံးက အောက်ဆုံးထိ ဘရိန်းဝပ်ရှ် လုပ်ခံထား ရတော့ NLD ကို ဖြိုလိုက်ရင် လွယ်လွယ် အုပ်ချုပ်လို့ ရမယ် ထင်တာ။ အမေစု ပြောသလို ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်မယ့်အစား သူများကို ဖြိုချဖို့ အရင် တွေးတာ။ အခုချိန်ထိလည်း သူတို့ လော်ဘီတွေက တော်လှန်ရေး သမား အားလုံးကို NLD ထောက်ခံသူတွေလို့ ပြောနေတုန်း။

နောက်တစ်ခုက စစ်တပ်ဟာ သူတို့ရဲ့ လူအင်အား၊ လက်နက် အင်အားကို ယှဉ်နိုင်တဲ့ အဖွဲ့အစည်း၊ စစ်တပ်မျိုး ဒီနိုင်ငံမှာ ထပ်မပေါ် နိုင်ဘူးလို့ တွေးတာ။ ဒါပေမယ့် တကယ်တမ်း အောက်ခြေမှာ စာရင်း မတင်တဲ့ တပ်ပြေးတွေ၊ အိုနာ ကျိုးကန်းတွေ ပုံနေသလို လူသစ် စုဆောင်း နိုင်မှု ကလည်း အားနည်းလို့ ဒေါင်ဒေါင်မြည် တိုက်ပွဲဝင် နိုင်တဲ့သူက တကယ် စာရင်းရှိ လူအင်အားရဲ့ တစ်ဝက်တောင် မရှိဘူး။ လက်နက် ကျပြန်တော့ ဆန်ရှင်တွေကြောင့် လက်နက်ရောင်းတဲ့ နိုင်ငံတွေနဲ့ အဆင့်အတန်း ရှိရှိ မဆက်ဆံနိုင်ဘဲ ခိုးကြောင် ခိုးဝှက် ဝယ်ရလို့ ဂျင်းထည့်သမျှ အစုတ်အပြတ်တွေ ဝယ်ထားရတာ။

ကပစ ထုတ်တွေ ကျတော့လည်း အဆင့်ဆင့် ခိုးနေကြလို့ ကွာလတီက မမီ။ တိုက်ပွဲထဲလည်း ကျရော အဲဒါတွေကိုင်ပြီး ငရဲပြည် ရောက်ကုန် တော့တာပဲ။ တစ်ဘက်မှာ တော်လှန်ရေး အင်အားစုတွေက တူမီးတွေ၊ လုပ်သေနတ်တွေနဲ့ စခဲ့ရပေမယ့် ပြည်သူတွေရဲ့ ဝန်းရံ ပံ့ပိုးပေးမှုကြောင့် တစ်စထက် တစ်စထက် လက်နက်အင်အား ပိုပို ကောင်းလာတယ်။ လူအင်အားကတော့ ပြောမနေနဲ့။

နဂို ကမှ ပြည်သူတိုင်းက PDF ဆိုသလို လူငယ် လူရွယ်တွေ အလုအယက် ဝင်ချင်နေတဲ့ ကြားထဲ စစ်တပ်က ရွာတွေမီးရှို့၊ လူတွေသတ် လုပ်ပြတော့ သိပ်ပြီး မတက်ကြွတဲ့ သူတွေကိုတောင် PDF ဖြစ်လာအောင် လုပ်ပေးနေ သလိုပဲ။ ဒီပုံစံ အင်အားစုနှစ်ခု ရင်ဆိုင်ရတဲ့ အချိန်မှာ ဘယ်ဘက်က နိုင်မယ် ဆိုတာ အသိသာကြီး။ အချိန်တစ်ခုပဲ သည်းခံ စောင့်ဖို့လိုတာ။

crd
zin thaw naing
#MmDm

Be the first to comment

Leave a Reply

Your email address will not be published.


*