ေရာ္နယ္ဒိုကို ေဝဖန္ခဲ့တဲ့ ကာေရဂါကို ျပင္းျပင္းထန္ထန္ျပန္လည္တုံ႔ျပန္ခဲ့တဲ့ အီဗရာ

ေရာ္နယ္ဒိုကို ေဝဖန္ခဲ့တဲ့ ကာေရဂါကို ျပင္းျပင္းထန္ထန္ျပန္လည္တုံ႔ျပန္ခဲ့တဲ့ အီဗရာ

ယမန္ေန႔ညက အာဆင္နယ္ကို ၃-၂ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ယူႏိုက္တက္တိုက္စစ္မႉး ေရာ္နယ္ဒို
စံခ်ိန္တင္ ၈၀၁ ဂိုးအထိ မွတ္တမ္းတင္ႏိုင္ခဲ့ၿပီးေနာက္ ယူႏိုက္တက္ဂႏၴဝင္ေနာက္ခံလူအီဗရာက ေရာ္နယ္ဒိုကို ေဝဖန္ခဲ့တဲ့ လီဗာပူးဂႏၴဝင္ ကာေရဂါအေနနဲ႔ ကိုယ့္ေနရာမွာပဲ ကိုယ္ေနသင့္တယ္လို႔ တုံ႔ျပန္သြားပါတယ္။

လီဗာပူးေနာက္ခံလူေဟာင္း ကာေရဂါက ၿပီးခဲ့ဲတဲ့အပတ္အတြင္း ယူႏိုက္တက္အသင္းေခါင္းေဆာင္ ႐ြိဳင္ကိန္းနဲ႔
အေခ်အတင္ျဖစ္ခဲ့ရာမွာ ေရာ္နယ္ဒိုအေနနဲ႔ အရင္တုန္းကလိုမဟုတ္ေတာ့ဘဲ ယူႏိုက္တက္အတြက္ႀကီးမားတဲ့ျပႆနာျဖစ္လာႏိုင္တယ္လို႔ ေဝဖန္ခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့ အာဆင္နယ္နဲ႔ပြဲမွာ
ေရာ္နယ္ဒို ၂ဂိုး သြင္းယူႏိုင္ခဲ့ၿပီးေနာက္ အီဗရာက ေရာ္နယ္ဒိုကို ကာေရဂါက ေျဗာင္ႀကီးမုန္းေနတာျဖစ္ေၾကာင္း
ေထာက္ျပခဲ့ၿပီး ပရီးမီးယားလိဂ္ ဂႏၴဝင္တိုက္စစ္မႉးေတြျဖစ္တဲ့ အလန္ရွီးယားနဲ႔ အြန္နရီတို႔ကလည္း ေပၚတူဂီအသင္းေခါင္းေဆာင္ကို ခ်ီးက်ဴးသြားပါတယ္။

”ေရာ္နယ္ဒိုနဲ႔ ပတ္သက္လို႔ ေျပာတာေတြကေတာ့ အမ်ားႀကီးပဲ။ ဘာလို႔ ဒီလိုေတြေျပာတာလဲဆိုတာ ကြၽန္ေတာ္လည္း နားမလည္ဘူး။ကာေရဂါဆို ၇၇၅ပြဲကစားခဲ့တယ္။ ဒီေန႔မွာ ေရာ္နယ္ဒိုက ၈၀၁ ဂိုးေျမာက္သြင္းယူႏိုင္ခဲ့ပါတယ္။

အဲဒီလိုလူမ်ိဳးေတြက ေရာ္နယ္ဒိုကို ေဝဖန္ေနၾကတာပါ။ တစ္ခါတေလမွာ ကြၽန္ေတာ္စဥ္းစားမိတာက အဲဒီလူေတြအေနနဲ႔ ကိုယ့္ေနရာမွာပဲကိုယ္ေနသင့္တယ္ဆိုတာပါပဲ။ ေရာ္နယ္ဒိုကို သူတို႔ ဘာလို႔မုန္းေနတာလဲဆိုတာ ကြၽန္ေတာ္ နားမလည္ႏိုင္ဘူး”လို႔ အီဗရာက ေျပာပါတယ္။

ေရာ္နယ္ဒိုဟာ ရက္ရွ္ဖို႔ဒ္ရဲ႕ေပးပို႔မႈကေန အသင္းအတြက္ ၂-၁ ဂိုးျဖစ္ေစမယ့္ ဒုတိယေျမာက္ဂိုးသြင္းယူႏိုင္ခဲ့သလို
ဖရက္ဒ္ကို အိုဒီဂတ္ ဥပေဒပကစားလို႔ ရလာတဲ့ပင္နယ္တီကို အႏိုင္ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့ပါတယ္။

