အားလုံးမထင္မွတ္တဲ့ ေပါင္၁၈သန္းတန္ ပရီးမီးယားလိဂ္ၾကယ္ပြင့္နဲ႔ စဖြင့္ႏိုင္တဲ့ ယူႏိုက္တက္အသင္းရဲ႕ အေျပာင္းအေ႐ႊ႕အစီအစဥ္

အားလုံးမထင္မွတ္တဲ့ ေပါင္၁၈သန္းတန္ ျပင္သစ္လက္ေ႐ြးစင္ ပရီးမီးယားလိဂ္ၾကယ္ပြင့္နဲ႔ စဖြင့္ႏိုင္တဲ့ ယူႏိုက္တက္အသင္းရဲ႕ အေျပာင္းအေ႐ႊ႕အစီအစဥ္

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္ၾကယ္ပြင့္ကို ေပါင္ 18 သန္းနဲ႔ ေခၚယူဖို႔ အစီအစဥ္ဆြဲေနတာေၾကာင့္ အေျပာင္းအေ႐ႊ႕အစီအစဥ္ေတြ ေျပာင္းလဲသြားႏိုင္ပါတယ္။ လက္ရွိအသင္းရဲ႕ ဘယ္ခံစစ္မႈး Luke Shaw ရဲ႕ပုံစံေကာင္းေပ်ာက္ဆုံးေနမႈေၾကာင့္ ပရီးမီးယားလိဂ္ဘယ္ေနာက္ခံလူတစ္ဦးကို အံ့အားသင့္ဖြယ္ ေခၚယူဖို႔ ႀကိဳးစားေနေၾကာင္း သတင္းေတြထြက္လာတာပါ။

Ralf Rangnick ဟာ မန္ခ်က္စတာယူႏိုက္တက္မွာ ပထမဆုံးရက္သတၱပတ္အနည္းငယ္အတြင္း အသင္းမွာ အေျခက်လာၿပီျဖစ္တာေၾကာင့္ လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလအတြက္ ပစ္မွတ္စာရင္းကို ေရးဆြဲထားၿပီးျဖစ္ဖြယ္ရွိပါတယ္။ အဲဒီစာရင္းမွာ ထိပ္ဆုံးက ကြင္းလယ္ကစားသမားသစ္ ေခၚ္ယူဖို႔ ျဖစ္ႏိုင္ေျခပိုမ်ားပါတယ္။
ဒါေပမယ့္ အဲဒီအစီအစဥ္ဟာ အဲဗာတန္ ဘယ္ေနာက္ခံလူ Lucas Digneကို ေခၚယူဖို႔ အခြင့္အေရးရလာတဲ့နဲ႔အတူ ေျပာင္းလဲသြားႏိုင္ဖြယ္ရွိေနပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ကစားသမား Lucas Digneသည္ ၂၀၁၈ ခုႏွစ္ ေႏြရာသီတြင္ ဘာစီလိုနာမွ အဲဗာတန္သို႔ ေရာက္ရွိလာခဲ့ၿပီး လြန္ခဲ့သည့္ ၃ ႏွစ္တာကာလအတြင္း ပရီးမီးယားလိဂ္၏ ထင္ရွားေက်ာ္ၾကားေသာ ကစားသမားတစ္ဦးျဖစ္ခဲ့သည္။ Digne သည္ ယခုရာသီတြင္ အဲဗာတန္အတြက္ အထင္ရွားဆုံး ေျခစြမ္းအျပႏိုင္ဆုံးကစားသမား‌ ေတာ့ မဟုတ္ခဲ့ေပ။ ၄င္းသည္ နည္းျပသစ္ Rafael Benitez လက္ထက္တြင္ ပုံစံေကာင္းရရန္ ႐ုန္းကန္ေနရၿပီး သြင္းဂိုးမရွိ ဂိုးဖန္တီးမႈတစ္ႀကိမ္မွ ျပဳလုပ္ထားႏိုင္ျခင္း မရွိေပ။

