Knowledge

အာဏာသိမ်း စကစခေါင်းဆောင် မင်းအောင်လှိုင် တယောက် ဗိုလ်နဂါးကို မတရားကြောက်နေရတဲ့အကြောင်းအရင်း

အာဏာသိမ်း စကစခေါင်းဆောင် မင်းအောင်လှိုင် တယောက် ဗိုလ်နဂါးကို မတရားကြောက်နေရတဲ့အကြောင်းအရင်း အာဏာသိမ်း စကစခေါင်းဆောင် မအလ နှင့် အပေါင်းအပါ အများစုဟာ အတိတ်တဘောင် ယတြာတွေကို ယုံကြည်၍ ရတြာရူးရူးနေတယ်ဆိုတာကို လူတိုင်းလဲအသိပဲဖြစ်ပါလိမ့်မယ်.. အခုလည်း တဘောင်ထဲက နဂါးတပ်မင်းဆိုတာ ကို သူတို့ဖိန့်ဖိန့်တုန်အောင်ကြောက်နေကြပါတယ်.. နဂါးတပ်မင်း ပြည်တော်ဆင်းမှမိစ္ဆာမင်းဆက်ပျက်လိမ့်မည် လို့ အတိတ် တဘောင်ရှိထားတော့ ပုလဲမြို့နယ်က ဗိုလ်နဂါးကို သုတ်သင်ရှင်းလင်းဖို့ စစ်ဆင်ရေး အသည်းအသန်လုပ်နေကြတာပဲဖြစ်ပါတယ်..မနေ့ကလည်း ဗိုလ်နဂါးတို့ အစည်းအဝေးလုပ်နေတယ်လို့သတင်းရတဲ့ ရွာကိုကြည်းတပ်လေတပ်ပူးပေါင်းပြီး စစ်ဆင်ရေးလုပ်တယ်။ ဗိုလ်နဂါးက မသေတဲ့အပြင် လောကီ ပညာ အတိတ်တဘောင်ယုံကြည်ကြတဲ့ ဗမာလူမျိုး အများစုရဲ့ ထောက်ခံ မှုကိုပါ တခဲ နက်ရရှိသွားသေးတယ်လေ.. ဟုတ်ပါတယ် ဗိုလ်နဂါးဆိုတာ ခင်ဗျားတို့ ဘယ်လိုသတ် သတ်မသေတဲ့ ဘယ်လို သတ်ဖို့ကြံကြံ […]

Knowledge

အသက် ၁၁၁ ရှိပြီဖြစ်သော်လည်း စစ်ရှောင်နေရဆဲဖြစ်သည့် အဖွားအို

အသက် ၁၁၁ ရှိပြီဖြစ်သော်လည်း စစ်ရှောင်နေရဆဲဖြစ်သည့် အဖွားအို အကြမ်းဖက် စစ်တပ်သည် သူ၏ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီးနောက် ရန်သူဘေးမှ လွတ်ရာကို မြေးများက ချီပိုးသယ်ဆောင်ပြီး ပြေးလာခဲ့ကြရသည်။ ဇန်နဝါရီလ ၈ ရက်မှ စတင်ပြီး သူ နေရာပြောင်းရွေ့ ပြေးလာရသည်မှာ သုံး နေရာရှိပြီဖြစ်သည်။ မလွဲသာလို့သာပြေးနေရတယ် ခု စားလို့လဲမကောင်းတော့ဘူး အိပ်လို့လည်း မရတော့ဘူး လို့ အသက် ၁၁၁ နှစ် ရှိပြီဖြစ်သည့် အဖွားဒေါ်စောလှ က ပြောသည်။ အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီး၊လေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် ရွာသား ၁၁ ဦး ပြင်းထန်သောဒါဏ်ရာများ ရရှိခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမားတစ်ဦး သေဆုံးခဲ့ရသည်။ စစ်ရှောင်နေရသည့် လူဦးရေမှာ နှစ်ထောင် ကျော်လာပြီ ဖြစ်သည်။ ကိုယ်က ဘာမှမတတ်နိုင်တာ သူတို့လုပ်တာခံ […]

Knowledge

မြန်မာ-တရုတ်နယ်စပ် လွယ်ဂျယ်ဂိတ်ကို အချိန်မီမဖွင့်နိုင်မှုကြောင့် တရုတ်တစ်ရှူးငှက်ပျောများ ကားအစီးရေရာနှင့်ချီ၍ စွန့်ပစ်နေရ….

