အိမ္ျဖဴေတာ္ကို မိနစ္ ၂၀ အတြင္းေရာက္ရွိႏိုင္တဲ့ DF-41ဒုံးက်ည္ ( သို႔မဟုတ္ ) န်ဴကလီးယားစစ္ပြဲစတင္ခဲ့လွ်င္ တ႐ုတ္တပ္ဖြဲ႕အသုံးျပဳဖြယ္ရွိတဲ့ DF-41ဒုံးက်ည္

အိမ္ျဖဴေတာ္ကို မိနစ္ ၂၀ အတြင္းေရာက္ရွိႏိုင္တဲ့ DF-41ဒုံးက်ည္ ( သို႔မဟုတ္ ) န်ဴကလီးယားစစ္ပြဲစတင္ခဲ့လွ်င္ တ႐ုတ္တပ္ဖြဲ႕အသုံးျပဳဖြယ္ရွိတဲ့ DF-41ဒုံးက်ည္

အကယ္၍ န်ဴကလီးယားစစ္ပြဲစတင္ခဲ့လွ်င္ တ႐ုတ္စစ္တပ္ဟာ အေမရိကန္ျပည္ေထာင္စု ျပည္မႀကီးမထိ ေရာက္ႏိုင္တဲ့ DF-41 အမည္ရွိ တိုက္ခ်င္းပစ္ န်ဴကလီးယားထိပ္ဖူးတပ္ ဒုံးက်ည္နဲ႔ တိုက္ခိုက္လာဖြယ္ရွိပါတယ္။ တ႐ုတ္ကပိုင္ဆိုင္ထားတဲ့ လက္နက္မ်ားထဲမွာ DF-41 ဟာ စြမ္းရည္အျမင့္ဆုံး တာေဝးပစ္ဒုံးက်ည္(သို႔မဟုတ္)တိုက္ခ်င္းပစ္ဒုံးက်ည္(ICBM) ျဖစ္ပါတယ္။

DF-41 ကို ၂၀၁၃ခုႏွစ္တြင္ ပထမဆုံးစမ္းသပ္ ပစ္ခတ္ခဲ့ၿပီး ၂၀၁၉ခုႏွစ္မွသာ အမ်ားျပည္ သူသိေအာင္ ထုတ္ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။ ဟိုက္ပါေဆာနစ္ဒုံးက်ည္မ်ားဟာ အစြမ္းထက္ေသာ္လည္း တ႐ုတ္ႏိုင္ငံကပိုင္ဆိုင္ထားတဲ့ ျဖန႔္ၾကက္ခ်ထားႏိုင္ေသာ န်ဴကလီးယားလက္နက္မ်ားအားလုံးကို ၿခဳံငုံသုံးသပ္လွ်င္
DF-41 ဟာ စိုးရိမ္စရာအေကာင္းဆုံး လက္နက္ျဖစ္ပါတယ္။

DF-41 ဟာ ပဲ့ထိန္းစနစ္ပါ ဒုံးက်ည္အမ်ိဳးအစားျဖစ္ၿပီး ဟိုက္ပါေဆာနစ္အျမန္ႏႈန္းနဲ႔ ပစ္ခတ္တိုက္ခိုက္ႏိုင္တဲ့ လက္နက္ျဖစ္ပါတယ္။ DF-41 ဟာ အေမရိကန္ျပည္ေထာင္စု ျပည္မႀကီးအထိ ေရာက္ႏိုင္ၿပီး အေနာက္ဘက္ကမ္းေျခရွိ ၿမိဳ႕ႀကီးမ်ားကို ဖ်က္ဆီးပစ္ႏိုင္ပါတယ္။ ဟိုက္ပါေဆာနစ္ဒုံးက်ည္အဆင့္အထိ
အပီအျပင္မေရာက္ေသးသည့္တိုင္ေအာင္ လက္ရွိအေျခအေနမွာပင္ ဖ်က္ဆီးႏိုင္စြမ္းရွိပါတယ္။

