Knowledge

“စစ်ကောင်စီကို အာဆီယံအစည်းအဝေးတွေကနေ ဆက်ပြီး ဖယ်ထုတ်ထားဖို့ စင်္ကာပူဝန်ကြီးချုပ်ပြော”

“စစ်ကောင်စီကို အာဆီယံအစည်းအဝေးတွေကနေ ဆက်ပြီး ဖယ်ထုတ်ထားဖို့ စင်္ကာပူဝန်ကြီးချုပ်ပြော” ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပါအဝင် အာဆီယံသဘောတူညီချက် ငါးချက်ကို ပူးပေါင်းဆောင်ရွက်လာတဲ့ အချိန်အထိ မြန်မာစစ်ကောင်စီကို အာဆီယံအစည်းအဝေး တွေကနေ ဖယ်ထုတ်ထားသင့်တယ်လို့ စင်္ကာပူဝန်ကြီးချုပ်လီရှန်လွန်း (Lee Hsein Loong) က ပြောလိုက်ပါတယ်။ ဇန်နဝါရီလ ၁၄ ရက်နေ့က အွန်လိုင်းဗီဒီယိုကတစ်ဆင့် ဆက်သွယ် စကားပြောရာမှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို အခုလိုတိုက်တွန်းခဲ့တာလို့ စင်္ကာပူနိုင်ငံခြားရေးဌာနက ဇန်နဝါရီ ၁၅ ရက်နေ့က ထုတ်ပြန်ပါတယ်။ အစိုးရအဖွဲ့ဝင်မဟုတ်သူ တစ်ဦးကိုသာ မြန်မာကိုယ်စား လှယ်အဖြစ် ဖိတ်ကြားဖို့ အာဆီယံက ဆုံးဖြတ်ထားတာကို ပြင်ဆင်မယ်ဆိုရင် အချက်အလက် အသစ်တွေ အပေါ်မှာသာ အခြေခံရမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်လီရှန်လွန်းက ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့ပြင် မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ကိစ္စမှန်သမျှမှာ […]

Knowledge

စစ်အာဏာသိမ်းပြီးအခြေအနေကို “မြို့အုပ်မင်းကယ်မှ ထောင်လုံးလုံးကျ” ဆိုရိုးစကားနှင့် ဦးရဲထွဋ်ခိုင်းနှိုင်းပြောဆို

စစ်အာဏာသိမ်းပြီးအခြေအနေကို “မြို့အုပ်မင်းကယ်မှ ထောင်လုံးလုံးကျ” ဆိုရိုးစကားနှင့် ဦးရဲထွဋ်ခိုင်းနှိုင်းပြောဆို စစ်အာဏာသိမ်းပြီးမှ ကုန်ဈေးနှုန်းများကြီးမြင့်ခြင်းနှင့်လျှပ်စစ်မီးများပြတ်ကာ လူမှုဘဝအခြေအနေအရပ်ရပ် ဒုက္ခတွေ့နေခြင်းကို မြို့အုပ်မင်းကယ်မှ ထောင်လုံးလုံးကျဆိုရိုးစကားနှင့်ဦးရဲထွဋ်ခိုင်းနှိုင်းပြောဆို စစ်အာဏာသိမ်းပြီးမှ ကုန်ဈေးနှုန်းများကြီးမြင့်ခြင်းနှင့်လျှပ်စစ်မီးများပြတ်ကာ လူမှုဘဝအခြေအနေအရပ်ရပ် ဒုက္ခတွေ့နေခြင်းကို မြို့အုပ်မင်းကယ်မှ ထောင်လုံးလုံးကျဆိုရိုးစကားနှင့်ဦးရဲထွဋ်ခိုင်းနှိုင်းပြောဆိုလိုက်သည်။ ဇန်နဝါရီ၁၅ရက် ၎င်းလူမှုကွန်ရက်တွင် ယခင်သမ္မတဦးသိန်းစိန်အစိုးရ ပြန်ဝန်ဟောင်း ဦးရဲထွဋ်ကမြို့အုပ်မင်း ခေါင်းစဉ်ဖြင့်ရေးသားပြောဆိုခဲ့သည်။ “၂၀၁၆ ဧျပီ၊ မေ လမွာ မီးခဏခဏပျက်တော့ အင်န်အယ်လ်ဒီအစိုးရကို ကလိခဲ့ဖူးတဲ့ ကျွန်တော် ဟာ မီးပျက်တာအနည်းဆုံးလို့ ဆိုနိုင်တဲ့ ၂၀၁၉ ၊ ၂၀၂၀ ကာလရောက်တော့ ပြန်ပြီး အားနာခဲ့ ဖူးတယ်။အခုတော့ လျှပ်စစ်မီးအခြေအနေက ရန်ကုန်မြို့ကို A, B , C , D အုပ်စုတွေ ခွဲပြီး မီးပေးခဲ့ရဖူးတဲ့၊ အစိုးရ ရုံးတွေမှာ […]

