Knowledge

ျမန္မာ-တ႐ုတ္နယ္စပ္ လြယ္ဂ်ယ္ဂိတ္ကို အခ်ိန္မီမဖြင့္ႏိုင္မႈေၾကာင့္ တ႐ုတ္တစ္ရႉးငွက္ေပ်ာမ်ား ကားအစီးေရရာႏွင့္ခ်ီ၍ စြန႔္ပစ္ေနရ….

ျမန္မာ-တ႐ုတ္နယ္စပ္ လြယ္ဂ်ယ္ဂိတ္ကို အခ်ိန္မီမဖြင့္ႏိုင္မႈေၾကာင့္ တ႐ုတ္တစ္ရႉးငွက္ေပ်ာမ်ား ကားအစီးေရရာႏွင့္ခ်ီ၍ စြန႔္ပစ္ေနရ….

ကခ်င္ျပည္နယ္ မိုးေမာက္ၿမိဳ႕နယ္ လြယ္ဂ်ယ္-လာရင္း ျမန္မာ-တ႐ုတ္နယ္စပ္ဂိတ္ကို အခ်ိန္မီမဖြင့္ႏိုင္သျဖင့္ တစ္ရႉးငွက္ေပ်ာကား ရာခ်ီစြန႔္ပစ္ေနရေၾကာင္း ျမန္မာႏိုင္ငံအတြင္းမွ ကားလုပ္ငန္းလုပ္ကိုင္သူမ်ားက ဆိုသည္။

လက္ရွိတြင္ လြယ္ဂ်ယ္နယ္စပ္ဂိတ္ရွိ ဂိုေဒါင္အမ်ားစုမွာ ငွက္ေပ်ာသီးဂ်ပ္ဖာမ်ားျဖင့္ ျပည့္ႏွက္ေနၿပီး နယ္စပ္လမ္းတစ္ေလွ်ာက္တြင္လည္း ဆယ္ႏွင့္ခ်ီသည့္ ငွက္ေပ်ာကားမ်ား တန္းစီေနေၾကာင္း ကားလုပ္ငန္းရွင္မ်ားက ေျပာၾကားသည္။

ယာဥ္လုပ္ငန္းရွင္တစ္ဦးက “ဇန္နဝါရီ ၅ ရက္ ဖြင့္ဖို႔လုပ္ေတာ့ လြန္ခဲ့တဲ့ ဒီဇင္ဘာ ၂၆ ေလာက္ကတည္းက စတင္ၿပီး ငွက္ေပ်ာတင္ထားၾကၿပီ။ အခု ၈ ရက္ေန႔အထိ ငွက္ေပ်ာကတင္ေနတုန္း။ ငွက္ေပ်ာက ႏွစ္ပတ္ပဲခံေတာ့ အရင္ဆုံးပို႔တာေတြက ပစ္ရၿပီ။ လုပ္ငန္းရွင္ကေတာ့ ဂ်ပ္ဖာလည္း အဖိုးတန္ေတာ့ အဲဒါကို လုပ္သားေတြနဲ႔ ျပန္ပစ္ၾကရတယ္။ တစ္ရႉးငွက္ေပ်ာေတြကလည္း ရင့္မွည့္ေနၾကၿပီ။ တစ္စီးရရ ႏွစ္စီးရရ ေရာင္းခ်င္ေတာ့ အခုလိုျဖစ္တာပဲ။

တ႐ုတ္ႏိုင္ငံဘက္မွာလည္း ငွက္ေပ်ာေစ်းေတြ အရမ္းေကာင္းတာကို။ ဒီကကား သမားလုပ္ငန္းရွင္ေတြ၊ ငွက္ေပ်ာလုပ္ငန္းနဲ႔ ပတ္သက္သူေတြ အားလုံးနစ္နာၾကတယ္။ တခ်ိဳ႕ကားလုပ္ငန္းရွင္ေတြဆို ငွက္ေပ်ာကုမၸဏီေတြနဲ႔ စာခ်ဳပ္ေတြခ်ဳပ္ၿပီး အေႂကြးတင္ေနၾကတာ သိန္းေထာင္ခ်ီတယ္။ ေနာက္ေျမဆီေတြ အေႂကြးေပးတဲ့လုပ္ငန္းေတြ သိန္းေထာင္ခ်ီ၊ ေသာင္းဂဏန္းအထိေရာက္တယ္။ တ႐ုတ္လုပ္ငန္းရွင္ကလည္း ေပးစရာမရွိဘူး။

တရားစြဲေတာင္းေတာ့ တကယ္လုပ္ငန္းရွင္က ဒီႏိုင္ငံသားမဟုတ္ဘူး။ ငွက္ေပ်ာက တရားဝင္ ႏိုင္ငံအစိုးရနဲ႔ စာခ်ဳပ္ခ်ဳပ္ၿပီး ဝင္လာတဲ့လုပ္ငန္း မဟုတ္ဘူး။ နယ္စပ္ပိတ္တာက အဘက္ဘက္က နစ္နာေနၾကတာပါ”ဟု ေျပာၾကားသည္။

