အိမ္စီးကားမ်ားေရာင္းခ်သူမ်ားျပားလာၿပီး ကားေစ်းႏႈန္းမ်ားဆက္ျမင့္တက္မလား/က်သြားမလားဆိုတာ ခန႔္မွန္းရခက္ေနတဲ့ ကားေဈးကြက္

အိမ္စီးကားမ်ားေရာင္းခ်သူမ်ားျပားလာၿပီး ကားေစ်းႏႈန္းမ်ားဆက္ျမင့္တက္မလား/က်သြားမလားဆိုတာ ခန႔္မွန္းရခက္ေနတဲ့ ကားေဈးကြက္

အိမ္စီးကားမ်ားေရာင္းခ်သူမ်ားျပားလာၿပီး ကားေစ်းႏႈန္းမ်ားဆက္ျမင့္တက္မလား/က်သြားမလားဆိုတာ…

ယခုရက္ပိုင္းအတြင္း ကားေဈးႏႈန္းေတြၿငိမ္ေနၿပီးအိမ္စီးကားေရာင္းခ်သူေတြမ်ားလာတယ္လို႔ ေမာ္ေတာ္ယာဥ္ထုတ္လုပ္ေရးႏွင့္ျဖန႔္ျဖဴးေရာင္းခ်ေရးလုပ္ငန္းရွင္မ်ားအသင္း (ရန္ကုန္) – YRAMDA တာဝန္ရွိသူကေျပာပါတယ္။

‘‘ေဈးလည္း အနည္းငယ္ေလွ်ာ့ေရာင္းေပးလာတာကိုေတြ႕ရတယ္’’လို႔ ၎ဆိုပါတယ္။ဩဂုတ္လဆန္းပိုင္းကေဒၚလာေပါက္ေဈး ၂၅၀၀-၂၆၀၀ က်ပ္ဝန္းက်င္ခန႔္မွာ Suzuki CIAZ 2018 က က်ပ္သိန္း ၃၉၀၊ Hyundai Accent (2020) ကက်ပ္သိန္း ၅၀၀

Suzuki Swift 2018 ကက်ပ္သိန္း ၃၄၀ ခန႔္သာေပါက္ေဈးရွိခဲ့ေပမယ့္ေဒၚလာေဈးကက်ပ္ ၃၀၀၀ မွ ၄၂၀၀ အထိစံခ်ိန္တင္ျမင့္တက္ခဲ့ၿပီးေနာက္ကားေဈးေတြလည္းႏွစ္ဆင့္ခုန္တက္ခဲ့ပါတယ္။‘‘တကယ္လည္းတက္သင့္တာကိုး။ေငြေဈးက ၆၂ ရာခိုင္ႏႈန္းေလာက္ကြာဟသြားတာ’’လို႔ ယင္းကဆက္ေျပာထားပါတယ္။

စံခ်ိန္တင္ေငြေဈးေၾကာင့္ကားေဈးကအမ်ိဳးအစားေပၚမူတည္ကာ ၂၀ ရာခိုင္ႏႈန္းမွ ၄၀ ရာခိုင္ႏႈန္းအထိ ျမင့္တက္ခဲ့ၿပီးေငြေဈးတက္ခဲ့တဲ့ ၆၂ ရာခိုင္ႏႈန္း အခ်ိဳးေလာက္မတက္ခဲ့ေသာ္လည္း အဲ့ဒီအခ်ိန္မွာ အေရာင္းအဝယ္ပုံမွန္အားေကာင္းခဲ့တယ္လို႔သိရပါတယ္။

‘‘အခု ေငြေဈး က်ပ္ ၂၃၀၀-၃၃၅၀ ဝန္းက်င္ထိတျဖည္းျဖည္းၿငိမ္လာတဲ့အခ်ိန္ကားေဈးက်မလားဆိုတဲ့ အေမးေတြေမးလာပါတယ္။ကားပါမစ္ပိတ္ထားေသးတာေၾကာင့္ဝယ္လိုအားနဲ႔ေရာင္းလိုအားကအဓိကက်ပါတယ္။

ေငြေဈးျပန္ၿငိမ္ေပမဲ့ဩဂုတ္လဆန္းပိုင္းေဈးက်ပ္ ၂၆၀၀ ဝန္းက်င္ထိေလာေလာဆယ္ ၈ လပိုင္း ကားေဈးေလာက္ျပန္မေရာက္ႏိုင္ေသးပါဘူး’’လို႔ ၎ကေျပာပါတယ္။ေဒၚလာေငြလဲႏႈန္းက အရင္ေဈး က်ပ္ ၂၆၀၀ ကေနယခုအခါ က်ပ္ ၃၂၅၀ အၾကား ၂၅ ရာခိုင္ႏႈန္းခန႔္ ကြာဟခ်က္ ရွိေနတာေၾကာင့္

၃၀ ရာခိုင္ႏႈန္းမွ ၄၀ ရာခိုင္ႏႈန္းတင္ထားတဲ့အျမင့္ကားတစ္ခ်ိဳ႕အဝယ္နည္းၿပီးအေရာင္းမ်ားလာရင္ဆင္းေပးရမွာျဖစ္ေပမယ့္ ‘ေငြေဈး ဘယ္ေလာက္ထိက်သြားမလဲ။ဒါမွမဟုတ္ဒီေဈးမွာဘယ္ေလာက္ၾကာၾကာ ေတာင့္ခံေပးႏိုင္မလဲဆိုတာကလည္း စကားေျပာပါလိမ့္မယ္’လို႔ ယင္းကဆိုထားပါတယ္။