DF-41 ဟာ ကမာၻေပၚရွိ တိုက္ခ်င္းပစ္ဒုံးက်ည္(ICBM)မ်ားထဲမွာ ေၾကာက္စရာအေကာင္းဆုံး စာရင္းမွာ ပါဝင္ပါတယ္။ ထိုဒုံးက်ည္ကို ေလာင္ခ်ာတင္သည့္ယာဥ္(EIGHT-AXLE LAUNCHER) ေပၚတင္ၿပီး ေမာ္ေတာ္ကားလမ္းအသုံးျပဳကည ေ႐ႊ႕ေျပာင္းသယ္ေဆာင္ႏိုင္တာေၾကာင့္
ဒုံးက်ည္ဟာ ဖ်က္ဆီးမခံရဘဲ ေရရွည္ခံႏိုင္စြမ္းပိုျမင့္ပါတယ္။

အကြာအေဝးမိုင္ေပါင္း ၉၃ဝဝ အထိ ေရာက္ႏိုင္တာေၾကာင့္ တ႐ုတ္က ပိုင္ဆိုင္ထားတဲ့ လက္နက္မ်ားထဲမွာ အေဝးဆုံးေရာက္ႏိုင္တဲ့ ဒုံးက်ည္ျဖစ္ပါတယ္။ ေဖာက္ခြဲပစၥည္းအေလးခ်ိန္ ၅၅၀၀ ေပါင္တင္ေဆာင္ႏိုင္ပါတယ္။ တစ္ႀကိမ္ပစ္ခတ္လွ်င္ ထိပ္ဖူး ၁၀ ခုျဖင့္ မတူညီသည့္ ပစ္မွတ္၁၀ ခုကို တစ္ၿပိဳင္ နက္တည္း
ေခ်မႈန္းႏိုင္တဲ့ MIRV လက္နက္စနစ္ကို DF-41 က သယ္ေဆာင္ႏိုင္ပါတယ္။

DF-41 ဒုံးက်ည္ဟာ လ်င္ျမန္စြာ ေ႐ြ႕လ်ားႏိုင္တာေၾကာင့္ အေမရိကန္ျပည္ေထာင္စုကို မိနစ္ ၂ဝ ေက်ာ္၊ ၂၅မိနစ္ အတြင္း ေရာက္သြားႏိုင္ပါတယ္။ ၁၅၀ မီတာ အတြင္း တိက်စြာပစ္ႏိုင္တာေၾကာင့္ ကာကြယ္ရန္ ခဲယဥ္းပါတယ္။ တ႐ုတ္ဟာ ေမာ္ေတာ္ကားလမ္းမေပၚမွာ ေ႐ြ႕လ်ားသယ္ေဆာင္သြားႏိုင္တဲ့
ဒုံးက်ည္မ်ားကို အခိုင္အမာတည္ေဆာက္ထားတဲ့ လႈိဏ္ေခါင္းမ်ားထဲမွာ ထားရွိၿပီး ပစ္မိန႔္ရသည့္အခါမွသာ လိုဏ္ေခါင္းထဲမွ ထုတ္၍ပစ္ရမည့္ေနရာသို႔ ယူသြားၾကသပါါတယ္။

ထို႔ေၾကာင့္ ပထမလက္ဦးမႈယူၿပီ ပစ္ခတ္သည့္ DF41 ကို မပစ္မီဖ်က္ဆီးဖို႔ ပိုခက္ခဲႏိုင္ပါတယ္။ D-41 ဒုံးက်ည္ရဲ႕ အစြမ္းသတၱိဟာ အထက္ပါ ေဖာ္ျပခ်က္မ်ားအတိုင္း မွန္ကန္ၿပီး ထိပ္ဖူးဆယ္ခုကို တစ္ၿပိဳင္နက္တည္းပစ္ႏိုင္သည္ဆိုပါက အေနာက္အုပ္စုအတြက္ ျပႆနာျဖစ္ပါတယ္။