Knowledge

ဒေါ်အောင်ဆန်းစုကြည်မပါတဲ့တွေ့ဆုံမှု အဓိပ္ပါယ်မရှိကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ပြောလာ

ဒေါ်အောင်ဆန်းစုကြည်မပါတဲ့တွေ့ဆုံမှု အဓိပ္ပါယ်မရှိကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ပြောလာ မြန်မာ့ဒီမိုကရေစီရေးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မရှိမဖြစ်လို့လည်း အသိပေး —People’s Spring မြန်မာ့အရေးကိုကြားဝင်ဖြေရှင်းကြရာမှာ ဒေါ်အောင်ဆန်းစုကြည် မပါတဲ့တွေ့ဆုံဆွေးနွေးမှုဟာ အဓိပ္ပါယ် ရှိမှာမဟုတ်ဘူးလို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး သီယိုဒိုယိုလိုဆင်က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထူထောင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဟာ မရှိမဖြစ် ဖြစ်တယ်လို့လည်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ထပ်လောင်းပြောဆိုပါတယ်။ဒါကြောင့် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ဒဏ်တွေချမှတ်တဲ့အပေါ်ကိုလည်း ရှုတ်ချလိုက်ပါသေးတယ်။ ဒါအပြင် သူအနေနဲ့ မြန်မာပြည်သူတွေ ခံစားနေရတဲ့ဒုက္ခတွေ သက်သာစေဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ပါဝင်လာဖို့အတွက် လာမယ့် ရက်သတ္တပတ်တွေအတွင်း အာဆီယံ အဖွဲ့ကြီးက မိတ်ဆွေတွေနဲ့ အတူလက်တွဲ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဟာ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း က အာဆီယံအစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီကိုဖယ်ထားသင့်တယ်လို့ မှတ်ချက်ပေးလာပြီးတဲ့နောက်မှာ မြန်မာ့အရေးအတွက်ဒီလို ပြောဆိုလာတာပါ။ […]

Knowledge

တွန်ဂါ ရေအောက် မီးတောင်ပေါက်ကွဲ မှု ကမ္ဘာတစ်ဝန်း ရိုက်ခတ် ပြီး ဆူနာမီ သတိပေးချက် တွေ ထုတ်ပြန်ခဲ့…..

