Knowledge

“ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အမႈ သုံးခု ဇန္နဝါရီ ၁၀ ရက္ အမိန႔္ခ်မယ္လို႔ ဆို”

“ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အမႈ သုံးခု ဇန္နဝါရီ ၁၀ ရက္ အမိန႔္ခ်မယ္လို႔ ဆို”

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို စြဲဆိုထားတဲ့ အမႈေတြထဲက အမႈသုံးမႈကို ေနာက္တစ္ပတ္ တနလၤာေန႔ ဇန္နဝါရီ ၁၀ ရက္မွာ အၿပီးသတ္အမိန႔္ခ်မယ္လို ဒီေန႔ တရား႐ုံးက ဆုံးျဖတ္လိုက္တယ္လို႔ တရား႐ုံးနဲ႔ နီးစပ္သူေတြက ေျပာပါတယ္။

ဇန္နဝါရီ ၃ ရက္ဒီေန႔ ေဒၚေအာင္ဆန္းစုၾကည္ကို လူကိုယ္တိုင္ ႐ုံးထုတ္ခဲ့ၿပီး သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၂၅ နဲ႔ စြဲဆိုထားတဲ့အမႈအတြက္ ႏွစ္ဖက္လုံးက အၿပီးသတ္ေလွ်ာက္လဲခ်က္ေပးခဲ့ၾကပါတယ္။
ဒီအမႈဟာ လြန္ခဲ့တဲ့ ၂၀၂၀ ၾသဂုတ္လတုန္းက ေဒၚေအာင္ဆန္းစုၾကည္ ဇမၺဴသီရိၿမိဳ႕နယ္ ေ႐ႊၾကာပင္ရပ္ကြက္ကိုလာစဥ္ လူစုလူေဝးျဖစ္ခဲ့လို႔ ကိုဗစ္စည္းကမ္းနဲ႔ မညီဘူးဆိုတဲ့ စြပ္စြဲခ်က္နဲ႔ တရားစြဲခံရတဲ့အမႈ ျဖစ္ပါတယ္။

ဒီဇင္ဘာ ၂၀ ရက္ကတည္းက အမိန႔္မခ်ျဖစ္ဘဲ ႐ုံးခ်ိန္းႏွစ္ခါ ေ႐ႊ႕ဆိုင္းခဲ့တဲ့ ပို႔ကုန္သြင္းကုန္ ဥပေဒပုဒ္မ – ၈ နဲ႔ ဆက္သြယ္ေရး ဥပေဒပုဒ္မ – ၆၇ အမႈႏွစ္ခုကိုလည္း လာမယ့္ ဇန္နဝါရီ ၁၀ ရက္မွာ အမႈ သုံးမႈေပါင္းၿပီး အမိန႔္ခ်လိမ့္မယ္လို႔ တရား႐ုံးနဲ႔နီးစပ္သူေတြက ေျပာပါတယ္။

ပို႔ကုန္သြင္းကုန္ ဥပေဒ ပုဒ္မ – ၈ ဟာ အျမင့္ဆုံးေထာင္ဒဏ္ သုံးႏွစ္နဲ႔ ဆက္သြယ္ေရးဥပေဒ ပုဒ္မ – ၆၇ ဟာ အျမင့္ဆုံးေထာင္ဒဏ္ တစ္ႏွစ္ထိ ခ်မွတ္ႏိုင္တဲ့ပုဒ္မေတြ ျဖစ္ပါတယ္။
သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒပုဒ္မ ၂၅ ကေတာ့ အျမင့္ဆုံးေထာင္ဒဏ္ ၃ ႏွစ္ထိ ခ်မွတ္ႏိုင္တဲ့ပုဒ္မ ျဖစ္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ အမႈေပါင္း ၁၁ ခုနဲ႔ ဖမ္းဆီးတရားစြဲခံခဲ့ရၿပီး သဘာဝေဘးစီမံ ဥပေဒပုဒ္မ – ၂၅ နဲ႔ ရာဇသတ္ႀကီး ဥပေဒပုဒ္မ – ၅၀၅ (ခ) အမႈေတြ အတြက္ ဒီဇင္ဘာ ၆ ရက္က ေထာင္ဒဏ္ ေလးႏွစ္ ခ်မွတ္ခံထားရၿပီး စစ္ေကာင္စီက ႏွစ္ႏွစ္ ျပန္ေလွ်ာ့ေပးထားပါတယ္။