လီဗာပူးနဲ႔ ခ်ဲလ္ဆီးနည္းျပေဟာင္း Rafael Benitezဟာ ဂူဒီဆင္ပါ့ခ္ကို ေရာက္ရွိလာကတည္းက အဲဗာတန္ကို ပိုက်စ္လ်စ္တဲ့အသင္းျဖစ္ေအာင္ ႀကိဳးစားခဲ့ပါတယ္။ သူ႔ရဲ႕နည္း‌ဗ်ဴဟာအရ ခံစစ္ကို ပိုမိုက်စ္လစ္ေစဖို႔ ေတာင္ပံေနာက္ခံလူမ်ားျဖစ္သည့္ Digne ႏွင့္ ညာျခမ္းအသင္းေဖာ္ Seamus Coleman တို႔ကို တိုက္စစ္လိုက္ပါဖို႔ကို ကန႔္သတ္ထားသည္။ Digneအေနႏွင့္ အဲဗာတန္၏ ခံစစ္ခ်ဥ္းကပ္မႈတြင္ စိတ္ပ်က္ေနၿပီး ၎၏ကိုယ္ပိုင္စြမ္းေဆာင္ရည္အေပၚ သက္ေရာက္မႈရွိျခင္းေၾကာင့္ နည္းျပRafael Benitezနဲ႔ ဆက္ဆံေရးမွာလည္း အဖုအထစ္ ျဖစ္လာေနသည္။

သို႔ေသာ္ အဲဗာတန္နည္းျပ Rafael Benitezသည္ သူႏွင့္ထိပ္တိုက္ေတြ႕ ေဝဖန္ခဲ့သည့္ အသက္ 28 ႏွစ္အ႐ြယ္ Digne အား ေနာက္ဆုံးလိဂ္ပြဲစဥ္ႏွစ္ပြဲတြင္ လူစာရင္းမွ ခ်န္လွပ္ခဲ့သည္။ Digne သည္ ၾကာသပေတးေန႔တြင္ ခ်ယ္လ္ဆီးအသင္းႏွင့္ ယွဥ္ၿပိဳင္ကစားမည့္ အဲဗာတန္အသင္း ပြဲထြက္လူစာရင္းတြင္ ျပန္လည္ပါဝင္လာမည္ဟု ေမွ်ာ္လင့္ထားေသာ္လည္း Benitez က ဗုဒၶဟူးေန႔မြန္းလြဲပိုင္း ၎၏သတင္းစာရွင္းလင္းပြဲတြင္ Digne သည္ ေနမေကာင္းေၾကာင္းေျပာဆိုကာ ဖ်ားနာေနၿပီျဖစ္ေၾကာင္း ေျပာဆိုခဲ့သည္။

“မေန႔က ကြၽန္ေတာ္တို႔ ေလ့က်င့္ေရးအစီအစဥ္တစ္ခုလုပ္ခဲ့ၿပီး သူ(Digne) ကစားသမား ၁၁ေယာက္စာရင္းမွာ ပါဝင္ခဲ့ပါတယ္။ ဒီေန႔မွာေတာ့ သူေနမေကာင္းျဖစ္ၿပီး မကစားႏိုင္ဘူးလို႔ ေျပာပါတယ္။”
အေၾကာင္းအရာမ်ားကို ေထာက္ရႈေသာ္ Digneအေနႏွင့္ လြန္ခဲ့သည့္ ႏွစ္ပတ္အတြင္း Benitez ထံမွ ရရွိခဲ့ေသာ စိမ္းကားမႈအတြက္ ေနမေကာင္း၍ မကစားႏိုင္ေၾကာင္းေျပာကာ ပုန္ကန္လိုက္ျခင္းပင္ျဖစ္သည္။ Benitez ဆက္လက္တာဝန္ယူေနသေ႐ြ႕ Digne သည္ အဲဗာတန္မွ ထြက္ခြာရန္ စိတ္အားထက္သန္ေနလိမ့္မည္။