ဥပမာ ဥေရာပေဒသကို တ႐ုတ္ DF-41 ဒုံးက်ည္ရဲ႕ ပစ္မွတ္အျဖစ္ ခ်ိန္႐ြယ္ထားၿပီဆိုလွ်င္ေနတိုးအဖြဲ႕ဝင္ န်ဴလက္နက္ပိုင္ဆိုင္ထားတဲ့ ျပင္သစ္ႏွင့္ၿဗိတိန္တို႔က မည္သို႔ တုံ႔ျပန္မလဲ၊ အေမရိကန္ျပည္ေထာင္စုကို တ႐ုတ္က န်ဴလက္နက္ျဖင့္ လက္ဦးမႈယူ၍တိုက္လွ်င္ ေနတိုးအဖြဲ႕က လက္တုံ႔ျပန္မလား စဥ္းစားစရာျဖစ္ပါတယ္။
crd-

Unicode
အိမ်ဖြူတော်ကို မိနစ် ၂၀ အတွင်းရောက်ရှိနိုင်တဲ့ DF-41ဒုံးကျည် ( သို့မဟုတ် ) နျူကလီးယားစစ်ပွဲစတင်ခဲ့လျှင် တရုတ်တပ်ဖွဲ့အသုံးပြုဖွယ်ရှိတဲ့ DF-41ဒုံးကျည်

အကယ်၍ နျူကလီးယားစစ်ပွဲစတင်ခဲ့လျှင် တရုတ်စစ်တပ်ဟာ အမေရိကန်ပြည်ထောင်စု ပြည်မကြီးမထိ ရောက်နိုင်တဲ့ DF-41 အမည်ရှိ တိုက်ချင်းပစ် နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်နဲ့ တိုက်ခိုက်လာဖွယ်ရှိပါတယ်။ တရုတ်ကပိုင်ဆိုင်ထားတဲ့ လက်နက်များထဲမှာ DF-41 ဟာ စွမ်းရည်အမြင့်ဆုံး တာဝေးပစ်ဒုံးကျည်(သို့မဟုတ်)တိုက်ချင်းပစ်ဒုံးကျည်(ICBM) ဖြစ်ပါတယ်။

DF-41 ကို ၂၀၁၃ခုနှစ်တွင် ပထမဆုံးစမ်းသပ် ပစ်ခတ်ခဲ့ပြီး ၂၀၁၉ခုနှစ်မှသာ အများပြည် သူသိအောင် ထုတ်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဟိုက်ပါဆောနစ်ဒုံးကျည်များဟာ အစွမ်းထက်သော်လည်း တရုတ်နိုင်ငံကပိုင်ဆိုင်ထားတဲ့ ဖြန့်ကြက်ချထားနိုင်သော နျူကလီးယားလက်နက်များအားလုံးကို ခြုံငုံသုံးသပ်လျှင်
DF-41 ဟာ စိုးရိမ်စရာအကောင်းဆုံး လက်နက်ဖြစ်ပါတယ်။

DF-41 ဟာ ပဲ့ထိန်းစနစ်ပါ ဒုံးကျည်အမျိုးအစားဖြစ်ပြီး ဟိုက်ပါဆောနစ်အမြန်နှုန်းနဲ့ ပစ်ခတ်တိုက်ခိုက်နိုင်တဲ့ လက်နက်ဖြစ်ပါတယ်။ DF-41 ဟာ အမေရိကန်ပြည်ထောင်စု ပြည်မကြီးအထိ ရောက်နိုင်ပြီး အနောက်ဘက်ကမ်းခြေရှိ မြို့ကြီးများကို ဖျက်ဆီးပစ်နိုင်ပါတယ်။ ဟိုက်ပါဆောနစ်ဒုံးကျည်အဆင့်အထိ
အပီအပြင်မရောက်သေးသည့်တိုင်အောင် လက်ရှိအခြေအနေမှာပင် ဖျက်ဆီးနိုင်စွမ်းရှိပါတယ်။