ဒါ့အျပင္ ေ႐ြးေကာက္ပြဲ မဲမသမာမႈ၊ ရဟတ္ယာဥ္ဝယ္ယူမႈနဲ႔ ပတ္သက္တဲ့ အဂတိအမႈႏွစ္ခုနဲ႔လည္း ထပ္တိုး တရားစြဲဖို႔ စစ္ေကာင္စီဘက္က စီစဥ္ေနရာ အဲဒီႏွစ္မႈပါ ထပ္တိုးတရားစြဲခံရရင္ အမႈေပါင္း ၁၃ မႈအထိရွိလာမွာ ျဖစ္ပါတယ္။
အမႈေတြအားလုံးကို စစ္ေကာင္စီက အျမင့္ဆုံးျပစ္ဒဏ္ေတြ ေပးခဲ့မယ္ဆိုရင္ ေဒၚေအာင္ဆန္းစုၾကည္ဟာ စုစုေပါင္း ႏွစ္ေပါင္းတစ္ရာေက်ာ္ ေထာင္ဒဏ္က်ခံရမွာ ျဖစ္ပါတယ္။
crd

Unicode
“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု သုံးခု ဇန်နဝါရီ ၁၀ ရက် အမိန့်ချမယ်လို့ ဆို”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှုတွေထဲက အမှုသုံးမှုကို နောက်တစ်ပတ် တနင်္လာနေ့ ဇန်နဝါရီ ၁၀ ရက်မှာ အပြီးသတ်အမိန့်ချမယ်လို ဒီနေ့ တရားရုံးက ဆုံးဖြတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဇန်နဝါရီ ၃ ရက်ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ကို လူကိုယ်တိုင် ရုံးထုတ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ စွဲဆိုထားတဲ့အမှုအတွက် နှစ်ဖက်လုံးက အပြီးသတ်လျှောက်လဲချက်ပေးခဲ့ကြပါတယ်။
ဒီအမှုဟာ လွန်ခဲ့တဲ့ ၂၀၂၀ သြဂုတ်လတုန်းက ဒေါ်အောင်ဆန်းစုကြည် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ကိုလာစဉ် လူစုလူဝေးဖြစ်ခဲ့လို့ ကိုဗစ်စည်းကမ်းနဲ့ မညီဘူးဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲခံရတဲ့အမှု ဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၀ ရက်ကတည်းက အမိန့်မချဖြစ်ဘဲ ရုံးချိန်းနှစ်ခါ ရွှေ့ဆိုင်းခဲ့တဲ့ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ – ၈ နဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ – ၆၇ အမှုနှစ်ခုကိုလည်း လာမယ့် ဇန်နဝါရီ ၁၀ ရက်မှာ အမှု သုံးမှုပေါင်းပြီး အမိန့်ချလိမ့်မယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ – ၈ ဟာ အမြင့်ဆုံးထောင်ဒဏ် သုံးနှစ်နဲ့ ဆက်သွယ်ရေးဥပဒေ ပုဒ်မ – ၆၇ ဟာ အမြင့်ဆုံးထောင်ဒဏ် တစ်နှစ်ထိ ချမှတ်နိုင်တဲ့ပုဒ်မတွေ ဖြစ်ပါတယ်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ကတော့ အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်ထိ ချမှတ်နိုင်တဲ့ပုဒ်မ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၁ ခုနဲ့ ဖမ်းဆီးတရားစွဲခံခဲ့ရပြီး သဘာဝဘေးစီမံ ဥပဒေပုဒ်မ – ၂၅ နဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၅၀၅ (ခ) အမှုတွေ အတွက် ဒီဇင်ဘာ ၆ ရက်က ထောင်ဒဏ် လေးနှစ် ချမှတ်ခံထားရပြီး စစ်ကောင်စီက နှစ်နှစ် ပြန်လျှော့ပေးထားပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲ မဲမသမာမှု၊ ရဟတ်ယာဉ်ဝယ်ယူမှုနဲ့ ပတ်သက်တဲ့ အဂတိအမှုနှစ်ခုနဲ့လည်း ထပ်တိုး တရားစွဲဖို့ စစ်ကောင်စီဘက်က စီစဉ်နေရာ အဲဒီနှစ်မှုပါ ထပ်တိုးတရားစွဲခံရရင် အမှုပေါင်း ၁၃ မှုအထိရှိလာမှာ ဖြစ်ပါတယ်။
အမှုတွေအားလုံးကို စစ်ကောင်စီက အမြင့်ဆုံးပြစ်ဒဏ်တွေ ပေးခဲ့မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ စုစုပေါင်း နှစ်ပေါင်းတစ်ရာကျော် ထောင်ဒဏ်ကျခံရမှာ ဖြစ်ပါတယ်။
crd

Leave a Reply

Your email address will not be published. Required fields are marked *