တွန်ဂါ ရေအောက် မီးတောင်ပေါက်ကွဲ မှု ကမ္ဘာတစ်ဝန်း ရိုက်ခတ် ပြီး ဆူနာမီ သတိပေးချက် တွေ ထုတ်ပြန်ခဲ့….. တောင်ပစိဖိတ် ကျွန်းနိုင်ငံ တွန်ဂါ မှာ စနေ နေ့ က ရေအောက် မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ဆူနာ မီ လှိုင်းလုံးတွေကြောင့် ထိခိုက် ဒဏ်ရာရသူအရေအတွက်ကိုမသိရသေးပေမယ့် ဒီမီးတောင်ပေါက်ကွဲမှု အရှိန် အဟုန် ကို ကမ္ဘာတစ်ဝန်း ကသိရှိခံစားခဲ့ရပါတယ်။ ဆက်သွယ်ရေး လိုင်းတွေ အနှောင့်အယှက်ဖြစ်ပြီး သတင်းအချက်အလက် နှောင့်နှေးနေတာကြောင့် ထိခိုက်သူစာရင်းကို မသိရသေးပေမယ့် ရေအောက်မီးတောင်ပေါက်ကွဲမှုကြောင့် လေးပေလောက်မြင့်တဲ့ ပင်လယ်လှိုင်း တွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဟန်ဂါ တွန်ဂါ ဟန်ဂါ ဟာအာပိုင် မီးတောင်ဟာ ဒေသစံတော်ချိန် ညနေ ၅နာရီ ၁၀ မိနစ်မှာ ပေါက်ကွဲခဲ့ပြီး […]

Knowledge

စစ်ကောင်စီလက်ထက် လူမှုကွန်ရက်ပေါ် Live လွှင့်ကြေညာလာသော ပြည့်တန်ဆာလုပ်ငန်း….

စစ်ကောင်စီလက်ထက် လူမှုကွန်ရက်ပေါ် Live လွှင့်ကြေညာလာသော ပြည့်တန်ဆာလုပ်ငန်း…. ရန်ကုန် သင်္ကန်းကျွန်းမြို့နယ်တွင်းက ပြည့်တန်ဆာလုပ်ငန်းတစ်ခုသည် ယမန်နေ့ညက ဖေ့စ်ဘုတ်တွင် Live လွှင့်ကာ ကြေညာမှုပြုနေခဲ့ပြီး ၎င်းတို့လုပ်ငန်းသည် စစ်အာဏာသိမ်းပြီးကာလအတွင်း ဖမ်းဆီးမှုများမဖြစ်အောင်စီမံထားနိုင်ခဲ့သည်ဟုပါ အဆိုပါလုပ်ငန်း၏မန်နေဂျာဆိုသူက ပြောသွားခဲ့သည်။ သင်္ကန်းကျွန်းမြို့နယ် ၁၆/၂ ရပ်ကွက်တွင်တည်ရှိသော Rainblow Myanmar သည်အနှိပ်ခန်းဟုဗန်းပြကာလိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုတွေ ရရှိနိုင်ကြောင်း အမျိုးသမီးငယ်များကိုပါပြသကာ ဈေးနှုန်းများပါကြေညာသွားခဲ့သည်။ အဆိုပါပြည့်တန်ဆာလုပ်ငန်းကို ပေါ်ပေါ်ထင်ထင်လုပ်သော်လည်း စစ်ကောင်စီတပ်ကအာဏာသိမ်းပြီးကာလ အာဏာပိုင်များနှင့်ချိတ်ဆက်ထားသည်ဟု မန်နေဂျာက Live တွင် ဝန်ခံပြောသွားသည်။ ” ကျွန်တော် ၇လပိုင်း ၂ရက်နေ့က စပြီး ဒီမှာ အလုပ်လုပ်တာ ဆိုင်စဖွင့်ကတည်းကအလုပ်လုပ်တာပါ ကျွန်တော်လုပ်နေတာ ခြောက်လ ကျော်ရှိပါပြီ။ ဒီလို ဖမ်းတာတွေ အရှုပ်အရှင်းတွေနဲ့ ပတ်သက်ပြီးလည်း ကျွန်တော် ဘာဖိအားပေးတာကိုမှ မကြုံဖူးဘူးဗျ။ လုံးဝအေးအေးဆေးဆေးပါပဲ။ လူကြီးပိုင်းဆိုင်ရာတွေနဲ့ […]

Knowledge

သာကောတို့ လက်ချက်မိသွားရပြန်တဲ့ မြန်မာနိုင်ငံက ဖရဲသီးစိုက် တောင်သူများ….