‘‘ဒါေၾကာင့္ ဒီရက္ပိုင္း ေငြေဈးဘယ္ေလာက္ေဈးမွာတည္ၿငိမ္မလဲ။ေဈးကြက္အတြင္းေရာင္းလိုအား ဝယ္လိုအား၊ မူဝါဒအေျပာင္းအလဲ ရွိႏိုင္/မရွိႏိုင္ အေပၚမႈတည္ပီးဘယ္ကားေတြဘယ္ေဈးျဖစ္သြားမလဲဆိုတာခန႔္မွန္းရခက္ပီးေစာင့္ၾကည့္သြားရမွာျဖစ္ပါတယ္’’လို႔ သုံးသပ္ထားပါတယ္။
crd

Unicode
အိမ်စီးကားများရောင်းချသူများပြားလာပြီး ကားစျေးနှုန်းများဆက်မြင့်တက်မလား/ကျသွားမလားဆိုတာ ခန့်မှန်းရခက်နေတဲ့ ကားဈေးကွက်

အိမ်စီးကားများရောင်းချသူများပြားလာပြီး ကားစျေးနှုန်းများဆက်မြင့်တက်မလား/ကျသွားမလားဆိုတာ…

ယခုရက်ပိုင်းအတွင်း ကားဈေးနှုန်းတွေငြိမ်နေပြီးအိမ်စီးကားရောင်းချသူတွေများလာတယ်လို့ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (ရန်ကုန်) – YRAMDA တာဝန်ရှိသူကပြောပါတယ်။

‘‘ဈေးလည်း အနည်းငယ်လျှော့ရောင်းပေးလာတာကိုတွေ့ရတယ်’’လို့ ၎င်းဆိုပါတယ်။ဩဂုတ်လဆန်းပိုင်းကဒေါ်လာပေါက်ဈေး ၂၅၀၀-၂၆၀၀ ကျပ်ဝန်းကျင်ခန့်မှာ Suzuki CIAZ 2018 က ကျပ်သိန်း ၃၉၀၊ Hyundai Accent (2020) ကကျပ်သိန်း ၅၀၀

Suzuki Swift 2018 ကကျပ်သိန်း ၃၄၀ ခန့်သာပေါက်ဈေးရှိခဲ့ပေမယ့်ဒေါ်လာဈေးကကျပ် ၃၀၀၀ မှ ၄၂၀၀ အထိစံချိန်တင်မြင့်တက်ခဲ့ပြီးနောက်ကားဈေးတွေလည်းနှစ်ဆင့်ခုန်တက်ခဲ့ပါတယ်။‘‘တကယ်လည်းတက်သင့်တာကိုး။ငွေဈေးက ၆၂ ရာခိုင်နှုန်းလောက်ကွာဟသွားတာ’’လို့ ယင်းကဆက်ပြောထားပါတယ်။

စံချိန်တင်ငွေဈေးကြောင့်ကားဈေးကအမျိုးအစားပေါ်မူတည်ကာ ၂၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီးငွေဈေးတက်ခဲ့တဲ့ ၆၂ ရာခိုင်နှုန်း အချိုးလောက်မတက်ခဲ့သော်လည်း အဲ့ဒီအချိန်မှာ အရောင်းအဝယ်ပုံမှန်အားကောင်းခဲ့တယ်လို့သိရပါတယ်။

‘‘အခု ငွေဈေး ကျပ် ၂၃၀၀-၃၃၅၀ ဝန်းကျင်ထိတဖြည်းဖြည်းငြိမ်လာတဲ့အချိန်ကားဈေးကျမလားဆိုတဲ့ အမေးတွေမေးလာပါတယ်။ကားပါမစ်ပိတ်ထားသေးတာကြောင့်ဝယ်လိုအားနဲ့ရောင်းလိုအားကအဓိကကျပါတယ်။

ငွေဈေးပြန်ငြိမ်ပေမဲ့ဩဂုတ်လဆန်းပိုင်းဈေးကျပ် ၂၆၀၀ ဝန်းကျင်ထိလောလောဆယ် ၈ လပိုင်း ကားဈေးလောက်ပြန်မရောက်နိုင်သေးပါဘူး’’လို့ ၎င်းကပြောပါတယ်။ဒေါ်လာငွေလဲနှုန်းက အရင်ဈေး ကျပ် ၂၆၀၀ ကနေယခုအခါ ကျပ် ၃၂၅၀ အကြား ၂၅ ရာခိုင်နှုန်းခန့် ကွာဟချက် ရှိနေတာကြောင့်

၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းတင်ထားတဲ့အမြင့်ကားတစ်ချို့အဝယ်နည်းပြီးအရောင်းများလာရင်ဆင်းပေးရမှာဖြစ်ပေမယ့် ‘ငွေဈေး ဘယ်လောက်ထိကျသွားမလဲ။ဒါမှမဟုတ်ဒီဈေးမှာဘယ်လောက်ကြာကြာ တောင့်ခံပေးနိုင်မလဲဆိုတာကလည်း စကားပြောပါလိမ့်မယ်’လို့ ယင်းကဆိုထားပါတယ်။

‘‘ဒါကြောင့် ဒီရက်ပိုင်း ငွေဈေးဘယ်လောက်ဈေးမှာတည်ငြိမ်မလဲ။ဈေးကွက်အတွင်းရောင်းလိုအား ဝယ်လိုအား၊ မူဝါဒအပြောင်းအလဲ ရှိနိုင်/မရှိနိုင် အပေါ်မှုတည်ပီးဘယ်ကားတွေဘယ်ဈေးဖြစ်သွားမလဲဆိုတာခန့်မှန်းရခက်ပီးစောင့်ကြည့်သွားရမှာဖြစ်ပါတယ်’’လို့ သုံးသပ်ထားပါတယ်။
crd

Be the first to comment

Leave a Reply

Your email address will not be published.


*