မြန်မာ-တရုတ်နယ်စပ် လွယ်ဂျယ်ဂိတ်ကို အချိန်မီမဖွင့်နိုင်မှုကြောင့် တရုတ်တစ်ရှူးငှက်ပျောများ ကားအစီးရေရာနှင့်ချီ၍ စွန့်ပစ်နေရ…. ကချင်ပြည်နယ် မိုးမောက်မြို့နယ် လွယ်ဂျယ်-လာရင်း မြန်မာ-တရုတ်နယ်စပ်ဂိတ်ကို အချိန်မီမဖွင့်နိုင်သဖြင့် တစ်ရှူးငှက်ပျောကား ရာချီစွန့်ပစ်နေရကြောင်း မြန်မာနိုင်ငံအတွင်းမှ ကားလုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။ လက်ရှိတွင် လွယ်ဂျယ်နယ်စပ်ဂိတ်ရှိ ဂိုဒေါင်အများစုမှာ ငှက်ပျောသီးဂျပ်ဖာများဖြင့် ပြည့်နှက်နေပြီး နယ်စပ်လမ်းတစ်လျှောက်တွင်လည်း ဆယ်နှင့်ချီသည့် ငှက်ပျောကားများ တန်းစီနေကြောင်း ကားလုပ်ငန်းရှင်များက ပြောကြားသည်။ ယာဉ်လုပ်ငန်းရှင်တစ်ဦးက “ဇန်နဝါရီ ၅ ရက် ဖွင့်ဖို့လုပ်တော့ လွန်ခဲ့တဲ့ ဒီဇင်ဘာ ၂၆ လောက်ကတည်းက စတင်ပြီး ငှက်ပျောတင်ထားကြပြီ။ အခု ၈ ရက်နေ့အထိ ငှက်ပျောကတင်နေတုန်း။ ငှက်ပျောက နှစ်ပတ်ပဲခံတော့ အရင်ဆုံးပို့တာတွေက ပစ်ရပြီ။ လုပ်ငန်းရှင်ကတော့ ဂျပ်ဖာလည်း အဖိုးတန်တော့ အဲဒါကို လုပ်သားတွေနဲ့ ပြန်ပစ်ကြရတယ်။ တစ်ရှူးငှက်ပျောတွေကလည်း ရင့်မှည့်နေကြပြီ။ တစ်စီးရရ […]

Knowledge

ဖရူဆို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်ခဲ့​သောစစ်​သားများ နှုတ်ပိတ်မခံရမီ ထွက်​​ပြေးရန် NUGဝန်ကြီးတိုက်တွန်း

ဖရူဆို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်ခဲ့​သောစစ်​သားများ နှုတ်ပိတ်မခံရမီ ထွက်​​ပြေးရန် NUGဝန်ကြီးတိုက်တွန်း ဖရူဆို အစုလိုက်အပြုံလိုက်လူသတ်မှု ကျူးလွန်ခဲ့သည့် စစ်ကောင်စီတပ်သားများ နှုတ်ပိတ်ခံရမည်ကိုစိုးရိမ်ရပြီးနှုတ်ပိတ်မခံရခင် လွတ်ရာသို့ထွက်ပြေးရန် NUGအစိုးရ၏ ပြည်​ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်က တိုက်တွန်းလိုက်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ယနေ့(ဇန်နဝါရီ ၁၀)တွင် သူ၏​ဖေစ့်ဘွခ်တွင်​ရေးသားတိုက်တွန်းထားခြင်းဖြစ်သည်။ အိုင်စီ​ဂျေတွင် ဥ​ရောပတရားရုံးအထိ့သွား​ရောက်၍ သက်​သေထွက်ခဲ့သည်မှာလည်း ရခိုင်ပြည်နယ်တွင် ဖြစ်ခဲ့​သော လူသတ်မှုတွင်ပါဝင်ခဲ့​သော တပ်မ​တော်သားများပင်ဖြစ်​ကြောင်းလည်း ၎င်းက​ရေးသားထားသည်။ ” ဖရူဆို နဲ့ စစ်ကိုင်းတိုင်းဖက်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မီးရှို့သွားတဲ့ ကိစ္စဟာ စစ်ခေါင်းဆောင်တွေအတွက် ရာဇဝတ်မှု အကြီးစား ဖြစ်ပါတယ်။ လွတ်လမ်းမရှိပါဘူး။ သူတို့ထဲကပဲ သက်သေထွက်ဆိုမဲ့ လူတွေ ထွက်လာမယ် ဆိုတာလဲ သိနေမှာအမှန်ဖြစ်တယ်။ ဒီတော့သူတို့နဲ့ နီးစပ်တဲ့ မိသားစုတွေ အနေနဲ့ နှုတ်ပိတ်မခံရခင် မြန်မြန်လစ်ဖို့ အကြံပေး ပါရစေ” ဟု […]

