2021 Dubai Globe Soccer Awards အတြက္ အေကာင္းဆုံး ဆန္ခါတင္စာရင္းမွာ မက္ဆီ၊ ဆာလာ၊ လီဝန္ေဒါစကီးတို႔နဲ႔ အၿပိဳင္ေရပန္းစားေနတဲ့ သရဲနီဘုရင္ႀကီး

2021 Dubai Globe Soccer Awards အတြက္ အေကာင္းဆုံး ဆန္ခါတင္စာရင္းမွာ မက္ဆီ၊ ဆာလာ၊ လီဝန္ေဒါစကီးတို႔နဲ႔ အၿပိဳင္ေရပန္းစားေနတဲ့ သရဲနီဘုရင္ႀကီး

ခရစ္စတီယာႏို ေရာ္နယ္ဒို၊ လီယြန္နယ္မက္ဆီ၊ မိုဟာမက္ဆာလာ၊ ေရာဘတ္လီဝန္ေဒါစကီး ႏွင့္ ကီလီယန္အမ္ဘတ္ပီတို႔သည္ ဒူဘိုင္းကမာၻလုံးေဘာလုံးဆုေပးပြဲ၏ 2021 Dubai Globe Soccer Awards အတြက္ ၁၂ ႀကိမ္ေျမာက္ ဆန္ခါတင္စာရင္းတြင္ ပါဝင္ခဲ့သည္။

ပိုလန္ႏိုင္ငံသား ေရာဘတ္လီဝန္ေဒါစကီးသည္ အရင္ႏွစ္ကဆုကို ရရွိထားသူျဖစ္ၿပီး ခရစၥတီယာႏို ေရာ္နယ္ဒိုကအႀကိမ္ေရအမ်ားဆုံး ရရွိထားသည္။ ေပၚတူဂီဂႏၴဝင္ကစားသမား ေရာ္နယ္ဒိုသည္သည္ ၂၀၁၀ ခုႏွစ္မွစတင္၍ ဆုေျခာက္ဆုအထိ ရရွိထားၿပီး အဆိုပါဆုကို 2016 မွ 2019 ခုႏွစ္အထိ ေလးႀကိမ္ဆက္တိုက္ ရရွိခဲ့သည္။

ေဘာလုံးေလာကရဲ႕ ေနာက္ထပ္ဂုဏ္သိကၡာႀကီးမားတဲ့ Dubai Globe Soccer Awardsဆုရရွိသူကို ဒီဇင္ဘာ ၂၇ ရက္တြင္ ဒူဘိုင္းရွိ Armani Pavilion တြင္ ၾကယ္ပြင့္ျပအခမ္းအနား၌ ထုတ္ေဖာ္ေၾကညာမည္ျဖစ္သည္။ ဆုအမ်ိဳးအစားမ်ားစြာကို ေပးအပ္မည္ျဖစ္ေသာ္လည္း ေဘာလုံးပရိတ္သတ္မ်ား အေမွ်ာ္လင့္ဆုံးဆုမွာ ေရာ္နယ္ဒို၊ မက္ဆီ၊ ဆာလက္၊ အမ္ဘာေပ၊ ဘန္ဇီမာႏွင့္ လီဝန္ေဒါစကီးတို႔ အားလုံးပါဝင္ေနသည့္ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုျဖစ္သည္။

ဒါ့အျပင္ ယခုႏွစ္အတြက္ ဆုအသစ္တစ္ခုျဖစ္သည့္ အေကာင္းဆုံး အမ်ိဳးသမီးကလပ္အသင္းဆုကိုလည္း ထည့္သြင္းေပးအပ္သြားမည္ျဖစ္သည္။ ဘာစီလိုနာ၊ ဘိုင္ယန္ျမဴးနစ္၊ ခ်ဲလ္ဆီး၊ မန္ခ်က္စတာစီးတီးႏွင့္ ပီအက္စ္ဂ်ီအမ်ိဳးသမီးအသင္းမ်ားသည္ ေနာက္ဆုံးဆန္ခါတင္စာရင္းတြင္ ပါဝင္ေနၿပီး မဲအမ်ားဆုံးရရွိတဲ့ ကလပ္အသင္းကို ဒီဇင္ဘာ ၂၇ ရက္တြင္ ေၾကညာသြားမည္ျဖစ္သည္။