သာကောတို့ လက်ချက်မိသွားရပြန်တဲ့ မြန်မာနိုင်ငံက ဖရဲသီးစိုက် တောင်သူများ…. ( ဒီလိုသာ အရှုံးပေါ်ချက်က တရားလွန်ဖြစ်နေရင် ရှေ့ဘာဆက်လုပ်ကြမလဲ… ) မူဆယ် ၁၀၅မိုင်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံကို တင်ပို့နေသည့် မြန်မာ နိုင်ငံထွက် ဖရဲသီး ဈေးများမှာ ဆက်တိုက်ကျဆင်းနေပြီး တောင်သူနှင့်ကုန်သည်များ အရှုံးပေါ်မှုများဖြစ်ပေါ်နေကြောင်း မူဆယ်၁၀၅မိုင်ရှိ သစ်သီးဝလံကုန်စည်ဒိုင်မှ သိရပါတယ်။ တရုတ်နိုင်ငံသို့တင်ပို့သည့် ဖရဲများမှာ ယခင်က တစ်ကီလိုလျှင် ၇ယွမ်မှ ၈ယွမ်အထိ ပေါက်ဈေး ရရှိခဲ့သော်လည်း လက်ရှိ ဇန်နဝါရီ ၁၀ ရက်တွင် ဈေးကွက်မှာ တစ်ကီလိုလျှင် ၅ ယွမ်နှင့်အောက်အထိ ကျဆင်းသွားကြောင်းသိရပါတယ်။ “ ယခုရက်ပိုင်းအတွင်းဖရဲဈေးများကြမ်း တမ်းစွာဈေးကျဆင်းနေပါတယ်။ ဈေးကွက်အတွင်းဝင်ရောက်နိုင်ရန် ကြာမြင့် ရက်နဲ့ ကုန်ကျစရိတ်များကြောင့် ချင့်ချိန်တင်ပို့သင့်ပါတယ်။ ဇန်နဝါရီ ၁၀ ရက် ဈေးကွက်အခြေအနေမှာ ၅ […]

Knowledge

မြန်မာပြည်က ပင်စင်စား နှင့် အသက် ၆၀ ကျော်မှ ဘဝစပြီး အောင်မြင်လာခဲ့တဲ့ KFC ကြက်ကြော်သူဌေး

မြန်မာပြည်က ပင်စင်စား နှင့် အသက် ၆၀ ကျော်မှ ဘဝစပြီး အောင်မြင်လာခဲ့တဲ့ KFC ကြက်ကြော်သူဌေး “ဘဝအစ ၆၅ က” တစ်လောက ပဲခူးခေတ္တပြန်တယ်။ ကျောင်းတစ်ကျောင်းမှာ ဟောပြောခွင့်ရခဲ့တယ်။ ဟောပြောပွဲအပြီးမှာမိတ်ဆွေ တစ်ယောက်က လာနှုတ်ဆက်တယ်။ သူလည်း ကိုယ်နဲ့ ဘဝတူကျောင်းဆရာ၊ ခုတော့ အငြိမ်းစားပေါ့။ “ခုဘာတွေလုပ်နေလဲ” ကျွန်တော်က မေးလိုက်တာ။ သူက.. “ဘာလုပ်ရမှာလဲ.. အငြိမ်းစားဆိုတော့ အိမ်မှာ မြေးထိန်းပြီး ပေးတာယူ ကျွေးတာစားဘဝပေါ့” “ခင်ဗျား အသက်ဘယ်လောက်လဲ” “၆၃” “ကျွန်တော့်ထက်တောင် ငယ်သေးတယ်.. ဒါပေမဲ့ ကျွန်တော် ခုထိ တစ်ချက်မှ မနားသေးဘူး.. ရုန်းကန်နေတုန်းပဲ” “ကျွန်တော်က ခင်ဗျားလို စာမှမရေးတတ်တာ” “ကျွန်တော်လည်း ခင်ဗျားလို ပန်းပု မထုတတ်ပါဘူး.. ခင်ဗျား ပန်းပုလက်ရာလေးတွေ […]

Knowledge

မြန်မာပြည်မှာ ယခုလို အခြေအနေ ဖြစ်လာမယ်ဆိုတာကို လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်းက ကြိုတင်နိမိတ်ဖတ်ခဲ့သူ…..