Knowledge

ကိုဗစ်စည်းမျဉ်း မလိုက်နာလို့ အမေရိကန်သံရုံးမှ နှစ်ဦးကို အရေးယူမည်ဟု စစ်ကောင်စီကြေညာ

ကိုဗစ်စည်းမျဉ်း မလိုက်နာလို့ အမေရိကန်သံရုံးမှ နှစ်ဦးကို အရေးယူမည်ဟု စစ်ကောင်စီကြေညာ ဧရာဝတီ၊ ဇန်နဝါရီ ၁၀၊ ၂၀၂၂ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ စည်းမျဉ်းများအား လိုက်နာမှုမရှိသည့်အတွက် အမေရိကန်သံရုံးမှ သံတမန်ဗီဇာကိုင်ဆောင်ထားသူတဦးနှင့် ဝန်ထမ်းတဦးအား အရေးယူမည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီက ကြေညာလိုက်သည်။ လေကြောင်းမှ အမေရိကန်သံတမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတဦးသည် ဇန်နဝါရီ ၂ ရက်နေ့က မြန်မာနိုင်ငံသို့ဝင်ရောက်လာပြီးနောက် ၄ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ဇန်နဝါရီ ၃ ရက်နေ့တွင်လည်း အမေရိကန်သံရုံးဝန်ထမ်းတဦးမှာလည်း ဝင်ရောက်လာပြီးနောက် ၆ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း စစ်ကောင်စီက ဆိုသည်။ သို့သော် ၎င်းတို့နှစ်ဦးအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနကချမှတ်ထားသည့် Quarantine နေထိုင်ရမည့် စည်းမျဉ်းများအား လိုက်နာမှုမရှိဘဲ ၎င်းတို့အစီအစဉ်ဖြင့်သာ ကုသမည်ဟုဆိုကာ သံရုံးဝန်ထမ်းတဦးနှင့် အပေါင်းအပါများက ပြန်လည်ခေါ်ဆောင်သွားသည့်အတွက် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့်လည်း […]

Knowledge

မူဝါဒ အပြောင်းအလဲကြောင့် ကားအရောင်းစင်တာများ ပိတ်သိမ်းရနိုင်တဲ့အထိဖြစ်လာနေ

မူဝါဒ အပြောင်းအလဲကြောင့် ကားအရောင်းစင်တာများ ပိတ်သိမ်းရနိုင်တဲ့အထိဖြစ်လာနေ စီးပွားကူးသန်းဝန်ကြီးဌာနကထုတ်ပြန်တဲ့ ၂၀၂၂ အတွက်ကားတင်သွင်းခွင့်မူဝါဒကြောင့်ကားအရောင်းစင်တာတွေပိတ်ရမယ့်အခြေအနေမျိုးနဲ့ကြုံတွေ့နေရတယ်လို့ ကားအရောင်းစင်တာဖွင့်လှစ်ကားရောင်းချသူတွေကပြောပါတယ်။ လက်ရှိမှာ ပြည်တွင်းစက်သုံးဆီတစ်လီတာကို (၁၄၅၀)ပတ်လည်ဖြစ်နေတဲ့အခြေအနေကြောင့် ကားဈေးကွက်အတွင်းမှာ အင်ဂျင်ပါဝါအသေးကားတွေဘဲအရောင်းအဝယ်ဖြစ်နေတယ်လို့ဆိုပါတယ်။ အင်ဂျင်ပါဝါ (၂၀၀၀)အောက်ကားတွေကဘဲတစ်ပတ်ရစ်ကားဈေးကွက်ခဲမှာအရောင်းအဝယ်ဖြစ်နေပြီး အင်ဂျင်ပါဝါ ကြီးတာနဲ့အမျှ အရောင်းခက် တဲ့အခြေအနေမျိုးရှိနေတယ်လို့အကျိုးဆောင်တွေ ဆီကသိရပါတယ်။ Land cruiserလိုကားမျိုးကဆယ်ယောက်တစ်ယောက်စီးကြတာမဟုတ်တော့ အရောင်းခက်ပါတယ်လို့သိရပါတယ်။ ပြည်တွင်းမှာအမေရိကန်ဒေါ်လာလိုအပ်ချက် ရှိနေတာကြောင့်ကားပါမစ်တွေကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလကတည်းကရပ်ဆိုင်းခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွက်ကားတင်သွင့်ခွင့်မူဝါဒထွက်ရှိလာတဲ့အခါမှာလည်းကားသစ်တင်သွင်းခွင့်ကိုကားအရောင်းစင်တာတွေကိုချန်လှပ်ထားပါတယ်။ ဒီမူဝါဒကြောင့်ကားအရောင်းစင်တာအများစုက ဆက်လက် ရပ်တည်ဖို့တောင်ခက်ခဲနေတဲ့ကြတယ်လို့ဆိုပါတယ်။ ပြည်တွင်းမှာ SKD စနစ်နဲ့ထုတ်လုပ်ပြီး ကားသစ်ရောင်းချနေတဲ့ car showroom ပိုင်ရှင်တဦးက “သူတို့ရဲ့မူဝါဒကတော့ပြည်တွင်းထုတ်လုပ်မှုကိုအားပေးတာပေါ့နော်။ ဒါကြောင့် MIC ခွင့်ပြုချက်နဲ့ SKD ထုတ်ကားတွေကိုမပိတ်ထားဘူး။ ပြီးတော့brand newကားဈေးကွက်မှာတော့ SKDက ၈၀ ရာခိုင်နှုန်းလောက်ရှိတာကြောင့်ဈေးကွက် အပေါ်မှာအများကြီးတော့ရိုက်ခတ်မှုမရှိနိုင်ပေမယ့်ကားအရောင်းစင်တာတို့၊အရောင်းပြခန်းထောင်ထားတဲ့သူတွေကတော့လုပ်ရကိုင်ရတာခက်ခဲကျပ်တည်းသွားတာပေါ့”လို့ပြောဆိုထားပါတယ်။ သူက ၂ မျိုး […]