ကခ်င္ျပည္နယ္အတြင္းရွိ တ႐ုတ္ႏိုင္ငံ ႏွင့္ ကုန္သြယ္ႏိုင္သည့္ အႀကီးဆုံးနယ္စပ္ဂိတ္ ႏွစ္ခုျဖစ္သည့္ ကန္ပိုင္တည္နယ္စပ္ဂိတ္ႏွင့္ လြယ္ဂ်ယ္နယ္စပ္ဂိတ္တို႔ကို ၿပီးခဲ့သည့္ ဇူလိုင္ ၁၁ ရက္မွ စတင္ပိတ္ထားခဲ့သည္မွာ ေျခာက္လေက်ာ္ၾကာျမင့္ခဲ့သည္။ လက္ရွိတြင္ ကန္ပိုင္ တည္နယ္စပ္ဂိတ္ကို ဒီဇင္ဘာလလယ္ပိုင္းတြင္ စတင္ဖြင့္လွစ္ခဲ့ေသာ္လည္း ကိုဗစ္ကပ္ေဘးကာကြယ္မႈ၊ စစ္ေဆးမႈႏွင့္ ကုန္စည္စစ္ ေဆးမႈမ်ားေၾကာင့္ တစ္ရက္လွ်င္ ကားအစီး ေရဆယ္ဂဏန္းသာ ကုန္သြယ္မႈျပဳႏိုင္ေသးေၾကာင္း သိရသည္။

ကခ်င္ျပည္နယ္တြင္ ကိုဗစ္ကူးစက္မႈ ျမင့္မားလာမႈေၾကာင့္ ပိတ္ထားခဲ့သည့္ ကခ်င္ျပည္နယ္ႏွင့္ တ႐ုတ္ႏိုင္ငံ နယ္စပ္ဂိတ္မ်ားျပန္ လည္ဖြင့္လွစ္ႏိုင္ရန္ စက္တင္ဘာလဆန္းပိုင္း မွစတင္ကာ ႏွစ္ဖက္အစိုးရႏွင့္ ကုန္သည္ႀကီး မ်ားက ႀကိဳးပမ္းခဲ့ရေၾကာင္း သိရသည္။

လြယ္ဂ်ယ္နယ္စပ္ဂိတ္မွာ ဗန္းေမာ္ၿမိဳ႕မွ ၅၆ မိုင္ ေလးဖာလုံအကြာတြင္ ရွိၿပီး တ႐ုတ္ႏိုင္ငံ လုံခြၽမ္ခ႐ိုင္ က်န္းဖုန္းၿမိဳ႕နယ္ လိုင္းရင္းေက်း ႐ြာႏွင့္ထိစပ္ေနသည့္ နယ္စပ္ကုန္သြယ္ေရး စခန္းတစ္ခုျဖစ္သည္။

တ႐ုတ္ႏိုင္ငံႏွင့္ ကခ်င္ျပည္နယ္တို႔ တရားဝင္ အဓိကဆက္သြယ္ရာတြင္ ကန္ပိုင္တည္ ႏွင့္ လြယ္ဂ်ယ္ဝင္ေပါက္၊ ပန္ဝါဝင္ေပါက္တို႔ ကို အဓိက အသုံးျပဳေနသည္။ ထို႔ျပင္ လိုက္ဇာ၊ မန္ဝိန္းႀကီး ဝင္ေပါက္မ်ားကိုလည္း အသုံး ျပဳေနၾကေၾကာင္း သိရသည္။
crd
Eleven News

Unicode
မြန်မာ-တရုတ်နယ်စပ် လွယ်ဂျယ်ဂိတ်ကို အချိန်မီမဖွင့်နိုင်မှုကြောင့် တရုတ်တစ်ရှူးငှက်ပျောများ ကားအစီးရေရာနှင့်ချီ၍ စွန့်ပစ်နေရ….

ကချင်ပြည်နယ် မိုးမောက်မြို့နယ် လွယ်ဂျယ်-လာရင်း မြန်မာ-တရုတ်နယ်စပ်ဂိတ်ကို အချိန်မီမဖွင့်နိုင်သဖြင့် တစ်ရှူးငှက်ပျောကား ရာချီစွန့်ပစ်နေရကြောင်း မြန်မာနိုင်ငံအတွင်းမှ ကားလုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။

လက်ရှိတွင် လွယ်ဂျယ်နယ်စပ်ဂိတ်ရှိ ဂိုဒေါင်အများစုမှာ ငှက်ပျောသီးဂျပ်ဖာများဖြင့် ပြည့်နှက်နေပြီး နယ်စပ်လမ်းတစ်လျှောက်တွင်လည်း ဆယ်နှင့်ချီသည့် ငှက်ပျောကားများ တန်းစီနေကြောင်း ကားလုပ်ငန်းရှင်များက ပြောကြားသည်။