မြန်မာပြည်မှာ ယခုလို အခြေအနေ ဖြစ်လာမယ်ဆိုတာကို လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်းက ကြိုတင်နိမိတ်ဖတ်ခဲ့သူ….. မြန်မာနိုင်ငံမှာဒီနေ့ဒီလိုစစ်မီးထတောက်မယ်ဆိုတာ Joshua Cooper Ramo က ၂၀၀၉ လောက်ကတည်းကမှန်းခဲ့ပါတယ်။ အဲ့ဒီ ဂျော့ရွှာကူပါးရာမို ဆိုသူဟာ Kissinger Associates ရဲ့ vice chairman and co-chief executive ဖြစ်ပါတယ်။ တကယ်တမ်းပြောရရင် ကျနော်က ဟင်နရီကစ်ဆင်းဂျာကိုမကြိုက်ပါ။ လူလည်ကြီးလို့မြင်ပါတယ်။ ဒါပေမယ့်ကမ္ဘာ့အရေးအခင်းတွေမှာ သူတို့ဘယ်လိုမြင်သလဲဆိုတာကလည်း အရေးကြီးပါတယ်။ သူ့ရဲ့ “The Age of the Unthinkable ” က ကမ္ဘာ့အရေးအခင်းတွေအကြောင်းဆက်စပ်နားလည်လိုသူတွေ ဖတ်သင့်တဲ့စာအုပ်ပါ။ ဇာတ်လမ်းကဘယ်ကစသလဲဆိုတော့ နက်ဆင်းတာလပ် (Nassim Taleb) က The Black Swam ဆိုတဲ့စာအုပ်ကိုရေးပါတယ်။ အဲ့ဒီမှာ သူကအချို့ကမ္ဘာ့အရေးအခင်းတွေဟာကြိုတင်မှန်းဆထားလို့မရဘူးလို့ပြောခဲ့ပါတယ်။ ဥပမာ […]

Knowledge

၂၀၂၂ ခုနှစ်တွင် သတိထားစောင့်ကြည့်ရမည့် စစ်မီးပွားများ

၂၀၂၂ ခုနှစ်တွင် သတိထားစောင့်ကြည့်ရမည့် စစ်မီးပွားများ တရုတ်၏စစ်အင်အား အလျှင်အမြန် ကြီးထွားလာမှု၊ ရုရှားက ပိုမိုရန်စခြိမ်းခြောက်လာမှု၊ အာဖဂန်နစ္စတန်မှ အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းကာ တာလီဘန်အဖွဲ့ အာဏာရလာမှု စသည်တို့သည် ၂၀၂၁ ခုနှစ်၏ ထူးခြားသတင်းများဖြစ်ခဲ့သည်။ ယခုနှစ်ထဲတွင်လည်း တရုတ်နှင့်ရုရှားတို့၏ ခြိမ်းခြောက်မှု အန္တရာယ်သည် ဆက်လက်တည်ရှိနေပါဦးမည်။ ထို့အပြင် လစ်ဗျား၊ ဆိုမာလီနိုင်ငံများ၏ အခြေ အနေမှာလည်း အလေးထားစောင့်ကြည့်ရမည့် စစ်ရေးပဋိပက္ခအန္တရာယ် စာရင်းတွင် ပါဝင်နေသည်။ ၁။ အိန္ဒိယ-ပါကစ္စတန် အာဖဂန်နစ္စတန်စစ်ပွဲကာလတွင် ပါကစ္စတန်သည် တာလီဘန်အဖွဲ့ကို အဓိကကူညီထောက်ပံ့ခဲ့သည်ဖြစ်ရာ အမေရိကန်နှင့် ဆက်ဆံရေးအဆင်မပြေ ဖြစ်ခဲ့ရသည်။ အကျိုးဆက်အဖြစ် ယခင်သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်မှ စတင်၍ အမေရိကန်သည် အိန္ဒိယကို ပိုမိုအလေးထား ဆက်ဆံလာခဲ့သည်။ အာရှပစိဖိတ်ဒေသစစ်ဌာနချုပ်ကိုပင် အိန္ဒိယ-ပစိဖိတ်ဒေသ စစ်ဌာနချုပ်ဟူ၍ အမည်ပြောင်းလဲခဲ့သည်။ အမေရိကန်နှင့် အိန္ဒိယဆက်ဆံရေး […]