ထို႔အျပင္၊ ဘင္နီတက္ဇ္ကိုယ္တိုင္ကလည္း သူ႔အား ထိပ္တိုက္ေတြ႕ ေဝဖန္သည္ ကစားသမားမ်ားကို ထုတ္ပယ္သည့္အခါတြင္ အေလွ်ာ့မေပးေၾကာင္း သက္ေသျပခဲ့ၿပီး – စပိန္သားသည္ ယခုေႏြရာသီေရာက္ၿပီးမၾကာမီတြင္ ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ကို အသင္းမွာ ေရာင္းထုတ္ရာတြင္ အခ်ိန္မျဖဳန္း ေနာက္မတြန႔္ခဲ့ေပ။ အေျခအေနမ်ားအရ Digneကို လာမယ့္ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မွာ ေစ်းသက္သက္သာသာနဲ႔ ေခၚယူႏိုင္ဖို႔ အခြင့္အလမ္းမ်ားေနသည္။

Luke Shaw ဟာ 2014 ခုႏွစ္ေရာက္ကတည္းက United ရဲ႕ ပထမဦးစားေပး ဘယ္ေနာက္ခံလူ ျဖစ္ခဲ့ေပမယ့္ ဒီရာသီမွာ သူ႔ရဲ႕ အေနအထားက မတည္ၿငိမ္တဲ့ပုံစံေတြနဲ႔ ႐ုန္းကန္ခဲ့ရပါတယ္။ ယူ႐ိုမွာ ေျခစြမ္းျပႏိုင္ခဲ့လို႔ ပရိတ္သတ္ေတြအားလုံးက ေမွ်ာ္လင့္ခ်က္ႀကီးခဲ့ေသာ္လည္း တဲလက္စ္ေျခစြမ္းျပလာျခင္နဲ႔အတူ ပထမေနရာအတြက္ အျပင္းအထန္ ေမးခြန္းထုတ္ ခံေနရပါတယ္။

Luke Shawေနရာကို အစားထိုးဖို႔ Digneဟာ ထိုက္တန္ပါရဲ႕လား…? တစ္ခ်က္ၾကည့္ရေအာင္..
ၿပီးခဲ့တဲ့ရာသီက အဲဗာတန္နည္းျပ အန္ဆယ္ေလာ့တီလက္ထက္ လြတ္လြတ္လပ္လပ္ကစားရတဲ့ အခ်ိန္မွာ Digneဟာ ေျခစြမ္းအျမင့္ဆုံး အေနအထားမွာရွိခဲ့ၿပီး ပရီးမီးယားလိဂ္မွာ ဂိုးဖန္တီးမႈ ၇ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

သူဟာ မႏွစ္က ပရီးမီးယားလိဂ္ရဲ႕ ဘယ္ေနာက္ခံလူေတြထဲမွာ Expected Assists အမ်ားဆုံးလုပ္ႏိုင္ခဲ့ၿပီး key pass အမ်ားဆုံးေပးပို႔ႏိုင္တဲ့ ေနရာမွ နံပါတ္ ၅ေနရာက ရပ္တည္ႏိုင္ခဲ့ပါတယ္။ Digneရဲ႕ အေကာင္းဆုံးပုံစံက ေဘာလုံးႏွင့္အတူ တိုက္စစ္အားသန္တဲ့ ဘယ္ေနာက္ခံလူပါ။ ဒါ‌ေပမယ့္ နည္းျပ Benitez ကေတာ့ တိုက္စစ္လိုက္ပါဖို႔ ကန႔္သတ္ထားၿပီး သူ႔ကို ခံစစ္ကိုပိုမိုအားျပဳကစားေစခ်င္တာပါ။