ေနာက္ထပ္စိတ္ဝင္စားစရာ ဆုတစ္ခုျဖစ္သည့္ တစ္ႏွစ္တာအေကာင္းဆုံးကလပ္ဆုအတြက္ အယ္လ္အာလီ၊ အယ္လ္ဟီလာ၊ အက္သလက္တီကိုမက္ဒရစ္၊ ဖလာမင္ဂို၊ ခ်ဲလ္ဆီးႏွင့္ မန္စီးတီးအသင္းတို႔က ဆန္ခါတင္စာရင္းတြင္ ပါဝင္ခဲ့သည္။ တစ္ႏွစ္တာအေကာင္းဆုံးမန္ေနဂ်ာအတြက္ ဆန္ခါတင္စာရင္းမွာ Didier Deschamps၊ Hansi Flick၊ Josep Guardiola၊ Thomas Tuchel၊ Lionel Scaloni နဲ႔ Roberto Mancini တို႔ ပါဝင္ပါတယ္။

ခရစ္စတီယာႏို ေရာ္နယ္ဒို ႏွင့္ လီယြန္နယ္မက္ဆီ တို႔သည္ လြန္ခဲ့သည့္ ဆယ္စုႏွစ္ တစ္ခုအတြင္း ဂုဏ္သိကၡာရွိေသာ ေဘာလုံးဆုမ်ား အားလုံးကို ၄င္းတို႔ႏွစ္ေယာက္သာ အႀကိမ္ႀကိမ္ေအာင္ပြဲခံခဲ့ၾကပါသည္။ ယခုႏွစ္ Ballon d’Or ဆုကို ဆြတ္ခူးခဲ့ေသာ လီယြန္နယ္မက္ဆီသည္ စုစုေပါင္း ၇ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ၿပီး ေဘာလုံးေလာက၌ အမ်ားဆုံးျဖစ္သည္။ အလားတူပင္ သရဲနီဘုရင္ႀကီး ခရစ္စတီယာႏို ေရာ္နယ္ဒိုကလည္း Ballon d’Or ဆု ငါးဆု ရရွိခဲ့ၿပီး FIFA POTY ဆုကို အႀကိမ္အမ်ားဆုံး ရရွိထားသူလည္း ျဖစ္သည္။

ဒူဘိုင္းကမာၻလုံးေဘာလုံးဆုေပးပြဲမွာ လီယြန္နယ္မက္ဆီဟာ 2015 ခုႏွစ္မွာ တစ္ႀကိမ္ရရွိခဲ့ၿပီး ေရာ္နယ္ဒိုက ဒီဆုကို ေျခာက္ႀကိမ္ရရွိခဲ့ပါတယ္။ ဒါတင္မကေသးဘဲ ေရာ္နယ္ဒိုဟာ 2020 ခုႏွစ္က အီတလီဘီလူးႀကီး ဂ်ဴဗင္တပ္စ္အသင္းမွာ ကစားရင္း ရာစုႏွစ္ရဲ႕ ကစားသမားဆုကိုလည္း ရရွိခဲ့ပါတယ္။
Ref – Sportskeeda
By – David

Unicode
2021 Dubai Globe Soccer Awards အတွက် အကောင်းဆုံး ဆန်ခါတင်စာရင်းမှာ မက်ဆီ၊ ဆာလာ၊ လီဝန်ဒေါစကီးတို့နဲ့ အပြိုင်ရေပန်းစားနေတဲ့ သရဲနီဘုရင်ကြီး

ခရစ်စတီယာနို ရော်နယ်ဒို၊ လီယွန်နယ်မက်ဆီ၊ မိုဟာမက်ဆာလာ၊ ရောဘတ်လီဝန်ဒေါစကီး နှင့် ကီလီယန်အမ်ဘတ်ပီတို့သည် ဒူဘိုင်းကမ္ဘာလုံးဘောလုံးဆုပေးပွဲ၏ 2021 Dubai Globe Soccer Awards အတွက် ၁၂ ကြိမ်မြောက် ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည်။

ပိုလန်နိုင်ငံသား ရောဘတ်လီဝန်ဒေါစကီးသည် အရင်နှစ်ကဆုကို ရရှိထားသူဖြစ်ပြီး ခရစ္စတီယာနို ရော်နယ်ဒိုကအကြိမ်ရေအများဆုံး ရရှိထားသည်။ ပေါ်တူဂီဂန္ထဝင်ကစားသမား ရော်နယ်ဒိုသည်သည် ၂၀၁၀ ခုနှစ်မှစတင်၍ ဆုခြောက်ဆုအထိ ရရှိထားပြီး အဆိုပါဆုကို 2016 မှ 2019 ခုနှစ်အထိ လေးကြိမ်ဆက်တိုက် ရရှိခဲ့သည်။