Knowledge

“ရဲရဲဝံ့ဝံ့နဲ့တိုက်ပွဲဝင်ကြပါ၊ တောင်ပေါ်မြေပြန့်တွေမခွဲနဲ့၊ ခရာတုတ်ပြိုင်တဲ့ပွဲမဟုတ်တဲ့အတွက်ကြောင့် ဘယ်ခရာသံမှနားစွင့်နေစရာမလိုဘူး”ဗိုလ်နဂါး

“ရဲရဲဝံ့ဝံ့နဲ့တိုက်ပွဲဝင်ကြပါ၊ တောင်ပေါ်မြေပြန့်တွေမခွဲနဲ့၊ ခရာတုတ်ပြိုင်တဲ့ပွဲမဟုတ်တဲ့အတွက်ကြောင့် ဘယ်ခရာသံမှနားစွင့်နေစရာမလိုဘူး”ဗိုလ်နဂါး တော်လှန်ရေးအရှိန်အဟုန်မြှင့်လာတာနဲ့အမျှ စစ်ကောင်စီဟာတိုက်ခိုက်နှိမ်နင်းမှုတွေကို မြေပြင်ကသာမကပဲ ဝေဟင်ကပါ ပြင်းပြင်းထန်ထန်ပြုလုပ်လာနေပါတယ်။ အဲဒီလိုတိုက်ခိုက်မှုကို ပြည်နယ်တွေမှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာသာမကပဲ တိုင်းဒေသကြီးတွေမှာရှိတဲ့ PDF တပ်ဖွဲ့တွေကိုလည်း ပြုလုပ်လာနေတာဖြစ်ပါတယ်။ အဲဒီအခြေနေတွေနဲ့ပတ်သက်ပြီး Pale People’s Defence Force (PPDF )မှ ဗိုလ်နဂါး ကို မြေလတ်အသံသတင်းဌာနက ဆက်သွယ်မေးမြန်းထားချက်များကို ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။ မေး- အခုရက်ထဲမှာ ဗိုလ်နဂါးတို့နယ်မြေကို စစ်ကောင်စီက လေယာဉ်နဲ့ပါ အင်အားသုံးတိုက်ခိုက်နေတဲ့ အခြေနေလေး ပြောပြပေးပါအုံး။ ဖြေ- စစ်ကောင်စီကလေယာဉ်နဲ့တိုက်တာဟာ တိုက်ပွဲသဘောတရားမဟုတ်ဖူးဗျ၊ ပြည်သူနဲ့ တွေ့ဆုံပွဲလေးလုပ်ဖို့ရာ အတွက်စောစောကစီစဉ်ကြတာရှိတယ်။ အဲဒါကိုကျနော်ကိုလည်းဖိတ်ထားတော့ ကျနော်လာမယ်ထင်ပြီးတော့ လေယာဉ်နဲ့လုပ်ကြတာလို့ရွာကလူတွေကပြောတယ်။ အဲဒီမှာကျနော်ကခရီးလွန်နေတဲ့အတွက် အစည်းအဝေးကိုမသွားနိုင်ခဲ့ဘူး၊ တစ်ခြားသူတွေတော့ သွားလာတာရှိကောင်းရှိမယ်၊ အဲဒီနေရာမှာ ကျနော်ရှိတယ်လို့သတင်းရလို့သူတို့က ရဟက်ယာဉ်သုံးပြီး‌တော့ အပစ်အခတ်တွေပြင်းပြင်းထန် လုပ်ခဲ့တယ်ကြားတယ်။ အဲဒီမှာပြည်သူတချို့သေတယ်၊ […]