ယူႏိုက္တက္အေနႏွင့္ ဂူဒီဆင္ပါ့ခ္ကေန ဒီျပင္သစ္သားကို ေခၚယူႏိုင္ဖို႔ အလားအလားေကာင္းေနေသာ္လည္း အဓိကလိုအပ္ေနတဲ့ ကြင္းလယ္ကစားသမားကိုေခၚယူၿပီးပါက သုံးေငြေလာက္ မေလာက္အေပၚ မူတည္ေနသည္။ Digneကို ေခၚယူႏိုင္ပါက လုခ္ေရွာနဲ႔ အဲလက္စ္တဲလက္စ္ တို႔ႏွစ္ေယာက္လုံးကို ေသခ်ာေပါက္ပြဲထြက္ခြင့္ အတြက္ဖိအားေပးႏိုင္မည္ဟု ယူႏိုက္တက္ဘက္က ယုံၾကည္ေနသည္။
Ref – Manchester Evening News
By – Wayne

Unicode
အားလုံးမထင်မှတ်တဲ့ ပေါင်၁၈သန်းတန် ပြင်သစ်လက်ရွေးစင် ပရီးမီးယားလိဂ်ကြယ်ပွင့်နဲ့ စဖွင့်နိုင်တဲ့ ယူနိုက်တက်အသင်းရဲ့ အပြောင်းအရွှေ့အစီအစဉ်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ကြယ်ပွင့်ကို ပေါင် 18 သန်းနဲ့ ခေါ်ယူဖို့ အစီအစဉ်ဆွဲနေတာကြောင့် အပြောင်းအရွှေ့အစီအစဉ်တွေ ပြောင်းလဲသွားနိုင်ပါတယ်။ လက်ရှိအသင်းရဲ့ ဘယ်ခံစစ်မှုး Luke Shaw ရဲ့ပုံစံကောင်းပျောက်ဆုံးနေမှုကြောင့် ပရီးမီးယားလိဂ်ဘယ်နောက်ခံလူတစ်ဦးကို အံ့အားသင့်ဖွယ် ခေါ်ယူဖို့ ကြိုးစားနေကြောင်း သတင်းတွေထွက်လာတာပါ။

Ralf Rangnick ဟာ မန်ချက်စတာယူနိုက်တက်မှာ ပထမဆုံးရက်သတ္တပတ်အနည်းငယ်အတွင်း အသင်းမှာ အခြေကျလာပြီဖြစ်တာကြောင့် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွက် ပစ်မှတ်စာရင်းကို ရေးဆွဲထားပြီးဖြစ်ဖွယ်ရှိပါတယ်။ အဲဒီစာရင်းမှာ ထိပ်ဆုံးက ကွင်းလယ်ကစားသမားသစ် ခေါ််ယူဖို့ ဖြစ်နိုင်ခြေပိုများပါတယ်။
ဒါပေမယ့် အဲဒီအစီအစဉ်ဟာ အဲဗာတန် ဘယ်နောက်ခံလူ Lucas Digneကို ခေါ်ယူဖို့ အခွင့်အရေးရလာတဲ့နဲ့အတူ ပြောင်းလဲသွားနိုင်ဖွယ်ရှိနေပါတယ်။

ပြင်သစ်လက်ရွေးစင်ကစားသမား Lucas Digneသည် ၂၀၁၈ ခုနှစ် နွေရာသီတွင် ဘာစီလိုနာမှ အဲဗာတန်သို့ ရောက်ရှိလာခဲ့ပြီး လွန်ခဲ့သည့် ၃ နှစ်တာကာလအတွင်း ပရီးမီးယားလိဂ်၏ ထင်ရှားကျော်ကြားသော ကစားသမားတစ်ဦးဖြစ်ခဲ့သည်။ Digne သည် ယခုရာသီတွင် အဲဗာတန်အတွက် အထင်ရှားဆုံး ခြေစွမ်းအပြနိုင်ဆုံးကစားသမား‌ တော့ မဟုတ်ခဲ့ပေ။ ၄င်းသည် နည်းပြသစ် Rafael Benitez လက်ထက်တွင် ပုံစံကောင်းရရန် ရုန်းကန်နေရပြီး သွင်းဂိုးမရှိ ဂိုးဖန်တီးမှုတစ်ကြိမ်မှ ပြုလုပ်ထားနိုင်ခြင်း မရှိပေ။