Knowledge

စုပ်ခွက်ငါးတွေ ပေါက်ပွားလာမူကြောင့် နောက်ဆို ငါးကို နိုင်ငံခြားက မှာစားရတော့မယ့် မြန်မာနိုင်ငံရဲ့အဖြစ်…..

စုပ်ခွက်ငါးတွေ ပေါက်ပွားလာမူကြောင့် နောက်ဆို ငါးကို နိုင်ငံခြားက မှာစားရတော့မယ့် မြန်မာနိုင်ငံရဲ့အဖြစ်….. စုပ်ခွက်ငါး ပေါက်ပွားပျံ့နှံ့မှု အတော်များနေပြီ၊ နောင်ဆို ငါးကို နိုင်ငံခြားက မှာစားရပါတော့မယ်.. စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် (၅) နှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စုပ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု ဒေသခံများက ပြောပါသည်။ “(၅) နှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ […]

Knowledge

“ရန်ကုန်” ကို သွေးအေးသွားပြီလားဆိုပြီး အပြစ်တင်မယ်ဆိုရင် ဒီစာလေးကိုဖတ်လိုက်ပါ…

“ရန်ကုန်” ကို သွေးအေးသွားပြီလားဆိုပြီး အပြစ်တင်မယ်ဆိုရင် ဒီစာလေးကိုဖတ်လိုက်ပါ… “ရန်ကုန်” ကို သွေးအေးသွားပြီလားဆိုပြီး အပြစ်တင်မယ်ဆိုရင် ဒီစာလေးကိုဖတ်ပြီး နောင်တရလိုက်ပါ… ရန်ကုန်ရဲ့ပလာဇာတခုကို အခုထိ ဘောမပလာဇာဆိုတဲ့ နာမည်နဲ့ ပြည်သူတွေ ရှောင်ကွင်းနေကြတာကို သတိရလိုက်ပါ … ရန်ကုန်ရဲ့ mini mart, super mart တွေတင်မက နာမည်ကြီးစားသောက်ဆိုင်တွေမှာပါ red ruby ကအစ မြန်မာဘီယာအဆုံး မတင်ကြတော့တာကိုသတိပြုကြပါ … အသံတိတ်သပိတ်မှာ ဆိုင်တွေပိတ်ထားကြလို့ ရန်အရှာခံလိုက်ရတာကိုလဲ အမှတ်ရကြပါ … ရန်ကုန်ရဲ့ ဟက်ပီးနရီးယားဆိုရင် စည်ကားနေကျ ကန်ဘောင်မှာ မီးအလှတွေ ဆင်ပေးထားတာတောင်မှ ပျော်ပါးနေတဲ့ ဓါတ်ပုံတွေ တက်လာခဲ့လို့လား …. ရန်ကုန်မှာနေတာချင်းအတူတူ သူတို့ဘက်ကျ အုန်းပြီး ငါတို့ဘက္က် မအုန်းလို့ မကျေမနပ်ဖြစ်နေသူတွေက ရှိသေး …. […]