ဘောလုံးလောကရဲ့ နောက်ထပ်ဂုဏ်သိက္ခာကြီးမားတဲ့ Dubai Globe Soccer Awardsဆုရရှိသူကို ဒီဇင်ဘာ ၂၇ ရက်တွင် ဒူဘိုင်းရှိ Armani Pavilion တွင် ကြယ်ပွင့်ပြအခမ်းအနား၌ ထုတ်ဖော်ကြေညာမည်ဖြစ်သည်။ ဆုအမျိုးအစားများစွာကို ပေးအပ်မည်ဖြစ်သော်လည်း ဘောလုံးပရိတ်သတ်များ အမျှော်လင့်ဆုံးဆုမှာ ရော်နယ်ဒို၊ မက်ဆီ၊ ဆာလက်၊ အမ်ဘာပေ၊ ဘန်ဇီမာနှင့် လီဝန်ဒေါစကီးတို့ အားလုံးပါဝင်နေသည့် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုဖြစ်သည်။

ဒါ့အပြင် ယခုနှစ်အတွက် ဆုအသစ်တစ်ခုဖြစ်သည့် အကောင်းဆုံး အမျိုးသမီးကလပ်အသင်းဆုကိုလည်း ထည့်သွင်းပေးအပ်သွားမည်ဖြစ်သည်။ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ ချဲလ်ဆီး၊ မန်ချက်စတာစီးတီးနှင့် ပီအက်စ်ဂျီအမျိုးသမီးအသင်းများသည် နောက်ဆုံးဆန်ခါတင်စာရင်းတွင် ပါဝင်နေပြီး မဲအများဆုံးရရှိတဲ့ ကလပ်အသင်းကို ဒီဇင်ဘာ ၂၇ ရက်တွင် ကြေညာသွားမည်ဖြစ်သည်။

နောက်ထပ်စိတ်ဝင်စားစရာ ဆုတစ်ခုဖြစ်သည့် တစ်နှစ်တာအကောင်းဆုံးကလပ်ဆုအတွက် အယ်လ်အာလီ၊ အယ်လ်ဟီလာ၊ အက်သလက်တီကိုမက်ဒရစ်၊ ဖလာမင်ဂို၊ ချဲလ်ဆီးနှင့် မန်စီးတီးအသင်းတို့က ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည်။ တစ်နှစ်တာအကောင်းဆုံးမန်နေဂျာအတွက် ဆန်ခါတင်စာရင်းမှာ Didier Deschamps၊ Hansi Flick၊ Josep Guardiola၊ Thomas Tuchel၊ Lionel Scaloni နဲ့ Roberto Mancini တို့ ပါဝင်ပါတယ်။

ခရစ်စတီယာနို ရော်နယ်ဒို နှင့် လီယွန်နယ်မက်ဆီ တို့သည် လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုအတွင်း ဂုဏ်သိက္ခာရှိသော ဘောလုံးဆုများ အားလုံးကို ၄င်းတို့နှစ်ယောက်သာ အကြိမ်ကြိမ်အောင်ပွဲခံခဲ့ကြပါသည်။ ယခုနှစ် Ballon d’Or ဆုကို ဆွတ်ခူးခဲ့သော လီယွန်နယ်မက်ဆီသည် စုစုပေါင်း ၇ကြိမ်ဆွတ်ခူးနိုင်ခဲ့ပြီး ဘောလုံးလောက၌ အများဆုံးဖြစ်သည်။ အလားတူပင် သရဲနီဘုရင်ကြီး ခရစ်စတီယာနို ရော်နယ်ဒိုကလည်း Ballon d’Or ဆု ငါးဆု ရရှိခဲ့ပြီး FIFA POTY ဆုကို အကြိမ်အများဆုံး ရရှိထားသူလည်း ဖြစ်သည်။

ဒူဘိုင်းကမ္ဘာလုံးဘောလုံးဆုပေးပွဲမှာ လီယွန်နယ်မက်ဆီဟာ 2015 ခုနှစ်မှာ တစ်ကြိမ်ရရှိခဲ့ပြီး ရော်နယ်ဒိုက ဒီဆုကို ခြောက်ကြိမ်ရရှိခဲ့ပါတယ်။ ဒါတင်မကသေးဘဲ ရော်နယ်ဒိုဟာ 2020 ခုနှစ်က အီတလီဘီလူးကြီး ဂျူဗင်တပ်စ်အသင်းမှာ ကစားရင်း ရာစုနှစ်ရဲ့ ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။
Ref – Sportskeeda
By – David

Be the first to comment

Leave a Reply

Your email address will not be published.


*