Knowledge






Unicode
အာဏာသိမ်း စကစခေါင်းဆောင် မင်းအောင်လှိုင် တယောက် ဗိုလ်နဂါးကို မတရားကြောက်နေရတဲ့အကြောင်းအရင်း

အာဏာသိမ်း စကစခေါင်းဆောင် မအလ နှင့် အပေါင်းအပါ အများစုဟာ အတိတ်တဘောင် ယတြာတွေကို ယုံကြည်၍ ရတြာရူးရူးနေတယ်ဆိုတာကို လူတိုင်းလဲအသိပဲဖြစ်ပါလိမ့်မယ်.. အခုလည်း တဘောင်ထဲက နဂါးတပ်မင်းဆိုတာ ကို သူတို့ဖိန့်ဖိန့်တုန်အောင်ကြောက်နေကြပါတယ်..

နဂါးတပ်မင်း ပြည်တော်ဆင်းမှမိစ္ဆာမင်းဆက်ပျက်လိမ့်မည် လို့ အတိတ် တဘောင်ရှိထားတော့ ပုလဲမြို့နယ်က ဗိုလ်နဂါးကို သုတ်သင်ရှင်းလင်းဖို့ စစ်ဆင်ရေး အသည်းအသန်လုပ်နေကြတာပဲဖြစ်ပါတယ်..မနေ့ကလည်း ဗိုလ်နဂါးတို့ အစည်းအဝေးလုပ်နေတယ်လို့သတင် းရတဲ့ ရွာကိုကြည်းတပ်လေတပ်ပူးပေါင်းပြီး စစ်ဆင်ရေးလုပ်တယ်။

ဗိုလ်နဂါးက မသေတဲ့အပြင် လောကီ ပညာ အတိတ်တဘောင်ယုံကြည်ကြတဲ့ ဗမာလူမျိုး အများစုရဲ့ ထောက်ခံ မှုကိုပါ တခဲ နက်ရရှိသွားသေးတယ်လေ.. ဟုတ်ပါတယ် ဗိုလ်နဂါးဆိုတာ ခင်ဗျားတို့ ဘယ်လိုသတ် သတ်မသေတဲ့ ဘယ်လို သတ်ဖို့ကြံကြံ မအောင်မြင်မဲ့ ပုလဲ နယ်သား နဂါးတပ်မင်း ပါပဲ..

“နဂါးတက်မင်းပြည်တော်ဆင်း မိစ္ဆာမင်းဆက် ပြုတ်လိမ့်မယ်၊မင်းကျင့်တရားထုံးဆယ်ပါ နဂါးတပ်ကအောင်လိမ့်မည်၊မီးကုန်ယမ်းကုန်ရိက္ခာကုန် တပ်ရင်း သူပုန်ထလိမ့်မည် သူပုန်ထကာ မင်းမိစ္ဆာ ချက်ချင်း ကျ လိမ့်မည်” အတိတ် တဘောင်တွေ အရ ဗိုလ်နဂါးရဲ့ တပ်မတော်ဟာ မအလ အတွက်တော့ အိပ်မရစေမဲ့ အိမ် မက်ဆိုးကြီးထဲ က ဆူးငြောင့် ခလုတ် အဖြစ် သတ်မှတ်ထားရတဲ့ အကြောင် းအရင်းတစ်ခုဖြစ်လာခဲ့ပါပြီ..
ခရက်ဒစ်..ပဉ္စရူပဘသိန်း

Leave a Reply

Your email address will not be published. Required fields are marked *