လီဗာပူးနဲ့ ချဲလ်ဆီးနည်းပြဟောင်း Rafael Benitezဟာ ဂူဒီဆင်ပါ့ခ်ကို ရောက်ရှိလာကတည်းက အဲဗာတန်ကို ပိုကျစ်လျစ်တဲ့အသင်းဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ သူ့ရဲ့နည်း‌ဗျူဟာအရ ခံစစ်ကို ပိုမိုကျစ်လစ်စေဖို့ တောင်ပံနောက်ခံလူများဖြစ်သည့် Digne နှင့် ညာခြမ်းအသင်းဖော် Seamus Coleman တို့ကို တိုက်စစ်လိုက်ပါဖို့ကို ကန့်သတ်ထားသည်။ Digneအနေနှင့် အဲဗာတန်၏ ခံစစ်ချဉ်းကပ်မှုတွင် စိတ်ပျက်နေပြီး ၎င်း၏ကိုယ်ပိုင်စွမ်းဆောင်ရည်အပေါ် သက်ရောက်မှုရှိခြင်းကြောင့် နည်းပြRafael Benitezနဲ့ ဆက်ဆံရေးမှာလည်း အဖုအထစ် ဖြစ်လာနေသည်။

သို့သော် အဲဗာတန်နည်းပြ Rafael Benitezသည် သူနှင့်ထိပ်တိုက်တွေ့ ဝေဖန်ခဲ့သည့် အသက် 28 နှစ်အရွယ် Digne အား နောက်ဆုံးလိဂ်ပွဲစဉ်နှစ်ပွဲတွင် လူစာရင်းမှ ချန်လှပ်ခဲ့သည်။ Digne သည် ကြာသပတေးနေ့တွင် ချယ်လ်ဆီးအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် အဲဗာတန်အသင်း ပွဲထွက်လူစာရင်းတွင် ပြန်လည်ပါဝင်လာမည်ဟု မျှော်လင့်ထားသော်လည်း Benitez က ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်း ၎င်း၏သတင်းစာရှင်းလင်းပွဲတွင် Digne သည် နေမကောင်းကြောင်းပြောဆိုကာ ဖျားနာနေပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။

“မနေ့က ကျွန်တော်တို့ လေ့ကျင့်ရေးအစီအစဉ်တစ်ခုလုပ်ခဲ့ပြီး သူ(Digne) ကစားသမား ၁၁ယောက်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ဒီနေ့မှာတော့ သူနေမကောင်းဖြစ်ပြီး မကစားနိုင်ဘူးလို့ ပြောပါတယ်။”
အကြောင်းအရာများကို ထောက်ရှုသော် Digneအနေနှင့် လွန်ခဲ့သည့် နှစ်ပတ်အတွင်း Benitez ထံမှ ရရှိခဲ့သော စိမ်းကားမှုအတွက် နေမကောင်း၍ မကစားနိုင်ကြောင်းပြောကာ ပုန်ကန်လိုက်ခြင်းပင်ဖြစ်သည်။ Benitez ဆက်လက်တာဝန်ယူနေသရွေ့ Digne သည် အဲဗာတန်မှ ထွက်ခွာရန် စိတ်အားထက်သန်နေလိမ့်မည်။