ယာဉ်လုပ်ငန်းရှင်တစ်ဦးက “ဇန်နဝါရီ ၅ ရက် ဖွင့်ဖို့လုပ်တော့ လွန်ခဲ့တဲ့ ဒီဇင်ဘာ ၂၆ လောက်ကတည်းက စတင်ပြီး ငှက်ပျောတင်ထားကြပြီ။ အခု ၈ ရက်နေ့အထိ ငှက်ပျောကတင်နေတုန်း။ ငှက်ပျောက နှစ်ပတ်ပဲခံတော့ အရင်ဆုံးပို့တာတွေက ပစ်ရပြီ။ လုပ်ငန်းရှင်ကတော့ ဂျပ်ဖာလည်း အဖိုးတန်တော့ အဲဒါကို လုပ်သားတွေနဲ့ ပြန်ပစ်ကြရတယ်။ တစ်ရှူးငှက်ပျောတွေကလည်း ရင့်မှည့်နေကြပြီ။ တစ်စီးရရ နှစ်စီးရရ ရောင်းချင်တော့ အခုလိုဖြစ်တာပဲ။

တရုတ်နိုင်ငံဘက်မှာလည်း ငှက်ပျောဈေးတွေ အရမ်းကောင်းတာကို။ ဒီကကား သမားလုပ်ငန်းရှင်တွေ၊ ငှက်ပျောလုပ်ငန်းနဲ့ ပတ်သက်သူတွေ အားလုံးနစ်နာကြတယ်။ တချို့ကားလုပ်ငန်းရှင်တွေဆို ငှက်ပျောကုမ္ပဏီတွေနဲ့ စာချုပ်တွေချုပ်ပြီး အကြွေးတင်နေကြတာ သိန်းထောင်ချီတယ်။ နောက်မြေဆီတွေ အကြွေးပေးတဲ့လုပ်ငန်းတွေ သိန်းထောင်ချီ၊ သောင်းဂဏန်းအထိရောက်တယ်။ တရုတ်လုပ်ငန်းရှင်ကလည်း ပေးစရာမရှိဘူး။

တရားစွဲတောင်းတော့ တကယ်လုပ်ငန်းရှင်က ဒီနိုင်ငံသားမဟုတ်ဘူး။ ငှက်ပျောက တရားဝင် နိုင်ငံအစိုးရနဲ့ စာချုပ်ချုပ်ပြီး ဝင်လာတဲ့လုပ်ငန်း မဟုတ်ဘူး။ နယ်စပ်ပိတ်တာက အဘက်ဘက်က နစ်နာနေကြတာပါ”ဟု ပြောကြားသည်။

ကချင်ပြည်နယ်အတွင်းရှိ တရုတ်နိုင်ငံ နှင့် ကုန်သွယ်နိုင်သည့် အကြီးဆုံးနယ်စပ်ဂိတ် နှစ်ခုဖြစ်သည့် ကန်ပိုင်တည်နယ်စပ်ဂိတ်နှင့် လွယ်ဂျယ်နယ်စပ်ဂိတ်တို့ကို ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်မှ စတင်ပိတ်ထားခဲ့သည်မှာ ခြောက်လကျော်ကြာမြင့်ခဲ့သည်။ လက်ရှိတွင် ကန်ပိုင် တည်နယ်စပ်ဂိတ်ကို ဒီဇင်ဘာလလယ်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့သော်လည်း ကိုဗစ်ကပ်ဘေးကာကွယ်မှု၊ စစ်ဆေးမှုနှင့် ကုန်စည်စစ် ဆေးမှုများကြောင့် တစ်ရက်လျှင် ကားအစီး ရေဆယ်ဂဏန်းသာ ကုန်သွယ်မှုပြုနိုင်သေးကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှု မြင့်မားလာမှုကြောင့် ပိတ်ထားခဲ့သည့် ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံ နယ်စပ်ဂိတ်များပြန် လည်ဖွင့်လှစ်နိုင်ရန် စက်တင်ဘာလဆန်းပိုင်း မှစတင်ကာ နှစ်ဖက်အစိုးရနှင့် ကုန်သည်ကြီး များက ကြိုးပမ်းခဲ့ရကြောင်း သိရသည်။

လွယ်ဂျယ်နယ်စပ်ဂိတ်မှာ ဗန်းမော်မြို့မှ ၅၆ မိုင် လေးဖာလုံအကွာတွင် ရှိပြီး တရုတ်နိုင်ငံ လုံချွမ်ခရိုင် ကျန်းဖုန်းမြို့နယ် လိုင်းရင်းကျေး ရွာနှင့်ထိစပ်နေသည့် နယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခုဖြစ်သည်။

တရုတ်နိုင်ငံနှင့် ကချင်ပြည်နယ်တို့ တရားဝင် အဓိကဆက်သွယ်ရာတွင် ကန်ပိုင်တည် နှင့် လွယ်ဂျယ်ဝင်ပေါက်၊ ပန်ဝါဝင်ပေါက်တို့ ကို အဓိက အသုံးပြုနေသည်။ ထို့ပြင် လိုက်ဇာ၊ မန်ဝိန်းကြီး ဝင်ပေါက်များကိုလည်း အသုံး ပြုနေကြကြောင်း သိရသည်။
crd
Eleven News

Leave a Reply

Your email address will not be published. Required fields are marked *