ေဒၚေအာင္ဆန္းစုၾကည္မပါတဲ့ေတြ႕ဆုံမႈ အဓိပၸါယ္မရွိေၾကာင္း ဖိလစ္ပိုင္ႏိုင္ငံျခားေရးဝန္ႀကီး ေျပာလာ

ေဒၚေအာင္ဆန္းစုၾကည္မပါတဲ့ေတြ႕ဆုံမႈ အဓိပၸါယ္မရွိေၾကာင္း ဖိလစ္ပိုင္ႏိုင္ငံျခားေရးဝန္ႀကီး ေျပာလာ
ျမန္မာ့ဒီမိုကေရစီေရးမွာ ေဒၚေအာင္ဆန္းစုၾကည္ဟာ မရွိမျဖစ္လို႔လည္း အသိေပး
—People’s Spring

ျမန္မာ့အေရးကိုၾကားဝင္ေျဖရွင္းၾကရာမွာ ေဒၚေအာင္ဆန္းစုၾကည္ မပါတဲ့ေတြ႕ဆုံေဆြးေႏြးမႈဟာ အဓိပၸါယ္ ရွိမွာမဟုတ္ဘူးလို႔ ဖိလစ္ပိုင္ႏိုင္ငံျခားေရးဝန္ႀကီး သီယိုဒိုယိုလိုဆင္က ေျပာလိုက္ပါတယ္။

ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီ ျပန္လည္ထူေထာင္ဖို႔ ေဒၚေအာင္ဆန္းစုၾကည္ဟာ မရွိမျဖစ္ ျဖစ္တယ္လို႔လည္း ဖိလစ္ပိုင္ ႏိုင္ငံျခားေရးဝန္ႀကီးက ထပ္ေလာင္းေျပာဆိုပါတယ္။ဒါေၾကာင့္ စစ္ေကာင္စီက ေဒၚေအာင္ဆန္းစုၾကည္ကို ေထာက္ဒဏ္ေတြခ်မွတ္တဲ့အေပၚကိုလည္း ရႈတ္ခ်လိုက္ပါေသးတယ္။

ဒါအျပင္ သူအေနနဲ႔ ျမန္မာျပည္သူေတြ ခံစားေနရတဲ့ဒုကၡေတြ သက္သာေစဖို႔နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ ျပန္လည္ပါဝင္လာဖို႔အတြက္ လာမယ့္ ရက္သတၱပတ္ေတြအတြင္း အာဆီယံ အဖြဲ႕ႀကီးက မိတ္ေဆြေတြနဲ႔ အတူလက္တြဲ ေဆာင္႐ြက္သြားမယ္လို႔ ေျပာပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံျခားေရးဝန္ႀကီးဟာ စင္ကာပူဝန္ႀကီးခ်ဳပ္ လီရွန္လြန္း က အာဆီယံအစည္းအေဝးေတြမွာ ျမန္မာစစ္ေကာင္စီကိုဖယ္ထားသင့္တယ္လို႔ မွတ္ခ်က္ေပးလာၿပီးတဲ့ေနာက္မွာ ျမန္မာ့အေရးအတြက္ဒီလို ေျပာဆိုလာတာပါ။
ဒါေပမယ့္ ၿပီးခဲ့တဲ့ ရက္ပိုင္းက ေနျပည္ေတာ္ကို ဟြန္ဆန္သြားခဲ့တဲ့ခရီးစဥ္ကိုေတာ့ ဖိလစ္ပိုင္ႏိုင္ငံျခားေရးဝန္ႀကီးက ႀကိဳဆိုခဲ့ပါတယ္။

crd
#လူထုေႏြဦး
#LuduNwayOo
#People’sSpring

Unicode
ဒေါ်အောင်ဆန်းစုကြည်မပါတဲ့တွေ့ဆုံမှု အဓိပ္ပါယ်မရှိကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ပြောလာ
မြန်မာ့ဒီမိုကရေစီရေးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မရှိမဖြစ်လို့လည်း အသိပေး
—People’s Spring

မြန်မာ့အရေးကိုကြားဝင်ဖြေရှင်းကြရာမှာ ဒေါ်အောင်ဆန်းစုကြည် မပါတဲ့တွေ့ဆုံဆွေးနွေးမှုဟာ အဓိပ္ပါယ် ရှိမှာမဟုတ်ဘူးလို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး သီယိုဒိုယိုလိုဆင်က ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထူထောင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဟာ မရှိမဖြစ် ဖြစ်တယ်လို့လည်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ထပ်လောင်းပြောဆိုပါတယ်။ဒါကြောင့် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ဒဏ်တွေချမှတ်တဲ့အပေါ်ကိုလည်း ရှုတ်ချလိုက်ပါသေးတယ်။

ဒါအပြင် သူအနေနဲ့ မြန်မာပြည်သူတွေ ခံစားနေရတဲ့ဒုက္ခတွေ သက်သာစေဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ပါဝင်လာဖို့အတွက် လာမယ့် ရက်သတ္တပတ်တွေအတွင်း အာဆီယံ အဖွဲ့ကြီးက မိတ်ဆွေတွေနဲ့ အတူလက်တွဲ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဟာ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း က အာဆီယံအစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီကိုဖယ်ထားသင့်တယ်လို့ မှတ်ချက်ပေးလာပြီးတဲ့နောက်မှာ မြန်မာ့အရေးအတွက်ဒီလို ပြောဆိုလာတာပါ။
ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းက နေပြည်တော်ကို ဟွန်ဆန်သွားခဲ့တဲ့ခရီးစဉ်ကိုတော့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ကြိုဆိုခဲ့ပါတယ်။

crd
#လူထုနွေဦး
#LuduNwayOo
#People’sSpring

Be the first to comment

Leave a Reply

Your email address will not be published.


*