ရွီးယားက ”တကယ္လို႔ ကြၽန္ေတာ္နဲ႔ အြန္နရီတို႔သာ ထရိန္နင္မွာ သြင္းယူတဲ့ဂိုးေတြကိုပါ
ထည့္ေပါင္းမွ ဂိုး ၈၀၀ ျပည့္မယ္ထင္ပါတယ္”လို႔ ေရာ္နယ္ဒိုကို ခ်ီးက်ဴးပါတယ္။
ခရက္ ဒစ္

Unicode
ရော်နယ်ဒိုကို ဝေဖန်ခဲ့တဲ့ ကာရေဂါကို ပြင်းပြင်းထန်ထန်ပြန်လည်တုံ့ပြန်ခဲ့တဲ့ အီဗရာ

ယမန်နေ့ညက အာဆင်နယ်ကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒို
စံချိန်တင် ၈၀၁ ဂိုးအထိ မှတ်တမ်းတင်နိုင်ခဲ့ပြီးနောက် ယူနိုက်တက်ဂန္ထဝင်နောက်ခံလူအီဗရာက ရော်နယ်ဒိုကို ဝေဖန်ခဲ့တဲ့ လီဗာပူးဂန္ထဝင် ကာရေဂါအနေနဲ့ ကိုယ့်နေရာမှာပဲ ကိုယ်နေသင့်တယ်လို့ တုံ့ပြန်သွားပါတယ်။

လီဗာပူးနောက်ခံလူဟောင်း ကာရေဂါက ပြီးခဲ့ဲတဲ့အပတ်အတွင်း ယူနိုက်တက်အသင်းခေါင်းဆောင် ရွိုင်ကိန်းနဲ့
အချေအတင်ဖြစ်ခဲ့ရာမှာ ရော်နယ်ဒိုအနေနဲ့ အရင်တုန်းကလိုမဟုတ်တော့ဘဲ ယူနိုက်တက်အတွက်ကြီးမားတဲ့ပြဿနာဖြစ်လာနိုင်တယ်လို့ ဝေဖန်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ အာဆင်နယ်နဲ့ပွဲမှာ
ရော်နယ်ဒို ၂ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် အီဗရာက ရော်နယ်ဒိုကို ကာရေဂါက ဗြောင်ကြီးမုန်းနေတာဖြစ်ကြောင်း
ထောက်ပြခဲ့ပြီး ပရီးမီးယားလိဂ် ဂန္ထဝင်တိုက်စစ်မှူးတွေဖြစ်တဲ့ အလန်ရှီးယားနဲ့ အွန်နရီတို့ကလည်း ပေါ်တူဂီအသင်းခေါင်းဆောင်ကို ချီးကျူးသွားပါတယ်။

”ရော်နယ်ဒိုနဲ့ ပတ်သက်လို့ ပြောတာတွေကတော့ အများကြီးပဲ။ ဘာလို့ ဒီလိုတွေပြောတာလဲဆိုတာ ကျွန်တော်လည်း နားမလည်ဘူး။ကာရေဂါဆို ၇၇၅ပွဲကစားခဲ့တယ်။ ဒီနေ့မှာ ရော်နယ်ဒိုက ၈၀၁ ဂိုးမြောက်သွင်းယူနိုင်ခဲ့ပါတယ်။

အဲဒီလိုလူမျိုးတွေက ရော်နယ်ဒိုကို ဝေဖန်နေကြတာပါ။ တစ်ခါတလေမှာ ကျွန်တော်စဉ်းစားမိတာက အဲဒီလူတွေအနေနဲ့ ကိုယ့်နေရာမှာပဲကိုယ်နေသင့်တယ်ဆိုတာပါပဲ။ ရော်နယ်ဒိုကို သူတို့ ဘာလို့မုန်းနေတာလဲဆိုတာ ကျွန်တော် နားမလည်နိုင်ဘူး”လို့ အီဗရာက ပြောပါတယ်။

ရော်နယ်ဒိုဟာ ရက်ရှ်ဖို့ဒ်ရဲ့ပေးပို့မှုကနေ အသင်းအတွက် ၂-၁ ဂိုးဖြစ်စေမယ့် ဒုတိယမြောက်ဂိုးသွင်းယူနိုင်ခဲ့သလို
ဖရက်ဒ်ကို အိုဒီဂတ် ဥပဒေပကစားလို့ ရလာတဲ့ပင်နယ်တီကို အနိုင်ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။

ရှီးယားက ”တကယ်လို့ ကျွန်တော်နဲ့ အွန်နရီတို့သာ ထရိန်နင်မှာ သွင်းယူတဲ့ဂိုးတွေကိုပါ
ထည့်ပေါင်းမှ ဂိုး ၈၀၀ ပြည့်မယ်ထင်ပါတယ်”လို့ ရော်နယ်ဒိုကို ချီးကျူးပါတယ်။
ခရက် ဒစ်

Be the first to comment

Leave a Reply

Your email address will not be published.


*