DF-41 ဟာ ကမ္ဘာပေါ်ရှိ တိုက်ချင်းပစ်ဒုံးကျည်(ICBM)များထဲမှာ ကြောက်စရာအကောင်းဆုံး စာရင်းမှာ ပါဝင်ပါတယ်။ ထိုဒုံးကျည်ကို လောင်ချာတင်သည့်ယာဉ်(EIGHT-AXLE LAUNCHER) ပေါ်တင်ပြီး မော်တော်ကားလမ်းအသုံးပြုကည ရွှေ့ပြောင်းသယ်ဆောင်နိုင်တာကြောင့်
ဒုံးကျည်ဟာ ဖျက်ဆီးမခံရဘဲ ရေရှည်ခံနိုင်စွမ်းပိုမြင့်ပါတယ်။

အကွာအဝေးမိုင်ပေါင်း ၉၃ဝဝ အထိ ရောက်နိုင်တာကြောင့် တရုတ်က ပိုင်ဆိုင်ထားတဲ့ လက်နက်များထဲမှာ အဝေးဆုံးရောက်နိုင်တဲ့ ဒုံးကျည်ဖြစ်ပါတယ်။ ဖောက်ခွဲပစ္စည်းအလေးချိန် ၅၅၀၀ ပေါင်တင်ဆောင်နိုင်ပါတယ်။ တစ်ကြိမ်ပစ်ခတ်လျှင် ထိပ်ဖူး ၁၀ ခုဖြင့် မတူညီသည့် ပစ်မှတ်၁၀ ခုကို တစ်ပြိုင် နက်တည်း
ချေမှုန်းနိုင်တဲ့ MIRV လက်နက်စနစ်ကို DF-41 က သယ်ဆောင်နိုင်ပါတယ်။

DF-41 ဒုံးကျည်ဟာ လျင်မြန်စွာ ရွေ့လျားနိုင်တာကြောင့် အမေရိကန်ပြည်ထောင်စုကို မိနစ် ၂ဝ ကျော်၊ ၂၅မိနစ် အတွင်း ရောက်သွားနိုင်ပါတယ်။ ၁၅၀ မီတာ အတွင်း တိကျစွာပစ်နိုင်တာကြောင့် ကာကွယ်ရန် ခဲယဉ်းပါတယ်။ တရုတ်ဟာ မော်တော်ကားလမ်းမပေါ်မှာ ရွေ့လျားသယ်ဆောင်သွားနိုင်တဲ့
ဒုံးကျည်များကို အခိုင်အမာတည်ဆောက်ထားတဲ့ လှိုဏ်ခေါင်းများထဲမှာ ထားရှိပြီး ပစ်မိန့်ရသည့်အခါမှသာ လိုဏ်ခေါင်းထဲမှ ထုတ်၍ပစ်ရမည့်နေရာသို့ ယူသွားကြသပါါတယ်။

ထို့ကြောင့် ပထမလက်ဦးမှုယူပြီ ပစ်ခတ်သည့် DF41 ကို မပစ်မီဖျက်ဆီးဖို့ ပိုခက်ခဲနိုင်ပါတယ်။ D-41 ဒုံးကျည်ရဲ့ အစွမ်းသတ္တိဟာ အထက်ပါ ဖော်ပြချက်များအတိုင်း မှန်ကန်ပြီး ထိပ်ဖူးဆယ်ခုကို တစ်ပြိုင်နက်တည်းပစ်နိုင်သည်ဆိုပါက အနောက်အုပ်စုအတွက် ပြဿနာဖြစ်ပါတယ်။

ဥပမာ ဥရောပဒေသကို တရုတ် DF-41 ဒုံးကျည်ရဲ့ ပစ်မှတ်အဖြစ် ချိန်ရွယ်ထားပြီဆိုလျှင်နေတိုးအဖွဲ့ဝင် နျူလက်နက်ပိုင်ဆိုင်ထားတဲ့ ပြင်သစ်နှင့်ဗြိတိန်တို့က မည်သို့ တုံ့ပြန်မလဲ၊ အမေရိကန်ပြည်ထောင်စုကို တရုတ်က နျူလက်နက်ဖြင့် လက်ဦးမှုယူ၍တိုက်လျှင် နေတိုးအဖွဲ့က လက်တုံ့ပြန်မလား စဉ်းစားစရာဖြစ်ပါတယ်။
crd-

Be the first to comment

Leave a Reply

Your email address will not be published.


*