ထို့အပြင်၊ ဘင်နီတက်ဇ်ကိုယ်တိုင်ကလည်း သူ့အား ထိပ်တိုက်တွေ့ ဝေဖန်သည် ကစားသမားများကို ထုတ်ပယ်သည့်အခါတွင် အလျှော့မပေးကြောင်း သက်သေပြခဲ့ပြီး – စပိန်သားသည် ယခုနွေရာသီရောက်ပြီးမကြာမီတွင် ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို အသင်းမှာ ရောင်းထုတ်ရာတွင် အချိန်မဖြုန်း နောက်မတွန့်ခဲ့ပေ။ အခြေအနေများအရ Digneကို လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ စျေးသက်သက်သာသာနဲ့ ခေါ်ယူနိုင်ဖို့ အခွင့်အလမ်းများနေသည်။

Luke Shaw ဟာ 2014 ခုနှစ်ရောက်ကတည်းက United ရဲ့ ပထမဦးစားပေး ဘယ်နောက်ခံလူ ဖြစ်ခဲ့ပေမယ့် ဒီရာသီမှာ သူ့ရဲ့ အနေအထားက မတည်ငြိမ်တဲ့ပုံစံတွေနဲ့ ရုန်းကန်ခဲ့ရပါတယ်။ ယူရိုမှာ ခြေစွမ်းပြနိုင်ခဲ့လို့ ပရိတ်သတ်တွေအားလုံးက မျှော်လင့်ချက်ကြီးခဲ့သော်လည်း တဲလက်စ်ခြေစွမ်းပြလာခြင်နဲ့အတူ ပထမနေရာအတွက် အပြင်းအထန် မေးခွန်းထုတ် ခံနေရပါတယ်။

Luke Shawနေရာကို အစားထိုးဖို့ Digneဟာ ထိုက်တန်ပါရဲ့လား…? တစ်ချက်ကြည့်ရအောင်..
ပြီးခဲ့တဲ့ရာသီက အဲဗာတန်နည်းပြ အန်ဆယ်လော့တီလက်ထက် လွတ်လွတ်လပ်လပ်ကစားရတဲ့ အချိန်မှာ Digneဟာ ခြေစွမ်းအမြင့်ဆုံး အနေအထားမှာရှိခဲ့ပြီး ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

သူဟာ မနှစ်က ပရီးမီးယားလိဂ်ရဲ့ ဘယ်နောက်ခံလူတွေထဲမှာ Expected Assists အများဆုံးလုပ်နိုင်ခဲ့ပြီး key pass အများဆုံးပေးပို့နိုင်တဲ့ နေရာမှ နံပါတ် ၅နေရာက ရပ်တည်နိုင်ခဲ့ပါတယ်။ Digneရဲ့ အကောင်းဆုံးပုံစံက ဘောလုံးနှင့်အတူ တိုက်စစ်အားသန်တဲ့ ဘယ်နောက်ခံလူပါ။ ဒါ‌ပေမယ့် နည်းပြ Benitez ကတော့ တိုက်စစ်လိုက်ပါဖို့ ကန့်သတ်ထားပြီး သူ့ကို ခံစစ်ကိုပိုမိုအားပြုကစားစေချင်တာပါ။

ယူနိုက်တက်အနေနှင့် ဂူဒီဆင်ပါ့ခ်ကနေ ဒီပြင်သစ်သားကို ခေါ်ယူနိုင်ဖို့ အလားအလားကောင်းနေသော်လည်း အဓိကလိုအပ်နေတဲ့ ကွင်းလယ်ကစားသမားကိုခေါ်ယူပြီးပါက သုံးငွေလောက် မလောက်အပေါ် မူတည်နေသည်။ Digneကို ခေါ်ယူနိုင်ပါက လုခ်ရှောနဲ့ အဲလက်စ်တဲလက်စ် တို့နှစ်ယောက်လုံးကို သေချာပေါက်ပွဲထွက်ခွင့် အတွက်ဖိအားပေးနိုင်မည်ဟု ယူနိုက်တက်ဘက်က ယုံကြည်နေသည်။
Ref – Manchester Evening News
By – Wayne

Be the first to comment

Leave a Reply

Your email address will not be published.


*