Knowledge

ပထမဆုံးCDM တရားသူကြီး NUG တရားရေးဝန်ကြီးဌာန၏အမြဲတမ်းအတွင်းဝန်ဖြစ်လာ

ပထမဆုံးCDM တရားသူကြီး NUG တရားရေးဝန်ကြီးဌာန၏အမြဲတမ်းအတွင်းဝန်ဖြစ်လာ အာဏာသိမ်းစစ်ကောင်စီအားတရားရေးမဏ္ဍိုင်တွင် ပထမဆုံးအာဏာဖိဆန်ကာ CDM ပြုလုပ်ခဲ့သည့် တရားသူကြီး ဦးမင်းနောင်ခိုင်သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ဖြစ်လာသည်။ “အမျိုးသားညီညွတ်ရေးအစိုးရ၊တရားရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် (အစမ်းခန့်) အဖြစ်၇.၁.၂၀၂၂ ရက်နေ့တွင်စတင် တာဝန်ထမ်းဆောင်သည်” ဟု ဦးမင်းနောင်ခိုင်ကဇန်နဝါရီ ၈ ရက်တွင်သူ၏ ဖေစ်ဘွခ်မှတစ်ဆင့် အသိ့ပေးသည်။ အသက် ၃၀အရွယ်ဦးမင်းနောင်ခိုင်သည် မိုးညိုမြို့နယ် ဒုတိယမြို့နယ်တရားသူကြီးအဖြစ် တာဝန်းထမ်းဆောင်နေစဉ် စစ်တပ်က နိုင်ငံတော်အာဏာသိမ်းသည့်အခါ CDM ပြုလုပ်ကြောင်း ပထမဆုံး ကြေငြာခဲ့သည့် တရားသူကြီး ဖြစ်သည်။ CDMပြုလုပ်ကြောင်းကြေငြာပြီးနောက် အကြမ်းဖက်စစ်ကောင်စီကပုဒ်မ၅၀၅-က ဖြင့် ဖမ်းဆီးတရားစွဲဆိုကာ ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့သည်။ လွတ်ငြိမ်းဖြင့် ပြန်လွတ်မြောက်ခဲ့ပြီးနောက်ဦးမင်းနောင်ခိုင်သည်လွတ်မြောက် နယ်မြေသို့ ထွက်လာကာ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ချိတ်ဆက်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ဆောင်ရွက်နေသည်။ ယခုအခါတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်အဖြစ် […]

Knowledge

တရုတ် ခါးပတ်လမ်းရပ်ဝန်း စီမံကိန်းက ပါဝင်သည့်နိုင်ငံများ၏ သဘာဝသယံဇာတများကို ဝါးမျိုနေ

တရုတ် ခါးပတ်လမ်းရပ်ဝန်း စီမံကိန်းက ပါဝင်သည့်နိုင်ငံများ၏ သဘာဝသယံဇာတများကို ဝါးမျိုနေ 08-January-2022 တရုတ်၏ ခါးပတ်လမ်းမ (BRI) နှင့် ဆက်နွှယ်သည့် စီမံကိန်းပေါင်း ၁၈၁၄ ခုအနက် ၂၇၀ သည် ကြွေးမြီ ရေရှည်ထိန်းသိမ်းထားမှု၊ အလုပ်သမားနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းများ၊ နိုင်ငံတော်လုံခြုံရေး၊ ပွင့်လင်းမြင်သာမှုနှင့် အကျင့်ပျက်ခြစားမှု စသည့် ပြဿနာများနှင့် ပတ်သက်နေကြောင်း ၂၀၁၈ ခုနှစ်လေ့လာမှုတစ်ခုအရ သိရသည်။ အာဖရိကရှိ တရုတ်ကုမ္ပဏီများ၏ ၆၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းသည် စာချုပ်များ ချုပ်ဆိုနိုင်ရန် လာဘ်ငွေပေးဆောင်ခဲ့ကြောင်း ၂၀၁၇ ခုနှစ် McKinsey စစ်တမ်းတစ်ခုက ထုတ်ဖော်ခဲ့သည်။ BRI စီမံကိန်းများတွင် အဂတိလိုက်စားမှု အများအပြားသည် တူညီသောပုံစံဖြင့် ပေါ်ထွက်လာသလို စီမံကိန်းအား တရုတ်ကုမ္ပဏီများကိုသာ လျှို့ဝှက်စွာ ပေးအပ်မည့် […]