ဒေါ်လာဈေး ရွှေဈေးတွေ ကျပြီးနောက် ကားဈေးကျမလား⁉️ ဆိုရင်
ဒေါ်လာဈေး ရွှေဈေးတွေ ကျပြီးနောက် ကားဈေးကျမလား⁉️ ဆိုရင်
ကားဈေးဟာ ပါမစ်ပိတ်ထား၍ ဈေးတက်တယ်။ ပါမစ်ဘာကြောင့်ပိတ်ရသလဲဆိုရင် ဒေါ်လာဈေးမထိန်းနိုင်၍ ဖြစ်တယ်။
ဒေါ်လာဈေးဘာကြောင့် မထိန်းနိုင်သလဲဆိုရင် စကစလက်ထဲ ဒေါ်လာမလုံလောက်၍ဖြစ်တယ်။
ဒါကြောင့် ဒေါ်လာဘက်ကနေကြည့်ရင်ကားဈေးဟာ ပါမစ်ဆက်ပိတ်ထား၍တင်းနေမှာပါ။
ဒါပေမယ့်ဒေါ်လာဈေးမဟားဒယားပြန်ကျရင်တော့
ကားဈေးဟာလည်းမတန်တော့တာဖြစ်၍ ပြန်ဆင်းမှာသေချာပါတယ်။
ဒါကြောင့် သူတို့အနေဖြငိ့ W ကားလိုင်စင်ပေးပြီးအခွန်ရှာတာလုပ်နိုင်ပါတယ်။
ဒါကြောင့်ကားဈေးကျမကျဆိုတာဟာလည်း ဘယ်ဘက်ကကြည့်ကြည့်ဒေါ်လာအပေိါမူတည်တာဖြစ်၍ စကစဗဟိုဘဏ် မှာ ဒေါ်လာတွေပြန်ပေါနေဖို့လိုပါတယ်။
စကစဗဟိုဘဏ်မှာဒေါ်လာတွေပေါနေဖို့ဆိုရာတွင်လည်း နိုင်ငံခြား ရင်းနှီးမြှပ်နံမှုတွေမကြုံစဖူးအများအပြားရနေပါပြီ၊ မြန်မာပြည်ကထွက်ကုန်တွေကို ပြည်ပကအများအပြားဈေးကောင်းပေး၍ ဝယ်နေပါပြီဆိုတဲ့အချက်ဟာအဓိက ကျတာဖြစ်၍ ကားဈေးရေရှည်မှာကျစေချင်ရင် မြန်မာပြည်ကို FDI တွေများများဝင်လာနိုင်စေဖို့ ဆုတောင်းရုံသာရှိပါတယ်။
@ Myat Maw
Unicode
ဒေါ်လာဈေး ရွှေဈေးတွေ ကျပြီးနောက် ကားစျေးကျမလား⁉️ ဆိုရင်
ကားစျေးဟာ ပါမစ်ပိတ်ထား၍ စျေးတက်တယ်။ ပါမစ်ဘာကြောင့်ပိတ်ရသလဲဆိုရင် ဒေါ်လာစျေးမထိန်းနိုင်၍ ဖြစ်တယ်။
ဒေါ်လာစျေးဘာကြောင့် မထိန်းနိုင်သလဲဆိုရင် စကစလက်ထဲ ဒေါ်လာမလုံလောက်၍ဖြစ်တယ်။
ဒါကြောင့် ဒေါ်လာဘက်ကနေကြည့်ရင်ကားစျေးဟာ ပါမစ်ဆက်ပိတ်ထား၍တင်းနေမှာပါ။
ဒါပေမယ့်ဒေါ်လာစျေးမဟားဒယားပြန်ကျရင်တော့
ကားစျေးဟာလည်းမတန်တော့တာဖြစ်၍ ပြန်ဆင်းမှာသေချာပါတယ်။
နောက်တခုက W ကားတွေကို လိုင်စင်ပေးမပေးဆိုတာက လိုင်စင်ပေးတာနှင့်
ထိုင်းကနေကားတွေဝင်လာမှာကြိမ်းသေပါတယ်။
ဒါကြောင့် သူတို့အနေဖြငိ့ W ကားလိုင်စင်ပေးပြီးအခွန်ရှာတာလုပ်နိူင်ပါတယ်။
သို့သော်ထိုင်းကနေအများအပြားတင်သွင်းလာရင် မြန်မာငွေတန်ဖိုးကျမှာလည်းသူတို့ထည့်စဥ်းစားနိုင်ပါတယ်။
ဒါကြောင့်အချိန်တခုစောင့်တယ် ဆိုပေမယ့် ထိုကိစ္စဟာလည်းဒေါ်လာပေါ်မူတည်ပါတယ်။
ဒါကြောင့်ကားစျေးကျမကျဆိုတာဟာလည်း ဘယ်ဘက်ကကြည့်ကြည့်ဒေါ်လာအပေါိမူတည်တာဖြစ်၍ စကစဗဟိုဘဏ် မှာ ဒေါ်လာတွေပြန်ပေါနေဖို့လိုပါတယ်။
စကစဗဟိုဘဏ်မှာဒေါ်လာတွေပေါနေဖို့ဆိုရာတွင်လည်း နိုင်ငံခြား ရင်းနှီးမြှပ်နံမှုတွေမကြုံစဖူးအများအပြားရနေပါပြီ၊ မြန်မာပြည်ကထွက်ကုန်တွေကို ပြည်ပကအများအပြားစျေးကောင်းပေး၍ ဝယ်နေပါပြီဆိုတဲ့အချက်ဟာအဓိက ကျတာဖြစ်၍ ကားစျေးရေရှည်မှာကျစေချင်ရင် မြန်မာပြည်ကို FDI တွေများများဝင်လာနိုင်စေဖို့ ဆုတောင်းရုံသာရှိပါတယ်။
ဒီတော့ စကစဟာကားကနေဝင်ငွေဘယ်လိုပြန်ရှာနိုင်မလဲဆိုတဲ့အဖြေက W ပေးဖို့မဟုတ်ဘဲအခြားနည်းတွေရှိပါတယ်။ ဒါကတချို့နိုငိငံတွေမှာလုပ်သလို နံပါတ်ပြားကို အခွန်ကောက်တာပါ။
ပဲခူးကကား ရန်ကုန်မှာမောင်းချင်ရင် ရန်ကုန်နယ်နမိတ်ထဲမှာမောငိးချင်ရင် ရက်တွက်ပေးပြီးမောင်းရတယ်။ ရက်တွက်မပေးချင်ရင် ရန်ကုန်လိုင်စင်က်ုလေလံပေးပြီးဝယ်ရတဲ့ပုံစံမျိုးကနေ အခွန်ရအောင်ရှာပါလိမ့်မယ်။
ဒါမျိုးက ဦးသိန်းစိန် လက်ထက်မှာ သူတို့စဥ်းစားခဲ့ဖူးပါတယ်။ ဒါကြောင့် ကားစျေးကျဖို့ဆိုရင် စကစလက်ထဲဒေါ်လာတွေပေါဖို့ FDI များများလာဖို့သာ မျှော်ရမှာပါ။
@ Myat Maw
Be the first to comment
Leave a Reply
Your email address will not be published.
*